ပါးစပ်ကထွက်သော စကားကြောင့်

တခါတုန်းက ရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့ အချိန်မှာ တပါးက မေးတယ်။ အသက်ကလည်း ငယ်တယ်၊ အရွယ်လည်း ရှိပါရဲ့နဲ့ ဘာ့ကြောင့်အိမ်ထောင် မပြုတာလဲ ဆိုတော့ တပါးက သူ့ဇာတ်ကြောင်းကို ပြောပြတယ်။

သူမဟာ ဘဝတခုမှာ ကုန်သည်တယောက်နဲ့ လက်ထပ်ခဲ့တယ်။ ပေါင်းသင်းပြီး မကြာခင်မှာဘဲ ယောင်္ကျားက ကုန်ကူး သွားတော့ သူ့မှာ ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်။ ယောက္ခမတွေက သူ့သားနဲ့ ရတဲ့ ကိုယ်ဝန် မဟုတ်ဘူး ဆိုပြီး နှင်ချလိုက်တယ်။ ဗိုက်တလုံးနဲ့ ထွက်သွားခဲ့ ရတယ်။

အဲ့ဒီနောက် ဇရပ်တခုကို ရောက်တော့ ဗိုက်နာပြီး ကလေးမွေးတယ်။ ကလေးကို ဇရပ်မှာ ခဏထားပြီး ရေသွားရှာ နေတုန်း ခရီးသွားတယောက်က စွန့်ပစ်ထားတဲ့ ကလေး ဆိုပြီး ယူသွားတယ်။

ဒီလိုနဲ့ စိတ်လေပြီး လျောက်သွားနေတုန်း ဓါးပြဗိုလ်ကြီးနဲ့ တွေ့ပြီး ပေါင်းသင်းခဲ့ ပြန်တယ်။ မိန်းကလေး တယောက် မွေးတယ်။ တနေ့မှာတော့ ကလေးက ပုခက်ထဲက ပြုတ်ကျပြီး ခေါင်းမှာ ဒဏ်ရာရလို့ ယောင်္ကျားကို ကြောက်ပြီး ထွက်ပြေးခဲ့ ပြန်တယ်။

အဲဒီလိုနဲ့ တယောက်ထဲ နှစ်ပေါင်းများစွာ လျှောက်သွားနေတုန်း ကုန်သည်လေး တယောက်နဲ့ တွေ့ပြီး အိမ်ထောင် ပြုလိုက်ပြန်တယ်။ အဲဒီ ကုန်သည် ပေါက်စလေးနဲ့ ပေါင်းသင်း နေတုန်းမှာပဲ တနေ့ ကုန်သည်လေးက မိန်းမငယ်ငယ်လေး တယောက်ကို ခေါ်လာပြန်လို့ နှစ်ယောက် ပေါင်းရ ပြန်တယ်။

တနေ့တော့ မယား အငယ်လေးကို သန်းရှာပေးနေတုန်း ခေါင်းက ဒဏ်ရာကို တွေ့တော့ သူ့သမီး ဒဏ်ရာနဲ့ တူလိုက်တာလို့ တွေးပြီး ဇာတိကိုမေးကြည့်တော့ တကယ်ပဲ ဓါးပြဗိုလ်ကြီးနဲ့ ရခဲ့တဲ့ သူ့သမီး ဖြစ်နေ ပါတော့တယ်။

သားအမိ နှစ်ယောက် ယူကြုံးမရ ဖြစ်နေပြီး သူတို့လင်ကို ပြောပြတော့ သူ့လင်ကလည်း တချိန်က ဇရပ်မှာ ပျောက်သွားတဲ့ သူ့သားလေး ဖြစ်နေပြန်တယ်။ ဆိုးလိုက်တဲ့ အဖြစ်ရယ်နော်။

ရဟန္တာ ထေရီမကြီးက သူ့ဘဝ ဇာတ်ကြောင်းကို ပြောပြပြီး သူလောကီမှာ မနေဝံ့တော့လို့ တရားထူး ရအောင် အားထုတ်ရတာပါ လို့ ပြောပြခဲ့ပါတယ်။ အဲဒါဟာ သူ "မအေ" နဲ့ တပ်ပြီး ဆဲခဲ့မိလို့ ပြန်လည် ပေးဆပ်ရတာ ပါတဲ့။ ဘယ်လောက်ထိ ကြောက်စရာ ကောင်းလိုက်ပါသလဲ။

ဒါ့ကြောင့် ဘာကြောင်းနဲ့ပဲ ဖြစ်ဖြစ်၊ ဘယ်လောက်ဘဲ ဒေါသထွက်နေပါစေ၊ သူတပါးကို "မအေ" နဲ့ တပ်ပြီး မဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ သတိပေးချင်ပါတယ်။

ကုသိုလ် ရစေတာလည်း ဒီပါးစပ်၊ အကုသိုလ် ဖြစ်စေတာလည်း ဒီပါးစပ် ပါပဲ။ ဘုရားရှင်က "ပါးစပ်" က ထွက်တဲ့ စကားလုံးတွေဟာ အကျိုး မခံစားရဘဲ ပျောက်ပျက် မသွားပါဘူး လို့ ဆိုပါတယ်။ ပါးစပ် စည်းကမ်း ရှိနိုင်ကြပါစေ။

crd

Zawgyi

ပါးစပ္ကထြက္ေသာ စကားေၾကာင့္

တခါတုန္းက ရဟႏၲာေထရီမႀကီးႏွစ္ပါး ထိုင္ေနတဲ့ အခ်ိန္မွာ တပါးက ေမးတယ္။ အသက္ကလည္း ငယ္တယ္၊ အ႐ြယ္လည္း ရွိပါရဲ႕နဲ႔ ဘာ့ေၾကာင့္အိမ္ေထာင္ မျပဳတာလဲ ဆိုေတာ့ တပါးက သူ႔ဇာတ္ေၾကာင္းကို ေျပာျပတယ္။

သူမဟာ ဘဝတခုမွာ ကုန္သည္တေယာက္နဲ႔ လက္ထပ္ခဲ့တယ္။ ေပါင္းသင္းၿပီး မၾကာခင္မွာဘဲ ေယာက်ၤားက ကုန္ကူး သြားေတာ့ သူ႔မွာ ကိုယ္ဝန္နဲ႔ က်န္ခဲ့တယ္။ ေယာကၡမေတြက သူ႔သားနဲ႔ ရတဲ့ ကိုယ္ဝန္ မဟုတ္ဘူး ဆိုၿပီး ႏွင္ခ်လိုက္တယ္။ ဗိုက္တလုံးနဲ႔ ထြက္သြားခဲ့ ရတယ္။

အဲ့ဒီေနာက္ ဇရပ္တခုကို ေရာက္ေတာ့ ဗိုက္နာၿပီး ကေလးေမြးတယ္။ ကေလးကို ဇရပ္မွာ ခဏထားၿပီး ေရသြားရွာ ေနတုန္း ခရီးသြားတေယာက္က စြန႔္ပစ္ထားတဲ့ ကေလး ဆိုၿပီး ယူသြားတယ္။

ဒီလိုနဲ႔ စိတ္ေလၿပီး ေလ်ာက္သြားေနတုန္း ဓါးျပဗိုလ္ႀကီးနဲ႔ ေတြ႕ၿပီး ေပါင္းသင္းခဲ့ ျပန္တယ္။ မိန္းကေလး တေယာက္ ေမြးတယ္။ တေန႔မွာေတာ့ ကေလးက ပုခက္ထဲက ျပဳတ္က်ၿပီး ေခါင္းမွာ ဒဏ္ရာရလို႔ ေယာက်ၤားကို ေၾကာက္ၿပီး ထြက္ေျပးခဲ့ ျပန္တယ္။

အဲဒီလိုနဲ႔ တေယာက္ထဲ ႏွစ္ေပါင္းမ်ားစြာ ေလွ်ာက္သြားေနတုန္း ကုန္သည္ေလး တေယာက္နဲ႔ ေတြ႕ၿပီး အိမ္ေထာင္ ျပဳလိုက္ျပန္တယ္။ အဲဒီ ကုန္သည္ ေပါက္စေလးနဲ႔ ေပါင္းသင္း ေနတုန္းမွာပဲ တေန႔ ကုန္သည္ေလးက မိန္းမငယ္ငယ္ေလး တေယာက္ကို ေခၚလာျပန္လို႔ ႏွစ္ေယာက္ ေပါင္းရ ျပန္တယ္။

တေန႔ေတာ့ မယား အငယ္ေလးကို သန္းရွာေပးေနတုန္း ေခါင္းက ဒဏ္ရာကို ေတြ႕ေတာ့ သူ႔သမီး ဒဏ္ရာနဲ႔ တူလိုက္တာလို႔ ေတြးၿပီး ဇာတိကိုေမးၾကည့္ေတာ့ တကယ္ပဲ ဓါးျပဗိုလ္ႀကီးနဲ႔ ရခဲ့တဲ့ သူ႔သမီး ျဖစ္ေန ပါေတာ့တယ္။

သားအမိ ႏွစ္ေယာက္ ယူႀကဳံးမရ ျဖစ္ေနၿပီး သူတို႔လင္ကို ေျပာျပေတာ့ သူ႔လင္ကလည္း တခ်ိန္က ဇရပ္မွာ ေပ်ာက္သြားတဲ့ သူ႔သားေလး ျဖစ္ေနျပန္တယ္။ ဆိုးလိုက္တဲ့ အျဖစ္ရယ္ေနာ္။

ရဟႏၲာ ေထရီမႀကီးက သူ႔ဘဝ ဇာတ္ေၾကာင္းကို ေျပာျပၿပီး သူေလာကီမွာ မေနဝံ့ေတာ့လို႔ တရားထူး ရေအာင္ အားထုတ္ရတာပါ လို႔ ေျပာျပခဲ့ပါတယ္။ အဲဒါဟာ သူ "မေအ" နဲ႔ တပ္ၿပီး ဆဲခဲ့မိလို႔ ျပန္လည္ ေပးဆပ္ရတာ ပါတဲ့။ ဘယ္ေလာက္ထိ ေၾကာက္စရာ ေကာင္းလိုက္ပါသလဲ။

ဒါ့ေၾကာင့္ ဘာေၾကာင္းနဲ႔ပဲ ျဖစ္ျဖစ္၊ ဘယ္ေလာက္ဘဲ ေဒါသထြက္ေနပါေစ၊ သူတပါးကို "မေအ" နဲ႔ တပ္ၿပီး မဆဲျဖစ္ေအာင္ ဂ႐ုစိုက္ၾက ပါလို႔ သတိေပးခ်င္ ပါတယ္။

ကုသိုလ္ ရေစတာလည္း ဒီပါးစပ္၊ အကုသိုလ္ ျဖစ္ေစတာလည္း ဒီပါးစပ္ ပါပဲ။ ဘုရားရွင္က "ပါးစပ္" က ထြက္တဲ့ စကားလုံးေတြဟာ အက်ိဳး မခံစားရဘဲ ေပ်ာက္ပ်က္ မသြားပါဘူး လို႔ ဆိုပါတယ္။ ပါးစပ္ စည္းကမ္း ရွိႏိုင္ၾကပါေစ။

crd

Post a Comment

0 Comments