၁၅၀

"ကောင်လေး၊ ကြက်ဥ ဘယ်လို ရောင်းလဲ"

"၁ လုံး ၁၅၀ ပါ"

"၅ လုံး ၆၀၀ ထားလိုက်"

"ဟာ မလုပ်ပါနဲ့ အန်တီရယ်။ ကျွန်တော့် အရင်းနား ရောက်နေပြီ"

"အို ၆၀၀ ထားရင် ယူမယ်။ မထားရင် မယူဘူး။ သွားမယ်"

"နေ နေပါဦး အန်တီ၊ ယူသွားပါဗျာ။ ဈေးဦးပေါက်မို့ ရောင်းလိုက် ပါ့မယ်"

ကောင်လေး ထုပ်ပေးတဲ့ ကြက်ဥ ၅ လုံးကို ယူပြီး ၅၀၀ ရာတန် ၁ ရွက်နဲ့၊ ၁၀၀ တန် ၁ ရွက် ဖတ်ကနဲ ပစ်ပေးပြီး အဒေါ်ကြီး ခေါင်းမော့လို့ အောင်နိုင်သူ ဟန်အပြည့်နဲ့ ဈေးထဲ ဆက်ဝင်သွား ပါတယ်။

ညနေ အဒေါ်ကြီးဟာ သူ့ယောက်ျားနဲ့ မြို့ထဲက စားသောက်ဆိုင်ကောင်းကောင်းတခုမှာ ထွက်စား ကြတယ်။ ဖြစ်ချင်တော့ ကြက်ဥသည် ကောင်လေးဟာ ဒီစားသောက်ဆိုင်မှာ အချိန်ပိုင်း စားပွဲထိုး ဝင်လုပ်နေတဲ့ အချိန်။

အဒေါ်ကြီးကို မြင်တော့ ချက်ချင်း မှတ်မိ သွားတယ်။ ဒီလိုနဲ့ အဒေါ်ကြီးတို့ဝိုင်း ငွေရှင်းတော့ စားပွဲထိုး ကောင်လေးဟာ ဘေလ်စာရွက်ကို ယူလာပေးတယ်။

ဒီမှာ အဒေါ်ကြီးက ပြန်အမ်းငွေ ၁၅၀ ကို ယူလိုက်ဖို့ ပြောပြီး အတင်းပေးရင်း ခေါင်းမော့လို့ ဆိုင်ထဲက ထွက်သွားပါတယ်။ စားပွဲထိုး ကောင်လေး အတွက် လောကကြီးဟာ တကယ် နားလည်ရ ခက်သွားခဲ့တယ်။

"ငွေ ၁၅၀"

"မနက်က လုံးဝ ပေးဖို့ ဆန္ဒ မရှိဘူး။ ညနေ ကျတော့လည်း အတင်း ပေးသွားတယ်။ ဘာတွေလဲကွာ၊ နားမလည်တော့ဘူး"

ဒီ့ထက် ပိုနားမလည် နိုင်တာက သူ့ရဲ့စိတ်။ "ငွေ ၁၅၀ ချင်း တူတူ၊ မနက်က မရလိုက်တဲ့ ၁၅၀ ကို တသသ ဖြစ်နေသလောက် ခု ၁၅၀ ကို ငါဘာလို့ မမက်တာ ပါလိမ့်" လို့ ကောင်လေး တွေးမိနေပါတော့တယ်။

တကယ်တမ်း ကျတော့ တချို့ လူတွေဟာ မရှိ ဆင်းရဲသား ဈေးသည်တွေဆီက မတရား ဆစ်ပြီး လူချမ်းသာ ဈေးသည်ဆီမှာ ငွေဖြုန်းတတ် ကြတယ်။ ကျွန်တော်တို့ အားလုံး မျက်နှာကြီးရာ ဟင်းဖတ်ပါ လူမျိုးများ မဖြစ်ကြ ပါစေနဲ့။

crd

Zawgyi

၁၅၀

"ေကာင္ေလး၊ ၾကက္ဥ ဘယ္လို ေရာင္းလဲ"

"၁ လုံး ၁၅၀ ပါ"

"၅ လုံး ၆၀၀ ထားလိုက္"

"ဟာ မလုပ္ပါနဲ႔ အန္တီရယ္။ ကြၽန္ေတာ့္ အရင္းနား ေရာက္ေနၿပီ"

"အို ၆၀၀ ထားရင္ ယူမယ္။ မထားရင္ မယူဘူး။ သြားမယ္"

"ေန ေနပါဦး အန္တီ၊ ယူသြားပါဗ်ာ။ ေဈးဦးေပါက္မို႔ ေရာင္းလိုက္ ပါ့မယ္"

ေကာင္ေလး ထုပ္ေပးတဲ့ ၾကက္ဥ ၅ လုံးကို ယူၿပီး ၅၀၀ ရာတန္ ၁ ႐ြက္နဲ႔၊ ၁၀၀ တန္ ၁ ႐ြက္ ဖတ္ကနဲ ပစ္ေပးၿပီး အေဒၚႀကီး ေခါင္းေမာ့လို႔ ေအာင္ႏိုင္သူ ဟန္အျပည့္နဲ႔ ေဈးထဲ ဆက္ဝင္သြား ပါတယ္။

ညေန အေဒၚႀကီးဟာ သူ႔ေယာက္်ားနဲ႔ ၿမိဳ႕ထဲက စားေသာက္ဆိုင္ေကာင္းေကာင္းတခုမွာ ထြက္စား ၾကတယ္။ ျဖစ္ခ်င္ေတာ့ ၾကက္ဥသည္ ေကာင္ေလးဟာ ဒီစားေသာက္ဆိုင္မွာ အခ်ိန္ပိုင္း စားပြဲထိုး ဝင္လုပ္ေနတဲ့ အခ်ိန္။

အေဒၚႀကီးကို ျမင္ေတာ့ ခ်က္ခ်င္း မွတ္မိ သြားတယ္။ ဒီလိုနဲ႔ အေဒၚႀကီးတို႔ဝိုင္း ေငြရွင္းေတာ့ စားပြဲထိုး ေကာင္ေလးဟာ ေဘလ္စာ႐ြက္ကို ယူလာေပးတယ္။

ဒီမွာ အေဒၚႀကီးက ျပန္အမ္းေငြ ၁၅၀ ကို ယူလိုက္ဖို႔ ေျပာၿပီး အတင္းေပးရင္း ေခါင္းေမာ့လို႔ ဆိုင္ထဲက ထြက္သြားပါတယ္။ စားပြဲထိုး ေကာင္ေလး အတြက္ ေလာကႀကီးဟာ တကယ္ နားလည္ရ ခက္သြားခဲ့တယ္။

"ေငြ ၁၅၀"

"မနက္က လုံးဝ ေပးဖို႔ ဆႏၵ မရွိဘူး။ ညေန က်ေတာ့လည္း အတင္း ေပးသြားတယ္။ ဘာေတြလဲကြာ၊ နားမလည္ေတာ့ဘူး"

ဒီ့ထက္ ပိုနားမလည္ ႏိုင္တာက သူ႔ရဲ႕စိတ္။ "ေငြ ၁၅၀ ခ်င္း တူတူ၊ မနက္က မရလိုက္တဲ့ ၁၅၀ ကို တသသ ျဖစ္ေနသေလာက္ ခု ၁၅၀ ကို ငါဘာလို႔ မမက္တာ ပါလိမ့္" လို႔ ေကာင္ေလး ေတြးမိေနပါေတာ့တယ္။

တကယ္တမ္း က်ေတာ့ တခ်ိဳ႕ လူေတြဟာ မရွိ ဆင္းရဲသား ေဈးသည္ေတြဆီက မတရား ဆစ္ၿပီး လူခ်မ္းသာ ေဈးသည္ဆီမွာ ေငြျဖဳန္းတတ္ ၾကတယ္။ ကြၽန္ေတာ္တို႔ အားလုံး မ်က္ႏွာႀကီးရာ ဟင္းဖတ္ပါ လူမ်ိဳးမ်ား မျဖစ္ၾက ပါေစနဲ႔။

crd

Post a Comment

0 Comments