ဝဋ်ကြွေးမြန်မြန်ကျေအောင်

တခါတုန်းက ရွာတရွာမှာ လင်မယားနှစ်ယောက် ရှိပါတယ် ။ အမျိုးသားဟာ သိပ်ကို စရိုက် ကြမ်းတမ်းတဲ့ အတွက် တနေ့ တနေ့ သူ့အမျိုးသမီးကို အကြောင်းမရှိ အကြောင်းရှာပြီး ရိုက်နှက်တတ် ပါတယ်။

သူအလုပ်က ပြန်လာပြီဆိုတာနဲ့ မျက်နှာက တည်တင်းလို့ အမျိုးသမီးကို ဘယ်လို အပြစ်ရှာရမလဲ ဆိုတာပဲ တွေးနေတတ်ပါတယ် ။ အပြစ်ကလေး တစုံတရာ တွေ့တာနဲ့ နီးရာ တုတ်စွဲပြီး ရိုက်နှက်တော့တာ ပါပဲ ။

အမျိုးသမီးကလည်း သူ့ကို သိပ်ကြောက်ရပါတယ် ။ သူအိမ်ပြန်လာတာနဲ့ အပြစ်ရယ်လို့ ရှာမတွေ့နိုင်အောင် ကြိုးစားပြီး အဆင်သင့်ဖြစ်အောင် တအိမ်လုံး ရေအိုးတွေကို ပြည့်အောင် ခပ်၊ တခြံလုံး အမှိုက်တွေ ရှင်း၊ ထမင်း ဟင်း တွေကိုလည်း အဆင်သင့် ခူးခပ် ပေးထားပါတယ် ။ သို့ပေမယ့် အပြစ်ကတော့ မလွတ်ပါဘူး ။

ထမင်းက သူပြန်မလာခင် စောစောလေး ကြိုခူးထားမိ ရင်လည်း " ဒီလောက် အကြာကြီးက ထမင်း ခူးထားတော့ ထမင်းတွေက အေးကုန်တာပေါ့၊ တနေကုန် ပင်ပန်းနေတာ ဒီထမင်းအေးကြီး ငါက စားရမလား၊ ဒီလောက်တောင် နားမလည်တဲ့ မိန်းမ " ဆိုပြီး ထမင်း ပန်းကန်ကို မှောက်ပြစ်ပြီး တွေ့ကရာနဲ့ အမျိုးသမီးကို ရိုက်နှက်တော့တာ ပါပဲ ။

သူပြန်လာခါနီးမှ အပြေးအလွှား ထမင်းခူးထား ပြန်တော့လည်း " ယောက်ကျားက မောမော ပန်းပန်းနဲ့ ပြန်လာတာ ဒီထမင်းပူကြီး စားပြီး ငါ့ကို သေစေချင်လို့လား " ဆိုပြီး ရိုက်ပြန်တာ ပါပဲ။

အမျိုးသမီးခမျာလည်း ထိုအမျိုးသားက ဘယ်လောက်ပဲ ရိုက်ရိုက် သံယောဇဉ် ကလည်း မကုန်နိုင်၊ စိတ်ကလည်း မပြတ်နိုင်၊ နေ့စဉ် ရိုက်နှက်နှိပ်စက်နေတဲ့ ဒါဏ်ကိုလည်း ခံရတာ သိပ်ကြောက်လှတာမို့ ဆုတ်လည်း ဆူး၊ စားလည်း ရူးဘဝနဲ့ နေ့စဉ် အမျိုးသား ပြန်လာခါနီးပြီဆိုရင် တုန်နေအောင် ကြောက်နေရ ရှာတော့တာပါပဲ ။

ပတ်ဝန်းကျင်ကတောင် မခံမရပ်နိုင်အောင် ဖြစ်ကြရ ပါတယ် " ဒီလောက် နှိပ်စက်နေတဲ့ ယောက်ျား နင်ထားခဲ့ပါ တော့လား " ဆိုလည်း မထားခဲ့နိုင်ပါဘူး ။ သူ မပြတ်နိုင်ပါဘူး ။ ဒါနဲ့ နောက်ဆုံး ကြံရာမရတော့တဲ့ အခါ ရွာဦးဘုန်းတော်ကြီးကျောင်းက ဆရာတော်ကြီးကို အကျိုး အကြောင်း သွားပြီး လျှောက်ရ ရှာပါတယ် ။ နောက်ဆုံးတော့လည်း အားကိုးရာက သံဃာရတနာ ပါပဲ ။

အကြောင်းစုံကို သိရတဲ့ အခါ ဆရာတော်ကြီးက မေးပါတယ် " ဒကာမရဲ့ ယောက်ျားက ဘယ်အချိန်တွေမှာ အရိုက်များတတ်သလဲ " ။ " ရိုက်တာတော့ အချိန်တိုင်းလိုလိုပါပဲ ဘုရား၊ သို့ပေမယ့် သူထမင်းစားခါနီးရင် ပိုပြီး ရိုက်တတ်ပါတယ် ဘုရား "

ဒါနဲ့ပဲ ဆရာတော်ကြီးက အနီးအနားမှာ ရှိနေတဲ့ အုန်းလက်အရိုးတွေကို စုစည်းပြီး လုပ်ထားတဲ့ အုန်းတံမြက်စည်းကို ပေးပြီး " ရော့ နင့်ယောက်ကျား ထမင်းစားဖို့ စားပွဲနားမှာ ထိုင်တာနဲ့ အဲဒီတံမြက်စည်းကို အနားမှာသာ ချထားပေးလိုက် " ဒီလိုပဲ မိန့်ပြီး ဆရာတော်ကြီးက ကျက်သရေခန်းထဲကို ကြွဝင်သွားပါတော့တယ်။

အမျိုးသမီးခမျာလည်း ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်ကို မသိနားမလည်သော်လည်း " အကြောင်းတော့ ရှိမှာပဲ " ဆိုပြီး တံမြက်စည်းလေး ပိုက်လို့ အိမ်ကို ပြန်လာခဲ့ပါတယ်။ ဆရာတော်ကြီး မိန့်ခဲ့တဲ့ အတိုင်း သူ့ယောက်ကျား ထမင်း စားခါနီးလို့ အပြစ်တခုခု ရှာတော့မယ် ဆိုတာနဲ့ အမျိုးသမီးက တံမြက်စည်းလေးကို မသိမသာ အနားကို တိုးပေးထား လိုက်တယ် ။ အမျိုးသားကလည်း အနားမှာ အစဉ်သင့်ရှိနေတဲ့ တံမြက်စည်းနဲ့ ကောက်ရိုက်တော့တာ ပါပဲ။

ဒီလိုနဲ့ တလလောက် ကြာလာတဲ့ အခါမှာ အမျိုးသားရဲ့ ရိုက်ပုတ်နှိပ်စက်မှုတွေက တဖြည်းဖြည်း နည်းနည်းသွားပြီး နောက်ဆုံး လုံးဝ မရိုက်တော့ ပါဘူး။ အမျိုးသမီးက စမ်းသပ်ကြည့်ပါတယ် ။ ထမင်းကို စားလို့ လုံးဝ မကောင်းအောင် ပျော့အောင် ချက်ကြည့်တယ်၊ မနက်ကတည်းက ချက်ထားတဲ့ ထမင်းအေးကြီး ချကျွေး ကြည့်တယ်၊ ဘယ်လိုပဲ စမ်းစမ်း မရိုက်တော့ ပါဘူး ။

ဒါနဲ့ပဲ နောက်ဆုံး အမျိုးသမီးက သူ့အမျိုးသား ကိုပါ ခေါ်ပြီး ကျေးဇူးရှင် ရွာဦးကျောင်း ဆရာတော်ကြီးထံ အကြောင်းစုံ သွားပြီးလေ ျှာက်ထားတဲ့ အခါမှာတော့ ဆရာတော်ကြီးက မိန့်ပါတယ် " အဲဒါ ဝဋ်ကြွေးကျေအောင် လုပ်ပေးလိုက်တာ " တဲ့။ ဆရာတော်ကြီး ဆက်ပြီး မိန့်တာက

" တို့ဘုရားရှင် လက်ထက်တော်တုန်း ကလည်း ဒီလိုပဲ ဒကာတို့ ၊ ဒကာမတို့ အတိတ်ဘဝက နွားဖြစ်ခဲ့ဖူးတဲ့ လင်ယောက်ကျားနဲ့ နွားရှင်ဖြစ်ခဲ့ဖူးတဲ့ အမျိုးသမီးတို့ အကြင်လင်မယားဖြစ် ပြန်လည် ဆုံကြတဲ့ အခါမှာ အတိတ်က နွားရှင်ဖြစ်ခဲ့စဉ်က နေ့စဉ် ရိုက်နှက်ခဲ့တဲ့ အမျိုးသမီးကို နွားဖြစ်ခဲ့ဖူးတဲ့ အမျိုးသားက နေ့တိုင်း ရိုက်နှက်နေတာမို့ ဘုရားရှင်က ခု ဘုန်းကြီးပေးတဲ့ နည်းလေး ညွှန်ကြားပေးတော် မူခဲ့တယ် ။

တုတ်တချောင်းနဲ့ တချက်ခြင်း ရိုက်နေတော့ ဝဋ်ကြွေးက တော်တော်နဲ့ မကျေဘူးပေါ့ ။ အုန်းလက်ရိုး တံမြက်စည်းက တချောင်းကို အုန်းလက်ပေါင်း ရာချီပြီး စုစည်းထားတာမို့ တချက်ရိုက်တာနဲ့ အနည်းဆုံး အချက် ငါးဆယ်လောက် ကြေပါတယ် ။

ဒါကြောင့် ဘုန်းကြီးလည်း ဒကာမက လာပြီး လျှောက်ထားတော့ ဘုရားပေးတဲ့ နည်းလေး အတိုင်းပဲ ပေးလိုက်တာပါ။ ကဲ ခုတော့ ဝဋ်ကြွေးတွေလည်း ကျေသွားကြပြီမို့ ပျော်ပျော်ရွှင်ရွှင် နေကြပေရော့ " ဒီလောက်ပဲ မိန့်ပြီး ဆရာတော်ကြီးက ကျက်သရေခန်းထဲ ကြွဝင်သွားပါတော့တယ် ။

တခါတရံ ကိုယ့်မှာ အပြစ်မရှိပဲ အပြစ်တင်ခံရတဲ့ အခါ အပြစ်ပြန်ပြီး မတင်ပါနဲ့ ။ ဝဋ်ကြွေး မကျေဖြစ်ပါလိမ့်မယ် ။ များများလေးသာ တင်ပါစေ ။ ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေလိမ့်မယ်။ ကိုယ်တန်ဘိုးအထားဆုံး ကိုယ့်သိက္ခာတရားကို ရစရာ မရှိအောင် နှိမ်ချတဲ့ စကားတွေ အပြောခံရတဲ့ အခါလည်း ကြုံရပါလိမ့်မယ် ၊ ပြန်မပြောပါနဲ့ ၊ ဝဋ်ကြွေး မကျေပဲ ရှိပါလိမ့်မယ် ။ များများလေးသာ ပြောပါစေ ။ ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေပါလိမ့်မယ် ။

ကိုယ်က ကျေးဇူးပြု ဖူးသူက ကိုယ့်ကျေးဇူးကို အခါခါ စော်ကားတာ မျိုးလည်း ကြုံရပါလိမ့်မယ် ။ ကျေးဇူးရှိလို့ ကျေးစွတ်တယ်လို့ မပြောလိုက်ပါနဲ့ ။ ဝဋ်ကြွေး မကျေပဲ ရှိပါလိမ့်မယ် ။ များများလေးသာ စော်ကားပါစေ ။ ဒါမှ ဝဋ်ကြွေး မြန်မြန် ကျေပါလိမ့်မယ် ။

crd

Zawgyi

ဝဋ္ေႂကြးျမန္ျမန္ေက်ေအာင္

တခါတုန္းက ႐ြာတ႐ြာမွာ လင္မယားႏွစ္ေယာက္ ရွိပါတယ္ ။ အမ်ိဳးသားဟာ သိပ္ကို စ႐ိုက္ ၾကမ္းတမ္းတဲ့ အတြက္ တေန႔ တေန႔ သူ႔အမ်ိဳးသမီးကို အေၾကာင္းမရွိ အေၾကာင္းရွာၿပီး ႐ိုက္ႏွက္တတ္ ပါတယ္။

သူအလုပ္က ျပန္လာၿပီဆိုတာနဲ႔ မ်က္ႏွာက တည္တင္းလို႔ အမ်ိဳးသမီးကို ဘယ္လို အျပစ္ရွာရမလဲ ဆိုတာပဲ ေတြးေနတတ္ပါတယ္ ။ အျပစ္ကေလး တစုံတရာ ေတြ႕တာနဲ႔ နီးရာ တုတ္စြဲၿပီး ႐ိုက္ႏွက္ေတာ့တာ ပါပဲ ။

အမ်ိဳးသမီးကလည္း သူ႔ကို သိပ္ေၾကာက္ရပါတယ္ ။ သူအိမ္ျပန္လာတာနဲ႔ အျပစ္ရယ္လို႔ ရွာမေတြ႕ႏိုင္ေအာင္ ႀကိဳးစားၿပီး အဆင္သင့္ျဖစ္ေအာင္ တအိမ္လုံး ေရအိုးေတြကို ျပည့္ေအာင္ ခပ္၊ တၿခံလုံး အမႈိက္ေတြ ရွင္း၊ ထမင္း ဟင္း ေတြကိုလည္း အဆင္သင့္ ခူးခပ္ ေပးထားပါတယ္ ။ သို႔ေပမယ့္ အျပစ္ကေတာ့ မလြတ္ပါဘူး ။

ထမင္းက သူျပန္မလာခင္ ေစာေစာေလး ႀကိဳခူးထားမိ ရင္လည္း " ဒီေလာက္ အၾကာႀကီးက ထမင္း ခူးထားေတာ့ ထမင္းေတြက ေအးကုန္တာေပါ့၊ တေနကုန္ ပင္ပန္းေနတာ ဒီထမင္းေအးႀကီး ငါက စားရမလား၊ ဒီေလာက္ေတာင္ နားမလည္တဲ့ မိန္းမ " ဆိုၿပီး ထမင္း ပန္းကန္ကို ေမွာက္ျပစ္ၿပီး ေတြ႕ကရာနဲ႔ အမ်ိဳးသမီးကို ႐ိုက္ႏွက္ေတာ့တာ ပါပဲ ။

သူျပန္လာခါနီးမွ အေျပးအလႊား ထမင္းခူးထား ျပန္ေတာ့လည္း " ေယာက္က်ားက ေမာေမာ ပန္းပန္းနဲ႔ ျပန္လာတာ ဒီထမင္းပူႀကီး စားၿပီး ငါ့ကို ေသေစခ်င္လို႔လား " ဆိုၿပီး ႐ိုက္ျပန္တာ ပါပဲ။

အမ်ိဳးသမီးခမ်ာလည္း ထိုအမ်ိဳးသားက ဘယ္ေလာက္ပဲ ႐ိုက္႐ိုက္ သံေယာဇဥ္ ကလည္း မကုန္ႏိုင္၊ စိတ္ကလည္း မျပတ္ႏိုင္၊ ေန႔စဥ္ ႐ိုက္ႏွက္ႏွိပ္စက္ေနတဲ့ ဒါဏ္ကိုလည္း ခံရတာ သိပ္ေၾကာက္လွတာမို႔ ဆုတ္လည္း ဆူး၊ စားလည္း ႐ူးဘဝနဲ႔ ေန႔စဥ္ အမ်ိဳးသား ျပန္လာခါနီးၿပီဆိုရင္ တုန္ေနေအာင္ ေၾကာက္ေနရ ရွာေတာ့တာပါပဲ ။

ပတ္ဝန္းက်င္ကေတာင္ မခံမရပ္ႏိုင္ေအာင္ ျဖစ္ၾကရ ပါတယ္ " ဒီေလာက္ ႏွိပ္စက္ေနတဲ့ ေယာက္်ား နင္ထားခဲ့ပါ ေတာ့လား " ဆိုလည္း မထားခဲ့ႏိုင္ပါဘူး ။ သူ မျပတ္ႏိုင္ပါဘူး ။ ဒါနဲ႔ ေနာက္ဆုံး ႀကံရာမရေတာ့တဲ့ အခါ ႐ြာဦးဘုန္းေတာ္ႀကီးေက်ာင္းက ဆရာေတာ္ႀကီးကို အက်ိဳး အေၾကာင္း သြားၿပီး ေလွ်ာက္ရ ရွာပါတယ္ ။ ေနာက္ဆုံးေတာ့လည္း အားကိုးရာက သံဃာရတနာ ပါပဲ ။

အေၾကာင္းစုံကို သိရတဲ့ အခါ ဆရာေတာ္ႀကီးက ေမးပါတယ္ " ဒကာမရဲ႕ ေယာက္်ားက ဘယ္အခ်ိန္ေတြမွာ အ႐ိုက္မ်ားတတ္သလဲ " ။ " ႐ိုက္တာေတာ့ အခ်ိန္တိုင္းလိုလိုပါပဲ ဘုရား၊ သို႔ေပမယ့္ သူထမင္းစားခါနီးရင္ ပိုၿပီး ႐ိုက္တတ္ပါတယ္ ဘုရား "

ဒါနဲ႔ပဲ ဆရာေတာ္ႀကီးက အနီးအနားမွာ ရွိေနတဲ့ အုန္းလက္အ႐ိုးေတြကို စုစည္းၿပီး လုပ္ထားတဲ့ အုန္းတံျမက္စည္းကို ေပးၿပီး " ေရာ့ နင့္ေယာက္က်ား ထမင္းစားဖို႔ စားပြဲနားမွာ ထိုင္တာနဲ႔ အဲဒီတံျမက္စည္းကို အနားမွာသာ ခ်ထားေပးလိုက္ " ဒီလိုပဲ မိန႔္ၿပီး ဆရာေတာ္ႀကီးက က်က္သေရခန္းထဲကို ႂကြဝင္သြားပါေတာ့တယ္။

အမ်ိဳးသမီးခမ်ာလည္း ဆရာေတာ္ႀကီးရဲ႕ ရည္႐ြယ္ခ်က္ကို မသိနားမလည္ေသာ္လည္း " အေၾကာင္းေတာ့ ရွိမွာပဲ " ဆိုၿပီး တံျမက္စည္းေလး ပိုက္လို႔ အိမ္ကို ျပန္လာခဲ့ပါတယ္။ ဆရာေတာ္ႀကီး မိန႔္ခဲ့တဲ့ အတိုင္း သူ႔ေယာက္က်ား ထမင္း စားခါနီးလို႔ အျပစ္တခုခု ရွာေတာ့မယ္ ဆိုတာနဲ႔ အမ်ိဳးသမီးက တံျမက္စည္းေလးကို မသိမသာ အနားကို တိုးေပးထား လိုက္တယ္ ။ အမ်ိဳးသားကလည္း အနားမွာ အစဥ္သင့္ရွိေနတဲ့ တံျမက္စည္းနဲ႔ ေကာက္႐ိုက္ေတာ့တာ ပါပဲ။

ဒီလိုနဲ႔ တလေလာက္ ၾကာလာတဲ့ အခါမွာ အမ်ိဳးသားရဲ႕ ႐ိုက္ပုတ္ႏွိပ္စက္မႈေတြက တျဖည္းျဖည္း နည္းနည္းသြားၿပီး ေနာက္ဆုံး လုံးဝ မ႐ိုက္ေတာ့ ပါဘူး။ အမ်ိဳးသမီးက စမ္းသပ္ၾကည့္ပါတယ္ ။ ထမင္းကို စားလို႔ လုံးဝ မေကာင္းေအာင္ ေပ်ာ့ေအာင္ ခ်က္ၾကည့္တယ္၊ မနက္ကတည္းက ခ်က္ထားတဲ့ ထမင္းေအးႀကီး ခ်ေကြၽး ၾကည့္တယ္၊ ဘယ္လိုပဲ စမ္းစမ္း မ႐ိုက္ေတာ့ ပါဘူး ။

ဒါနဲ႔ပဲ ေနာက္ဆုံး အမ်ိဳးသမီးက သူ႔အမ်ိဳးသား ကိုပါ ေခၚၿပီး ေက်းဇူးရွင္ ႐ြာဦးေက်ာင္း ဆရာေတာ္ႀကီးထံ အေၾကာင္းစုံ သြားၿပီးေလ ွ်ာက္ထားတဲ့ အခါမွာေတာ့ ဆရာေတာ္ႀကီးက မိန႔္ပါတယ္ " အဲဒါ ဝဋ္ေႂကြးေက်ေအာင္ လုပ္ေပးလိုက္တာ " တဲ့။ ဆရာေတာ္ႀကီး ဆက္ၿပီး မိန႔္တာက

" တို႔ဘုရားရွင္ လက္ထက္ေတာ္တုန္း ကလည္း ဒီလိုပဲ ဒကာတို႔ ၊ ဒကာမတို႔ အတိတ္ဘဝက ႏြားျဖစ္ခဲ့ဖူးတဲ့ လင္ေယာက္က်ားနဲ႔ ႏြားရွင္ျဖစ္ခဲ့ဖူးတဲ့ အမ်ိဳးသမီးတို႔ အၾကင္လင္မယားျဖစ္ ျပန္လည္ ဆုံၾကတဲ့ အခါမွာ အတိတ္က ႏြားရွင္ျဖစ္ခဲ့စဥ္က ေန႔စဥ္ ႐ိုက္ႏွက္ခဲ့တဲ့ အမ်ိဳးသမီးကို ႏြားျဖစ္ခဲ့ဖူးတဲ့ အမ်ိဳးသားက ေန႔တိုင္း ႐ိုက္ႏွက္ေနတာမို႔ ဘုရားရွင္က ခု ဘုန္းႀကီးေပးတဲ့ နည္းေလး ၫႊန္ၾကားေပးေတာ္ မူခဲ့တယ္ ။

တုတ္တေခ်ာင္းနဲ႔ တခ်က္ျခင္း ႐ိုက္ေနေတာ့ ဝဋ္ေႂကြးက ေတာ္ေတာ္နဲ႔ မေက်ဘူးေပါ့ ။ အုန္းလက္႐ိုး တံျမက္စည္းက တေခ်ာင္းကို အုန္းလက္ေပါင္း ရာခ်ီၿပီး စုစည္းထားတာမို႔ တခ်က္႐ိုက္တာနဲ႔ အနည္းဆုံး အခ်က္ ငါးဆယ္ေလာက္ ေၾကပါတယ္ ။

ဒါေၾကာင့္ ဘုန္းႀကီးလည္း ဒကာမက လာၿပီး ေလွ်ာက္ထားေတာ့ ဘုရားေပးတဲ့ နည္းေလး အတိုင္းပဲ ေပးလိုက္တာပါ။ ကဲ ခုေတာ့ ဝဋ္ေႂကြးေတြလည္း ေက်သြားၾကၿပီမို႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနၾကေပေရာ့ " ဒီေလာက္ပဲ မိန႔္ၿပီး ဆရာေတာ္ႀကီးက က်က္သေရခန္းထဲ ႂကြဝင္သြားပါေတာ့တယ္ ။

တခါတရံ ကိုယ့္မွာ အျပစ္မရွိပဲ အျပစ္တင္ခံရတဲ့ အခါ အျပစ္ျပန္ၿပီး မတင္ပါနဲ႔ ။ ဝဋ္ေႂကြး မေက်ျဖစ္ပါလိမ့္မယ္ ။ မ်ားမ်ားေလးသာ တင္ပါေစ ။ ဒါမွ ဝဋ္ေႂကြး ျမန္ျမန္ ေက်လိမ့္မယ္။ ကိုယ္တန္ဘိုးအထားဆုံး ကိုယ့္သိကၡာတရားကို ရစရာ မရွိေအာင္ ႏွိမ္ခ်တဲ့ စကားေတြ အေျပာခံရတဲ့ အခါလည္း ႀကဳံရပါလိမ့္မယ္ ၊ ျပန္မေျပာပါနဲ႔ ၊ ဝဋ္ေႂကြး မေက်ပဲ ရွိပါလိမ့္မယ္ ။ မ်ားမ်ားေလးသာ ေျပာပါေစ ။ ဒါမွ ဝဋ္ေႂကြး ျမန္ျမန္ ေက်ပါလိမ့္မယ္ ။

ကိုယ္က ေက်းဇူးျပဳ ဖူးသူက ကိုယ့္ေက်းဇူးကို အခါခါ ေစာ္ကားတာ မ်ိဳးလည္း ႀကဳံရပါလိမ့္မယ္ ။ ေက်းဇူးရွိလို႔ ေက်းစြတ္တယ္လို႔ မေျပာလိုက္ပါနဲ႔ ။ ဝဋ္ေႂကြး မေက်ပဲ ရွိပါလိမ့္မယ္ ။ မ်ားမ်ားေလးသာ ေစာ္ကားပါေစ ။ ဒါမွ ဝဋ္ေႂကြး ျမန္ျမန္ ေက်ပါလိမ့္မယ္ ။

crd

Post a Comment

0 Comments