မော်ဒယ်တွေနှင့် ရုပ်ရှင်သရုပ်ဆောင်တွေ လိုမျိုး လှပတယ်လို့ ယူဆကြတဲ့ အမျိုးသမီးအများစုဟာ တောက်ပြောင်တဲ့ အကျီရှည်တွေ၊ မျက်လုံးအကြီးကြီးတွေ၊ နှုတ်ခမ်းနီတွေနှင့် လှပတဲ့ ချွန်ထက်တဲ့ နှာတံ ရှိတတ်ကြပါတယ်။

နှာခေါင်းဟာ မျက်နှာရဲ့ ဆုံမှတ်ဖြစ်တာကြောင့် အလွန်အရေးကြီးပါတယ်။ လူတွေကိုလည်း ဖမ်းစားနိုင်ပါတယ်။

နှာတံကို ပြီးပြည့်စုံအောင် ပြုလုပ်ဖို့ နည်းလမ်းများစွာ ရှိပါတယ်။ မိတ်ကပ်လိမ်းတာ၊ ဒါမှမဟုတ် ပိုရှုပ်ထွေးတဲ့ ပလတ်စတစ်ဆာဂျရီ ပြုလုပ်တာတွေပါ။ ပြီးပြည့်စုံတဲ့ နှာခေါင်းပုံသဏ္ဍာန်ကို ရရှိဖို့ လွယ်ကူသော လေ့ကျင့်ခန်းများကိုလည်း ပုံမှန်ပြုလုပ် နိုင်ပါတယ်။

၁။ နှာခေါင်းပုံသွင်းခြင်း

နှာတံပုံသဏ္ဍာန်နဲ့ ပတ်သက်ပြီး အမြဲတစေ ညည်းညူနေတတ်တဲ့ အမျိုးသမီးတွေအတွက် အသင့်တော်ဆုံး နည်းလမ်းပါ။ ဒီလေ့ကျင့်ခန်းကို ပုံမှန်လုပ်ရင် အချိန်တန်ရင် သင့်နှာခေါင်းပုံသဏ္ဍာန်က ပြောင်းလဲလာနိုင်ပြီး နှာတံကို သင်လိုချင်တဲ့ ပုံစံအတိုင်း ပုံဖော်နိုင်မှာပါ။ ဒီလေ့ကျင့်ခန်းက သင့်နှာခေါင်း လျော့ရဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

- နှာခေါင်းနှစ်ဖက်လုံးကို လက်ညှိုးလေးနဲ့ ဖိပေးပြီး အသက်ကို ပြင်းပြင်းရှုပါ။

- အောက်ခြေအထိ ပိုဖိနိုင်လေ ကောင်းလေပါပဲ။ အသက်ကို အရမ်းမရှုလည်း ရပါတယ်။

- ဒီလေ့ကျင့်ခန်းကို တစ်နေ့ (၁၀) ကြိမ်လောက် ပြုလုပ်ပေးပါ။

၂။ နှာခေါင်းတိုခြင်း

အသက်အရွယ် ပြောင်းလဲလာတာကြောင့် ခန္ဒာကိုယ်ကပါ လိုက်ပြီးပြောင်းလဲ လာပါတယ်။ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အခြားသော ယိုယွင်းမှုတွေနှင့်အတူ အရိုးတွေ၊ အရိုးနုတွေနှင့် ကြွက်သား‌တွေကလည်း ပြင်းထန်တဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်ရပါတယ်။ ဒီလေ့ကျင့်ခန်းက သင့်နှာခေါင်းကို တိုစေတဲ့အပြင် အရိုးနုတွေပျက်စီးတာတွေကလည်း ကာကွယ်ပေးနိုင်ပါတယ်။

- လက်ညိုးကို သင့်နှာခေါင်းဖျားတွင် ထားကာ ညင်သာစွာ နှိပ်ပါ။

- လက်ချောင်းကို သုံးပြီးတော့ နှာခေါင်းကို အောက်ဘက်ကို ဖိပေးပါ။

- ဒီလေ့ကျင့်ခန်းကို လုပ်နိုင်သလောက် အကြိမ်ပေါင်းများစွာ နေ့စဉ်လုပ်နိုင်ပါတယ်။

၃။ နှာခေါင်းဖြောင့်ခြင်း

သဘာဝအတိုင်း သင့်နှာခေါင်းကို ပုံစံပြောင်းလဲ နိုင်တာကတော့ အံ့ဩစရာပါပဲ။ ဒါက နည်းလမ်း အားလုံးထဲမှာ အရိုးရှင်းဆုံး နည်းလမ်းပါပဲ။ ရိုးရှင်းတဲ့ အပြုံးလေးကနေ သင့်နှာခေါင်း ဖြောင့်သွားစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။

- ပထမဆုံး ပြုံးလိုက်ပြီး သင့်လက်ချောင်းတွေနှင့် နှာခေါင်းကို အပေါ်ကို ပင့်တင်ထားပါ။

- ဒါက သင့်နှာခေါင်း နှစ်ဖက်မှာရှိတဲ့ ကြွက်သားတွေကို ပြောင်းလဲပေးဖို့ ကူညီပေးပါလိမ့်မယ်။

- ဒီလေ့ကျင့်ခန်းကို နေ့စဉ် အကြိမ် ၂၀ မှ ၃၀ အထိ ပြုလုပ်ပေးပါ။

၄။ အသက်ရှုခြင်း

ယောဂနှင့် အခြားသော လေ့ကျင့်ခန်းတွေမှာ အသက်ရှု လေ့ကျင့်ခန်းက အလွန်အရေးကြီးပါတယ်။ နက်ရှိုင်းစွာ ရှူရှိုက်ခြင်း နှင့် ရှူထုတ်ခြင်းဟာ အကျိုးကျေးဇူးများစွာရရှိပြီးတော့ အသက်ရှုတာကနေလည်း သင့်နှာခေါင်းကို ပုံသွင်းနိုင်ပါတယ်။

- သက်တောင့်သက်သာ ထိုင်ပါ။ နှာခေါင်းပေါက် တစ်ဖက်ကို ပိတ်ဆို့ထားပြီး အခြား နှာခေါင်းပေါက်ကနေ တစ်ဆင့် လေကို ရှူသွင်းပြီး လေးစက္ကန့်လောက် ဖိထားပါ။

- ပြီးတော့ နောက်ထပ် နှာခေါင်းတစ်ဖက်ကို ထပ်ပိတ်လိုက်ပြီး စောစောက ပိတ်ထားတဲ့ နှာခေါင်းကနေ လေကို ထုတ်လိုက်ပါ။

- တစ်လှည့်စီ ပိတ်လိုက်၊ ရှုသွင်းလိုက်၊ မှုတ်ထုတ်လိုက် လုပ်ပေးပါ။

- တစ်ခါလုပ်ရင် (၁၀) ကြိမ်လောက် ပြုလုပ်ပေးပါ။

၅။ နှာခေါင်းကို ကစားပေးခြင်း

နှာခေါင်းကို ပြုပြင်နေတာထက် နှာခေါင်းကို လေ့ကျင့်ခန်း ပြုလုပ်ပေးတာက အချိန်ကုန်၊ ငွေကုန် သက်သာစေပါတယ်။ သင့်ရဲ့ နှာခေါင်းကြွက်သားတွေက သန်မာလာပြီး ပိုလှလာမှာလည်း ဖြစ်ပါတယ်။

- လုပ်ရမှာကတော့ သင့်မျက်နှာကို လုံးဝငြိမ်နေအောင် ထားပြီး နှာခေါင်းတစ်ခုထဲကိုပဲ လှုပ်ရှားနေစေရမှာပဲ ဖြစ်ပါတယ်။

- အနည်းဆုံးတော့ တစ်နေ့တစ်ကြိမ် လောက်တော့ ပြုလုပ်ပေးပါ။

၆။ နှာခေါင်းကို နှိပ်နယ်ပေးခြင်

ဒီလို နှိပ်ပေးတာဟာ သင့်နှာခေါင်းကို ကျဉ်းသွားစေတဲ့အပြင် ခေါင်းကိုက်တာတွေကနေတည်း သက်သာစေပါတယ်။

- နှာခေါင်းအရင်းကနေပြီးတော့ အောက်ခြေအထိ တဖြည်းဖြည်း နှိပ်သွားပါ။

- လက်ချောင်းများကို စက်ဝိုင်းပုံသဏ္ဍာန်နဲ့ ရွေ့လျားပါ။

- အနည်းဆုံး တစ်နေ့ကို (၅) မိနစ်လောက် နိပ်နယ်ပေးပါ။

၇။ အရေးအကြောင်းများကို ဖယ်ရှားခြင်း

အသက်ကြီးလာတာနဲ့အမျှ အရေးအကြောင်းတွေက ပိုမိုထင်ရှားလာပြီး ကြည့်ရဆိုး လာစေပါတယ်။ ဒီရိုးရှင်းတဲ့ လေ့ကျင့်ခန်းဟာ အစင်းကြောင်းတွေကို ဖယ်ရှားပစ်ဖို့ ကူညီပေးပါလိမ့်မယ်။

- သင်လုပ်ရမှာက သင့်ပါးစပ်ထဲကို လေအဝရှူသွင်းပြီး ပါးတစ်ဖက်စီကို ငါးစက္ကန့်လောက် ဖိထားပေးပါ။

- ဖိလို့ အချိန်ပြည့်တာနဲ့ လေကို မှုတ်ထုတ်လိုက်ပါ။

- တစ်နေ့ တစ်ကြိမ်ခန့် ပြုလုပ်ပေးပါ။

နှာခေါင်းဟာ ပြန်လည်ဖွဲ့စည်းဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ အခက်ခဲဆုံး နေရာဖြစ်ပါတယ်။ ဒီရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေဟာ သင့်နှာခေါင်းကြွက်သားတွေကို လွယ်ကူစွာပြောင်းလဲစေနိုင်ပြီး အပိုကုန်ကျစရိတ် မရှိဘဲ ကူညီပေးပါလိမ့်မယ်။ လုံ့လဝီရိယရှိရှိ လေ့ကျင့်ပြီး စိတ်ရှည်ရှည် ထားတတ်ဖို့တော့ လိုအပ်ပါတယ်။

Zombie (Lovemedia)

for zawgyi

ၿပီးျပည့္စုံလွပတဲ့ ႏွာ​ေခါင္းျဖစ္ဖို႔အတြက္ ေလ့က်င့္ခန္း (၇) ခု

ေမာ္ဒယ္ေတြႏွင့္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြ လိုမ်ိဳး လွပတယ္လို႔ ယူဆၾကတဲ့ အမ်ိဳးသမီးအမ်ားစုဟာ ေတာက္ေျပာင္တဲ့ အက်ီရွည္ေတြ၊ မ်က္လုံးအႀကီးႀကီးေတြ၊ ႏႈတ္ခမ္းနီေတြႏွင့္ လွပတဲ့ ခြၽန္ထက္တဲ့ ႏွာတံ ရွိတတ္ၾကပါတယ္။

ႏွာေခါင္းဟာ မ်က္ႏွာရဲ႕ ဆုံမွတ္ျဖစ္တာေၾကာင့္ အလြန္အေရးႀကီးပါတယ္။ လူေတြကိုလည္း ဖမ္းစားႏိုင္ပါတယ္။

ႏွာတံကို ၿပီးျပည့္စုံေအာင္ ျပဳလုပ္ဖို႔ နည္းလမ္းမ်ားစြာ ရွိပါတယ္။ မိတ္ကပ္လိမ္းတာ၊ ဒါမွမဟုတ္ ပိုရႈပ္ေထြးတဲ့ ပလတ္စတစ္ဆာဂ်ရီ ျပဳလုပ္တာေတြပါ။ ၿပီးျပည့္စုံတဲ့ ႏွာေခါင္းပုံသ႑ာန္ကို ရရွိဖို႔ လြယ္ကူေသာ ေလ့က်င့္ခန္းမ်ားကိုလည္း ပုံမွန္ျပဳလုပ္ ႏိုင္ပါတယ္။

၁။ ႏွာေခါင္းပုံသြင္းျခင္း

ႏွာတံပုံသ႑ာန္နဲ႔ ပတ္သက္ၿပီး အၿမဲတေစ ညည္းညဴေနတတ္တဲ့ အမ်ိဳးသမီးေတြအတြက္ အသင့္ေတာ္ဆုံး နည္းလမ္းပါ။ ဒီေလ့က်င့္ခန္းကို ပုံမွန္လုပ္ရင္ အခ်ိန္တန္ရင္ သင့္ႏွာေခါင္းပုံသ႑ာန္က ေျပာင္းလဲလာႏိုင္ၿပီး ႏွာတံကို သင္လိုခ်င္တဲ့ ပုံစံအတိုင္း ပုံေဖာ္ႏိုင္မွာပါ။ ဒီေလ့က်င့္ခန္းက သင့္ႏွာေခါင္း ေလ်ာ့ရဲျခင္းကိုလည္း ကာကြယ္ေပးပါတယ္။

- ႏွာေခါင္းႏွစ္ဖက္လုံးကို လက္ညႇိဳးေလးနဲ႔ ဖိေပးၿပီး အသက္ကို ျပင္းျပင္းရႈပါ။

- ေအာက္ေျခအထိ ပိုဖိႏိုင္ေလ ေကာင္းေလပါပဲ။ အသက္ကို အရမ္းမရႈလည္း ရပါတယ္။

- ဒီေလ့က်င့္ခန္းကို တစ္ေန႔ (၁၀) ႀကိမ္ေလာက္ ျပဳလုပ္ေပးပါ။

၂။ ႏွာေခါင္းတိုျခင္း

အသက္အ႐ြယ္ ေျပာင္းလဲလာတာေၾကာင့္ ခႏၵာကိုယ္ကပါ လိုက္ၿပီးေျပာင္းလဲ လာပါတယ္။ ေနာက္ဆက္တြဲ ျဖစ္ေပၚလာတဲ့ အျခားေသာ ယိုယြင္းမႈေတြႏွင့္အတူ အ႐ိုးေတြ၊ အ႐ိုးႏုေတြႏွင့္ ႂကြက္သား‌ေတြကလည္း ျပင္းထန္တဲ့ ေျပာင္းလဲမႈေတြကို ရင္ဆိုင္ရပါတယ္။ ဒီေလ့က်င့္ခန္းက သင့္ႏွာေခါင္းကို တိုေစတဲ့အျပင္ အ႐ိုးႏုေတြပ်က္စီးတာေတြကလည္း ကာကြယ္ေပးႏိုင္ပါတယ္။

- လက္ညိဳးကို သင့္ႏွာေခါင္းဖ်ားတြင္ ထားကာ ညင္သာစြာ ႏွိပ္ပါ။

- လက္ေခ်ာင္းကို သုံးၿပီးေတာ့ ႏွာေခါင္းကို ေအာက္ဘက္ကို ဖိေပးပါ။

- ဒီေလ့က်င့္ခန္းကို လုပ္ႏိုင္သေလာက္ အႀကိမ္ေပါင္းမ်ားစြာ ေန႔စဥ္လုပ္ႏိုင္ပါတယ္။

၃။ ႏွာေခါင္းေျဖာင့္ျခင္း

သဘာဝအတိုင္း သင့္ႏွာေခါင္းကို ပုံစံေျပာင္းလဲ ႏိုင္တာကေတာ့ အံ့ဩစရာပါပဲ။ ဒါက နည္းလမ္း အားလုံးထဲမွာ အ႐ိုးရွင္းဆုံး နည္းလမ္းပါပဲ။ ႐ိုးရွင္းတဲ့ အၿပဳံးေလးကေန သင့္ႏွာေခါင္း ေျဖာင့္သြားေစဖို႔အတြက္ ကူညီေပးႏိုင္ပါတယ္။

- ပထမဆုံး ၿပဳံးလိုက္ၿပီး သင့္လက္ေခ်ာင္းေတြႏွင့္ ႏွာေခါင္းကို အေပၚကို ပင့္တင္ထားပါ။

- ဒါက သင့္ႏွာေခါင္း ႏွစ္ဖက္မွာရွိတဲ့ ႂကြက္သားေတြကို ေျပာင္းလဲေပးဖို႔ ကူညီေပးပါလိမ့္မယ္။

- ဒီေလ့က်င့္ခန္းကို ေန႔စဥ္ အႀကိမ္ ၂၀ မွ ၃၀ အထိ ျပဳလုပ္ေပးပါ။

၄။ အသက္ရႈျခင္း

ေယာဂႏွင့္ အျခားေသာ ေလ့က်င့္ခန္းေတြမွာ အသက္ရႈ ေလ့က်င့္ခန္းက အလြန္အေရးႀကီးပါတယ္။ နက္ရႈိင္းစြာ ရႉရႈိက္ျခင္း ႏွင့္ ရႉထုတ္ျခင္းဟာ အက်ိဳးေက်းဇူးမ်ားစြာရရွိၿပီးေတာ့ အသက္ရႈတာကေနလည္း သင့္ႏွာေခါင္းကို ပုံသြင္းႏိုင္ပါတယ္။

- သက္ေတာင့္သက္သာ ထိုင္ပါ။ ႏွာေခါင္းေပါက္ တစ္ဖက္ကို ပိတ္ဆို႔ထားၿပီး အျခား ႏွာေခါင္းေပါက္ကေန တစ္ဆင့္ ေလကို ရႉသြင္းၿပီး ေလးစကၠန႔္ေလာက္ ဖိထားပါ။

- ၿပီးေတာ့ ေနာက္ထပ္ ႏွာေခါင္းတစ္ဖက္ကို ထပ္ပိတ္လိုက္ၿပီး ေစာေစာက ပိတ္ထားတဲ့ ႏွာေခါင္းကေန ေလကို ထုတ္လိုက္ပါ။

- တစ္လွည့္စီ ပိတ္လိုက္၊ ရႈသြင္းလိုက္၊ မႈတ္ထုတ္လိုက္ လုပ္ေပးပါ။

- တစ္ခါလုပ္ရင္ (၁၀) ႀကိမ္ေလာက္ ျပဳလုပ္ေပးပါ။

၅။ ႏွာေခါင္းကို ကစားေပးျခင္း

ႏွာေခါင္းကို ျပဳျပင္ေနတာထက္ ႏွာေခါင္းကို ေလ့က်င့္ခန္း ျပဳလုပ္ေပးတာက အခ်ိန္ကုန္၊ ေငြကုန္ သက္သာေစပါတယ္။ သင့္ရဲ႕ ႏွာေခါင္းႂကြက္သားေတြက သန္မာလာၿပီး ပိုလွလာမွာလည္း ျဖစ္ပါတယ္။

- လုပ္ရမွာကေတာ့ သင့္မ်က္ႏွာကို လုံးဝၿငိမ္ေနေအာင္ ထားၿပီး ႏွာေခါင္းတစ္ခုထဲကိုပဲ လႈပ္ရွားေနေစရမွာပဲ ျဖစ္ပါတယ္။

- အနည္းဆုံးေတာ့ တစ္ေန႔တစ္ႀကိမ္ ေလာက္ေတာ့ ျပဳလုပ္ေပးပါ။

၆။ ႏွာေခါင္းကို ႏွိပ္နယ္ေပးျခင္

ဒီလို ႏွိပ္ေပးတာဟာ သင့္ႏွာေခါင္းကို က်ဥ္းသြားေစတဲ့အျပင္ ေခါင္းကိုက္တာေတြကေနတည္း သက္သာေစပါတယ္။

- ႏွာေခါင္းအရင္းကေနၿပီးေတာ့ ေအာက္ေျခအထိ တျဖည္းျဖည္း ႏွိပ္သြားပါ။

- လက္ေခ်ာင္းမ်ားကို စက္ဝိုင္းပုံသ႑ာန္နဲ႔ ေ႐ြ႕လ်ားပါ။

- အနည္းဆုံး တစ္ေန႔ကို (၅) မိနစ္ေလာက္ နိပ္နယ္ေပးပါ။

၇။ အေရးအေၾကာင္းမ်ားကို ဖယ္ရွားျခင္း

အသက္ႀကီးလာတာနဲ႔အမွ် အေရးအေၾကာင္းေတြက ပိုမိုထင္ရွားလာၿပီး ၾကည့္ရဆိုး လာေစပါတယ္။ ဒီ႐ိုးရွင္းတဲ့ ေလ့က်င့္ခန္းဟာ အစင္းေၾကာင္းေတြကို ဖယ္ရွားပစ္ဖို႔ ကူညီေပးပါလိမ့္မယ္။

- သင္လုပ္ရမွာက သင့္ပါးစပ္ထဲကို ေလအဝရႉသြင္းၿပီး ပါးတစ္ဖက္စီကို ငါးစကၠန႔္ေလာက္ ဖိထားေပးပါ။

- ဖိလို႔ အခ်ိန္ျပည့္တာနဲ႔ ေလကို မႈတ္ထုတ္လိုက္ပါ။

- တစ္ေန႔ တစ္ႀကိမ္ခန႔္ ျပဳလုပ္ေပးပါ။

ႏွာေခါင္းဟာ ျပန္လည္ဖြဲ႕စည္းဖို႔၊ ေလ့က်င့္ခန္းလုပ္ဖို႔ အခက္ခဲဆုံး ေနရာျဖစ္ပါတယ္။ ဒီ႐ိုးရွင္းတဲ့ ေလ့က်င့္ခန္းေတြဟာ သင့္ႏွာေခါင္းႂကြက္သားေတြကို လြယ္ကူစြာေျပာင္းလဲေစႏိုင္ၿပီး အပိုကုန္က်စရိတ္ မရွိဘဲ ကူညီေပးပါလိမ့္မယ္။ လုံ႔လဝီရိယရွိရွိ ေလ့က်င့္ၿပီး စိတ္ရွည္ရွည္ ထားတတ္ဖို႔ေတာ့ လိုအပ္ပါတယ္။

Zombie (Lovemedia)