အနာခံမှ အသာစံမယ်

တခါတုန်းက ကြက်မတကောင် ရှိပါတယ်။ ကြက်မက အနီရောင် အဆင်းရှိတဲ့ ကြက်မဖြစ်ပြီး ကြက်ကလေး ၅ ကောင်လည်း မွေးထားပါတယ်။ သူမမှာ ဘဲ၊ ကြောင်နဲ့ ခွေးတကောင် စတဲ့ သူငယ်ချင်းတွေ ရှိပါတယ်။ တနေ့မှာတော့ ကြက်မက ဂျုံစေ့ တစေ့ကို ရှာတွေ့ပါတယ်။

ကြက်မက သူ့ သူငယ်ချင်းတွေကို မေးလိုက်ပါတယ်။ "ဟေး ဘယ်သူက ဒီဂျုံစေ့ကို စိုက်ပျိုးချင်သလဲ"

" ဘယ်သူမှ မစိုက်ပျိုးချင်ဘူး" လို့ ဘဲက ဖြေလိုက်ပါတယ်။ "ငါကောပဲ" လို့ ကြောင်က ငြင်းလိုက်ပြန် ပါတယ်။ "ငါ့ကိုလည်း ထည့်မတွက်နဲ့" လို့ ခွေးက လှည့်ပြောပြန် ပါတယ်။

"ကောင်းပြီလေ၊ အဲဒါဆိုရင် ငါပဲ ဒီဂျုံစေ့ကို စိုက်ထားလိုက် တော့မယ်" လို့ ကြက်မက ပြောလိုက်ပါတယ်။ ကြက်မက ထိုဂျုံစေ့ကို သေချာစိုက်ပျိုးပြီး သေချာ ရေလောင်းပေး ပါတယ်။

ရက်အနည်းငယ် ကြာတဲ့အခါမှာ ဂျုံစေ့က အပင်လေးတွေ ပေါက်လာပါတယ်။ တဖြေးဖြေးနဲ့ ဂျုံပင်တွေက ဝါညိုရောင် သန်းတဲ့ ဂျုံတွေ ပေါက်ရောက် ရှင်သန်လာတာပေါ့။ အဲဒီအခါ ကြက်မက မေးပြန်တယ်။ "ကဲ ဒီဂျုံတွေကို ဘယ်သူက ရိတ်သိမ်းချင်သလဲ"

"ငါတော့မပါ" ဘဲက ပျင်းရိနေတဲ့ အသံကြီးနဲ့ ပြန်ဖြေပါတယ်။ "ငါလည်း မပါဘူး" ကြောင်က ပခုံးတွန့်ရင်း ဖြေလိုက် ပြန်တယ်။ "ငါ့ကို ထည့်မတွက်ကြနဲ့" လို့ ခွေးက ငြင်းလိုက် ပြန်တယ်။

"ကောင်းပြီလေ၊ အဲလို ဆိုရင်တော့ ငါ့ဟာ ငါပဲ ရိတ်သိမ်းလိုက် တာပေါ့" လို့ ကြက်မက ပြောလိုက်ပြီး တနေ့လုံး ဂျုံတွေ ရိတ်သိမ်းရတာနဲ့ အလုပ်ရှုပ်နေ ခဲ့တာပေါ့။

ညနေစောင်းတဲ့ အခါမှာတော့ ကြက်မမှာ ဂျုံတွေ အိတ်ကြီးနဲ့ နှစ်အိတ်တောင် ရလေရဲ့။ "ဟယ်လို အားလုံးပဲ၊ ဂျုံတွေကို ငါနဲ့အတူ ဘယ်သူက ကြိတ်ပေးမလဲ" လို့ ကြက်မက သူ့ သူငယ်ချင်းတွေကို မေးပြန်တယ်။ အားလုံးက ငြင်းကြပြန်တယ်။

"အဲဒါဆိုလည်း ငါ့ဟာ ငါ့ပဲ ဂျုံတွေ ကြိတ်တာပေါ့။ ဂျုံမှုန့်တွေ ရလာတဲ့ အခါ ငါ့ဟာ ငါပဲ ပေါင်မုန့်ဖုတ်တော့မယ်" လို့ ကြက်မက အသိပေးလိုက်ပါတယ်။

နောက်တနေ့မှာတော့ ကြက်မက အနံ့အရသာနဲ့ ပြည့်ဝတဲ့ ပေါင်မုန့်တွေ ဖုတ်တယ်။ "ကဲ ဘယ်လိုလဲ၊ ဒီပေါင်မုန့်တွေ ဘယ်သူများ စားချင်ကြမလဲ" လို့ သူ့ သူငယ်ချင်းတွေကို မေးလိုက် ပြန်တယ်။ အဲဒီအခါမှာတော့ ဘဲက "ငါ စားမယ်ဟေ့" လို့ ထဖြေပါတယ်။ "ငါလည်း စားမယ်" လို့ ကြောင်က သွားရည်တွေ သပ်ရင်း ဖြေပြန်တယ်။ "အရသာရှိမယ့် ပုံပဲ၊ အနံလေးက မွှေးနေတာပဲ" လို့ ခွေးက ပြောပြန်တယ်။

"နင်တို့ ဘယ်သူမှ စားဖို့ မစဉ်းစားနဲ့။ ငါပဲ ဂျုံစေ့ကို စိုက်ရတယ်။ ငါပဲ ဂျုံတွေကို ရိတ်သိမ်းပြီး ကြိတ်လာရတယ်။ ပြီးတော့ ငါပဲ ပေါင်မုန့် ဖုတ်လာရတယ်။ ငါနဲ့ ငါ့ကလေးတွေပဲ ဒီပေါင်မုန့်ကို စားခွင့် ရှိတယ်" လို့ ကြက်မက ပြောလိုက်ပြီး သူမနဲ့ သူမရဲ့ ကြက်ကလေးတွေက ပေါင်မုန့်ကို မြိန်ရေ ရှက်ရေ စားလိုက်ပါသတဲ့။

သင်ခန်းစာ။ ဒီပုံပြင်လေးကတော့ အနာမခံ အသာမစံရ ဆိုတဲ့ စာသားလို ပါပဲ။ ကိုယ်တိုင်ဘာမှ မကြိုးစားချင်ရင် ဘာကိုမှ ခံစားခွင့် ရမှာမဟုတ်ပါဘူး။

လျော်ကြေး

အသင်၌ ပျိုးမကြဲသော လက်တို့သည် ရှိကြကုန်၏။

ငါတို့၏ ကောက်ရိတ်သိမ်းပွဲသို့

အိမ်မက်ထဲ၌ပင် သင် လာရန်မလို။ ဆိုတဲ့ တာရာမင်းဝေရဲ့ ကဗျာလေးကို သတိရမိ ပါသေးတယ်။

Zawgyi

အနာခံမွ အသာစံမယ္

တခါတုန္းက ၾကက္မတေကာင္ ရွိပါတယ္။ ၾကက္မက အနီေရာင္ အဆင္းရွိတဲ့ ၾကက္မျဖစ္ၿပီး ၾကက္ကေလး ၅ ေကာင္လည္း ေမြးထားပါတယ္။ သူမမွာ ဘဲ၊ ေၾကာင္နဲ႔ ေခြးတေကာင္ စတဲ့ သူငယ္ခ်င္းေတြ ရွိပါတယ္။ တေန႔မွာေတာ့ ၾကက္မက ဂ်ဳံေစ့ တေစ့ကို ရွာေတြ႕ပါတယ္။

ၾကက္မက သူ႔ သူငယ္ခ်င္းေတြကို ေမးလိုက္ပါတယ္။ "ေဟး ဘယ္သူက ဒီဂ်ဳံေစ့ကို စိုက္ပ်ိဳးခ်င္သလဲ"

" ဘယ္သူမွ မစိုက္ပ်ိဳးခ်င္ဘူး" လို႔ ဘဲက ေျဖလိုက္ပါတယ္။ "ငါေကာပဲ" လို႔ ေၾကာင္က ျငင္းလိုက္ျပန္ ပါတယ္။ "ငါ့ကိုလည္း ထည့္မတြက္နဲ႔" လို႔ ေခြးက လွည့္ေျပာျပန္ ပါတယ္။

"ေကာင္းၿပီေလ၊ အဲဒါဆိုရင္ ငါပဲ ဒီဂ်ဳံေစ့ကို စိုက္ထားလိုက္ ေတာ့မယ္" လို႔ ၾကက္မက ေျပာလိုက္ပါတယ္။ ၾကက္မက ထိုဂ်ဳံေစ့ကို ေသခ်ာစိုက္ပ်ိဳးၿပီး ေသခ်ာ ေရေလာင္းေပး ပါတယ္။

ရက္အနည္းငယ္ ၾကာတဲ့အခါမွာ ဂ်ဳံေစ့က အပင္ေလးေတြ ေပါက္လာပါတယ္။ တေျဖးေျဖးနဲ႔ ဂ်ဳံပင္ေတြက ဝါညိဳေရာင္ သန္းတဲ့ ဂ်ဳံေတြ ေပါက္ေရာက္ ရွင္သန္လာတာေပါ့။ အဲဒီအခါ ၾကက္မက ေမးျပန္တယ္။ "ကဲ ဒီဂ်ဳံေတြကို ဘယ္သူက ရိတ္သိမ္းခ်င္သလဲ"

"ငါေတာ့မပါ" ဘဲက ပ်င္းရိေနတဲ့ အသံႀကီးနဲ႔ ျပန္ေျဖပါတယ္။ "ငါလည္း မပါဘူး" ေၾကာင္က ပခုံးတြန႔္ရင္း ေျဖလိုက္ ျပန္တယ္။ "ငါ့ကို ထည့္မတြက္ၾကနဲ႔" လို႔ ေခြးက ျငင္းလိုက္ ျပန္တယ္။

"ေကာင္းၿပီေလ၊ အဲလို ဆိုရင္ေတာ့ ငါ့ဟာ ငါပဲ ရိတ္သိမ္းလိုက္ တာေပါ့" လို႔ ၾကက္မက ေျပာလိုက္ၿပီး တေန႔လုံး ဂ်ဳံေတြ ရိတ္သိမ္းရတာနဲ႔ အလုပ္ရႈပ္ေန ခဲ့တာေပါ့။

ညေနေစာင္းတဲ့ အခါမွာေတာ့ ၾကက္မမွာ ဂ်ဳံေတြ အိတ္ႀကီးနဲ႔ ႏွစ္အိတ္ေတာင္ ရေလရဲ႕။ "ဟယ္လို အားလုံးပဲ၊ ဂ်ဳံေတြကို ငါနဲ႔အတူ ဘယ္သူက ႀကိတ္ေပးမလဲ" လို႔ ၾကက္မက သူ႔ သူငယ္ခ်င္းေတြကို ေမးျပန္တယ္။ အားလုံးက ျငင္းၾကျပန္တယ္။

"အဲဒါဆိုလည္း ငါ့ဟာ ငါ့ပဲ ဂ်ဳံေတြ ႀကိတ္တာေပါ့။ ဂ်ဳံမႈန႔္ေတြ ရလာတဲ့ အခါ ငါ့ဟာ ငါပဲ ေပါင္မုန႔္ဖုတ္ေတာ့မယ္" လို႔ ၾကက္မက အသိေပးလိုက္ပါတယ္။

ေနာက္တေန႔မွာေတာ့ ၾကက္မက အနံ႔အရသာနဲ႔ ျပည့္ဝတဲ့ ေပါင္မုန႔္ေတြ ဖုတ္တယ္။ "ကဲ ဘယ္လိုလဲ၊ ဒီေပါင္မုန႔္ေတြ ဘယ္သူမ်ား စားခ်င္ၾကမလဲ" လို႔ သူ႔ သူငယ္ခ်င္းေတြကို ေမးလိုက္ ျပန္တယ္။ အဲဒီအခါမွာေတာ့ ဘဲက "ငါ စားမယ္ေဟ့" လို႔ ထေျဖပါတယ္။ "ငါလည္း စားမယ္" လို႔ ေၾကာင္က သြားရည္ေတြ သပ္ရင္း ေျဖျပန္တယ္။ "အရသာရွိမယ့္ ပုံပဲ၊ အနံေလးက ေမႊးေနတာပဲ" လို႔ ေခြးက ေျပာျပန္တယ္။

"နင္တို႔ ဘယ္သူမွ စားဖို႔ မစဥ္းစားနဲ႔။ ငါပဲ ဂ်ဳံေစ့ကို စိုက္ရတယ္။ ငါပဲ ဂ်ဳံေတြကို ရိတ္သိမ္းၿပီး ႀကိတ္လာရတယ္။ ၿပီးေတာ့ ငါပဲ ေပါင္မုန႔္ ဖုတ္လာရတယ္။ ငါနဲ႔ ငါ့ကေလးေတြပဲ ဒီေပါင္မုန႔္ကို စားခြင့္ ရွိတယ္" လို႔ ၾကက္မက ေျပာလိုက္ၿပီး သူမနဲ႔ သူမရဲ႕ ၾကက္ကေလးေတြက ေပါင္မုန႔္ကို ၿမိန္ေရ ရွက္ေရ စားလိုက္ပါသတဲ့။

သင္ခန္းစာ။ ဒီပုံျပင္ေလးကေတာ့ အနာမခံ အသာမစံရ ဆိုတဲ့ စာသားလို ပါပဲ။ ကိုယ္တိုင္ဘာမွ မႀကိဳးစားခ်င္ရင္ ဘာကိုမွ ခံစားခြင့္ ရမွာမဟုတ္ပါဘူး။

ေလ်ာ္ေၾကး

အသင္၌ ပ်ိဳးမႀကဲေသာ လက္တို႔သည္ ရွိၾကကုန္၏။

ငါတို႔၏ ေကာက္ရိတ္သိမ္းပြဲသို႔

အိမ္မက္ထဲ၌ပင္ သင္ လာရန္မလို။ ဆိုတဲ့ တာရာမင္းေဝရဲ႕ ကဗ်ာေလးကို သတိရမိ ပါေသးတယ္။

Post a Comment

0 Comments