မိဘတွေကို မယုံကြပါနဲ့

မိဘတွေဟာ သားသမီးတွေဆီမှာ စားသောက်တဲ့ အခါတိုင်း ဘာလေးတော့ စားချင်လိုက်တာလို့ တခါမှ မတောင်းဆိုဖူးဘူး။ ထမင်းစားတဲ့ အခါတွေ မှာလည်း သူတို့ကြိုက်တဲ့ ဟင်းနဲ့ စားနေရတာတောင် ထမင်းမစားရသေးတဲ့ သားသမီးတွေ ရှိသေးတယ် ဆိုရင် ငါက ဒါတော့ မကြိုက်ဘူး ဒါတော့ မစားချင်ဘူးလို့ ငြင်းဆိုလေ့ ရှိတယ်။ မယုံကြပါနဲ့။

အသက်ကြီး လာရင် အစာအာဟာရဟာ ပိုပြီး လိုအပ်ပါတယ်။ အမေရယ် ဒါကို အရင်တုန်းက အမေ ကြိုက်ပါတယ်လို့ ပြောရင်တောင် အရင်က ကြိုက်ပေမဲ့ အခု မကြိုက်တော့ဘူး လို့တောင် ပရိယယ် လုပ်ပြီး ငြင်းဆိုကြလေ့ ရှိပါတယ်။

သတိထား ကြည့်ကြပါ။ ကိုယ့်ရည်းစား ဘာကြိုက်တတ်လဲ ဆိုတာကို လပိုင်းအတွင်းတောင် လေ့လာနိုင်ကြပါတယ်။ နှစ်ပေါင်းများစွာ အတူနေလာခဲ့ ကြတဲ့ ကိုယ့်မိဘ ဘာကြိုက်တတ်လဲ ဆိုတာတော့ သားသမီးတိုင်း သိနိုင်လောက် ပါတယ်။

ဒါ့ကြောင့် သူတို့မကြိုက်ဘူး ဆိုလည်း ဇွတ်သာ ကျွေးကြပါ။ ပူတဲ့အချိန် သင့်တော်တဲ့ အစားအစာ၊ အေးတဲ့အချိန်လည်း သင့်တော်တဲ့အစားအစာ များကို သားသမီးတိုင်းက အလိုက်တသိနဲ့ ကျွေးနိုင်ဖို့ လိုပါတယ်။

သူတို့တောင်းဆိုမှ ကိုယ်က ကျွေးရမယ်ဆိုရင် မိဘကျေးဇူးကို ဒီတသက် ဆပ်ခွင့်ရမှာ မဟုတ်တော့ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့က ဒီတသက် ဘာမှ တောင်းဆိုမှာ မဟုတ်လို့ပါပဲ။

စီးပွားရေး မပြေလည်တဲ့ သားသမီးများရဲ့ မိဘများနဲ့ သားသမီးကို မှီခိုပြီး စားသောက်နေရတဲ့ မိဘများ အတွက် ပိုပြီး ဂရုစိုက်ပေးကြပါ။

ကိုယ်ငယ်ငယ်က မိဘတွေ အဆင်ပြေပြေ မပြေပြေ အားမနာတမ်း တောင်းဆိုခဲ့ပေမဲ့ သားသမီးတွေ အဆင်မပြေရင် မိဘတွေက အားနာတက်တယ် ဆိုတာကို အမြဲ သတိရကြဖို့ လိုပါတယ်။

တချို့က မိဘတွေအတွက် ပူစရာမလိုဘူး ဆိုပြီး ဥပေက္ခာ ပြုတက်ကြပါတယ်။ ပြေလည်တဲ့ မိဘတွေလည်း သားသမီးတွေရဲ့ သိတက်မှုကို အမြဲမျှော်လင့်နေတတ်တယ် ဆိုတာ သတိရကြပါ။

ငယ်ငယ်က သားသမီးချင်း ယှဉ်ရင် မျက်နှာ မငယ်ရအောင် ဖြည့်ဆည်းပေးတဲ့ မိဘတွေကို ကိုယ့်ကို မှီခိုတဲ့ အချိန်ကျမှ မိဘချင်း ယှဉ်လို့ ကိုယ့်မိဘက မျက်နှာငယ်ရမယ် ဆိုရင်တော့ သားသမီးမိုက် စာရင်းထဲကို ပါသွားပါလိမ့်မယ်။

ဒါ့ကြောင့် သူတို့ လိုအပ်ချက်ကို အမြဲတမ်း စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ သူတို့ပြောစကားတွေကို မယုံကြပါနဲ့။

ဦးမြင့်ခိုင်

SaiMyoWin

Zawgyi

မိဘေတြကို မယုံၾကပါနဲ႔

မိဘေတြဟာ သားသမီးေတြဆီမွာ စားေသာက္တဲ့ အခါတိုင္း ဘာေလးေတာ့ စားခ်င္လိုက္တာလို႔ တခါမွ မေတာင္းဆိုဖူးဘူး။ ထမင္းစားတဲ့ အခါေတြ မွာလည္း သူတို႔ႀကိဳက္တဲ့ ဟင္းနဲ႔ စားေနရတာေတာင္ ထမင္းမစားရေသးတဲ့ သားသမီးေတြ ရွိေသးတယ္ ဆိုရင္ ငါက ဒါေတာ့ မႀကိဳက္ဘူး ဒါေတာ့ မစားခ်င္ဘူးလို႔ ျငင္းဆိုေလ့ ရွိတယ္။ မယုံၾကပါနဲ႔။

အသက္ႀကီး လာရင္ အစာအာဟာရဟာ ပိုၿပီး လိုအပ္ပါတယ္။ အေမရယ္ ဒါကို အရင္တုန္းက အေမ ႀကိဳက္ပါတယ္လို႔ ေျပာရင္ေတာင္ အရင္က ႀကိဳက္ေပမဲ့ အခု မႀကိဳက္ေတာ့ဘူး လို႔ေတာင္ ပရိယယ္ လုပ္ၿပီး ျငင္းဆိုၾကေလ့ ရွိပါတယ္။

သတိထား ၾကည့္ၾကပါ။ ကိုယ့္ရည္းစား ဘာႀကိဳက္တတ္လဲ ဆိုတာကို လပိုင္းအတြင္းေတာင္ ေလ့လာႏိုင္ၾကပါတယ္။ ႏွစ္ေပါင္းမ်ားစြာ အတူေနလာခဲ့ ၾကတဲ့ ကိုယ့္မိဘ ဘာႀကိဳက္တတ္လဲ ဆိုတာေတာ့ သားသမီးတိုင္း သိႏိုင္ေလာက္ ပါတယ္။

ဒါ့ေၾကာင့္ သူတို႔မႀကိဳက္ဘူး ဆိုလည္း ဇြတ္သာ ေကြၽးၾကပါ။ ပူတဲ့အခ်ိန္ သင့္ေတာ္တဲ့ အစားအစာ၊ ေအးတဲ့အခ်ိန္လည္း သင့္ေတာ္တဲ့အစားအစာ မ်ားကို သားသမီးတိုင္းက အလိုက္တသိနဲ႔ ေကြၽးႏိုင္ဖို႔ လိုပါတယ္။

သူတို႔ေတာင္းဆိုမွ ကိုယ္က ေကြၽးရမယ္ဆိုရင္ မိဘေက်းဇူးကို ဒီတသက္ ဆပ္ခြင့္ရမွာ မဟုတ္ေတာ့ပါဘူး။ ဘာ့ေၾကာင့္လဲဆိုေတာ့ သူတို႔က ဒီတသက္ ဘာမွ ေတာင္းဆိုမွာ မဟုတ္လို႔ပါပဲ။ စီးပြားေရး မေျပလည္တဲ့ သားသမီးမ်ားရဲ႕ မိဘမ်ားနဲ႔ သားသမီးကို မွီခိုၿပီး စားေသာက္ေနရတဲ့ မိဘမ်ား အတြက္ ပိုၿပီး ဂ႐ုစိုက္ေပးၾကပါ။

ကိုယ္ငယ္ငယ္က မိဘေတြ အဆင္ေျပေျပ မေျပေျပ အားမနာတမ္း ေတာင္းဆိုခဲ့ေပမဲ့ သားသမီးေတြ အဆင္မေျပရင္ မိဘေတြက အားနာတက္တယ္ ဆိုတာကို အၿမဲ သတိရၾကဖို႔ လိုပါတယ္။ တခ်ိဳ႕က မိဘေတြအတြက္ ပူစရာမလိုဘူး ဆိုၿပီး ဥေပကၡာ ျပဳတက္ၾကပါတယ္။ ေျပလည္တဲ့ မိဘေတြလည္း သားသမီးေတြရဲ႕ သိတက္မႈကို အၿမဲေမွ်ာ္လင့္ေနတတ္တယ္ ဆိုတာ သတိရၾကပါ။

ငယ္ငယ္က သားသမီးခ်င္း ယွဥ္ရင္ မ်က္ႏွာ မငယ္ရေအာင္ ျဖည့္ဆည္းေပးတဲ့ မိဘေတြကို ကိုယ့္ကို မွီခိုတဲ့ အခ်ိန္က်မွ မိဘခ်င္း ယွဥ္လို႔ ကိုယ့္မိဘက မ်က္ႏွာငယ္ရမယ္ ဆိုရင္ေတာ့ သားသမီးမိုက္ စာရင္းထဲကို ပါသြားပါလိမ့္မယ္။ ဒါ့ေၾကာင့္ သူတို႔ လိုအပ္ခ်က္ကို အၿမဲတမ္း ေစာင့္ၾကည့္ဖို႔ လိုအပ္ပါတယ္။ သူတို႔ေျပာစကားေတြကို မယုံၾကပါနဲ႔။

ဦးျမင့္ခိုင္

SaiMyoWin

Post a Comment

0 Comments