ကြက်ဖကြီးနှင့် ပဲကြီးစေ့

ဟိုးရှေးရှေးတုန်းက ရွာတရွာတွင် ကြက်ဖတကောင် နှင့် ကြက်မတကောင် ရှိကြလေသည်။ တနေ့သောအခါ ကြက်ဖသည် မြေကြီးကို ယက်၍ အစာရှာရာ ပဲကြီးစေ့ တစေ့ကို တွေ့၍ " ရှင် ကြက်မရေ ၊ ရှင် ကြက်မ၊ ဟောဒီမှာ ပဲကြီးစေ့ တစေ့၊ လာစားလှည့်ပါ " ဟု လှမ်း၍ ပြောလိုက်သည်။

" ရှင်ကြက်ဖပဲ စားလိုက်ပါ " ဟု ကြက်မကလည်း လှမ်း၍ပြောလိုက်လျှင် ကြက်ဖသည် ပဲကြီးစေ့ကို နှုတ်သီးဖြင့် ကောက်ယူပြီးလျှင် မျိုလိုက်သည်။ သို့သော်လည်း ပဲကြီးစေ့သည် ဝမ်းထဲသို့ မကျဘဲ လည်ချောင်းထဲတွင် တစ်၍ ခံနေလေသည်။ ထိုအခါ ကြက်ဖက ရှင်ကြက်မ၊ မြစ်ဆီကို သွားပြီး သောက်ရေ နည်းနည်း တောင်းပါလေဟု ခိုင်းလေသည်။

ထို့ကြောင့် ကြက်မသည် မြစ်ဆီသို့ ပြေး၍ ရေတောင်းလျှင် မြစ်က ဤသို့ ပြန်ပြောလေသည်။ " သစ်ပင်ဆီကို သွားပြီး သစ်ရွက်တရွက် တောင်းပေးလျှင် ကျွန်ုပ်ရေကို ပေးပါမည် " ဟု ပြောလေသည်။ ထို့ကြောင့် ကြက်မသည် သစ်ပင်ဆီသို့ ပြေး၍ သစ်ရွက်တောင်းလျှင် သစ်ပင်က ဤသို့ ပြောပြန်လေသည်။

" တောင်သူကြီးသမီးဆီကို သွားပြီး အပ်ချည် တောင်းပေးလျှင် ကျွန်ုပ်က သစ်ရွက်ပေးပါမည် " ဟု ပြောလေသည်။ ထို့ကြောင့် ကြက်မသည် တောင်သူကြီး သမီးဆီကို ပြေး၍ အပ်ချည် တောင်းလျှင် တောင်သူကြီးသမီးက ဤသို့ ပြောပြန်လေသည်။ " ဘီးသည် ဆီကို သွားပြီး ခေါင်းဖြီးဖို့ ဘီးတောင်းပေးလျှင် ကျွန်ုပ် အပ်ချည်ကို ပေးပါမည် " ဟု ပြောလေသည် ။

ထို့ကြောင့် ကြက်မသည် ဘီးသည်ဆီကို ပြေး၍ ဘီးတောင်းလျှင် ဘီးသည်က ဤသို့ ပြောပြန်သည်။ " မုန့်သည်ဆီကို သွားပြီး မုန့်တောင်းပေးလျှင် ကျွန်ုပ် ဘီးကို ပေးပါမည် " ဟု ပြောလေသည်။ ထို့ကြောင့် ကြက်မသည် မုန့်သည်ဆီသို့ ပြေး၍ မုန့်တောင်းလျှင် မုန့်သည်က ဤသို့ ပြန်ပြောလေသည်။

" ထင်းသမားဆီကို သွားပြီး ထင်းတောင်းပေးလျှင် ကျွန်ုပ် မုန့်ကိုပေးပါမည် " ဟု ပြောလေသည်။ ထို့ကြောင့် ကြက်မသည် ထင်းခွေသမားဆီသို့ မောကြီးပန်းကြီးနှင့် ပြေးသွား၍ ဤသို့ တောင်းပန်လေသည်။

" အို၊ ထင်းခွေသမား ယောက်ျား ၊ မုန့်သည်ကို ပေးဖို့ ထင်းတစည်း ကျွန်ုပ်အား ပေးပါ ။ မုန့်သည် သည် ဘီးသည်ကို ပေးဖို့ မုန့်ကို ကျွန်ုပ်အား ပေးပါလိမ့်မည် ။ ဘီးသည်သည် တောင်သူကြီး သမီးကို ပေးဖို့ ဘီးကို ကျွန်ုပ်အား ပေးပါလိမ့်မည် ။ တောင်သူကြီးသမီးသည် သစ်ပင်ကို ပေးဖို့ အပ်ချည်ကို ကျွန်ုပ်အား ပေးပါလိမ့်မည် ။

သစ်ပင်သည် မြစ်ကိုပေးဖို့ သစ်ရွက်ကို ကျွန်ုပ်အား ပေးပါလိမ့်မည် ။ မြစ်သည် ကြက်ဖကို ပေးဖို့ ရေကို ကျွန်ုပ်အား ပေးပါလိမ့်မည် ။ ကြက်ဖ လည်ချောင်းထဲတွင် ပဲကြီးတစေ့ တစ်၍ ခံနေပါသည်ဟု ကြက်မသည် အကျယ်ရှင်းပြ၍ ထင်းခွေသမားကို တောင်းပန်လေသည်။ ထိုအခါ ထင်းခွေသမားသည် ကြက်မအား ထင်းတစည်း ပေးလိုက် သည်။

ကြက်မသည် ထင်းစည်းကို မုန့်သည်ဖို့ ယူသွားသည်။ မုန့်သည်သည် ဘီးသည်ဖို့ မုန့်ကို ပေးလိုက်သည်။ ဘီးသည်သည် တောင်သူကြီးသမီး အဖို့ ဘီးကို ပေးလိုက်သည် ။ တောင်သူကြီး သမီးသည် သစ်ပင်ဖို့ အပ်ချည်ကို ပေးလိုက်သည်။

သစ်ပင်သည် မြစ်ဖို့ သစ်ရွက်ကို ပေးလိုက်သည်။ မြစ်သည် ကြက်ဖဖို့ ရေကို ပေးလိုက်သည်။ ကြက်ဖသည် ရေကို သောက်ချလိုက်သောအခါ ပဲကြီးစေ့သည် ဝမ်းထဲသို့ ကျသွားသဖြင့် အားရ ပျော်ရွှင်စွာ အောက် အီး အီး အွတ် ဟု တွန်လိုက်လေတော့သည်။

လောကမှာ ဘယ်အရာမှ အလကား မရပါဘူး ။ တခုခုကို လိုချင်ရင် တခုခု ပြန်ပေးဆပ်ရ ပါမယ် ။

Crd

Zawgyi

ၾကက္ဖႀကီးႏွင့္ ပဲႀကီးေစ့

ဟိုးေရွးေရွးတုန္းက ႐ြာတ႐ြာတြင္ ၾကက္ဖတေကာင္ ႏွင့္ ၾကက္မတေကာင္ ရွိၾကေလသည္။ တေန႔ေသာအခါ ၾကက္ဖသည္ ေျမႀကီးကို ယက္၍ အစာရွာရာ ပဲႀကီးေစ့ တေစ့ကို ေတြ႕၍ " ရွင္ ၾကက္မေရ ၊ ရွင္ ၾကက္မ၊ ေဟာဒီမွာ ပဲႀကီးေစ့ တေစ့၊ လာစားလွည့္ပါ " ဟု လွမ္း၍ ေျပာလိုက္သည္။

" ရွင္ၾကက္ဖပဲ စားလိုက္ပါ " ဟု ၾကက္မကလည္း လွမ္း၍ေျပာလိုက္လွ်င္ ၾကက္ဖသည္ ပဲႀကီးေစ့ကို ႏႈတ္သီးျဖင့္ ေကာက္ယူၿပီးလွ်င္ မ်ိဳလိုက္သည္။ သို႔ေသာ္လည္း ပဲႀကီးေစ့သည္ ဝမ္းထဲသို႔ မက်ဘဲ လည္ေခ်ာင္းထဲတြင္ တစ္၍ ခံေနေလသည္။ ထိုအခါ ၾကက္ဖက ရွင္ၾကက္မ၊ ျမစ္ဆီကို သြားၿပီး ေသာက္ေရ နည္းနည္း ေတာင္းပါေလဟု ခိုင္းေလသည္။

ထို႔ေၾကာင့္ ၾကက္မသည္ ျမစ္ဆီသို႔ ေျပး၍ ေရေတာင္းလွ်င္ ျမစ္က ဤသို႔ ျပန္ေျပာေလသည္။ " သစ္ပင္ဆီကို သြားၿပီး သစ္႐ြက္တ႐ြက္ ေတာင္းေပးလွ်င္ ကြၽႏ္ုပ္ေရကို ေပးပါမည္ " ဟု ေျပာေလသည္။ ထို႔ေၾကာင့္ ၾကက္မသည္ သစ္ပင္ဆီသို႔ ေျပး၍ သစ္႐ြက္ေတာင္းလွ်င္ သစ္ပင္က ဤသို႔ ေျပာျပန္ေလသည္။

" ေတာင္သူႀကီးသမီးဆီကို သြားၿပီး အပ္ခ်ည္ ေတာင္းေပးလွ်င္ ကြၽႏ္ုပ္က သစ္႐ြက္ေပးပါမည္ " ဟု ေျပာေလသည္။ ထို႔ေၾကာင့္ ၾကက္မသည္ ေတာင္သူႀကီး သမီးဆီကို ေျပး၍ အပ္ခ်ည္ ေတာင္းလွ်င္ ေတာင္သူႀကီးသမီးက ဤသို႔ ေျပာျပန္ေလသည္။ " ဘီးသည္ ဆီကို သြားၿပီး ေခါင္းၿဖီးဖို႔ ဘီးေတာင္းေပးလွ်င္ ကြၽႏ္ုပ္ အပ္ခ်ည္ကို ေပးပါမည္ " ဟု ေျပာေလသည္ ။

ထို႔ေၾကာင့္ ၾကက္မသည္ ဘီးသည္ဆီကို ေျပး၍ ဘီးေတာင္းလွ်င္ ဘီးသည္က ဤသို႔ ေျပာျပန္သည္။ " မုန႔္သည္ဆီကို သြားၿပီး မုန႔္ေတာင္းေပးလွ်င္ ကြၽႏ္ုပ္ ဘီးကို ေပးပါမည္ " ဟု ေျပာေလသည္။ ထို႔ေၾကာင့္ ၾကက္မသည္ မုန႔္သည္ဆီသို႔ ေျပး၍ မုန႔္ေတာင္းလွ်င္ မုန႔္သည္က ဤသို႔ ျပန္ေျပာေလသည္။

" ထင္းသမားဆီကို သြားၿပီး ထင္းေတာင္းေပးလွ်င္ ကြၽႏ္ုပ္ မုန႔္ကိုေပးပါမည္ " ဟု ေျပာေလသည္။ ထို႔ေၾကာင့္ ၾကက္မသည္ ထင္းေခြသမားဆီသို႔ ေမာႀကီးပန္းႀကီးႏွင့္ ေျပးသြား၍ ဤသို႔ ေတာင္းပန္ေလသည္။

" အို၊ ထင္းေခြသမား ေယာက္်ား ၊ မုန႔္သည္ကို ေပးဖို႔ ထင္းတစည္း ကြၽႏ္ုပ္အား ေပးပါ ။ မုန႔္သည္ သည္ ဘီးသည္ကို ေပးဖို႔ မုန႔္ကို ကြၽႏ္ုပ္အား ေပးပါလိမ့္မည္ ။ ဘီးသည္သည္ ေတာင္သူႀကီး သမီးကို ေပးဖို႔ ဘီးကို ကြၽႏ္ုပ္အား ေပးပါလိမ့္မည္ ။ ေတာင္သူႀကီးသမီးသည္ သစ္ပင္ကို ေပးဖို႔ အပ္ခ်ည္ကို ကြၽႏ္ုပ္အား ေပးပါလိမ့္မည္ ။

သစ္ပင္သည္ ျမစ္ကိုေပးဖို႔ သစ္႐ြက္ကို ကြၽႏ္ုပ္အား ေပးပါလိမ့္မည္ ။ ျမစ္သည္ ၾကက္ဖကို ေပးဖို႔ ေရကို ကြၽႏ္ုပ္အား ေပးပါလိမ့္မည္ ။ ၾကက္ဖ လည္ေခ်ာင္းထဲတြင္ ပဲႀကီးတေစ့ တစ္၍ ခံေနပါသည္ဟု ၾကက္မသည္ အက်ယ္ရွင္းျပ၍ ထင္းေခြသမားကို ေတာင္းပန္ေလသည္။ ထိုအခါ ထင္းေခြသမားသည္ ၾကက္မအား ထင္းတစည္း ေပးလိုက္ သည္။

ၾကက္မသည္ ထင္းစည္းကို မုန႔္သည္ဖို႔ ယူသြားသည္။ မုန႔္သည္သည္ ဘီးသည္ဖို႔ မုန႔္ကို ေပးလိုက္သည္။ ဘီးသည္သည္ ေတာင္သူႀကီးသမီး အဖို႔ ဘီးကို ေပးလိုက္သည္ ။ ေတာင္သူႀကီး သမီးသည္ သစ္ပင္ဖို႔ အပ္ခ်ည္ကို ေပးလိုက္သည္။

သစ္ပင္သည္ ျမစ္ဖို႔ သစ္႐ြက္ကို ေပးလိုက္သည္။ ျမစ္သည္ ၾကက္ဖဖို႔ ေရကို ေပးလိုက္သည္။ ၾကက္ဖသည္ ေရကို ေသာက္ခ်လိုက္ေသာအခါ ပဲႀကီးေစ့သည္ ဝမ္းထဲသို႔ က်သြားသျဖင့္ အားရ ေပ်ာ္႐ႊင္စြာ ေအာက္ အီး အီး အြတ္ ဟု တြန္လိုက္ေလေတာ့သည္။

ေလာကမွာ ဘယ္အရာမွ အလကား မရပါဘူး ။ တခုခုကို လိုခ်င္ရင္ တခုခု ျပန္ေပးဆပ္ရ ပါမယ္ ။

Crd

Post a Comment

0 Comments