ပြဿနာအစ သူတော်က ဖြစ်သည်။ တနေ့ ကျောင်းထဲကို ဆိတ် သုံးကောင် ဝင်လာသည်။ သူတော်က ဆိတ်တွေကို ဖမ်းသည်။ "ရွာထဲကလူတွေ ဆိတ်တွေကို ကောင်းကောင်း မကျောင်းဘူး၊ ဘုန်းကြီးကျောင်းထဲ ဝင်လာတယ်။ ဒဏ်ရိုက်ရမယ်"
ဖိုးသူတော်က ဆိတ်သုံးကောင်ကို ဖမ်းပြီး ထင်းတဲ ထဲတွင် ကြိုးဖြင့် ချည်ထားသည်။ သူက ကြိုးချည်ရုံဖြင့် မကျေနပ် "အင်း သုံးကောင်ဆိုတော့ တကောင်ကို တကျပ်ပဲ ဒဏ်ရိုက်၊ သုံးကျပ်တောင် ရမယ်" ဖိုးသူတော် ပျော်နေသည်။
ထို့နောက် ကျောင်းတွင် ဆေးသုတ်နေသည့် ဆေးပုံးထဲက ဆေးတွေကို ယူပြီး ဆိတ်တွေ၏ ကိုယ်ပေါ်တွင် အမှတ် အသားပြုသည်။ သူက ပါးစပ်မှ "တစ်၊ နှစ်၊ သုံး" ဟု အော်ကာ ဆိတ်တကောင်၏ ကိုယ်ပေါ်တွင် ဂဏန်း အမှတ်အသားဖြင့် ရေးသည်။ သို့သော် ၁ နှင့် ၂ က မှန်သည်။ ၃ ကျမှ မှားပြီး ၄ ဟု ရေးမိလိုက်သည်။
ထိုစဉ် "သူတော်ရေ၊ သူတော်" ဆရာတော်က ခေါ်သဖြင့် သူတော်က အပြေးလေး ဦးချသည်။
"သူတော် ဘယ်တွေ သွားနေသလဲ"
"မှန်ပါဘုရား တပည့်တော် ထင်းခွဲနေတာပါ ဘုရား"
"ထားခဲ့၊ ဒီမှာ ညောင်ကန်ရွာကို သွားစမ်း"
"ညောင်ကန်က အဝေးကြီးပဲ ဘုရား"
"အေးလေ အဲဒီမှာပဲ ညအိပ်လိုက်၊ မနက်စောစော ပြန်ခဲ့။ ဒီမှာ ညောင်ကန်ဆရာတော် ဆီကို မြို့ကလာတဲ့စာ အရေးကြီးလို့တဲ့ သွားပို့ချေ"
"တင်ပါ့ဘုရား"
သူတော်က ချက်ချင်းပဲ ညောင်ကန်ရွာကို ထွက်သွားရသည်။ ဆိတ်တွေကိုလည်း မေ့သွားသည်။
နောက်တနေ့ စောစောတွင် ဆိတ်တွေက ကြိုးချည် ထားသောကြောင့် အော်ကုန်သည်။ သူတို့လည်း စားကျက်ကို ထွက်ချင်နေကြပြီ။ "ဟဲ့ ကျောင်းထဲမှာ ဆိတ်အော်သံတွေ ကြားတယ်၊ ဘယ်ကဆိတ်တွေ ဝင်နေသလဲ၊ မောင်ကျောင်းသားတို့ သွားကြည့်စမ်း"
ထိုအချိန်တွင် ကျောင်းထဲသို့ သူဌေးဦးကံကြီးမောင်နှင့် ဇနီးတို့ ဝင်လာသည်။ ရွာထဲက မိုးမှောင်နှင့် အောင်ကျော် တို့လည်း ရောက်လာကြသည်။ ရေကန် ဆေးရန်ဖြစ်သည်။ ကျောင်းသားလေးတွေက ပြန်လာသည်။ ဆိတ်သုံးကောင်ကို ဆွဲလာကြသည်။
"အရှင်ဘုရား ထင်းတဲထဲမှာ ဆိတ်သုံးကောင် တွေ့တယ်ဘုရား၊ ကြိုးချည်ထားတယ်"
"ဟာ ဖိုးသူတော် ဘာတွေ လုပ်သွားပြန်ပြီလဲ မသိ"
ဦးကံကြီးမောင်က ဆိတ်တွေကို ကြည့်ပြီး ဆိုသည်
"အရှင်ဘုရား"
"ဘာလဲ ဒကာကြီး"
"ဆိတ်ကိုယ်မှာ ဂဏန်းနံပါတ်တွေ ရေးထားပါလား၊ ဘာတဲ့ ၁ ၂ ၄ ဆိုပါလား"
"အဲဒါ ဘာဖြစ်သလဲ၊ ဘယ်က ဆိတ်တွေလဲ"
ကာလသား မိုးမှောင်က "ဆရာတော်ဘုရား ဒီဆိတ်တွေဟာ မမဲတူရဲ့ ဆိတ်အုပ်ထဲက ဆိတ်တွေနဲ့ တူတယ်။ မနက်က ဆိတ်ပျောက်လို့ ဆိုပြီး တရွာလုံး ပတ်ဆဲနေတာ"
"အရှင်ဘုရား"
"ဘာလဲ"
"ဆိတ်က နံပါတ်တွေနဲ့ မှတ်ထားတာနော်"
"အေးလေ” “၁ ၂ ၄ ဆိုတော့ ၃ နံပါတ်တကောင် ပျောက်နေတယ် ဘုရား"
"ဟေ ဒုက္ခပဲ၊ မဲတူ ကျောင်းကို ရောက်လာရင်တော့ ပြဿနာပဲ။ ဟဲ့ ဟဲ့ မောင်ကျောင်းသားတွေ သုံးနံပါတ်ဆိတ် ကို ရှာကြစမ်း။ ဒကာတို့ရော ဘာလုပ်နေတာလဲ လိုက်ရှာကြလေ။ ရေတွင်းထဲပဲ ကျသလား၊ မဖြစ်သေးပါဘူး ကဲ ကဲ လိုက်ရှာကြရအောင်"
ဆရာတော် အပါအဝင် အားလုံး ကျောင်းကို ပတ်ပြီး ဆိတ်ကို ရှာကြသည်။ သို့သော်မတွေ့။ အားလုံးကျောင်း ရှေ့တွင်ပြန်ဆုံပြီး ခေါင်းကုတ်နေကြစဉ် မမဲတူက ရောက်လာသည်။ ထဘီကို တိုတိုဝတ်ကာ ဒေါပွလာခြင်း ဖြစ်သည်။ "အရှင်ဘုရား ကောင်းသေးရဲ့လား၊ တပည့်တော်ဆိတ်တွေက ကျောင်းထဲကို ဘာကြောင့် ရောက်နေရသလဲ"
"ဒါကတော့ မဲတူရယ် ငါလည်းမသိ"
"တပည့်တော် ပြန်ခေါ်သွားမယ်"
"မဲတူ"
"ဘုရား"
"ဆိတ်တကောင် ပျောက်နေတာကို ရွာထဲတော့ လျှောက်မအော်ပါနဲ့၊ တော်ကြာ ဘုန်းကြီးကျောင်းက ဆိတ်ခိုးစားတယ် ထင်နေပါဦးမယ်"
"အဲဒီတော့ အရှင်ဘုရားက ဘာလုပ်ပေးမှာလဲ"
"ဒကာ ကံကြီးမောင်"
"ဘုရား"
"ဆိတ်ဖိုးကို လျှော်ပေးလိုက်ပါကွယ်၊ မဲတူ ဘယ်လောက်ဆို ကျေနပ်မလဲ"
"အင်း ဆိတ်တကောင် ၁၀၀ တော့ တန်မယ်ဘုရား" (ထိုခေတ်ဈေး)
"အေး အေး ကံကြီးမောင် ကျောင်းပေါ် ကွမ်းအစ်ထဲက ငွေတရာ ယူပြီး ပေးလိုက်"
ဦးကံကြီးမောင်က ဆိတ်ဖိုးကို သွားယူပြီး ပေးလိုက်သည်။ "မဲတူ နင်နော် ဆိတ်ဖိုးရရင် အေးအေးနေ၊ ရွာထဲလျှောက်ပြီးတော့ ပေါက်ကရမပြောနဲ့"
"အေးပါတော့" မဲတူက ဆိတ်သုံးကောင်ကို ဆွဲကာ ထွက်သွားသည်။ ဆရာတော်က စိတ်ပျက်လက်ပျက် ကျောင်းပေါ်တက်သွားသည်။
ကျန်လူများက သုံးနံပါတ် ဆိတ်ကို ရှာနေကြသည်။ ဖိုးသူတော်က ဒဏ်ငွေ သုံးကျပ် ရတော့မည် ဆိုကာ ပျော်ပြီး ပြန်လာနေသည်။ မဲတူကလည်း ဆိတ်တကောင်ဖိုးရသဖြင့် ပျော်သွားသည်။ မိုးမှောင်နှင့် အောင်ကျော်ကလည်း ဆိတ်ကို တွေ့လို့ကတော့ ပေါ်စားပစ်မည်ဟု ကြိမ်းဝါးနေသည်။
CRD တင်ညွန့်
Zawgyi
၃ နံပါတ္ အေကာင္
ျပႆနာအစ သူေတာ္က ျဖစ္သည္။ တေန႔ ေက်ာင္းထဲကို ဆိတ္ သုံးေကာင္ ဝင္လာသည္။ သူေတာ္က ဆိတ္ေတြကို ဖမ္းသည္။ "႐ြာထဲကလူေတြ ဆိတ္ေတြကို ေကာင္းေကာင္း မေက်ာင္းဘူး၊ ဘုန္းႀကီးေက်ာင္းထဲ ဝင္လာတယ္။ ဒဏ္႐ိုက္ရမယ္"
ဖိုးသူေတာ္က ဆိတ္သုံးေကာင္ကို ဖမ္းၿပီး ထင္းတဲ ထဲတြင္ ႀကိဳးျဖင့္ ခ်ည္ထားသည္။ သူက ႀကိဳးခ်ည္႐ုံျဖင့္ မေက်နပ္ "အင္း သုံးေကာင္ဆိုေတာ့ တေကာင္ကို တက်ပ္ပဲ ဒဏ္႐ိုက္၊ သုံးက်ပ္ေတာင္ ရမယ္" ဖိုးသူေတာ္ ေပ်ာ္ေနသည္။
ထို႔ေနာက္ ေက်ာင္းတြင္ ေဆးသုတ္ေနသည့္ ေဆးပုံးထဲက ေဆးေတြကို ယူၿပီး ဆိတ္ေတြ၏ ကိုယ္ေပၚတြင္ အမွတ္ အသားျပဳသည္။ သူက ပါးစပ္မွ "တစ္၊ ႏွစ္၊ သုံး" ဟု ေအာ္ကာ ဆိတ္တေကာင္၏ ကိုယ္ေပၚတြင္ ဂဏန္း အမွတ္အသားျဖင့္ ေရးသည္။ သို႔ေသာ္ ၁ ႏွင့္ ၂ က မွန္သည္။ ၃ က်မွ မွားၿပီး ၄ ဟု ေရးမိလိုက္သည္။
ထိုစဥ္ "သူေတာ္ေရ၊ သူေတာ္" ဆရာေတာ္က ေခၚသျဖင့္ သူေတာ္က အေျပးေလး ဦးခ်သည္။
"သူေတာ္ ဘယ္ေတြ သြားေနသလဲ"
"မွန္ပါဘုရား တပည့္ေတာ္ ထင္းခြဲေနတာပါ ဘုရား"
"ထားခဲ့၊ ဒီမွာ ေညာင္ကန္႐ြာကို သြားစမ္း"
"ေညာင္ကန္က အေဝးႀကီးပဲ ဘုရား"
"ေအးေလ အဲဒီမွာပဲ ညအိပ္လိုက္၊ မနက္ေစာေစာ ျပန္ခဲ့။ ဒီမွာ ေညာင္ကန္ဆရာေတာ္ ဆီကို ၿမိဳ႕ကလာတဲ့စာ အေရးႀကီးလို႔တဲ့ သြားပို႔ေခ်"
"တင္ပါ့ဘုရား"
သူေတာ္က ခ်က္ခ်င္းပဲ ေညာင္ကန္႐ြာကို ထြက္သြားရသည္။ ဆိတ္ေတြကိုလည္း ေမ့သြားသည္။
ေနာက္တေန႔ ေစာေစာတြင္ ဆိတ္ေတြက ႀကိဳးခ်ည္ ထားေသာေၾကာင့္ ေအာ္ကုန္သည္။ သူတို႔လည္း စားက်က္ကို ထြက္ခ်င္ေနၾကၿပီ။ "ဟဲ့ ေက်ာင္းထဲမွာ ဆိတ္ေအာ္သံေတြ ၾကားတယ္၊ ဘယ္ကဆိတ္ေတြ ဝင္ေနသလဲ၊ ေမာင္ေက်ာင္းသားတို႔ သြားၾကည့္စမ္း"
ထိုအခ်ိန္တြင္ ေက်ာင္းထဲသို႔ သူေဌးဦးကံႀကီးေမာင္ႏွင့္ ဇနီးတို႔ ဝင္လာသည္။ ႐ြာထဲက မိုးေမွာင္ႏွင့္ ေအာင္ေက်ာ္ တို႔လည္း ေရာက္လာၾကသည္။ ေရကန္ ေဆးရန္ျဖစ္သည္။ ေက်ာင္းသားေလးေတြက ျပန္လာသည္။ ဆိတ္သုံးေကာင္ကို ဆြဲလာၾကသည္။
"အရွင္ဘုရား ထင္းတဲထဲမွာ ဆိတ္သုံးေကာင္ ေတြ႕တယ္ဘုရား၊ ႀကိဳးခ်ည္ထားတယ္"
"ဟာ ဖိုးသူေတာ္ ဘာေတြ လုပ္သြားျပန္ၿပီလဲ မသိ"
ဦးကံႀကီးေမာင္က ဆိတ္ေတြကို ၾကည့္ၿပီး ဆိုသည္
"အရွင္ဘုရား"
"ဘာလဲ ဒကာႀကီး"
"ဆိတ္ကိုယ္မွာ ဂဏန္းနံပါတ္ေတြ ေရးထားပါလား၊ ဘာတဲ့ ၁ ၂ ၄ ဆိုပါလား"
"အဲဒါ ဘာျဖစ္သလဲ၊ ဘယ္က ဆိတ္ေတြလဲ"
ကာလသား မိုးေမွာင္က "ဆရာေတာ္ဘုရား ဒီဆိတ္ေတြဟာ မမဲတူရဲ႕ ဆိတ္အုပ္ထဲက ဆိတ္ေတြနဲ႔ တူတယ္။ မနက္က ဆိတ္ေပ်ာက္လို႔ ဆိုၿပီး တ႐ြာလုံး ပတ္ဆဲေနတာ"
"အရွင္ဘုရား"
"ဘာလဲ"
"ဆိတ္က နံပါတ္ေတြနဲ႔ မွတ္ထားတာေနာ္"
"ေအးေလ” “၁ ၂ ၄ ဆိုေတာ့ ၃ နံပါတ္တေကာင္ ေပ်ာက္ေနတယ္ ဘုရား"
"ေဟ ဒုကၡပဲ၊ မဲတူ ေက်ာင္းကို ေရာက္လာရင္ေတာ့ ျပႆနာပဲ။ ဟဲ့ ဟဲ့ ေမာင္ေက်ာင္းသားေတြ သုံးနံပါတ္ဆိတ္ ကို ရွာၾကစမ္း။ ဒကာတို႔ေရာ ဘာလုပ္ေနတာလဲ လိုက္ရွာၾကေလ။ ေရတြင္းထဲပဲ က်သလား၊ မျဖစ္ေသးပါဘူး ကဲ ကဲ လိုက္ရွာၾကရေအာင္"
ဆရာေတာ္ အပါအဝင္ အားလုံး ေက်ာင္းကို ပတ္ၿပီး ဆိတ္ကို ရွာၾကသည္။ သို႔ေသာ္မေတြ႕။ အားလုံးေက်ာင္း ေရွ႕တြင္ျပန္ဆုံၿပီး ေခါင္းကုတ္ေနၾကစဥ္ မမဲတူက ေရာက္လာသည္။ ထဘီကို တိုတိုဝတ္ကာ ေဒါပြလာျခင္း ျဖစ္သည္။ "အရွင္ဘုရား ေကာင္းေသးရဲ႕လား၊ တပည့္ေတာ္ဆိတ္ေတြက ေက်ာင္းထဲကို ဘာေၾကာင့္ ေရာက္ေနရသလဲ"
"ဒါကေတာ့ မဲတူရယ္ ငါလည္းမသိ"
"တပည့္ေတာ္ ျပန္ေခၚသြားမယ္"
"မဲတူ"
"ဘုရား"
"ဆိတ္တေကာင္ ေပ်ာက္ေနတာကို ႐ြာထဲေတာ့ ေလွ်ာက္မေအာ္ပါနဲ႔၊ ေတာ္ၾကာ ဘုန္းႀကီးေက်ာင္းက ဆိတ္ခိုးစားတယ္ ထင္ေနပါဦးမယ္"
"အဲဒီေတာ့ အရွင္ဘုရားက ဘာလုပ္ေပးမွာလဲ"
"ဒကာ ကံႀကီးေမာင္"
"ဘုရား"
"ဆိတ္ဖိုးကို ေလွ်ာ္ေပးလိုက္ပါကြယ္၊ မဲတူ ဘယ္ေလာက္ဆို ေက်နပ္မလဲ"
"အင္း ဆိတ္တေကာင္ ၁၀၀ ေတာ့ တန္မယ္ဘုရား" (ထိုေခတ္ေဈး)
"ေအး ေအး ကံႀကီးေမာင္ ေက်ာင္းေပၚ ကြမ္းအစ္ထဲက ေငြတရာ ယူၿပီး ေပးလိုက္"
ဦးကံႀကီးေမာင္က ဆိတ္ဖိုးကို သြားယူၿပီး ေပးလိုက္သည္။ "မဲတူ နင္ေနာ္ ဆိတ္ဖိုးရရင္ ေအးေအးေန၊ ႐ြာထဲေလွ်ာက္ၿပီးေတာ့ ေပါက္ကရမေျပာနဲ႔"
"ေအးပါေတာ့" မဲတူက ဆိတ္သုံးေကာင္ကို ဆြဲကာ ထြက္သြားသည္။ ဆရာေတာ္က စိတ္ပ်က္လက္ပ်က္ ေက်ာင္းေပၚတက္သြားသည္။
က်န္လူမ်ားက သုံးနံပါတ္ ဆိတ္ကို ရွာေနၾကသည္။ ဖိုးသူေတာ္က ဒဏ္ေငြ သုံးက်ပ္ ရေတာ့မည္ ဆိုကာ ေပ်ာ္ၿပီး ျပန္လာေနသည္။ မဲတူကလည္း ဆိတ္တေကာင္ဖိုးရသျဖင့္ ေပ်ာ္သြားသည္။ မိုးေမွာင္ႏွင့္ ေအာင္ေက်ာ္ကလည္း ဆိတ္ကို ေတြ႕လို႔ကေတာ့ ေပၚစားပစ္မည္ဟု ႀကိမ္းဝါးေနသည္။
CRD တင္ၫြန႔္
0 Comments