ဟိုးရှေးရှေးတုန်းက တံငါသည်တယောက်ဟာ ပင်လယ်ကမ်းခြေတခုရဲ့ အရိပ်အာဝါသ ကောင်းတဲ့ သစ်ပင်တစ်ပင်အောက်မှာ အေးအေး ဆေးဆေး လှဲနေရင်း ဆေးလိပ်တလိပ်ကို ဇိမ်နဲ့သောက်နေတယ် ။
အဲဒီအချိန်မှာ သူ့အနားကို လုပ်ငန်းရှင် သူဋ္ဌေးကြီး တယောက် ရောက်လာပြီး
“ ဘာကြောင့် အလုပ်မလုပ်ပဲနဲ့ အရိပ်အောက်မှာ ဆေးလိပ်သောက်နေသလဲ ” လို့မေးပါတယ်။
အဲဒီတော့ တံငါသည်က
“ ဒီနေ့အဖို့တော့ ငါးတွေ လုံလုံလောက်လောက် ဖမ်းမိပြီဖြစ်တဲ့အတွက် အနားယူနေကြောင်း” ပြန်ပြောတယ် ။
သူဋ္ဌေးကြီးဟာ တံငါသည်အပေါ် အားမလို အားမရ ဖြစ်သွားသလို ဒေါသလည်း ထွက်သွားခဲ့ပါတယ်။ သူဋ္ဌေးကြီးက
“ ဘာကြောင့်နောက်ထပ်ငါးတွေ ဆက်မဖမ်းပဲနဲ့ အရိပ်ထဲမှာ မင်းရဲ့အချိန်တွေကို ဖြုန်းရတာလဲ ” လို့ မေးလိုက် ပါတယ်။
တံငါသည် က ပြန်မေးလိုက်တာက
“ ကျနော်ငါးတွေ ထပ်ဖမ်းပြီး ဘာလုပ်ရမှာလဲခင်ဗျ ”
သူဋ္ဌေးကြီးက “ ဟ .. မင်းငါးတွေ ထပ်ဖမ်းပြီး ထပ်ရောင်းမယ်ဆိုရင် ငွေတွေ ပိုရလာမယ်လေ။ အဲဒီအခါ မင်း ငါးဖမ်းလှေ ကောင်းကောင်း တစီး ဝယ်နိုင်တာပေါ့ ” လို့ ဂရုဏာဒေါဒေါနဲ့ ပြောလိုက်ပါတယ်။
တံငါသည်က ဆက်မေးတယ်။ “ ငါးဖမ်းလှေဝယ်ပြီးတော့ ကျနော် ဘာဆက်လုပ်ရမလဲ ”
သူဋ္ဌေးကြီးက “ အ ရန်ကေ ာ” ဆိုတဲ့ အကြည့်နဲ့ကြည့်ပြီး ပြောလိုက်ပါတယ်။
“ ဒီထက်ပို ဝေးတဲ့နေရာတွေသွားပြီး ဒီထက်ပိုကြီးတဲ့ ငါးတွေ ဖမ်းရမှာပေါ့။ အဲဒီအခါ ငွေတွေ ဒီထက် ပိုရလာမှာပေါ့ ”
တငါသည်က “ ပြီးတော့ ကျနော် ဘာဆက်လုပ်ရမလဲ ”
သူဋ္ဌေးကြီးက “ ငွေတွေ ထပ်ရလာတဲ့ အခါ မင်း လှေတွေအများကြီး ထပ်ဝယ်ရမှာပေါ့ ။ ပြီးတော့ ငါးဖမ်းလုပ်သားတွေ ငှားမယ်။ ဒီထက်ငွေတွေ ပိုရလာအောင် ပေါ့ကွ ”
တံငါသည်က “ ပြီးတော့ ကျနော် ဘာဆက်လုပ်ရမလဲ ”
“ အဲဒီအခါ မင်းလည်း ငါ့လို လုပ်ငန်းရှင် သူဋ္ဌေးကြီး ဖြစ်လာမှာပေါ့ ”
“သူဋ္ဌေးကြီး ဖြစ်လာတော့ ကျနော် ဘာဆက်လုပ်ရမလဲ ”
သူဋ္ဌေးကြီးက “ တော်တော် အ တဲ့ အကောင်ပါလား ” ဆိုတဲ့ အတွေးနဲ့ ပြောလိုက်ပါတယ်။
“ ဟ .. အဲဒီအခါ မင်း ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် ဇိမ်နဲ့နေလို့ရပြီ ပေါ့ကွ ”
ထိုအခါ တံငါသည် ပြန်ပြောလိုက်တာက
“ အခုရော … ကျနော် ဘာလုပ်နေတယ်လို့ ထင်လဲ ”
(တကယ်တော့ လောကကြီးမှာ ရှိတာနဲ့ ရောင့်ရဲတင်းတိမ်နိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့က အဓိကပဲမဟုတ်လား ။ ချမ်းသာခြင်းအစစ် ဆိုတာ ရောင့်ရဲတင်းတိမ်နိုင်ခြင်း ပါပဲ)
CRD
Zawgyi
အခု ဘာလုပ္ေနတယ္ ထင္လို႔လဲ
ဟိုးေရွးေရွးတုန္းက တံငါသည္တေယာက္ဟာ ပင္လယ္ကမ္းေျခတခုရဲ႕ အရိပ္အာဝါသ ေကာင္းတဲ့ သစ္ပင္တစ္ပင္ေအာက္မွာ ေအးေအး ေဆးေဆး လွဲေနရင္း ေဆးလိပ္တလိပ္ကို ဇိမ္နဲ႔ေသာက္ေနတယ္ ။
အဲဒီအခ်ိန္မွာ သူ႔အနားကို လုပ္ငန္းရွင္ သူေ႒းႀကီး တေယာက္ ေရာက္လာၿပီး
“ ဘာေၾကာင့္ အလုပ္မလုပ္ပဲနဲ႔ အရိပ္ေအာက္မွာ ေဆးလိပ္ေသာက္ေနသလဲ ” လို႔ေမးပါတယ္။
အဲဒီေတာ့ တံငါသည္က
“ ဒီေန႔အဖို႔ေတာ့ ငါးေတြ လုံလုံေလာက္ေလာက္ ဖမ္းမိၿပီျဖစ္တဲ့အတြက္ အနားယူေနေၾကာင္း” ျပန္ေျပာတယ္ ။
သူေ႒းႀကီးဟာ တံငါသည္အေပၚ အားမလို အားမရ ျဖစ္သြားသလို ေဒါသလည္း ထြက္သြားခဲ့ပါတယ္။ သူေ႒းႀကီးက
“ ဘာေၾကာင့္ေနာက္ထပ္ငါးေတြ ဆက္မဖမ္းပဲနဲ႔ အရိပ္ထဲမွာ မင္းရဲ႕အခ်ိန္ေတြကို ျဖဳန္းရတာလဲ ” လို႔ ေမးလိုက္ ပါတယ္။
တံငါသည္ က ျပန္ေမးလိုက္တာက
“ က်ေနာ္ငါးေတြ ထပ္ဖမ္းၿပီး ဘာလုပ္ရမွာလဲခင္ဗ် ”
သူေ႒းႀကီးက “ ဟ .. မင္းငါးေတြ ထပ္ဖမ္းၿပီး ထပ္ေရာင္းမယ္ဆိုရင္ ေငြေတြ ပိုရလာမယ္ေလ။ အဲဒီအခါ မင္း ငါးဖမ္းေလွ ေကာင္းေကာင္း တစီး ဝယ္ႏိုင္တာေပါ့ ” လို႔ ဂ႐ုဏာေဒါေဒါနဲ႔ ေျပာလိုက္ပါတယ္။
တံငါသည္က ဆက္ေမးတယ္။ “ ငါးဖမ္းေလွဝယ္ၿပီးေတာ့ က်ေနာ္ ဘာဆက္လုပ္ရမလဲ ”
သူေ႒းႀကီးက “ အ ရန္ေက ာ” ဆိုတဲ့ အၾကည့္နဲ႔ၾကည့္ၿပီး ေျပာလိုက္ပါတယ္။
“ ဒီထက္ပို ေဝးတဲ့ေနရာေတြသြားၿပီး ဒီထက္ပိုႀကီးတဲ့ ငါးေတြ ဖမ္းရမွာေပါ့။ အဲဒီအခါ ေငြေတြ ဒီထက္ ပိုရလာမွာေပါ့ ”
တငါသည္က “ ၿပီးေတာ့ က်ေနာ္ ဘာဆက္လုပ္ရမလဲ ”
သူေ႒းႀကီးက “ ေငြေတြ ထပ္ရလာတဲ့ အခါ မင္း ေလွေတြအမ်ားႀကီး ထပ္ဝယ္ရမွာေပါ့ ။ ၿပီးေတာ့ ငါးဖမ္းလုပ္သားေတြ ငွားမယ္။ ဒီထက္ေငြေတြ ပိုရလာေအာင္ ေပါ့ကြ ”
တံငါသည္က “ ၿပီးေတာ့ က်ေနာ္ ဘာဆက္လုပ္ရမလဲ ”
“ အဲဒီအခါ မင္းလည္း ငါ့လို လုပ္ငန္းရွင္ သူေ႒းႀကီး ျဖစ္လာမွာေပါ့ ”
“သူေ႒းႀကီး ျဖစ္လာေတာ့ က်ေနာ္ ဘာဆက္လုပ္ရမလဲ ”
သူေ႒းႀကီးက “ ေတာ္ေတာ္ အ တဲ့ အေကာင္ပါလား ” ဆိုတဲ့ အေတြးနဲ႔ ေျပာလိုက္ပါတယ္။
“ ဟ .. အဲဒီအခါ မင္း ဘဝကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ဇိမ္နဲ႔ေနလို႔ရၿပီ ေပါ့ကြ ”
ထိုအခါ တံငါသည္ ျပန္ေျပာလိုက္တာက
“ အခုေရာ … က်ေနာ္ ဘာလုပ္ေနတယ္လို႔ ထင္လဲ ”
(တကယ္ေတာ့ ေလာကႀကီးမွာ ရွိတာနဲ႔ ေရာင့္ရဲတင္းတိမ္ႏိုင္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနႏိုင္ဖို႔က အဓိကပဲမဟုတ္လား ။ ခ်မ္းသာျခင္းအစစ္ ဆိုတာ ေရာင့္ရဲတင္းတိမ္ႏိုင္ျခင္း ပါပဲ)
CRD
0 Comments