ခြင်္သေ့ကြီးနှင့် ကြွက်ကလေး

တခါတုန်းက အိပ်ပျော်နေတဲ့ ခြင်္သေ့ကြီး အပေါ်ကို ပြေးလွှားမိတဲ့ ကြွက်ကလေးကို ခြင်္သေ့ကြီးက ဖမ်းချုပ်လိုက် ပါတယ်။ အိပ်ရေးပျက် သွားတဲ့အတွက် ဒေါသတကြီးနဲ့ ဖမ်းချုပ်လိုက်တဲ့ ခြင်္သေ့ကြီးကို ကြွက်ကလေးက သူ့ကိုမစားပါနဲ့ ဆိုပြီး တောင်းပန်ပါတယ်။

အဲဒီ့အခါမှာ ခြင်္သေ့ကြီးက မင်းကို လွှတ်ပေးလိုက်ရင် ငါ့ကို ဘာပြန်ပေးနိုင်မှာလဲ ဆိုပြီး မေးပါတယ်။ ကြွက်ကလေးက သူ့ကို လွှတ်လိုက်ရတဲ့ အကျိုးကို တနေ့ ခြင်္သေ့ကြီး ပြန်ခံစားရမှာပါလို့ ပြောခဲ့ပါတယ်။

ကြွက်ကလေးရဲ့ အပြောကို ခြင်္သေ့ကြီးက လှောင်တဲ့ အနေနဲ့ အော်ရယ်လိုက်ပါတယ်။ "မင်းလို့ ပိစိညှောင့်တောက် ကြွက်ကလေး တကောင်ကများ ငါ့ကို ဘာပြန်လုပ်ပေး နိုင်မှာလဲ။

ကဲ ဒီတခါတော့ လွှတ်ပေးလိုက်မယ်၊ နောက်တခေါက်ဆို နာမယ်မှတ်" ဆိုပြီး လွှတ်ပေးလိုက်ပါတယ်။

ကြွက်ကလေးကလည်း ခြင်္သေ့ကြီးက အသက်ကို ချမ်းသာပေးခဲ့တဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ် လို့ ပြောပြီး ပြေးထွက်သွား ခဲ့ပါတယ်။

တနေ့မှာတော့ အစာရှာနေတဲ့ ခြင်္သေ့ကြီးဟာ မုဆိုးတယောက်ရဲ့ ပိုက်ကွန်မှာ အဖမ်းခံရ ပါတော့တယ်။ ပိုက်ကွန်က ခြင်္သေ့ကြီးရဲ့ တကိုယ်လုံးကို ချုပ်ထားသလို ဖြစ်နေတဲ့ အတွက် ခြင်္သေ့ကြီး ရုန်းနေတာကလည်း အချည်းနှီးပါပဲ။ ဒေါသ အရမ်းထွက်တဲ့ ခြင်္သေ့ဟာ အော်ဟစ် ဟိန်းဟောက်ရုံက လွဲပြီး ဘာမှ မတတ်နိုင်ပါဘူး။

အဲဒီ့အချိန်မှာ ခြင်္သေ့ကြီး လွှတ်ပေးခဲ့တဲ့ ကြွက်ကလေးက ခြင်္သေ့ကြီးရဲ့ ဟိန်းဟောက်သံကြောင့် အနီးနားကို ပြေးလာခဲ့ပါတယ်။ ခြင်္သေ့ကြီးကို မြင်တဲ့အခါ သူ့အသက်ကို လွှတ်ပေးခဲ့တဲ့ ခြင်္သေ့ကြီးကို ကယ်ဆယ်ဖို့ ကြိုးစားပါတော့တယ်။

ကြွက်ကလေးက သူ့ရဲ့သွားတွေနဲ့ ခြင်္သေ့ကြီးရဲ့ အပေါ်က ပိုက်ကွန်တွေကို ကြိုးစားပမ်းစား ကိုက်ဖြတ် ပါတော့တယ်။ နောက်ဆုံးမှာတော့ မုဆိုး မလာခင်မှာပဲ ကြွက်ကလေး ကိုက်ဖြတ်ပေးခဲ့လို့ ခြင်္သေ့ကြီးက လွတ်မြောက် သွားခဲ့ရပါတယ်။

ခြင်္သေ့ကြီးဟာ သူ အထင်သေးခဲ့မိတဲ့ ကြွက်ကလေးကို တောင်းပန်စကား ဆိုပြီး သူတို့ နှစ်ဦးဟာ ချစ်ချစ်ခင်ခင်နဲ့ နေထိုင်သွားကြ ပါတော့တယ်။

လောကမှာ လူတိုင်းဟာလည်း အဆင့်နှိမ့်သည် ဖြစ်စေ၊ အဆင့်မြင့်သည် ဖြစ်စေ၊ သူ့နေရာနဲ့သူ တန်ဖိုး ရှိကြပါတယ်။ နောက်ပြီး တခါလောက် အကြင်နာတရား ထားလိုက်ခြင်းက တချိန်မှာ ပြန်လည် အကျိုးရှိနိုင်တယ် ဆိုရင် လူတိုင်းအပေါ် အကြင်နာထား ဆက်ဆံခြင်းက အကျိုးကျေးဇူး များကြောင်း ဒီပုံပြင်လေးက ပြောပြနေပါတယ်။

Bawa

Zawgyi

ျခေသၤ့ႀကီးႏွင့္ ႂကြက္ကေလး

တခါတုန္းက အိပ္ေပ်ာ္ေနတဲ့ ျခေသၤ့ႀကီး အေပၚကို ေျပးလႊားမိတဲ့ ႂကြက္ကေလးကို ျခေသၤ့ႀကီးက ဖမ္းခ်ဳပ္လိုက္ ပါတယ္။ အိပ္ေရးပ်က္ သြားတဲ့အတြက္ ေဒါသတႀကီးနဲ႔ ဖမ္းခ်ဳပ္လိုက္တဲ့ ျခေသၤ့ႀကီးကို ႂကြက္ကေလးက သူ႔ကိုမစားပါနဲ႔ ဆိုၿပီး ေတာင္းပန္ပါတယ္။

အဲဒီ့အခါမွာ ျခေသၤ့ႀကီးက မင္းကို လႊတ္ေပးလိုက္ရင္ ငါ့ကို ဘာျပန္ေပးႏိုင္မွာလဲ ဆိုၿပီး ေမးပါတယ္။ ႂကြက္ကေလးက သူ႔ကို လႊတ္လိုက္ရတဲ့ အက်ိဳးကို တေန႔ ျခေသၤ့ႀကီး ျပန္ခံစားရမွာပါလို႔ ေျပာခဲ့ပါတယ္။

ႂကြက္ကေလးရဲ႕ အေျပာကို ျခေသၤ့ႀကီးက ေလွာင္တဲ့ အေနနဲ႔ ေအာ္ရယ္လိုက္ပါတယ္။ "မင္းလို႔ ပိစိေညႇာင့္ေတာက္ ႂကြက္ကေလး တေကာင္ကမ်ား ငါ့ကို ဘာျပန္လုပ္ေပး ႏိုင္မွာလဲ။ ကဲ ဒီတခါေတာ့ လႊတ္ေပးလိုက္မယ္၊ ေနာက္တေခါက္ဆို နာမယ္မွတ္" ဆိုၿပီး လႊတ္ေပးလိုက္ပါတယ္။

ႂကြက္ကေလးကလည္း ျခေသၤ့ႀကီးက အသက္ကို ခ်မ္းသာေပးခဲ့တဲ့ အတြက္ ေက်းဇူးအမ်ားႀကီး တင္ပါတယ္ လို႔ ေျပာၿပီး ေျပးထြက္သြား ခဲ့ပါတယ္။

တေန႔မွာေတာ့ အစာရွာေနတဲ့ ျခေသၤ့ႀကီးဟာ မုဆိုးတေယာက္ရဲ႕ ပိုက္ကြန္မွာ အဖမ္းခံရ ပါေတာ့တယ္။ ပိုက္ကြန္က ျခေသၤ့ႀကီးရဲ႕ တကိုယ္လုံးကို ခ်ဳပ္ထားသလို ျဖစ္ေနတဲ့ အတြက္ ျခေသၤ့ႀကီး ႐ုန္းေနတာကလည္း အခ်ည္းႏွီးပါပဲ။ ေဒါသ အရမ္းထြက္တဲ့ ျခေသၤ့ဟာ ေအာ္ဟစ္ ဟိန္းေဟာက္႐ုံက လြဲၿပီး ဘာမွ မတတ္ႏိုင္ပါဘူး။

အဲဒီ့အခ်ိန္မွာ ျခေသၤ့ႀကီး လႊတ္ေပးခဲ့တဲ့ ႂကြက္ကေလးက ျခေသၤ့ႀကီးရဲ႕ ဟိန္းေဟာက္သံေၾကာင့္ အနီးနားကို ေျပးလာခဲ့ပါတယ္။ ျခေသၤ့ႀကီးကို ျမင္တဲ့အခါ သူ႔အသက္ကို လႊတ္ေပးခဲ့တဲ့ ျခေသၤ့ႀကီးကို ကယ္ဆယ္ဖို႔ ႀကိဳးစားပါေတာ့တယ္။

ႂကြက္ကေလးက သူ႔ရဲ႕သြားေတြနဲ႔ ျခေသၤ့ႀကီးရဲ႕ အေပၚက ပိုက္ကြန္ေတြကို ႀကိဳးစားပမ္းစား ကိုက္ျဖတ္ ပါေတာ့တယ္။ ေနာက္ဆုံးမွာေတာ့ မုဆိုး မလာခင္မွာပဲ ႂကြက္ကေလး ကိုက္ျဖတ္ေပးခဲ့လို႔ ျခေသၤ့ႀကီးက လြတ္ေျမာက္ သြားခဲ့ရပါတယ္။

ျခေသၤ့ႀကီးဟာ သူ အထင္ေသးခဲ့မိတဲ့ ႂကြက္ကေလးကို ေတာင္းပန္စကား ဆိုၿပီး သူတို႔ ႏွစ္ဦးဟာ ခ်စ္ခ်စ္ခင္ခင္နဲ႔ ေနထိုင္သြားၾက ပါေတာ့တယ္။

ေလာကမွာ လူတိုင္းဟာလည္း အဆင့္ႏွိမ့္သည္ ျဖစ္ေစ၊ အဆင့္ျမင့္သည္ ျဖစ္ေစ၊ သူ႔ေနရာနဲ႔သူ တန္ဖိုး ရွိၾကပါတယ္။ ေနာက္ၿပီး တခါေလာက္ အၾကင္နာတရား ထားလိုက္ျခင္းက တခ်ိန္မွာ ျပန္လည္ အက်ိဳးရွိႏိုင္တယ္ ဆိုရင္ လူတိုင္းအေပၚ အၾကင္နာထား ဆက္ဆံျခင္းက အက်ိဳးေက်းဇူး မ်ားေၾကာင္း ဒီပုံျပင္ေလးက ေျပာျပေနပါတယ္။

Bawa

Post a Comment

0 Comments