ကိုယ်ချင်းစာတရား

"ရေခဲမုန့် တခု ဘယ်လောက်လဲ"

"၅၀၀ ပါ"

"ဒီထက် ဈေးပေါတာ မရှိဘူးလား"

"ရှိတယ်၊ ၃၀၀ တန် ရှိတယ်" ရေခဲမုန့် ရောင်းနေတဲ့ ကောင်လေးက စိတ်မရှည်သလို ပြောလိုက်တယ်။

ရေခဲမုန့် ဝယ်တဲ့ ကောင်လေးကို ကြည့်လိုက်တော့ ၁၃ နှစ် အရွယ် ကောင်လေး။ ငွေကြေး တတ်နိုင်တဲ့ အသိုင်းအဝိုင်း ကမှန်း သိသာပါတယ်။ ဒါပေမယ့် ကပ်စီးအိုး ထင်ပါရဲ့။

ဈေးပေါတာကို မေးနေတယ် ဆိုတော့ မဆီမဆိုင် ဘေးကနေ ကျွန်တော် အကဲဖြတ်နေ မိတယ်။ ရေခဲမုန့် ရောင်းတဲ့ ကောင်လေး ကတော့ ခပ်နွမ်းနွမ်း ရယ်ပါ။ နောက် အရောင်း အဝယ်က တည့်သွားပါတယ်။

ကောင်လေးက ၃၀၀ တန် ရေခဲမုန့်ကို ယူလိုက်တယ်။ ပြီးတော့ ဘောင်းဘီအိတ်ထဲက ၅၀၀ တန် တရွက် ထုတ်ပေးတယ်။ ပြီးတော့ ကောင်လေးက စကားတခွန်း ပြောတယ်။

"ရော့ ၅၀၀၊ ၂၀၀ ကို ပြန်မအမ်းနဲ့၊ မင်းယူလိုက်တော့။

ငါတို့ ကစားနေချိန်မှာ မင်းက ဈေးရောင်းနေ ရတော့ ငါ ကိုယ်ချင်းစာ ပါတယ်။

ငါ ရတဲ့ မုန့်ဖိုးကို တခုခု မဝယ်စား ရင်လည်း အမေက ငါ့ကို ဆူလိမ့်မယ်။ ဒါကြောင့် ငါက ဈေးပေါတာ ကြိုမေးပြီး ဝယ်စား တာပါ။

မင်းလည်း ၂၀၀ ဖိုးလောက် ရေခဲမုန့် စားချင် စားပေါ့။ ဒါမှမဟုတ် တခုခု ဝယ်စားပေါ့"

ကျွန်တော် နဲနဲလေး ရှက်သွားတယ်။ မျှဝေ ပေးတယ် ဆိုတာ ကိုလည်း ကျွန်တော် ခုမှ သဘောပေါက်လိုက် မိတယ်။ ပြီးတော့ ကိုယ်ချင်းစာတယ် ဆိုတာ ကိုရောပေါ့။

crd

Zawgyi

ကိုယ္ခ်င္းစာတရား

"ေရခဲမုန႔္ တခု ဘယ္ေလာက္လဲ"

"၅၀၀ ပါ"

"ဒီထက္ ေဈးေပါတာ မရွိဘူးလား"

"ရွိတယ္၊ ၃၀၀ တန္ ရွိတယ္" ေရခဲမုန႔္ ေရာင္းေနတဲ့ ေကာင္ေလးက စိတ္မရွည္သလို ေျပာလိုက္တယ္။

ေရခဲမုန႔္ ဝယ္တဲ့ ေကာင္ေလးကို ၾကည့္လိုက္ေတာ့ ၁၃ ႏွစ္ အ႐ြယ္ ေကာင္ေလး။ ေငြေၾကး တတ္ႏိုင္တဲ့ အသိုင္းအဝိုင္း ကမွန္း သိသာပါတယ္။ ဒါေပမယ့္ ကပ္စီးအိုး ထင္ပါရဲ႕။

ေဈးေပါတာကို ေမးေနတယ္ ဆိုေတာ့ မဆီမဆိုင္ ေဘးကေန ကြၽန္ေတာ္ အကဲျဖတ္ေန မိတယ္။ ေရခဲမုန႔္ ေရာင္းတဲ့ ေကာင္ေလး ကေတာ့ ခပ္ႏြမ္းႏြမ္း ရယ္ပါ။ ေနာက္ အေရာင္း အဝယ္က တည့္သြားပါတယ္။

ေကာင္ေလးက ၃၀၀ တန္ ေရခဲမုန႔္ကို ယူလိုက္တယ္။ ၿပီးေတာ့ ေဘာင္းဘီအိတ္ထဲက ၅၀၀ တန္ တ႐ြက္ ထုတ္ေပးတယ္။ ၿပီးေတာ့ ေကာင္ေလးက စကားတခြန္း ေျပာတယ္။

"ေရာ့ ၅၀၀၊ ၂၀၀ ကို ျပန္မအမ္းနဲ႔၊ မင္းယူလိုက္ေတာ့။

ငါတို႔ ကစားေနခ်ိန္မွာ မင္းက ေဈးေရာင္းေန ရေတာ့ ငါ ကိုယ္ခ်င္းစာ ပါတယ္။

ငါ ရတဲ့ မုန႔္ဖိုးကို တခုခု မဝယ္စား ရင္လည္း အေမက ငါ့ကို ဆူလိမ့္မယ္။ ဒါေၾကာင့္ ငါက ေဈးေပါတာ ႀကိဳေမးၿပီး ဝယ္စား တာပါ။

မင္းလည္း ၂၀၀ ဖိုးေလာက္ ေရခဲမုန႔္ စားခ်င္ စားေပါ့။ ဒါမွမဟုတ္ တခုခု ဝယ္စားေပါ့"

ကြၽန္ေတာ္ နဲနဲေလး ရွက္သြားတယ္။ မွ်ေဝ ေပးတယ္ ဆိုတာ ကိုလည္း ကြၽန္ေတာ္ ခုမွ သေဘာေပါက္လိုက္ မိတယ္။ ၿပီးေတာ့ ကိုယ္ခ်င္းစာတယ္ ဆိုတာ ကိုေရာေပါ့။

crd

Post a Comment

0 Comments