တခါတုန်းက သူငယ်ချင်းနှစ်ယောက် ခရီးတခုကို အတူ ထွက်ခဲ့ကြသည်။ တယောက်က ချော်လဲ ရောထိုင် အခွင့်အရေးသမား၊ တယောက်က ယုံကြည်ချက်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားသူ။

သူတို့သည် တောနက်ကြီး တခုကို ဖြတ်သန်းသွားစဉ် မျောက်တအုပ်၏ ဝိုင်းခြင်းကို ခံလိုက်ရသည်။ လူများ လူနိုင်၊ မျောက်များ မျောက်နိုင်ဖြစ်သောကြောင့် မျောက်များ၏ ဖမ်းဆီးခြင်းကို ခံရသည်။

မျောက်တွေက သူတို့နှစ်ယောက်ကို မျောက်ခေါင်းဆောင်ထံ ခေါ်သွားသည်။ မျောက်ခေါင်းဆောင်က လူတွေအတိုင်း ပလ္လင်ပေါ်တွင် ထိုင်နေသည်။ သို့သော် မည်သည့်အပေါ်တွင် ထိုင်သည်ဖြစ်စေ မျောက်သည် မျောက်သာ ဖြစ်သည်။

သစ်ပင်ပေါ်ထိုင်လည်း မျောက်က မျောက်၊ ပလ္လင်ပေါ် ထိုင်လည်း မျောက်က မျောက်သာ ဖြစ်သည်။ သို့သော် ထိုမျောက်က သူ့ကိုယ်သူ လူပုံဖမ်းကာ စိတ်ကြီးဝင် နေသည်။ အဘယ်ကြောင့် ဆိုသော် သူ့ကိုယ်သူ လူ ဟု ထင်နေသောကြောင့် ဖြစ်သည်။

"အရှင်မင်းကြီး လူသားနှစ်ယောက်ကို ဖမ်းလာပါတယ်" ဟု မျောက်တွေက ဆိုသည်။ မျောက်မင်းက ကြည့်လိုက်ပြီး တယောက်ကို ရှေ့သို့တိုးခိုင်းလိုက်သည်။ "ဟေ့ လူသား မင်းရှေ့က ပလ္လင်ပေါ် ထိုင်နေတာ ဘယ်သူလဲ ဆိုတာ သိရဲ့လား" ဟု မေးလိုက်သည်။

ထိုသူကလည်း ပလ္လင်ပေါ်က မျောက်ကို ဦးကုန်းချကာ လက်အုပ်လေး ချီပြီး ပြောသည်။ "မှန်လှပါ၊ သင်သည် ဤလောက တခုလုံးကို စိုးမိုးအုပ်ချုပ်တော်မူသော မင်းမြတ် ဖြစ်ပါသည်"

မျောက်က မြှောက်ပြောနေမှန်း သိသော်လည်း နည်းနည်းတော့ ပီတိ ဖြစ်သွားသည်။ မျောက်မင်းက ဆက်မေးသည် "ဒါဆိုကွယ် ငါ့ပတ်လည်မှာ ခစားနေတာတွေကရော ဘယ်သူတွေလဲ" မျောက်က လည်ညှိုးဝိုက်ကာ မေးလိုက်ခြင်း ဖြစ်သည်။

ထိုသူက "အရှင်မင်းကြီးအား ခစားနေသော ကျေးတော်မျိုး၊ ကျွန်တော်မျိုး၊ မှူးတော်မျိုး၊ မတ်တော်မျိုး၊ သူရဲတော်မျိုး၊ သူကောင်းမျိုးတွေဖြစ်ကြောင်းပါ" မျောက်မင်းက သဘောကျသွားသည်။ "ဟေ့ ဒီလူကို ဆုတော် လာဘ်တော်ပေးကာ မြှောက်စားစေ၊ နောက်တယောက်ကို ရှေ့တော်သွင်း"

နောက်တယောက်ကို မျောက်မင်းရှေ့ ခေါ်လာကြသည်။ ပထမလူကို မေးသည့်အတိုင်းပင် မေးသည်။ "လူသား၊ သင့်ရှေ့က ပလ္လင်ပေါ်မှာထိုင်နေသူဟာ ဘယ်သူလဲ သိလား" ဆုရထားသူက သူ့အဖော်ကို တိုးတိုးလေး ဆိုသည်။

"ဟေ့ကောင် မြှောက်ပြော၊ စကြဝတေးမင်းကြီးလောက်ကို မြှောက်ပြော"

"ငါ့တသက် မလိမ်ဘူးပါ။ ထို့ကြောင့် မျောက်ကို မျောက်ဟုသာ ပြောနိုင်မည်"

"ဒါဆို မင်းသေမှာပေါ့ကွ၊ လိမ်လိုက်စမ်းပါကွာ ဘယ်သူသိတာ မှတ်လို့။ ဒီတောထဲမှာ လူဆိုလို့ မင်းနဲ့ငါပဲ ရှိတာ"

"အေးကွယ်၊ မင်းသိမှာဖြစ်လို့ ငါမလိမ်ချင်တာပါ။ မင်းလိုကောင်က ငါလိမ်ပြောတာကို သိသွားမှာ ငါရှက်ပါတယ်။ ဘယ်သူမှ မသိတောင် ငါ့ကိုယ့်စောင့်နတ်က သိမှာဖြစ်လို့ ငါမလိမ်နိုင်"

"ဒါဆိုလည်း သေပေါ့"

ဒုတိယလူက ပလ္လင်ပေါ်က မျောက်ကို လက်ညှိုးထိုးကာ "သင်ဟာ မျောက်ပါ" ဟု ရဲဝံ့စွာ ဆို၏။ မျောက်က ဒေါသထွက်ကာ

"သင် ယခု စကားပြောနေတာ ဘယ်သူလဲ ဆိုတာ သိရဲ့လား"

"ကျွန်ုပ် ယခု စကားပြောနေတာ မျောက်ပါ"

"တောက်၊ စော်ကားလှချည့်၊ နောက်ဆုံးမေးမယ် ငါ့ကို ခစားနေတာတွေကရော ဘယ်သူတွေလဲ"

"သင့်အပါးမှာ ဝန်းရံ ခစားနေတာတွေကလည်း မျောက်တွေပဲ"

ပလ္လင်ပေါ်တွင် ထိုင်နေသည့် မျောက်မင်းက စိတ်ဆိုးသည်။ ပထမလူက သူ့ကို ဘုရင် ဟု ထင်သည်။ ဒုတိယ လူက သူ့ကို မျောက်ဟု ခေါ်သည်။ မျောက်သည် မျောက်ဖြစ်သော်လည်း မျောက်ဖြစ်ကြောင်း လက်ခံ နိုင်စွမ်း မရှိ။

သူ့ကို ခစားနေသူတွေ ကိုလည်း မျောက်တွေဟု ပြောနေခြင်းမှာ သူ့ကို လူတွေ မခစား၊ မျောက်တွေသာ ခစားပြီး၊ မျောက်ဖြစ်ကြောင်း သက်သေပြခြင်း ဖြစ်သည်။

"ဟဲ့လူသား ဒူးထောက်ကာ တောင်းပန်၊ ငါ့ကို ကယ်တင်ရှင်ဟု ဆိုလျှင် လွတ်လမ်းကို စဉ်းစားကာ ဆုလာဘ်များ ပေးသနားမည်"

"မျောက်ရှေ့ ဒူးထောက်၊ မျောက်ကို မြှောက်ကာ မျောက်ပေးသည့် ဆုအား လက်ခံရခြင်းထက် သေခြင်းက မြတ်သည်"

"သတ်စေ"

ပုံပြင်က ဤတွင် ဆုံးထားသည်။ (Who Am I? ဆိုသည့် အိန္ဒိယပုံပြင်တပုဒ်ကို ကိုးကားပါသည်)

crd တင်ညွန့်

Zawgyi

ပလႅင္ေပၚက ေမ်ာက္

တခါတုန္းက သူငယ္ခ်င္းႏွစ္ေယာက္ ခရီးတခုကို အတူ ထြက္ခဲ့ၾကသည္။ တေယာက္က ေခ်ာ္လဲ ေရာထိုင္ အခြင့္အေရးသမား၊ တေယာက္က ယုံၾကည္ခ်က္ကို ခိုင္မာစြာ ဆုပ္ကိုင္ထားသူ။

သူတို႔သည္ ေတာနက္ႀကီး တခုကို ျဖတ္သန္းသြားစဥ္ ေမ်ာက္တအုပ္၏ ဝိုင္းျခင္းကို ခံလိုက္ရသည္။ လူမ်ား လူႏိုင္၊ ေမ်ာက္မ်ား ေမ်ာက္ႏိုင္ျဖစ္ေသာေၾကာင့္ ေမ်ာက္မ်ား၏ ဖမ္းဆီးျခင္းကို ခံရသည္။

ေမ်ာက္ေတြက သူတို႔ႏွစ္ေယာက္ကို ေမ်ာက္ေခါင္းေဆာင္ထံ ေခၚသြားသည္။ ေမ်ာက္ေခါင္းေဆာင္က လူေတြအတိုင္း ပလႅင္ေပၚတြင္ ထိုင္ေနသည္။ သို႔ေသာ္ မည္သည့္အေပၚတြင္ ထိုင္သည္ျဖစ္ေစ ေမ်ာက္သည္ ေမ်ာက္သာ ျဖစ္သည္။

သစ္ပင္ေပၚထိုင္လည္း ေမ်ာက္က ေမ်ာက္၊ ပလႅင္ေပၚ ထိုင္လည္း ေမ်ာက္က ေမ်ာက္သာ ျဖစ္သည္။ သို႔ေသာ္ ထိုေမ်ာက္က သူ႔ကိုယ္သူ လူပုံဖမ္းကာ စိတ္ႀကီးဝင္ ေနသည္။ အဘယ္ေၾကာင့္ ဆိုေသာ္ သူ႔ကိုယ္သူ လူ ဟု ထင္ေနေသာေၾကာင့္ ျဖစ္သည္။

"အရွင္မင္းႀကီး လူသားႏွစ္ေယာက္ကို ဖမ္းလာပါတယ္" ဟု ေမ်ာက္ေတြက ဆိုသည္။ ေမ်ာက္မင္းက ၾကည့္လိုက္ၿပီး တေယာက္ကို ေရွ႕သို႔တိုးခိုင္းလိုက္သည္။ "ေဟ့ လူသား မင္းေရွ႕က ပလႅင္ေပၚ ထိုင္ေနတာ ဘယ္သူလဲ ဆိုတာ သိရဲ႕လား" ဟု ေမးလိုက္သည္။

ထိုသူကလည္း ပလႅင္ေပၚက ေမ်ာက္ကို ဦးကုန္းခ်ကာ လက္အုပ္ေလး ခ်ီၿပီး ေျပာသည္။ "မွန္လွပါ၊ သင္သည္ ဤေလာက တခုလုံးကို စိုးမိုးအုပ္ခ်ဳပ္ေတာ္မူေသာ မင္းျမတ္ ျဖစ္ပါသည္"

ေမ်ာက္က ေျမႇာက္ေျပာေနမွန္း သိေသာ္လည္း နည္းနည္းေတာ့ ပီတိ ျဖစ္သြားသည္။ ေမ်ာက္မင္းက ဆက္ေမးသည္ "ဒါဆိုကြယ္ ငါ့ပတ္လည္မွာ ခစားေနတာေတြကေရာ ဘယ္သူေတြလဲ" ေမ်ာက္က လည္ညႇိဳးဝိုက္ကာ ေမးလိုက္ျခင္း ျဖစ္သည္။

ထိုသူက "အရွင္မင္းႀကီးအား ခစားေနေသာ ေက်းေတာ္မ်ိဳး၊ ကြၽန္ေတာ္မ်ိဳး၊ မႉးေတာ္မ်ိဳး၊ မတ္ေတာ္မ်ိဳး၊ သူရဲေတာ္မ်ိဳး၊ သူေကာင္းမ်ိဳးေတြျဖစ္ေၾကာင္းပါ" ေမ်ာက္မင္းက သေဘာက်သြားသည္။ "ေဟ့ ဒီလူကို ဆုေတာ္ လာဘ္ေတာ္ေပးကာ ေျမႇာက္စားေစ၊ ေနာက္တေယာက္ကို ေရွ႕ေတာ္သြင္း"

ေနာက္တေယာက္ကို ေမ်ာက္မင္းေရွ႕ ေခၚလာၾကသည္။ ပထမလူကို ေမးသည့္အတိုင္းပင္ ေမးသည္။ "လူသား၊ သင့္ေရွ႕က ပလႅင္ေပၚမွာထိုင္ေနသူဟာ ဘယ္သူလဲ သိလား" ဆုရထားသူက သူ႔အေဖာ္ကို တိုးတိုးေလး ဆိုသည္။

"ေဟ့ေကာင္ ေျမႇာက္ေျပာ၊ စၾကဝေတးမင္းႀကီးေလာက္ကို ေျမႇာက္ေျပာ"

"ငါ့တသက္ မလိမ္ဘူးပါ။ ထို႔ေၾကာင့္ ေမ်ာက္ကို ေမ်ာက္ဟုသာ ေျပာႏိုင္မည္"

"ဒါဆို မင္းေသမွာေပါ့ကြ၊ လိမ္လိုက္စမ္းပါကြာ ဘယ္သူသိတာ မွတ္လို႔။ ဒီေတာထဲမွာ လူဆိုလို႔ မင္းနဲ႔ငါပဲ ရွိတာ"

"ေအးကြယ္၊ မင္းသိမွာျဖစ္လို႔ ငါမလိမ္ခ်င္တာပါ။ မင္းလိုေကာင္က ငါလိမ္ေျပာတာကို သိသြားမွာ ငါရွက္ပါတယ္။ ဘယ္သူမွ မသိေတာင္ ငါ့ကိုယ့္ေစာင့္နတ္က သိမွာျဖစ္လို႔ ငါမလိမ္ႏိုင္"

"ဒါဆိုလည္း ေသေပါ့"

ဒုတိယလူက ပလႅင္ေပၚက ေမ်ာက္ကို လက္ညႇိဳးထိုးကာ "သင္ဟာ ေမ်ာက္ပါ" ဟု ရဲဝံ့စြာ ဆို၏။ ေမ်ာက္က ေဒါသထြက္ကာ

"သင္ ယခု စကားေျပာေနတာ ဘယ္သူလဲ ဆိုတာ သိရဲ႕လား"

"ကြၽႏ္ုပ္ ယခု စကားေျပာေနတာ ေမ်ာက္ပါ"

"ေတာက္၊ ေစာ္ကားလွခ်ည့္၊ ေနာက္ဆုံးေမးမယ္ ငါ့ကို ခစားေနတာေတြကေရာ ဘယ္သူေတြလဲ"

"သင့္အပါးမွာ ဝန္းရံ ခစားေနတာေတြကလည္း ေမ်ာက္ေတြပဲ"

ပလႅင္ေပၚတြင္ ထိုင္ေနသည့္ ေမ်ာက္မင္းက စိတ္ဆိုးသည္။ ပထမလူက သူ႔ကို ဘုရင္ ဟု ထင္သည္။ ဒုတိယ လူက သူ႔ကို ေမ်ာက္ဟု ေခၚသည္။ ေမ်ာက္သည္ ေမ်ာက္ျဖစ္ေသာ္လည္း ေမ်ာက္ျဖစ္ေၾကာင္း လက္ခံ ႏိုင္စြမ္း မရွိ။

သူ႔ကို ခစားေနသူေတြ ကိုလည္း ေမ်ာက္ေတြဟု ေျပာေနျခင္းမွာ သူ႔ကို လူေတြ မခစား၊ ေမ်ာက္ေတြသာ ခစားၿပီး၊ ေမ်ာက္ျဖစ္ေၾကာင္း သက္ေသျပျခင္း ျဖစ္သည္။

"ဟဲ့လူသား ဒူးေထာက္ကာ ေတာင္းပန္၊ ငါ့ကို ကယ္တင္ရွင္ဟု ဆိုလွ်င္ လြတ္လမ္းကို စဥ္းစားကာ ဆုလာဘ္မ်ား ေပးသနားမည္"

"ေမ်ာက္ေရွ႕ ဒူးေထာက္၊ ေမ်ာက္ကို ေျမႇာက္ကာ ေမ်ာက္ေပးသည့္ ဆုအား လက္ခံရျခင္းထက္ ေသျခင္းက ျမတ္သည္"

"သတ္ေစ"

ပုံျပင္က ဤတြင္ ဆုံးထားသည္။ (Who Am I? ဆိုသည့္ အိႏၵိယပုံျပင္တပုဒ္ကို ကိုးကားပါသည္)

crd တင္ၫြန႔္