အမေဆိုတာ

တခါတုန်းက အမျိုးသမီး တယောက်ဟာ သူ့ရင်သွေးလေးကို ပုခက်ထဲ ထည့်သိပ်ခဲ့ပြီး ခြံထဲက ရေဘုံပိုင်မှာ အဝတ်တွေ လျှေော်နေပါတယ်။

ဒါကို သူ့ရဲ့ အမေဖြစ်သူ အဖွားအိုက အိမ်ထဲကနေ လှမ်းမြင်တော့ သူ့သမီး နေပူနေတာမို့၊ နေပူထဲ မလျှော်ဖို့ အော်ပြောရှာ ပါတယ်။

သမီးဖြစ်သူက "ရပါတယ် အမေရဲ့၊ ဘာမှ မဖြစ်ပါဘူး" ဆိုပြီး နေပူထဲ ဆက်လုပ်မြဲ လုပ်နေတယ်။ အဖွားအိုကလည်း "ဟဲ့၊ နေပူထဲ မလုပ်ပါနဲ့ နေထိုင် မကောင်း ဖြစ်မယ်" ပေါ့၊ တတွတ်တွတ် ပြောလို့ မပြီးတော့ဘူး။

သမီးကလည်း သူ့ အမေစကားကို မကြားသလို နေလိုက်ရော ဆိုပါတော့။

သိပ်မကြာပါဘူး။

အဲဒီအချိန်မှာ သမီးဖြစ်သူက သူ့ရင်သွေးလေးရဲ့ အဲ့ခနဲ ငိုသံကို ကြားမိလို့ ကြည့်လိုက်တော့၊ အား လား လား သူ့ကလေးလေးကို အဖွားအိုက နေပူထဲ လာချထားတာကို တွေ့လိုက်တယ်။

အဲဒါနဲ့ သမီးဖြစ်သူက စိုးရိမ်တကြီးနဲ့ ဗြုန်းဆို ထ ရပ်၊ ကလေးဆီပြေး၊ ကလေးကို ပွေ့ချီ ချော့မြူ လိုက်ပြီး "အမေဘယ်လို လုပ်လိုက်တာလဲ၊ အမေ ဘာလို့ ဒီလို ရက်စက်ရ တာလဲ" လို့ အဖွားအိုကို အပြစ်တင်တာပေါ့။

အဖွားအိုက တခွန်းပဲ ပြောရှာတယ်။

"အေး အခု ညည်းရင်ထဲက အတိုင်းပဲ၊ ညည်းကို နေပူထဲမှာ မြင်နေရတုန်းက ငါဘယ်လို ခံစားရသလဲ ဆိုတာ သဘောပေါက်ပြီမလား"

"အော်၊ အမေရယ်"

crd

Zawgyi

အေမဆိုတာ

တခါတုန္းက အမ်ိဳးသမီး တေယာက္ဟာ သူ႔ရင္ေသြးေလးကို ပုခက္ထဲ ထည့္သိပ္ခဲ့ၿပီး ၿခံထဲက ေရဘုံပိုင္မွာ အဝတ္ေတြ ေလွ်ော္ေနပါတယ္။

ဒါကို သူ႔ရဲ႕ အေမျဖစ္သူ အဖြားအိုက အိမ္ထဲကေန လွမ္းျမင္ေတာ့ သူ႔သမီး ေနပူေနတာမို႔၊ ေနပူထဲ မေလွ်ာ္ဖို႔ ေအာ္ေျပာရွာ ပါတယ္။

သမီးျဖစ္သူက "ရပါတယ္ အေမရဲ႕၊ ဘာမွ မျဖစ္ပါဘူး" ဆိုၿပီး ေနပူထဲ ဆက္လုပ္ၿမဲ လုပ္ေနတယ္။ အဖြားအိုကလည္း "ဟဲ့၊ ေနပူထဲ မလုပ္ပါနဲ႔ ေနထိုင္ မေကာင္း ျဖစ္မယ္" ေပါ့၊ တတြတ္တြတ္ ေျပာလို႔ မၿပီးေတာ့ဘူး။

သမီးကလည္း သူ႔ အေမစကားကို မၾကားသလို ေနလိုက္ေရာ ဆိုပါေတာ့။

သိပ္မၾကာပါဘူး။

အဲဒီအခ်ိန္မွာ သမီးျဖစ္သူက သူ႔ရင္ေသြးေလးရဲ႕ အဲ့ခနဲ ငိုသံကို ၾကားမိလို႔ ၾကည့္လိုက္ေတာ့၊ အား လား လား သူ႔ကေလးေလးကို အဖြားအိုက ေနပူထဲ လာခ်ထားတာကို ေတြ႕လိုက္တယ္။

အဲဒါနဲ႔ သမီးျဖစ္သူက စိုးရိမ္တႀကီးနဲ႔ ျဗဳန္းဆို ထ ရပ္၊ ကေလးဆီေျပး၊ ကေလးကို ေပြ႕ခ်ီ ေခ်ာ့ျမဴ လိုက္ၿပီး "အေမဘယ္လို လုပ္လိုက္တာလဲ၊ အေမ ဘာလို႔ ဒီလို ရက္စက္ရ တာလဲ" လို႔ အဖြားအိုကို အျပစ္တင္တာေပါ့။

အဖြားအိုက တခြန္းပဲ ေျပာရွာတယ္။

"ေအး အခု ညည္းရင္ထဲက အတိုင္းပဲ၊ ညည္းကို ေနပူထဲမွာ ျမင္ေနရတုန္းက ငါဘယ္လို ခံစားရသလဲ ဆိုတာ သေဘာေပါက္ၿပီမလား"

"ေအာ္၊ အေမရယ္"

crd

Post a Comment

0 Comments