သင်က တခြားသူတွေထက် ပိုပြီး ခြင်ကိုက်ခံရတဲ့အကြောင်းရင်း (၇) ခု
ခြင်တွေကလည်း လူသားတွေလိုပဲ အရသာရှိတဲ့ အစားအစာကို ရွေးပြီးစားတတ်ပါတယ်။ ခြင်တွေက တွေ့ကရာလူကို ကိုက်ပြီးတော့ သွေးမစုပ်တတ်ပါဘူး။
အဲဒါကြောင့် တချို့တွေဆိုရင် လူအများကြီး ရှိနေတာတောင် သူ့တစ်ယောက်တည်းကို ကွက်ပြီး ခြင်ရွေးကိုက်တတ်ပါတယ်။ ခြင်က လူတွေကို ရွေးပြီး ကိုက်တတ်တဲ့ အကြောင်းအရင်းကို ဖော်ပြပေးပါမယ်နော်။
၁။ သွေးအမျိုးအစား
ခြင်တွေက သူတို့ကြိုက်တဲ့ သွေးအမျိုးအစားကို ရွေးပြီး ကိုက်တတ်ပါတယ်။ ခြင်အကိုက်အခံရဆုံး သွေးအမျိုးအစားကတော့ အိုသွေးပါ။ တစ်ခါတရံ ဘီသွေးတွေကိုလည်း ခြင်တွေက ရွေးကိုက်တတ်ပါတယ်။
၂။ အရေပြားပေါ်က ဘက်တီးရီးယားများ
၂၀၁၁ ခုနှစ်က လေ့လာချက် တစ်ခုအရ ခြင်တွေက အရေပြားပေါ်က ဘက်တီးရီးယားတွေ ကြောင့်လည်း ကိုက်တတ်ပါတယ်။ ခြေကျင်းဝတ်နဲ့ ခြေထောက်မှာ ဘက်တီးရီးယားတွေ ပိုပြီးနေနိုင်တာကြောင့် အဲဒီနေရာတွေကို ခြင်ပိုကိုက်ပါတယ်။
၃။ အဝတ်အစားအရောင်
သင်ဝတ်ထားတဲ့ အဝတ်အစားအရောင် ကြောင့်လည်း ခြင်တွေက သင့်ကို ပိုကိုက်ပါတယ်။ အနက်ရောင်၊ အပြာရောင်၊ အနီရောင်တို့ ဆိုရင် ခြင်က ပိုကိုက်ပါတယ်။
၄။ ကာဗွန်ဒိုင်အောက်ဆိုက်
ခြင်တွေက ကာဗွန်ဒိုင်အောက်ဆိုက် ရှိတဲ့နေရာတွေကို ပိုပြီးလာတတ်ကြပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် ရှိတဲ့နေရာက ၁၆၅ ပေကွာနေရင်တောင် သူတို့က ရအောင် လာနိုင်ကြပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် ပိုထုတ်တဲ့သူတွေဆီကို သူတို့က ပစ်မှတ်ထားကြပါတယ်။
၅။ ဇီဝတွင်း ဖြစ်ပျက်မှု
ခြင်တွေက လက်တစ်အက်စစ်၊ အမိုးနီးယား၊ ယူရစ်အက်စစ်နဲ့ ချွေးနံ့တွေကို အနံ့ခံနိုင်ကြပါတယ်။ အဲဒါကြောင့် လေ့ကျင့်ခန်း များများလုပ်တဲ့ သူတွေကို ခြင်တွေက ပိုကိုက်ပါတယ်။
၆။ မျိုးရိုး
သွေးအုပ်စု၊ ဇီဝတွင်း ဖြစ်ပျက်မှု၊ တခြား အကြောင်းအချက်တွေနဲ့ မဟုတ်ဘဲ ခြင်တွေက မျိုးရိုးဗီဇကြောင့်လည်း ကိုက်တတ်ပါသေးတယ်။
၇။ ဘီယာ
ဘီယာတစ်ပုလင်းက သင့်အနားမှာ ရှိနေရင်တောင် ခြင်က ကိုက်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဘီယာသောက်ရင် ကိုယ်ခန္ဓာအပူချိန်က တိုးလာပြီး အီသနောတွေလည်း ပိုထွက်လာလို့ပါ။
Zombie (lovemedia)
for zawgyi
၁။ သွေးအမျိုးအစား
၃။ အဝတ်အစားအရောင်
၅။ ဇီဝတွင်း ဖြစ်ပျက်မှု
၆။ မျိုးရိုး
၇။ ဘီယာ
Zombie (lovemedia)
Post a Comment
0 Comments