အသစ်လာ အဟောင်းမေ့

တခါတုန်းက ဆိတ်ကျောင်းသားလေး တယောက်ဟာ ဆိတ်တွေကို စားကျက်ဆီ လွှတ်ထားတုန်း တောင်ဆိတ် အချို့ဟာ သူ့ဆိတ်အုပ်ထဲရောက်ရှိနေတာကို သိသွားတယ်။

ညနေရောက်တော့ ဆိတ်ကျောင်းသားလေးဟာ အဲဒီ တောင်ဆိတ်တွေ ကိုပါ ခေါ်ပြီး သူနေတဲ့ ဂူဆီ ဆိတ်တွေကို ကျောင်းခဲ့တယ်။

နောက်တနေ့မှာ ရာသီဥတုက အတော်လေး ဆိုးရွားနေလို့ ဆိတ်တွေကို စားကျက်ဆီကို ထုံးစံအတိုင်း ခေါ်မသွားနိုင်ဘူး။ သူတို့ကို ခြံထဲမှာပဲ ထားတာပေါ့။

ဆိတ်ကျောင်းသားက သူ့ဆိတ်တွေကို အစာ ဝရုံလေးပဲ ကျွေးပြီး အသစ် ရောက်လာတဲ့ တောင်ဆိတ်တွေ ကိုတော့ သူ့ဆိတ်အုပ်မှာ တိုးပွားလာ စေဖို့ မျှော်မှန်းချက်နဲ့ အစာကို ရက်ရက် ရောရော ကျွေးတယ်။

ရာသီဥတု သာယာတဲ့ အချိန်ကျမှာ သူဟာ ဆိတ်တွေ အားလုံးကို စားကျက်ဆီ မောင်းလာခဲ့တယ်။ တောင်ပေါ် ရောက်ရင်ပဲ သူမောင်းလာတဲ့ တောင်ဆိတ်တွေက ချက်ချင်း ထွက်ပြေးသွား ပါရော။

ဆိတ်ကျောင်းသားက အစာ ကောင်းမွန်စွာ ကျွေးထားပါလျှက် ကျေးဇူးတရား မသိဘဲ ပြေးရသလားလို့ တောင်ဆိတ်တွေကို ရေရွတ် လိုက်တယ်။ အဲဒီမှာ တောင်ဆိတ်တွေ ပြန်လှည့်ပြောတာက

"ကျွန်တော်တို့က မနေ့ကမှ ခင်ဗျားဆီကို ရောက်လာခဲ့တယ်။ ဒီတုန်းက ခင်ဗျားရဲ့ ဆိတ်တွေထက် ကျွန်တော်တို့ကို ကောင်းကောင်း ကျွေးထားတယ်။ ခင်များရဲ့ ဆိတ်အဟောင်း လေးတွေကိုတော့ မဝတဝသာ ကျွေးခဲ့တယ်။

ဒါကြောင့် တခြားဆိတ်တွေ ထပ်ရောက်လာတဲ့ အခါ ကျွန်တော်တို့ထက် သူတို့ကို ပိုဂရုစိုက် ကျွေးမွေးလိမ့်မယ် ဆိုတာ ထင်ရှားနေတာပဲ" လို့ ပြောခဲ့ပါတယ်။

ကျွန်ုပ်တို့ဟာ တပါးသူရဲ့ မိတ်ဆွေအသစ် ဖြစ်တဲ့အခါ ပိုမို အရေးတယူ ပြုစုခံရမယ်။ ကျွန်ုပ်တို့ မိတ်ဆွေဟောင်းတွေ ဖြစ်သွားတဲ့ အခါမှာတော့ အဲဒီလူဟာ မိတ်ဆွေသစ်ကို ရှာပါလိမ့်မယ်။ မိတ်ဆွေသစ် ရလာတဲ့အခါ ကျွန်ုပ်တို့ဟာ နောက်တန်းကို အပို့ ခံလိုက်ရမယ့် အလှည့်ပါ။

အသစ်လာ အဟောင်းမေ့ ဆိုတဲ့ ဆိုရိုးစကားလေးကို ဖော်ပြခြင်း ဖြစ်ပါတယ်။

phoomyatchal

Crd

Zawgyi

အသစ္လာ အေဟာင္းေမ့

တခါတုန္းက ဆိတ္ေက်ာင္းသားေလး တေယာက္ဟာ ဆိတ္ေတြကို စားက်က္ဆီ လႊတ္ထားတုန္း ေတာင္ဆိတ္ အခ်ိဳ႕ဟာ သူ႔ဆိတ္အုပ္ထဲေရာက္ရွိေနတာကို သိသြားတယ္။

ညေနေရာက္ေတာ့ ဆိတ္ေက်ာင္းသားေလးဟာ အဲဒီ ေတာင္ဆိတ္ေတြ ကိုပါ ေခၚၿပီး သူေနတဲ့ ဂူဆီ ဆိတ္ေတြကို ေက်ာင္းခဲ့တယ္။

ေနာက္တေန႔မွာ ရာသီဥတုက အေတာ္ေလး ဆိုး႐ြားေနလို႔ ဆိတ္ေတြကို စားက်က္ဆီကို ထုံးစံအတိုင္း ေခၚမသြားႏိုင္ဘူး။ သူတို႔ကို ၿခံထဲမွာပဲ ထားတာေပါ့။

ဆိတ္ေက်ာင္းသားက သူ႔ဆိတ္ေတြကို အစာ ဝ႐ုံေလးပဲ ေကြၽးၿပီး အသစ္ ေရာက္လာတဲ့ ေတာင္ဆိတ္ေတြ ကိုေတာ့ သူ႔ဆိတ္အုပ္မွာ တိုးပြားလာ ေစဖို႔ ေမွ်ာ္မွန္းခ်က္နဲ႔ အစာကို ရက္ရက္ ေရာေရာ ေကြၽးတယ္။

ရာသီဥတု သာယာတဲ့ အခ်ိန္က်မွာ သူဟာ ဆိတ္ေတြ အားလုံးကို စားက်က္ဆီ ေမာင္းလာခဲ့တယ္။ ေတာင္ေပၚ ေရာက္ရင္ပဲ သူေမာင္းလာတဲ့ ေတာင္ဆိတ္ေတြက ခ်က္ခ်င္း ထြက္ေျပးသြား ပါေရာ။

ဆိတ္ေက်ာင္းသားက အစာ ေကာင္းမြန္စြာ ေကြၽးထားပါလွ်က္ ေက်းဇူးတရား မသိဘဲ ေျပးရသလားလို႔ ေတာင္ဆိတ္ေတြကို ေရ႐ြတ္ လိုက္တယ္။ အဲဒီမွာ ေတာင္ဆိတ္ေတြ ျပန္လွည့္ေျပာတာက

"ကြၽန္ေတာ္တို႔က မေန႔ကမွ ခင္ဗ်ားဆီကို ေရာက္လာခဲ့တယ္။ ဒီတုန္းက ခင္ဗ်ားရဲ႕ ဆိတ္ေတြထက္ ကြၽန္ေတာ္တို႔ကို ေကာင္းေကာင္း ေကြၽးထားတယ္။ ခင္မ်ားရဲ႕ ဆိတ္အေဟာင္း ေလးေတြကိုေတာ့ မဝတဝသာ ေကြၽးခဲ့တယ္။

ဒါေၾကာင့္ တျခားဆိတ္ေတြ ထပ္ေရာက္လာတဲ့ အခါ ကြၽန္ေတာ္တို႔ထက္ သူတို႔ကို ပိုဂ႐ုစိုက္ ေကြၽးေမြးလိမ့္မယ္ ဆိုတာ ထင္ရွားေနတာပဲ" လို႔ ေျပာခဲ့ပါတယ္။

ကြၽႏ္ုပ္တို႔ဟာ တပါးသူရဲ႕ မိတ္ေဆြအသစ္ ျဖစ္တဲ့အခါ ပိုမို အေရးတယူ ျပဳစုခံရမယ္။ ကြၽႏ္ုပ္တို႔ မိတ္ေဆြေဟာင္းေတြ ျဖစ္သြားတဲ့ အခါမွာေတာ့ အဲဒီလူဟာ မိတ္ေဆြသစ္ကို ရွာပါလိမ့္မယ္။ မိတ္ေဆြသစ္ ရလာတဲ့အခါ ကြၽႏ္ုပ္တို႔ဟာ ေနာက္တန္းကို အပို႔ခံလိုက္ရမယ့္ အလွည့္ပါ။

အသစ္လာ အေဟာင္းေမ့ ဆိုတဲ့ ဆို႐ိုးစကားေလးကို ေဖာ္ျပျခင္း ျဖစ္ပါတယ္။

phoomyatchal

Crd

Post a Comment

0 Comments