ငပျင်းနှင့် ဝံပုလွေ

တခါတုန်းက ရွာတရွာမှာ အရမ်းပျင်းတဲ့ ငပျင်းတယောက် ရှိတယ်။ ဘာအလုပ်မှ မလုပ်ပဲ အစားအသောက်တွေ အလွယ်တကူ ရဖို့ကိုသာ သူတွေးနေတတ်တယ်။ တမနက်မှာ ရွာထဲမှာ သူလျှောက်ပတ် ကြည့်နေရင်း ပန်းသီးတွေ သွားခိုးခူးမယ်လို့ သူတွေးလိုက်တယ်။

သူပန်းသီးတွေ ခိုးခူးပြီး မကြာခင်မှာပဲ လယ်သမားတယောက်က သူ့ကိုမြင်သွားပြီး သူ့ကိုဖမ်းဖို့ ရောက်လာခဲ့တယ်။ ငပျင်းလည်း ကြောက်လန့်တအားနဲ့ နီးစပ်ရာ တောအုပ်ထဲကို ဝင်ပြေးခဲ့တယ်။ သူဟာ တောထဲမှာ လမ်းလျှောက်နေချိန် ခြေနှစ်ဖက်သာ ရှိတဲ့ ဝံပုလွေကို သူမြင်ခဲ့တယ်။

ခြေနှစ်ဖက်ပဲ ရှိတဲ့ ဝံပုလွေ ဘယ်လိုများ အစာရှာစားလဲလို့ ငပျင်းလည်း သိချင်သွားတယ်။ ဝံပုလွေခမျာ ပြေးလည်း မပြေးနိုင်၊ အစာလည်း ရှာမစားနိုင်၊ အခြားတိစ္ဆာန်တွေရဲ့ အန္တရာယ်ကိုလည်း ကြောက်ရသေးတယ်။ ဒါပေမယ့် ဝံပုလွေကတော့ သူ့နေရာလေး တဝိုက်မှာ ပျော်ရွှင်စွာနဲ့ တွားသွားနေတယ်။

အဲ့ဒီအချိန်မှာပဲ ပါးစပ်ထဲမှာ အသားတွေ ကိုက်ထားတဲ့ ခြင်သေ့တကောင် ဝံပုလွေဆီ ချဉ်းကပ်လာတာကို ငပျင်း တွေ့သွားတယ်။ ငပျင်းလည်း ခြင်္သေ့ရန်ကို ကြောက်လို့ သစ်ပင် ပေါ်တက်ပုန်းခဲ့ပေမယ့် ဝံပုလွေမှာတော့ ခြေနှစ်ဖက်ပဲ ရှိလို့ သူ့နေရာမှာပဲ သူ နေနေခဲ့တယ်။

ဒါပေမယ့် ခြင်္သေ့က ဝံပုလွေကို စားဖို့အတွက် အသားတွေ ချန်ပေးခဲ့တာကို ငပျင်း သေချာ ကွက်ကွက်ကွင်းကွင်း တွေ့လိုက်ရတယ်။ ငပျင်း စိတ်ထဲမှာ ဒါဟာ ဘုရားသခင် ဖန်ဆင်းထားတာလို့ တွေးထင်သွားတယ်။

ဘုရားသခင်ဟာ လူသားတွေ အတွက်လည်း တခုခုတော့ စီစဉ်ပေးထားမှာပဲလို့ ငပျင်း ကောက်ချက်ချ ပြန်ပါတယ်။ သူ့အတွက်လည်း ဘုရားသခင်မှာ အစီစဉ်တွေရှိမှာပဲလို့ တွေးပြီး ထိုနေရာမှ ထွက်သွားကာ တယောက်ယောက် အစားအစာ လာပေးတာကို စောင့်နေခဲ့တယ်။

ငပျင်းဟာ အစားမစားပဲ စောင့်နေခဲ့တာ ၂ ရက်တောင် ကြာသွားတယ်။ နောက်ဆုံး ဗိုက်ဆာတဲ့ ဒဏ်ကို မခံစားနိုင်တော့ စားစရာ တခုခု ရှာမယ်ဆိုပြီး ရွာတဝိုက်ကို လျှောက်သွားရင်း လမ်းမှာ ပညာရှိ အဘိုးအိုကြီးနဲ့ တွေ့ဆုံခဲ့တယ်။ သူ့ရဲ့ ဖြစ်ကြောင်းကုန်စင်ကို အဘွားအိုကို ပြောပြလိုက်တယ်။

"ပညာရှိ အဘိုးရယ် ခြေနှစ်ဖက်သာ ရှိတဲ့ ဝံပုလွေကိုတော့ ဘုရားသခင်က သက်ညှာမှု ပေးပြီး ကျွန်တော့်ကိုတော့ ဘာသက်ညှာမှုမှ မပြတာ ဘာကြောင့်များလဲ" လို့ မေးလိုက်တယ်။ ပညာရှိ အဘိုးအိုဟာ ငပျင်းကို

"လူသားတွေအတွက် ဘုရားသခင်မှာ အစီစဉ်ရှိတာ အမှန်ပဲ။ မင်းဟာလည်း သူ့ရဲ့ အစီစဉ် တစိတ်တပိုင်း ဖြစ်တယ်။ ဒါပေမယ့် မင်းက သူပြောချင်တဲ့ အဓိပ္ပာယ်ကို တလွဲ ကောက်တွေးလိုက်တာပဲ။ ဘုရားသခင်က မင်းကို ဝံပုလွေလို မဖြစ်စေချင်ဘူး။ မင်းကို ခြင်္သေ့လို ဖြစ်စေချင်တာပဲ" လို့ ပြန်ပြောလိုက် ပါတော့တယ်။

လူသားတွေဟာ ဘဝမှာ ကိုယ်မြင်နေရတဲ့ အရာတွေပေါ် နားလည်မှု လွဲတတ်ကြပါတယ်။ ကိုယ့်ရဲ့ဘဝကို ခြေနှစ်ချောင်းနဲ့ ဝံပုလွေလို မဖြတ်သန်းပဲ ခြင်္သေ့လို ဖြတ်သန်းနိုင်အောင် ကြိုးစားသင့်ပါတယ်။

အရာရာတိုင်းကို အကောင်းမြင်တတ်အောင် ကြိုစားပြီး ကိုယ့်ကိုယ်ကိုလည်း စိတ်ဓာတ်ခိုင်မာအောင် ကျင့်ယူကာ အကူညီလိုသူတွေကို လက်ကမ်းနိုင်အောင် ကြိုးစားသင့်ပါတယ်။

Source NTD Life

crd

Zawgyi

ငပ်င္းႏွင့္ ဝံပုေလြ

တခါတုန္းက ႐ြာတ႐ြာမွာ အရမ္းပ်င္းတဲ့ ငပ်င္းတေယာက္ ရွိတယ္။ ဘာအလုပ္မွ မလုပ္ပဲ အစားအေသာက္ေတြ အလြယ္တကူ ရဖို႔ကိုသာ သူေတြးေနတတ္တယ္။ တမနက္မွာ ႐ြာထဲမွာ သူေလွ်ာက္ပတ္ ၾကည့္ေနရင္း ပန္းသီးေတြ သြားခိုးခူးမယ္လို႔ သူေတြးလိုက္တယ္။

သူပန္းသီးေတြ ခိုးခူးၿပီး မၾကာခင္မွာပဲ လယ္သမားတေယာက္က သူ႔ကိုျမင္သြားၿပီး သူ႔ကိုဖမ္းဖို႔ ေရာက္လာခဲ့တယ္။ ငပ်င္းလည္း ေၾကာက္လန႔္တအားနဲ႔ နီးစပ္ရာ ေတာအုပ္ထဲကို ဝင္ေျပးခဲ့တယ္။ သူဟာ ေတာထဲမွာ လမ္းေလွ်ာက္ေနခ်ိန္ ေျခႏွစ္ဖက္သာ ရွိတဲ့ ဝံပုေလြကို သူျမင္ခဲ့တယ္။

ေျခႏွစ္ဖက္ပဲ ရွိတဲ့ ဝံပုေလြ ဘယ္လိုမ်ား အစာရွာစားလဲလို႔ ငပ်င္းလည္း သိခ်င္သြားတယ္။ ဝံပုေလြခမ်ာ ေျပးလည္း မေျပးႏိုင္၊ အစာလည္း ရွာမစားႏိုင္၊ အျခားတိစာၦန္ေတြရဲ႕ အႏၲရာယ္ကိုလည္း ေၾကာက္ရေသးတယ္။ ဒါေပမယ့္ ဝံပုေလြကေတာ့ သူ႔ေနရာေလး တဝိုက္မွာ ေပ်ာ္႐ႊင္စြာနဲ႔ တြားသြားေနတယ္။

အဲ့ဒီအခ်ိန္မွာပဲ ပါးစပ္ထဲမွာ အသားေတြ ကိုက္ထားတဲ့ ျခင္ေသ့တေကာင္ ဝံပုေလြဆီ ခ်ဥ္းကပ္လာတာကို ငပ်င္း ေတြ႕သြားတယ္။ ငပ်င္းလည္း ျခေသၤ့ရန္ကို ေၾကာက္လို႔ သစ္ပင္ ေပၚတက္ပုန္းခဲ့ေပမယ့္ ဝံပုေလြမွာေတာ့ ေျခႏွစ္ဖက္ပဲ ရွိလို႔ သူ႔ေနရာမွာပဲ သူ ေနေနခဲ့တယ္။

ဒါေပမယ့္ ျခေသၤ့က ဝံပုေလြကို စားဖို႔အတြက္ အသားေတြ ခ်န္ေပးခဲ့တာကို ငပ်င္း ေသခ်ာ ကြက္ကြက္ကြင္းကြင္း ေတြ႕လိုက္ရတယ္။ ငပ်င္း စိတ္ထဲမွာ ဒါဟာ ဘုရားသခင္ ဖန္ဆင္းထားတာလို႔ ေတြးထင္သြားတယ္။

ဘုရားသခင္ဟာ လူသားေတြ အတြက္လည္း တခုခုေတာ့ စီစဥ္ေပးထားမွာပဲလို႔ ငပ်င္း ေကာက္ခ်က္ခ် ျပန္ပါတယ္။ သူ႔အတြက္လည္း ဘုရားသခင္မွာ အစီစဥ္ေတြရွိမွာပဲလို႔ ေတြးၿပီး ထိုေနရာမွ ထြက္သြားကာ တေယာက္ေယာက္ အစားအစာ လာေပးတာကို ေစာင့္ေနခဲ့တယ္။

ငပ်င္းဟာ အစားမစားပဲ ေစာင့္ေနခဲ့တာ ၂ ရက္ေတာင္ ၾကာသြားတယ္။ ေနာက္ဆုံး ဗိုက္ဆာတဲ့ ဒဏ္ကို မခံစားႏိုင္ေတာ့ စားစရာ တခုခု ရွာမယ္ဆိုၿပီး ႐ြာတဝိုက္ကို ေလွ်ာက္သြားရင္း လမ္းမွာ ပညာရွိ အဘိုးအိုႀကီးနဲ႔ ေတြ႕ဆုံခဲ့တယ္။ သူ႔ရဲ႕ ျဖစ္ေၾကာင္းကုန္စင္ကို အဘြားအိုကို ေျပာျပလိုက္တယ္။

"ပညာရွိ အဘိုးရယ္ ေျခႏွစ္ဖက္သာ ရွိတဲ့ ဝံပုေလြကိုေတာ့ ဘုရားသခင္က သက္ညႇာမႈ ေပးၿပီး ကြၽန္ေတာ့္ကိုေတာ့ ဘာသက္ညႇာမႈမွ မျပတာ ဘာေၾကာင့္မ်ားလဲ" လို႔ ေမးလိုက္တယ္။ ပညာရွိ အဘိုးအိုဟာ ငပ်င္းကို

"လူသားေတြအတြက္ ဘုရားသခင္မွာ အစီစဥ္ရွိတာ အမွန္ပဲ။ မင္းဟာလည္း သူ႔ရဲ႕ အစီစဥ္ တစိတ္တပိုင္း ျဖစ္တယ္။ ဒါေပမယ့္ မင္းက သူေျပာခ်င္တဲ့ အဓိပၸာယ္ကို တလြဲ ေကာက္ေတြးလိုက္တာပဲ။ ဘုရားသခင္က မင္းကို ဝံပုေလြလို မျဖစ္ေစခ်င္ဘူး။ မင္းကို ျခေသၤ့လို ျဖစ္ေစခ်င္တာပဲ" လို႔ ျပန္ေျပာလိုက္ ပါေတာ့တယ္။

လူသားေတြဟာ ဘဝမွာ ကိုယ္ျမင္ေနရတဲ့ အရာေတြေပၚ နားလည္မႈ လြဲတတ္ၾကပါတယ္။ ကိုယ့္ရဲ႕ဘဝကို ေျခႏွစ္ေခ်ာင္းနဲ႔ ဝံပုေလြလို မျဖတ္သန္းပဲ ျခေသၤ့လို ျဖတ္သန္းႏိုင္ေအာင္ ႀကိဳးစားသင့္ပါတယ္။

အရာရာတိုင္းကို အေကာင္းျမင္တတ္ေအာင္ ႀကိဳစားၿပီး ကိုယ့္ကိုယ္ကိုလည္း စိတ္ဓာတ္ခိုင္မာေအာင္ က်င့္ယူကာ အကူညီလိုသူေတြကို လက္ကမ္းႏိုင္ေအာင္ ႀကိဳးစားသင့္ပါတယ္။

Source NTD Life

crd

Post a Comment

0 Comments