အသက်ကြီးလာရင်ပေါ်လာတဲ့ လည်ပင်းအရေးအကြောင်းတွေကို ဖယ်ရှားဖို့ အထိရောက်ဆုံးနည်းလမ်း (၆) ခု

အသက်ကြီးလာတဲ့အခါ လည်ပင်းမှာ အရေးအကြောင်းတွေ ဖြစ်လာပါတယ်။ မျက်နှာကို နုပျိုအောင် ပြင်ဆင်ကြသလို လည်ပင်းအသားအရေကိုလည်း တင်းရင်းနုပျိုအောင် ဂရုစိုက်ဖို့ လိုပါတယ်။

အဲဒါမှ ပြီးပြည့်စုံတဲ့ အလှပိုင်ရှင် ဖြစ်သွားမှာပါ။ လည်ပင်းမှာ အရေးအကြောင်းတွေ ကင်းစေမယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ကျောက်ခဲပူနဲ့ နှိပ်နယ်ခြင်း

ကျောက်တုံးကို အပူပေးပြီး လည်ပင်းကို နှိပ်နယ်ပေးတာက အရေးအကြောင်းတွေကို သက်သာစေပါတယ်။ လည်ပင်းအသားအရေကိုလည်း တင်းရင်းစေပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းကိုတော့ ကျွမ်းကျင်တဲ့သူနဲ့ပဲ လုပ်သင့်ပါတယ်။

၂။ Almond oil

လည်ပင်းကို almond oil နဲ့ ပုံမှန်လိမ်းပေးရင် သိသာတဲ့ရလဒ်ကို တွေ့ရမှာပါ။ Almond oil မှာ ဗီတာမင် E ပါတာကြောင့် လည်ပင်း အရေးအကြောင်းတွေကို လျှော့ချဖို့ ကူညီပေးပါတယ်။

၃။ လေ့ကျင့်ခန်းများ

လည်ပင်းမှာ အရေးအကြောင်းတွေ နည်းစေဖို့ လေ့ကျင့်ခန်းကလည်း အရေးကြီးပါတယ်။ မျက်နှာကို မော့လိုက်၊ ငုံ့လိုက်လုပ်တဲ့ လေ့ကျင့်ခန်းက မျက်နှာက အဆီတွေကို ကျစေရုံမက လည်ပင်း အလှအပကိုလည်း ပေါ်လွင်စေပါတယ်။

၄။ လည်ပင်းအတွက် Mask

သခွားသီး mask

သခွားသီးမှာ ရေဓါတ် ၉၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အဲဒါကြောင့် လည်ပင်းအသားအရေ စိုပြေဖို့အတွက် သခွားသီးက အများကြီး ကူညီပေးနိုင်ပါတယ်။

သခွားသီးတစ်လုံး

ဒိန်ချဉ်လက်ဖက်ရည်ဇွန်း ၂ ဇွန်း

Almond oil ၅ စက်

နှင်းဆီရည် ခွက်သေးတစ်ခွက်

ပိတ်စပါးတစ်ရွက်

- သခွားသီးကို ခြစ်နဲ့ခြစ်ပြီး ပန်းကန်လုံး တစ်လုံးထဲကို ထည့်ပါ။

- ပြီးရင် ဒိန်ချဉ်နဲ့ almond oil ထည့်ပါ။

- သေချာရောမွှေပြီးရင် လည်ပင်းမှာ သေသေချာချာ သုတ်လိမ်းပြီး နာရီဝက်ကြာအောင် ထားပါ။

- နာရီဝက်ကြာရင် လည်ပင်းကို သန့်ရှင်းရေး လုပ်ပါ။

- နှင်းဆီရည်ကို ပိတ်ပါးလေးနဲ့ တို့ပြီး လည်ပင်းမှာ လိမ်းပေးပါ။ အဲဒီအခါ လည်ပင်းမှာ ရေဓါတ်ပြည့်ပြီး လှပနေမှာပါ။ ဒီနည်းကို နေ့စဉ်လုပ်ပေးလို့ ရပါတယ်။

ငှက်ပျောသီး mask

ငှက်ပျောသီးတစ်လုံး

ဒိန်ချဉ်လက်ဖက်ရည်ဇွန်း ၄ ဇွန်း

ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်း

- ငှက်ပျောသီးတစ်လုံးကို ချေပြီး ပန်းကန်လုံးတစ်လုံးထဲကို ထည့်ပါ။

- ပြီးရင် ပျားရည်နဲ့ ဒိန်ချဉ်ကို ထပ်ထည့်ပါ။

- ပါဝင်ပစ္စည်းတွေကို သေချာရောမွှေပါ။

- လည်ပင်းမှာ သေသေချာချာ လိမ်းပေးပြီး တစ်နာရီကြာထားပါ။

- ပြီးရင် လည်ပင်းကို သန့်ရှင်းလိုက်လို့ ရပါပြီ။ ဒီနည်းကိုလည်း နေ့စဉ်ပြုလုပ်ပေးလို့ ရပါတယ်။

လည်ပင်း အမြဲနုပျိုလှပပြီး ကြည့်ကောင်းနေစေဖို့

၁။ ကော်လဂျင် သောက်သုံးပါ။

ကော်လဂျင်ကို သင့်ရဲ့ နေ့စဉ် အစားအစာတွေထဲမှာ ထည့်သွင်းစားသုံးပါ။ ဒါပေမယ့် ကော်လဂျင် အမျိုးအစားက အများကြီး ရှိတာကြောင့် မသောက်သုံးခင်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၂။ ရေမွှေးဆွတ်ခြင်းကို ရှောင်ကြဉ်ပါ။

ရေမွှေးမှာ alcohol ပါတာကြောင့် အလွန်အကျွံဆွတ်ရင် အသားအရေကို ခြောက်သွေ့စေပါတယ်။ အဲဒါကြောင့် လည်ပင်းမှာ ရေမွှေးဆွတ်မယ့်အစား အခြားနေရာတွင်သာ ဆွတ်ပါ။

၃။ ဗီတာမင် စီ

Skin care တွေမှာ ဗီတာမင်စီပ မပါမဖြစ်ပါပဲ။ ဗီတာမင်စီကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ serum, cream တွေက လည်ပင်းအသားအရေကို တင်းရင်းစေပါတယ်။

၄။ အသားအရေကို ဂျီးချွတ်ပါ။

မျက်နှာနဲ့ လည်ပင်းမှာ ဆဲလ်သေတွေနဲ့ ချွေးပေါက်တွေက သန်းပေါင်းများစွာ ရှိပါတယ်။ ဆဲလ်သေတွေနဲ့ ချွေးပေါက်တွေက အသားအရေကို မလှမပ ဖြစ်စေမှာပါ။ အဲဒါကြောင့် scrub တွေသုံးပြီး လည်ပင်းကို ချေးချွတ်ပေးလို့ ရပါတယ်။

၅။ အသားအရေကို ရေဓါတ်ဖြည့်ပါ။

အသားအရေ ရေဓါတ်ပြည့်ဖို့ အလွယ်ကူဆုံးနည်းက ရေများများသောက်တာပါ။ ရေဓါတ်ဖြည့် cream တွေဟာလည်း ထိရောက်ပါတယ်။

၆။ ကိုယ်အလေးချိန်ကို လျှော့ချပါ။

ကိုယ်အလေးချိန် များတဲ့အခါမှာလည်း လည်ပင်းမှာ အရစ်တွေ ပေါ်လာစေပါတယ်။ လည်ပင်းမှာ အဆီရစ်တွေနဲ့ဆို အလှအပတွေ လျော့ကျကုန်မှာပါ။ အဲဒါကြောင့် သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန် ရှိဖို့လည်း အရေးကြီးပါတယ်။

Zombie (Lovemedia)

for zawgyi

အသက္ႀကီးလာရင္ေပၚလာတဲ့ လည္ပင္းအေရးအေၾကာင္းေတြကို ဖယ္ရွားဖို႔ အထိေရာက္ဆုံးနည္းလမ္း (၆) ခု

အသက္ႀကီးလာတဲ့အခါ လည္ပင္းမွာ အေရးအေၾကာင္းေတြ ျဖစ္လာပါတယ္။ မ်က္ႏွာကို ႏုပ်ိဳေအာင္ ျပင္ဆင္ၾကသလို လည္ပင္းအသားအေရကိုလည္း တင္းရင္းႏုပ်ိဳေအာင္ ဂ႐ုစိုက္ဖို႔ လိုပါတယ္။ အဲဒါမွ ၿပီးျပည့္စုံတဲ့ အလွပိုင္ရွင္ ျဖစ္သြားမွာပါ။ လည္ပင္းမွာ အေရးအေၾကာင္းေတြ ကင္းေစမယ့္ နည္းလမ္းေလးေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ေက်ာက္ခဲပူနဲ႔ ႏွိပ္နယ္ျခင္း

ေက်ာက္တုံးကို အပူေပးၿပီး လည္ပင္းကို ႏွိပ္နယ္ေပးတာက အေရးအေၾကာင္းေတြကို သက္သာေစပါတယ္။ လည္ပင္းအသားအေရကိုလည္း တင္းရင္းေစပါတယ္။ ဒါေပမယ့္ ဒီနည္းလမ္းကိုေတာ့ ကြၽမ္းက်င္တဲ့သူနဲ႔ပဲ လုပ္သင့္ပါတယ္။

၂။ Almond oil

လည္ပင္းကို almond oil နဲ႔ ပုံမွန္လိမ္းေပးရင္ သိသာတဲ့ရလဒ္ကို ေတြ႕ရမွာပါ။ Almond oil မွာ ဗီတာမင္ E ပါတာေၾကာင့္ လည္ပင္း အေရးအေၾကာင္းေတြကို ေလွ်ာ့ခ်ဖို႔ ကူညီေပးပါတယ္။

၃။ ေလ့က်င့္ခန္းမ်ား

လည္ပင္းမွာ အေရးအေၾကာင္းေတြ နည္းေစဖို႔ ေလ့က်င့္ခန္းကလည္း အေရးႀကီးပါတယ္။ မ်က္ႏွာကို ေမာ့လိုက္၊ ငုံ႔လိုက္လုပ္တဲ့ ေလ့က်င့္ခန္းက မ်က္ႏွာက အဆီေတြကို က်ေစ႐ုံမက လည္ပင္း အလွအပကိုလည္း ေပၚလြင္ေစပါတယ္။

၄။ လည္ပင္းအတြက္ Mask

သခြားသီး mask

သခြားသီးမွာ ေရဓါတ္ ၉၅ ရာခိုင္ႏႈန္း ပါဝင္ပါတယ္။ အဲဒါေၾကာင့္ လည္ပင္းအသားအေရ စိုေျပဖို႔အတြက္ သခြားသီးက အမ်ားႀကီး ကူညီေပးႏိုင္ပါတယ္။

သခြားသီးတစ္လုံး

ဒိန္ခ်ဥ္လက္ဖက္ရည္ဇြန္း ၂ ဇြန္း

Almond oil ၅ စက္

ႏွင္းဆီရည္ ခြက္ေသးတစ္ခြက္

ပိတ္စပါးတစ္႐ြက္

- သခြားသီးကို ျခစ္နဲ႔ျခစ္ၿပီး ပန္းကန္လုံး တစ္လုံးထဲကို ထည့္ပါ။

- ၿပီးရင္ ဒိန္ခ်ဥ္နဲ႔ almond oil ထည့္ပါ။

- ေသခ်ာေရာေမႊၿပီးရင္ လည္ပင္းမွာ ေသေသခ်ာခ်ာ သုတ္လိမ္းၿပီး နာရီဝက္ၾကာေအာင္ ထားပါ။

- နာရီဝက္ၾကာရင္ လည္ပင္းကို သန႔္ရွင္းေရး လုပ္ပါ။

- ႏွင္းဆီရည္ကို ပိတ္ပါးေလးနဲ႔ တို႔ၿပီး လည္ပင္းမွာ လိမ္းေပးပါ။ အဲဒီအခါ လည္ပင္းမွာ ေရဓါတ္ျပည့္ၿပီး လွပေနမွာပါ။ ဒီနည္းကို ေန႔စဥ္လုပ္ေပးလို႔ ရပါတယ္။

ငွက္ေပ်ာသီး mask

ငွက္ေပ်ာသီးတစ္လုံး

ဒိန္ခ်ဥ္လက္ဖက္ရည္ဇြန္း ၄ ဇြန္း

ပ်ားရည္လက္ဖက္ရည္ဇြန္း ၂ ဇြန္း

- ငွက္ေပ်ာသီးတစ္လုံးကို ေခ်ၿပီး ပန္းကန္လုံးတစ္လုံးထဲကို ထည့္ပါ။

- ၿပီးရင္ ပ်ားရည္နဲ႔ ဒိန္ခ်ဥ္ကို ထပ္ထည့္ပါ။

- ပါဝင္ပစၥည္းေတြကို ေသခ်ာေရာေမႊပါ။

- လည္ပင္းမွာ ေသေသခ်ာခ်ာ လိမ္းေပးၿပီး တစ္နာရီၾကာထားပါ။

- ၿပီးရင္ လည္ပင္းကို သန႔္ရွင္းလိုက္လို႔ ရပါၿပီ။ ဒီနည္းကိုလည္း ေန႔စဥ္ျပဳလုပ္ေပးလို႔ ရပါတယ္။

လည္ပင္း အၿမဲႏုပ်ိဳလွပၿပီး ၾကည့္ေကာင္းေနေစဖို႔

၁။ ေကာ္လဂ်င္ ေသာက္သုံးပါ။

ေကာ္လဂ်င္ကို သင့္ရဲ႕ ေန႔စဥ္ အစားအစာေတြထဲမွာ ထည့္သြင္းစားသုံးပါ။ ဒါေပမယ့္ ေကာ္လဂ်င္ အမ်ိဳးအစားက အမ်ားႀကီး ရွိတာေၾကာင့္ မေသာက္သုံးခင္မွာ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။

၂။ ေရေမႊးဆြတ္ျခင္းကို ေရွာင္ၾကဥ္ပါ။

ေရေမႊးမွာ alcohol ပါတာေၾကာင့္ အလြန္အကြၽံဆြတ္ရင္ အသားအေရကို ေျခာက္ေသြ႕ေစပါတယ္။ အဲဒါေၾကာင့္ လည္ပင္းမွာ ေရေမႊးဆြတ္မယ့္အစား အျခားေနရာတြင္သာ ဆြတ္ပါ။

၃။ ဗီတာမင္ စီ

Skin care ေတြမွာ ဗီတာမင္စီပ မပါမျဖစ္ပါပဲ။ ဗီတာမင္စီကို အေျခခံၿပီး ထုတ္လုပ္ထားတဲ့ serum, cream ေတြက လည္ပင္းအသားအေရကို တင္းရင္းေစပါတယ္။

၄။ အသားအေရကို ဂ်ီးခြၽတ္ပါ။

မ်က္ႏွာနဲ႔ လည္ပင္းမွာ ဆဲလ္ေသေတြနဲ႔ ေခြၽးေပါက္ေတြက သန္းေပါင္းမ်ားစြာ ရွိပါတယ္။ ဆဲလ္ေသေတြနဲ႔ ေခြၽးေပါက္ေတြက အသားအေရကို မလွမပ ျဖစ္ေစမွာပါ။ အဲဒါေၾကာင့္ scrub ေတြသုံးၿပီး လည္ပင္းကို ေခ်းခြၽတ္ေပးလို႔ ရပါတယ္။

၅။ အသားအေရကို ေရဓါတ္ျဖည့္ပါ။

အသားအေရ ေရဓါတ္ျပည့္ဖို႔ အလြယ္ကူဆုံးနည္းက ေရမ်ားမ်ားေသာက္တာပါ။ ေရဓါတ္ျဖည့္ cream ေတြဟာလည္း ထိေရာက္ပါတယ္။

၆။ ကိုယ္အေလးခ်ိန္ကို ေလွ်ာ့ခ်ပါ။

ကိုယ္အေလးခ်ိန္ မ်ားတဲ့အခါမွာလည္း လည္ပင္းမွာ အရစ္ေတြ ေပၚလာေစပါတယ္။ လည္ပင္းမွာ အဆီရစ္ေတြနဲ႔ဆို အလွအပေတြ ေလ်ာ့က်ကုန္မွာပါ။ အဲဒါေၾကာင့္ သင့္တင့္မွ်တတဲ့ ကိုယ္အေလးခ်ိန္ ရွိဖို႔လည္း အေရးႀကီးပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments