ရက်ဒ်အင်ဒီးယန်းဖခင် တယောက်ဟာ အရွယ်ရောက်လာတဲ့ သူ့ရဲ့ သားကို တောနက်ထဲ ခေါ်ဆောင် သွားခဲ့တယ်။ ပြီးတော့ မျက်စိကို အဝတ်နဲ့ စည်းပြီး သူ့သားကို တယောက်ထဲ တောနက်ထဲမှာ ထားခဲ့တယ်။

သားဖြစ်သူ လုပ်ဆောင်ရမှာက မျက်လုံး စည်းထားတဲ့ အဝတ်ကို မချွတ်ဘဲ တညလုံး သစ်ပင်အောက်မှာ နောက်နေ့ မနက် နေထွက်လာတဲ့ အထိ ထိုင်နေဖို့ပါပဲ ။ သူတယောက်ထဲ ဆိုမှ တယောက်ထဲပဲ ။ အကူအညီ တောင်းစရာလည်း ဘယ်သူမှ မရှိပါဘူး။

အဲဒီညကို သူ ကျော်ဖြတ်နိုင် ခဲ့ရင် သူဟာ ယောကျာ်းကောင်း တယောက်အဖြစ် သတ်မှတ်ခြင်း ခံရမယ် ။ အဲဒီညရဲ့ အတွေ့အကြုံကို တခြား သူငယ်ချင်းတွေကို ပြောပြခွင့် မရှိဘူး။

လူငယ်တိုင်း လူငယ်တိုင်းဟာ သူ့နည်း သူ့ဟန်နဲ့ လူကြီးတယောက် အဖြစ်ကို ကူပြောင်းဖို့ အဲဒီ ညကို ကျော်ဖြတ်ကြ ရတယ်။ ဒါဟာ ရက်ဒ်အင်ဒီးယန်း လူငယ်တယောက် လူကြီးဘဝကို ကူးပြောင်းချိန်မှာ ဖြတ်သန်းရလေ့ ရှိတဲ့ ဓလေ့ထုံးစံ တခုပါပဲ။

ညဉ့်နက်လာတာနဲ့ အမျှ အင်ဒီးယန်းကောင်လေးဟာ တဖြည်းဖြည်း ထိတ်လန့် လာတယ်။ တောကောင် မျိုးစုံရဲ့ အသံကို သူ ကြားလာရတယ်။ ဝက်ဝံတွေဟာ သူ့အနားမှာ ရှိနေတာကို သိနေရတယ်။

မျိုးနွယ်စု မတူတဲ့ လူရိုင်းတွေကလည်း သူ့ကို ဒုက္ခပေးသွားနိုင် တာကိုလည်း စဉ်းစားမိတယ်။ တိုက်ခတ်နေတဲ့ လေပြင်းတွေ ဟာလည်း မြက်ပင်တွေ သစ်ပင်တွေ နောက်ဆုံး သူ့ကို သယ်ဆောင် သွားတော့မယ့် အထိပါပဲ။

နောက်ဆုံးမှာတော့ သူဟာ မျက်စိကို စည်းထားတဲ့ အဝတ်ကို မဖယ်ပဲ ကြမ်းတမ်းတဲ့ ညကို ခက်ခက်ခဲခဲ ဖြတ်သန်းနိုင် ခဲ့တယ် ။ ဒါဟာ သူ့အတွက် ယောကျာ်းကောင်း တယောက် အဖြစ် သတ်မှတ် ခံနိုင်ဖို့အတွက် တခုတည်းသော နည်းလမ်းပဲ ။

မနက်မိုးလင်းလို့ သူ့မျက်နှာပေါ် နေရောင်ခြည် ကျရောက်တဲ့ အခါမှ မျက်စိကို စည်းထားတဲ့ အဝတ်ကို ဖယ်လိုက်တယ်။ သူထိုင်နေတဲ့ သစ်ပင်ရဲ့ နောက်မှာ သူ့အဖေကို တွေ့လိုက်ရတယ်။ သူ့အဖေကို ဘယ်တုန်းက ရောက်နေတာလဲ လို့ မေးကြည့်တော့ ညကတည်းက လို့ ဖြေတယ် ။

ခက်ခဲတဲ့ အချိန်ကာလတွေကို တယောက်ထဲ ဖြတ်သန်း နေရတယ်လို့ ထင်ကောင်း ထင်မိပေမယ့် တကယ်တမ်း ကျတော့ မိသားစုဟာ ကျွန်တော်တို့နဲ့ အမြဲတမ်း အတူ ရှိနေခဲ့တာ ဖြစ်ပါတယ်။

crd


Zawgyi

လူႀကီးျဖစ္မယ့္ ညတည

ရက္ဒ္အင္ဒီးယန္းဖခင္ တေယာက္ဟာ အ႐ြယ္ေရာက္လာတဲ့ သူ႔ရဲ႕ သားကို ေတာနက္ထဲ ေခၚေဆာင္ သြားခဲ့တယ္။ ၿပီးေတာ့ မ်က္စိကို အဝတ္နဲ႔ စည္းၿပီး သူ႔သားကို တေယာက္ထဲ ေတာနက္ထဲမွာ ထားခဲ့တယ္။

သားျဖစ္သူ လုပ္ေဆာင္ရမွာက မ်က္လုံး စည္းထားတဲ့ အဝတ္ကို မခြၽတ္ဘဲ တညလုံး သစ္ပင္ေအာက္မွာ ေနာက္ေန႔ မနက္ ေနထြက္လာတဲ့ အထိ ထိုင္ေနဖို႔ပါပဲ ။ သူတေယာက္ထဲ ဆိုမွ တေယာက္ထဲပဲ ။ အကူအညီ ေတာင္းစရာလည္း ဘယ္သူမွ မရွိပါဘူး။

အဲဒီညကို သူ ေက်ာ္ျဖတ္ႏိုင္ ခဲ့ရင္ သူဟာ ေယာက်ာ္းေကာင္း တေယာက္အျဖစ္ သတ္မွတ္ျခင္း ခံရမယ္ ။ အဲဒီညရဲ႕ အေတြ႕အႀကဳံကို တျခား သူငယ္ခ်င္းေတြကို ေျပာျပခြင့္ မရွိဘူး။

လူငယ္တိုင္း လူငယ္တိုင္းဟာ သူ႔နည္း သူ႔ဟန္နဲ႔ လူႀကီးတေယာက္ အျဖစ္ကို ကူေျပာင္းဖို႔ အဲဒီ ညကို ေက်ာ္ျဖတ္ၾက ရတယ္။ ဒါဟာ ရက္ဒ္အင္ဒီးယန္း လူငယ္တေယာက္ လူႀကီးဘဝကို ကူးေျပာင္းခ်ိန္မွာ ျဖတ္သန္းရေလ့ ရွိတဲ့ ဓေလ့ထုံးစံ တခုပါပဲ။

ညဥ့္နက္လာတာနဲ႔ အမွ် အင္ဒီးယန္းေကာင္ေလးဟာ တျဖည္းျဖည္း ထိတ္လန႔္ လာတယ္။ ေတာေကာင္ မ်ိဳးစုံရဲ႕ အသံကို သူ ၾကားလာရတယ္။ ဝက္ဝံေတြဟာ သူ႔အနားမွာ ရွိေနတာကို သိေနရတယ္။

မ်ိဳးႏြယ္စု မတူတဲ့ လူ႐ိုင္းေတြကလည္း သူ႔ကို ဒုကၡေပးသြားႏိုင္ တာကိုလည္း စဥ္းစားမိတယ္။ တိုက္ခတ္ေနတဲ့ ေလျပင္းေတြ ဟာလည္း ျမက္ပင္ေတြ သစ္ပင္ေတြ ေနာက္ဆုံး သူ႔ကို သယ္ေဆာင္ သြားေတာ့မယ့္ အထိပါပဲ။

ေနာက္ဆုံးမွာေတာ့ သူဟာ မ်က္စိကို စည္းထားတဲ့ အဝတ္ကို မဖယ္ပဲ ၾကမ္းတမ္းတဲ့ ညကို ခက္ခက္ခဲခဲ ျဖတ္သန္းႏိုင္ ခဲ့တယ္ ။ ဒါဟာ သူ႔အတြက္ ေယာက်ာ္းေကာင္း တေယာက္ အျဖစ္ သတ္မွတ္ ခံႏိုင္ဖို႔အတြက္ တခုတည္းေသာ နည္းလမ္းပဲ ။

မနက္မိုးလင္းလို႔ သူ႔မ်က္ႏွာေပၚ ေနေရာင္ျခည္ က်ေရာက္တဲ့ အခါမွ မ်က္စိကို စည္းထားတဲ့ အဝတ္ကို ဖယ္လိုက္တယ္။ သူထိုင္ေနတဲ့ သစ္ပင္ရဲ႕ ေနာက္မွာ သူ႔အေဖကို ေတြ႕လိုက္ရတယ္။ သူ႔အေဖကို ဘယ္တုန္းက ေရာက္ေနတာလဲ လို႔ ေမးၾကည့္ေတာ့ ညကတည္းက လို႔ ေျဖတယ္ ။

ခက္ခဲတဲ့ အခ်ိန္ကာလေတြကို တေယာက္ထဲ ျဖတ္သန္း ေနရတယ္လို႔ ထင္ေကာင္း ထင္မိေပမယ့္ တကယ္တမ္း က်ေတာ့ မိသားစုဟာ ကြၽန္ေတာ္တို႔နဲ႔ အၿမဲတမ္း အတူ ရွိေနခဲ့တာ ျဖစ္ပါတယ္။

crd