ဓမ္မရာဇဘုရင်ကြီး

တခါတုန်းက ဓမ္မရာဇဘုရင်ကြီးသည် မြင်းစီး၍ နန်းတော်မှ ထွက်လာ၏။ အခြံအရံများလည်း ပါလာကြ၏။ တိုင်းပြည်၏ သူဆင်းရဲရပ်ကွက် အစပ်ဥယျာဉ် တခုအနီးသို့ ရောက်သောအခါ ခေတ္တရပ်နားကြ၏။

ထိုအခိုက် ဘယ်ကပစ် လိုက်မှန်းမသိသော ကျောက်ခဲတလုံးသည် ဓမ္မရာဇဘုရင်၏ ဦးခေါင်းကို လာရောက် ထိမှန်၏။ ဘုရင်၏ ဦးခေါင်းမှာ နာကျင်သွား၏ ။ ထူပူသွား၏။ ခဏအတွင်း ရောင်ကိုင်း လာလေ၏။

ဘုရင်လည်း မြင်းပေါ်က ဆင်းလာ၏။ ကိုယ်ရံတော်များက ဥယျာဉ်ထဲ ပြေးဝင်ကာ ခဲပစ်သူကို ရှာဖွေကြ၏။ တရားခံကို အပန်းတကြီး မရှာလိုက်ရဘဲ ဖမ်းခေါ်လာနိုင် ခဲ့ကြ၏ ။ ခဲပစ်သူမှာ ဆင်းရဲသား ကလေးငယ် တယောက်။ ဘုရင်က..

" မင်း ငါ့ခေါင်းကို ကျောက်ခဲနဲ့ ဘာကြောင့် ထုရသလဲ " ဟု ကလေးငယ်အား မေး၏။ ကလေးငယ်က လက်အုပ်ချီထား၏။ ချီထားသော လက်အုပ်မှာ ကြောက်စိတ်ကြောင့် တုန်ယင်နေ၏။

" အရှင်မင်းကြီးရဲ့ ဦးခေါင်းကို တမင်သက်သက် ကျောက်ခဲနဲ့ ထုတာ မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော့်အမေအိုဟာ ဖျားနာပြီး အိပ်ရာထဲ လဲနေတာ အတော်ကြာပါပြီ။ အိမ်မှာ အမေ့ကို ကျွေးဖို့ စားစရာ ဘာတခုမျှ မရှိပါဘူး ။ အမေ့ကို ကျွေးစရာ သစ်သီးလေးများ ခူးရအောင် ဒီဥယျာဉ်ထဲ လာခဲ့တာပါ။

အပင်ပေါ်က သစ်သီးအောက် ကြွေကျလာအောင် ကျောက်ခဲနဲ့ ပစ်လိုက်တာပါ။ သစ်သီးကို မမှန်ဘဲ အရှင်မင်းကြီး ထိမှန်တဲ့ အတွက် ကျွန်တော် စိတ်မကောင်းပါဘူး ။ အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျာ " ဟု ကလေးက ဖြေ၏။

ဓမ္မရာဇဘုရင်သည် ကလေးငယ်ကို စိတ်မဆိုးတော့ပေ။ အေးမြသော အပြုံးကို ပြုံးလိုက်၏။ ကလေးငယ်အား စားသောက်စရာများ အပြင် ရွှေဒင်္ဂါးအပြည့် ထည့်ထားသော အိတ်တလုံးကိုလည်း ပေးလိုက်လေ၏။ " ကဲ ငါ အခုပေးလိုက်တဲ့ စားစရာနဲ့ ရွှေဒင်္ဂါးကို ယူသွား၊ ငါကိုယ်တိုင် နေမကောင်းဘူးဆိုတဲ့ မင်းအမေကို လိုက်ကြည့်မယ် " ဟု လည်းပြောလိုက်၏။

ကလေးသည် ဘုရင်ကို ခေါ်ဆောင်၍ သူတို့နေထိုင်ရာ တဲစုတ်က လေးဆီသို့သွား၏။ ဘုရင်နှင့် အခြံ အရံများသည် တဲအပြင်၌ ရပ်ကျန်ခဲ့ကြ၏။ တဲအတွင်းမှာတော့ ကလေး၏ မိခင်သည် အစာရေစာ ငတ်ပြတ်သောကြောင့် တညည်းညည်း တညူညူ ဖြစ်နေလေ၏။ " သားလေး ပြန်လာပြီလား၊ စားစရာပါသလား "

" ပြန်လာပြီ အမေ၊ စားစရာလည်း ယူလာပါတယ် " ကလေးငယ်သည် မိခင်အား စားစရာများ ကျွေးမွေးပြီးသည့်နောက် တဲအပြင်ဘက်သို့ ထွက်ကြည့်၏။ ဘုရင်နှင့် သူ့လူများ တရွေ့ရွေ့ ထွက်ခွာသွား ကြသည်မှာ ခပ်ရေးရေးမျှသာ မြင်ရတော့၏။

လမ်းတွင် အမတ်ချုပ်ကြီးက ဓမ္မရာဇဘုရင်အား မေး၏။ " ဒီကလေးဟာ အရှင်မင်းကြီးကို ဒဏ်ရာရအောင် လုပ်ပါလျက်နဲ့ ဘာကြောင့် အပြစ် မပေးရတာလဲ " ဓမ္မရာဇဘုရင်က အောက်ပါအတိုင်း ဖြေ၏။

" အမတ်ကြီး အသက်လည်းမရှိ၊ မေတ္တာ ကရုဏာ အစရှိတဲ့ တရားတွေလည်း မသိတဲ့ သစ်ပင်ကတောင်မှ ကျောက်ခဲ နဲ့ ပစ်လိုက်ရင် ငတ်နေသူကို စားစရာ သစ်သီးပေးတယ် မဟုတ်လား။ ကျွန်ုပ်လို အသက်လည်းရှိ မေတ္တာ ကရုဏာအစ ရှိတဲ့ တရားတွေလည်း သိတဲ့ လူတယောက်အနေနဲ့ ခဲနဲ့ပစ်ပြီး စားစရာ တောင်းတဲ့ ကလေးကို ဘယ်လိုလုပ် ပြစ်ဒဏ် ပေးရက်မှာလဲ "

Crd

Zawgyi

ဓမၼရာဇဘုရင္ႀကီး

တခါတုန္းက ဓမၼရာဇဘုရင္ႀကီးသည္ ျမင္းစီး၍ နန္းေတာ္မွ ထြက္လာ၏။ အၿခံအရံမ်ားလည္း ပါလာၾက၏။ တိုင္းျပည္၏ သူဆင္းရဲရပ္ကြက္ အစပ္ဥယ်ာဥ္ တခုအနီးသို႔ ေရာက္ေသာအခါ ေခတၱရပ္နားၾက၏။ ထိုအခိုက္ ဘယ္ကပစ္ လိုက္မွန္းမသိေသာ ေက်ာက္ခဲတလုံးသည္ ဓမၼရာဇဘုရင္၏ ဦးေခါင္းကို လာေရာက္ ထိမွန္၏။

ဘုရင္၏ ဦးေခါင္းမွာ နာက်င္သြား၏ ။ ထူပူသြား၏။ ခဏအတြင္း ေရာင္ကိုင္း လာေလ၏။ ဘုရင္လည္း ျမင္းေပၚက ဆင္းလာ၏။ ကိုယ္ရံေတာ္မ်ားက ဥယ်ာဥ္ထဲ ေျပးဝင္ကာ ခဲပစ္သူကို ရွာေဖြၾက၏။ တရားခံကို အပန္းတႀကီး မရွာလိုက္ရဘဲ ဖမ္းေခၚလာႏိုင္ ခဲ့ၾက၏ ။ ခဲပစ္သူမွာ ဆင္းရဲသား ကေလးငယ္ တေယာက္။ ဘုရင္က

" မင္း ငါ့ေခါင္းကို ေက်ာက္ခဲနဲ႔ ဘာေၾကာင့္ ထုရသလဲ " ဟု ကေလးငယ္အား ေမး၏။ ကေလးငယ္က လက္အုပ္ခ်ီထား၏။ ခ်ီထားေသာ လက္အုပ္မွာ ေၾကာက္စိတ္ေၾကာင့္ တုန္ယင္ေန၏။

" အရွင္မင္းႀကီးရဲ႕ ဦးေခါင္းကို တမင္သက္သက္ ေက်ာက္ခဲနဲ႔ ထုတာ မဟုတ္ပါဘူး ခင္ဗ်ာ။ ကြၽန္ေတာ့္အေမအိုဟာ ဖ်ားနာၿပီး အိပ္ရာထဲ လဲေနတာ အေတာ္ၾကာပါၿပီ။ အိမ္မွာ အေမ့ကို ေကြၽးဖို႔ စားစရာ ဘာတခုမွ် မရွိပါဘူး ။ အေမ့ကို ေကြၽးစရာ သစ္သီးေလးမ်ား ခူးရေအာင္ ဒီဥယ်ာဥ္ထဲ လာခဲ့တာပါ။

အပင္ေပၚက သစ္သီးေအာက္ ေႂကြက်လာေအာင္ ေက်ာက္ခဲနဲ႔ ပစ္လိုက္တာပါ။ သစ္သီးကို မမွန္ဘဲ အရွင္မင္းႀကီး ထိမွန္တဲ့ အတြက္ ကြၽန္ေတာ္ စိတ္မေကာင္းပါဘူး ။ အႏူးအၫြတ္ ေတာင္းပန္ပါတယ္ခင္ဗ်ာ " ဟု ကေလးက ေျဖ၏။

ဓမၼရာဇဘုရင္သည္ ကေလးငယ္ကို စိတ္မဆိုးေတာ့ေပ။ ေအးျမေသာ အၿပဳံးကို ၿပဳံးလိုက္၏။ ကေလးငယ္အား စားေသာက္စရာမ်ား အျပင္ ေ႐ႊဒဂၤါးအျပည့္ ထည့္ထားေသာ အိတ္တလုံးကိုလည္း ေပးလိုက္ေလ၏။ " ကဲ ငါ အခုေပးလိုက္တဲ့ စားစရာနဲ႔ ေ႐ႊဒဂၤါးကို ယူသြား၊ ငါကိုယ္တိုင္ ေနမေကာင္းဘူးဆိုတဲ့ မင္းအေမကို လိုက္ၾကည့္မယ္ " ဟု လည္းေျပာလိုက္၏။

ကေလးသည္ ဘုရင္ကို ေခၚေဆာင္၍ သူတို႔ေနထိုင္ရာ တဲစုတ္က ေလးဆီသို႔သြား၏။ ဘုရင္ႏွင့္ အၿခံ အရံမ်ားသည္ တဲအျပင္၌ ရပ္က်န္ခဲ့ၾက၏။ တဲအတြင္းမွာေတာ့ ကေလး၏ မိခင္သည္ အစာေရစာ ငတ္ျပတ္ေသာေၾကာင့္ တညည္းညည္း တညဴညဴ ျဖစ္ေနေလ၏။ " သားေလး ျပန္လာၿပီလား၊ စားစရာပါသလား "

" ျပန္လာၿပီ အေမ၊ စားစရာလည္း ယူလာပါတယ္ " ကေလးငယ္သည္ မိခင္အား စားစရာမ်ား ေကြၽးေမြးၿပီးသည့္ေနာက္ တဲအျပင္ဘက္သို႔ ထြက္ၾကည့္၏။ ဘုရင္ႏွင့္ သူ႔လူမ်ား တေ႐ြ႕ေ႐ြ႕ ထြက္ခြာသြား ၾကသည္မွာ ခပ္ေရးေရးမွ်သာ ျမင္ရေတာ့၏။

လမ္းတြင္ အမတ္ခ်ဳပ္ႀကီးက ဓမၼရာဇဘုရင္အား ေမး၏။ " ဒီကေလးဟာ အရွင္မင္းႀကီးကို ဒဏ္ရာရေအာင္ လုပ္ပါလ်က္နဲ႔ ဘာေၾကာင့္ အျပစ္ မေပးရတာလဲ " ဓမၼရာဇဘုရင္က ေအာက္ပါအတိုင္း ေျဖ၏။

" အမတ္ႀကီး အသက္လည္းမရွိ၊ ေမတၱာ က႐ုဏာ အစရွိတဲ့ တရားေတြလည္း မသိတဲ့ သစ္ပင္ကေတာင္မွ ေက်ာက္ခဲ နဲ႔ ပစ္လိုက္ရင္ ငတ္ေနသူကို စားစရာ သစ္သီးေပးတယ္ မဟုတ္လား။ ကြၽႏ္ုပ္လို အသက္လည္းရွိ ေမတၱာ က႐ုဏာအစ ရွိတဲ့ တရားေတြလည္း သိတဲ့ လူတေယာက္အေနနဲ႔ ခဲနဲ႔ပစ္ၿပီး စားစရာ ေတာင္းတဲ့ ကေလးကို ဘယ္လိုလုပ္ ျပစ္ဒဏ္ ေပးရက္မွာလဲ "

Crd

Post a Comment

0 Comments