စိတ်ကူးထဲကမျောက်

တခါတုန်းက ဟိမဝန္တာတောင်ခြေမှာ သမထ ကျင့်နေတဲ့ ဆာဒူး ဆရာတပည့် နှစ်ယောက်ရှိတယ်။ တနေ့မှာ တပည့်ဖြစ်သူက ဆရာဆာဒူးကြီးကို "ဆရာကြီး ကျွန်တော်တို့မှာ သူတပါးရဲ့ ပေးစာ ကမ်းစာလေးတွေပဲ စောင့်မျှော်ပြီး စားသောက်နေကြရတာ မဟန်ပါဘူး။

သူတပါး သဒ္ဓါပေါက်မယ့် အချိန်ကို စောင့်မနေဘဲ ကိုယ်စားသောက်ချင်တဲ့ အဟာရကို ကိုယ့်ဟာကိုယ် စိတ်ကြိုက် ဝယ်စားနိုင်အောင် ငွေရှာမှ ဖြစ်တော့မယ်။ ငွေရှိရင် ဘယ်သူ့ကိုမှ အောက်ကျို့ခံပြီး တောင်းရမ်းနေစရာ မလိုတော့ဘူး မဟုတ်လား" လို့ ပြောတော့ ဆာဒူးကြီးက..

"မင်း ငါ့ဆီမှာ တပည့်လာခံရတဲ့ အကြောင်းရင်းကို ပြောစမ်းပါဦး" လို့ မေးလိုက်တယ်။ "တန်ခိုး တခုခုရပြီး လူ့လောကထဲမှာ အဆင်ပြေပြေ နေနိုင်အောင်ပေါ့ ဆရာရယ်" လို့ တပည့်က ပြန်ဖြေလိုက်တယ်။ ဒီအခါမှာ ဆာဒူးကြီးက

"အော် မင်းက ဒီကျင့်စဉ်ကို ကျင့်တာ ရှုပ်ထွေးတဲ့ လောကကြီးက လွတ်မြောက်ဖို့အတွက် မဟုတ်ဘဲ ငွေရဖို့ အတွက်တန်ခိုး လိုချင်လို့ကိုး။ ငွေရဖို့ ဆိုရင်တော့ ဒီလောက်တောင် နှစ်ရှည်လများ ကျင့်ကြံနေစရာ မလိုပါဘူးကွာ။ လောကမှာ လူတိုင်း လောဘရှိ ကြတယ်။ လောဘဆိုတာ နည်းရင် ဆေးဘက်ဝင်ပြီး များရင် ဒုက္ခပေးတယ်။ ဒါကြောင့် လောဘကြီးတဲ့ လူကို လောဘနဲ့ မျှားရင် ရတာပေါ့ " လို့ပြန်ဖြေတယ်။

တပည့်ဖြစ်သူကလည်း "ဒါဆိုရင် လောဘကြီးသူကို လောဘနဲ့မျှားပြီးငွေရအောင် ရှာပြစမ်းပါ" လို့ ပြောလိုက်တယ်။ ဒါနဲ့ ဆာဒူးကြီးက "မင်းအခု ရွာထဲကို သွားပြီး၊ ကျွန်တော့်ဆရာ ဆာဒူးကြီးက မနက်ဖန်မနက် ရောက်ရင် ဆုတောင်းပြည့်စေတဲ့ အဆောင်တွေကို တခုမှ ၅ ရူပီးနဲ့ ရောင်းလိမ့်မယ်။ အဲဒီအဆောင်ကို ဆောင်ပြီး ဆုတောင်းလို့ မပြည့်ဘူး ဆိုရင် ယူထားတဲ့ငွေရဲ့ ၃ ဆကို ပြန်အမ်းပေးမယ်။

အဆောင်က လပြည့်ညတုန်းက လုပ်ထားတဲ့ အဆောင်တွေ ဖြစ်ပြီး အနည်းအကျဉ်းပဲရှိလို့ လိုချင်တဲ့ လူတွေအနေနဲ့ ခပ်စောစောသွားမှ ရဖို့ သေချာလိမ့်မယ် လို့ အိမ်ပေါက်စေ့ သွားပြောချေ။ နောက်ပြီး အပြန်လမ်းမှာ လက်သဲခွံလောက်ရှိတဲ့ ကျောက်ခဲတွေကို မင်း နိုင်သလောက်ကောက်လာခဲ့" လို့ မှာလိုက်တဲ့ အတွက် တပည့်လည်း ရွာထဲကို ပြေးပြီး ဆရာမှာတဲ့ အတိုင်း လူတကာကို လိုက်ပြောတော့တာပေါ့။

ရွာသူရွာသားတွေ ကလည်း ဆုတောင်းပြည့်မယ့် အဆောင်ကို ၅ ရူပီး နဲ့လည်း ရမယ်၊ သူတို့တောင်းမယ့် ဆုတွေကလည်း ၅ ရူပီး ထက် အဆပေါင်း မြောက်များစွာ ပိုတဲ့ ဆုတောင်းတွေ ဖြစ်ပြီး ဆုတောင်း မပြည့်ရင်တောင်မှ ၃ ဆ ပြန်ပေးဦးမယ် ဆိုတော့ ၁၀ ရူးပီးတောင် မြတ်ဦးမယ်ဆိုပြီး နောက်တနေ့ မနက်မှာ ဆာဒူးကြီးဆီကို တရွာလုံး အလုအယက် လာကြတာပေါ့။

အဆောင်တွေ မရောင်းခင်မှာ ဆာဒူးကြီးက "ငါအခုပေးမယ့် အဆောင်တွေက အထူးကောင်းမွန်ပြီး အမှန်တကယ် ဆုတောင်းပြည့်မယ့် အဆောင်တွေ ဖြစ်တယ်။ ဒါပေမယ့် ဆုတောင်းတဲ့အခါမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေတော့ ရှိတယ်။ အဲဒါတွေက (၁) ဆုတောင်းတော့မယ့် အချိန်မှာ သန့်ရှင်းစင်ကြယ်စွာ လျှော်ဖွတ်ထားတဲ့ အဝတ်အစားကို ဝတ်ဆင် ထားရမယ်။ (၂) တောင်းတဲ့ ဆုအပေါ်မှာ နှစ်နှစ်ကာကာ ရှိရမယ်။

(၃) ကတော့ အရေးအကြီးဆုံး အချက်ပဲ။ အဲဒါက ဆုတောင်းနေတဲ့ အချိန်မှာ မျောက်သတ္တဝါကို စိတ်မကူးမိ ပါစေနဲ့။ ကိုယ့်ရဲ့အာရုံထဲမှာ မျောက်သတ္တဝါ ပေါ်မလာအောင် ပြုလုပ်ရပါမယ်။ မျောက်သတ္တဝါကို စိတ်ကူးမိတာနဲ့ တောင်းတဲ့ဆု ပြည့်မှာ မဟုတ်တော့ပါဘူး။ အဲဒီလို ဖြစ်ခဲ့ရင် စည်းကမ်း ဖောက်ဖျက်တဲ့ အတွက် ဆုတောင်းမပြည့်ခဲ့ရင် ပေးထားတဲ့ငွေရဲ့ ၃ ဆကို ပြန်လျော်ပေးမှာ မဟုတ်ပါဘူး" လို့ ပြောလိုက်တယ်။

အဆောင်ဝယ်မယ့် လူတွေကလည်း "ဒီစည်းကမ်းလောက် ကတော့ ကျူပ်တို့ လိုက်နာနိုင်ပါတယ်။ မျောက်ဆိုတဲ့ သတ္တဝါကို တလနေလို့ တခါတောင် စိတ်မကူးမိပါဘူး" လို့ ပြောကြပြီး ဆာဒူးကြီးပေးတဲ့ ကျောက်ခဲအဆောင်တွေကို အလုအယက် ဝယ်ကြလို့ ဆာဒူးကြီးလည်း ငွေတွေ အများအပြား ရလိုက်တယ်။

အဆောင်ဝယ်သူတွေ ပြန်သွားတဲ့အချိန်မှာ တပည့်ဖြစ်သူက ဆာဒူးကြီးကို "ဆရာပေးလိုက်တဲ့ အဆောင်တွေက ကျွန်တော် မနေ့က ကောက်လာတဲ့ ကျောက်ခဲတွေပဲ။ သူတို့တွေက အိမ်ရောက်တာနဲ့ ရေမိုးချိုးပြီး အဝတ်အစားအသစ်တွေ ဝတ်ကြမယ်။ နောက်ပြီး မျောက်ကို စိတ်ကူးထဲမှာ ပေါ်မလာအောင် လုပ်ကြပြီး ကျကျ နန ဆုတောင်းကြတော့မယ်။

သူတို့ကို ရောင်းလိုက်တဲ့ အဆောင်တွေက ကျွန်တော်လမ်းက ကောက်လာတဲ့ ကျောက်ခဲတွေ ဖြစ်တဲ့အတွက် သူတို့တောင်းတဲ့ ဆုတွေ ဘယ်တော့မှ ပြည့်မှာ မဟုတ်ဘူး။ အဲဒီလိုဖြစ်ရင် သူတို့ ပြန်လာတောင်းတဲ့အခါ သူတို့ပေးထားတဲ့ငွေရဲ့ ၃ ဆ ကို ဆရာက ဘယ်ကငွေနဲ့ ပြန်လျော်ပေးမှာတုန်း" လို့ ပြောတဲ့အခါ ဆာဒူးကြီးက

"ဒီအတွက် မပူပါနဲ့ တပည့်ရယ်။ သူတို့တောင်းတဲ့ ဆုတွေ ဘယ်တော့မှ မပြည့်သလို ငါဆီကိုလည်း ဘယ်တော့မှ ပြန်လာကြမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆုတောင်းတော့မယ့် အချိန်မှာ စည်းကမ်းထဲမှာ ပါတဲ့ "မျောက်ကို စိတ်မကူးမိစေနဲ့" ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်ကို သတိရကြပြီး သူတို့ စိတ်ကူးထဲကို မျောက် ရောက်မလာအောင် အတင်း မေ့ပစ်ကြလိမ့်မယ်။

အတင်းမေ့အောင် လုပ်လေလေ၊ မျောက်က ရောက်လေလေ၊ သူတို့ အတင်းမေ့အောင် ကြိုးစားလေ သူတို့ရဲ့ စိတ်ထဲမှာ မျောက်က ပေါ်လာလေ ဖြစ်လိမ့်မယ်။ မျောက်ကို စိတ်အာရုံထဲ ရောက်မလာအောင် လုပ်နေတာကိုက မျောက်ကို စိတ်ကူးမိနေတာ ပဲလေ တပည့်ရဲ့။

အဲဒါ လူတွေမှာ ရှိတဲ့ စိတ်ကူးရဲ့ အားနည်းချက် ပါပဲ။ အဲဒီတော့ ဒီငွေတွေကို ယူပြီး မင်းသွားလိုရာကို သွားတော့၊ မင်းက ငါ့တပည့် မဖြစ်ထိုက်ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ငါက လွတ်မြောက်မှုကို ရှာတယ်၊ မင်းကတော့ ငြိတွယ်ခြင်းမှာ ပျော်တဲ့သူ ဖြစ်လို့ပဲ။

Crd Origin

phoomyatchal

Zawgyi

စိတ္ကူးထဲကေမ်ာက္

တခါတုန္းက ဟိမဝႏၲာေတာင္ေျခမွာ သမထ က်င့္ေနတဲ့ ဆာဒူး ဆရာတပည့္ ႏွစ္ေယာက္ရွိတယ္။ တေန႔မွာ တပည့္ျဖစ္သူက ဆရာဆာဒူးႀကီးကို "ဆရာႀကီး ကြၽန္ေတာ္တို႔မွာ သူတပါးရဲ႕ ေပးစာ ကမ္းစာေလးေတြပဲ ေစာင့္ေမွ်ာ္ၿပီး စားေသာက္ေနၾကရတာ မဟန္ပါဘူး။

သူတပါးသဒၶါေပါက္မယ့္ အခ်ိန္ကို ေစာင့္မေနဘဲ ကိုယ္စားေသာက္ခ်င္တဲ့ အဟာရကို ကိုယ့္ဟာကိုယ္ စိတ္ႀကိဳက္ ဝယ္စားႏိုင္ေအာင္ ေငြရွာမွ ျဖစ္ေတာ့မယ္။ ေငြရွိရင္ ဘယ္သူ႔ကိုမွ ေအာက္က်ိဳ႕ခံၿပီး ေတာင္းရမ္းေနစရာ မလိုေတာ့ဘူး မဟုတ္လား" လို႔ ေျပာေတာ့ ဆာဒူးႀကီးက

"မင္း ငါ့ဆီမွာ တပည့္လာခံရတဲ့ အေၾကာင္းရင္းကို ေျပာစမ္းပါဦး" လို႔ ေမးလိုက္တယ္။ "တန္ခိုး တခုခုရၿပီး လူ႔ေလာကထဲမွာ အဆင္ေျပေျပ ေနႏိုင္ေအာင္ေပါ့ ဆရာရယ္" လို႔ တပည့္က ျပန္ေျဖလိုက္တယ္။ ဒီအခါမွာ ဆာဒူးႀကီးက

"ေအာ္ မင္းက ဒီက်င့္စဥ္ကို က်င့္တာ ရႈပ္ေထြးတဲ့ ေလာကႀကီးက လြတ္ေျမာက္ဖို႔အတြက္ မဟုတ္ဘဲ ေငြရဖို႔ အတြက္တန္ခိုး လိုခ်င္လို႔ကိုး။ ေငြရဖို႔ ဆိုရင္ေတာ့ ဒီေလာက္ေတာင္ ႏွစ္ရွည္လမ်ား က်င့္ႀကံေနစရာ မလိုပါဘူးကြာ။ ေလာကမွာ လူတိုင္း ေလာဘရွိ ၾကတယ္။ ေလာဘဆိုတာ နည္းရင္ ေဆးဘက္ဝင္ၿပီး မ်ားရင္ ဒုကၡေပးတယ္။ ဒါေၾကာင့္ ေလာဘႀကီးတဲ့ လူကို ေလာဘနဲ႔ မွ်ားရင္ ရတာေပါ့ " လို႔ျပန္ေျဖတယ္။

တပည့္ျဖစ္သူကလည္း "ဒါဆိုရင္ ေလာဘႀကီးသူကို ေလာဘနဲ႔မွ်ားၿပီးေငြရေအာင္ ရွာျပစမ္းပါ" လို႔ ေျပာလိုက္တယ္။ ဒါနဲ႔ ဆာဒူးႀကီးက "မင္းအခု ႐ြာထဲကို သြားၿပီး၊ ကြၽန္ေတာ့္ဆရာ ဆာဒူးႀကီးက မနက္ဖန္မနက္ ေရာက္ရင္ ဆုေတာင္းျပည့္ေစတဲ့ အေဆာင္ေတြကို တခုမွ ၅ ႐ူပီးနဲ႔ ေရာင္းလိမ့္မယ္။ အဲဒီအေဆာင္ကို ေဆာင္ၿပီး ဆုေတာင္းလို႔ မျပည့္ဘူး ဆိုရင္ ယူထားတဲ့ေငြရဲ႕ ၃ ဆကို ျပန္အမ္းေပးမယ္။

အေဆာင္က လျပည့္ညတုန္းက လုပ္ထားတဲ့ အေဆာင္ေတြ ျဖစ္ၿပီး အနည္းအက်ဥ္းပဲရွိလို႔ လိုခ်င္တဲ့ လူေတြအေနနဲ႔ ခပ္ေစာေစာသြားမွ ရဖို႔ ေသခ်ာလိမ့္မယ္ လို႔ အိမ္ေပါက္ေစ့ သြားေျပာေခ်။ ေနာက္ၿပီး အျပန္လမ္းမွာ လက္သဲခြံေလာက္ရွိတဲ့ ေက်ာက္ခဲေတြကို မင္း ႏိုင္သေလာက္ေကာက္လာခဲ့" လို႔ မွာလိုက္တဲ့ အတြက္ တပည့္လည္း ႐ြာထဲကို ေျပးၿပီး ဆရာမွာတဲ့ အတိုင္း လူတကာကို လိုက္ေျပာေတာ့တာေပါ့။

႐ြာသူ႐ြာသားေတြ ကလည္း ဆုေတာင္းျပည့္မယ့္ အေဆာင္ကို ၅ ႐ူပီး နဲ႔လည္း ရမယ္၊ သူတို႔ေတာင္းမယ့္ ဆုေတြကလည္း ၅ ႐ူပီး ထက္ အဆေပါင္း ေျမာက္မ်ားစြာ ပိုတဲ့ ဆုေတာင္းေတြ ျဖစ္ၿပီး ဆုေတာင္း မျပည့္ရင္ေတာင္မွ ၃ ဆ ျပန္ေပးဦးမယ္ ဆိုေတာ့ ၁၀ ႐ူးပီးေတာင္ ျမတ္ဦးမယ္ဆိုၿပီး ေနာက္တေန႔ မနက္မွာ ဆာဒူးႀကီးဆီကို တ႐ြာလုံး အလုအယက္ လာၾကတာေပါ့။

အေဆာင္ေတြ မေရာင္းခင္မွာ ဆာဒူးႀကီးက "ငါအခုေပးမယ့္ အေဆာင္ေတြက အထူးေကာင္းမြန္ၿပီး အမွန္တကယ္ ဆုေတာင္းျပည့္မယ့္ အေဆာင္ေတြ ျဖစ္တယ္။ ဒါေပမယ့္ ဆုေတာင္းတဲ့အခါမွာ လိုက္နာရမယ့္ စည္းကမ္းခ်က္ေတြေတာ့ ရွိတယ္။ အဲဒါေတြက (၁) ဆုေတာင္းေတာ့မယ့္ အခ်ိန္မွာ သန႔္ရွင္းစင္ၾကယ္စြာ ေလွ်ာ္ဖြတ္ထားတဲ့ အဝတ္အစားကို ဝတ္ဆင္ ထားရမယ္။ (၂) ေတာင္းတဲ့ ဆုအေပၚမွာ ႏွစ္ႏွစ္ကာကာ ရွိရမယ္။

(၃) ကေတာ့ အေရးအႀကီးဆုံး အခ်က္ပဲ။ အဲဒါက ဆုေတာင္းေနတဲ့ အခ်ိန္မွာ ေမ်ာက္သတၱဝါကို စိတ္မကူးမိ ပါေစနဲ႔။ ကိုယ့္ရဲ႕အာ႐ုံထဲမွာ ေမ်ာက္သတၱဝါ ေပၚမလာေအာင္ ျပဳလုပ္ရပါမယ္။ ေမ်ာက္သတၱဝါကို စိတ္ကူးမိတာနဲ႔ ေတာင္းတဲ့ဆု ျပည့္မွာ မဟုတ္ေတာ့ပါဘူး။ အဲဒီလို ျဖစ္ခဲ့ရင္ စည္းကမ္း ေဖာက္ဖ်က္တဲ့ အတြက္ ဆုေတာင္းမျပည့္ခဲ့ရင္ ေပးထားတဲ့ေငြရဲ႕ ၃ ဆကို ျပန္ေလ်ာ္ေပးမွာ မဟုတ္ပါဘူး" လို႔ ေျပာလိုက္တယ္။

အေဆာင္ဝယ္မယ့္ လူေတြကလည္း "ဒီစည္းကမ္းေလာက္ ကေတာ့ က်ဴပ္တို႔ လိုက္နာႏိုင္ပါတယ္။ ေမ်ာက္ဆိုတဲ့ သတၱဝါကို တလေနလို႔ တခါေတာင္ စိတ္မကူးမိပါဘူး" လို႔ ေျပာၾကၿပီး ဆာဒူးႀကီးေပးတဲ့ ေက်ာက္ခဲအေဆာင္ေတြကို အလုအယက္ ဝယ္ၾကလို႔ ဆာဒူးႀကီးလည္း ေငြေတြ အမ်ားအျပား ရလိုက္တယ္။

အေဆာင္ဝယ္သူေတြ ျပန္သြားတဲ့အခ်ိန္မွာ တပည့္ျဖစ္သူက ဆာဒူးႀကီးကို "ဆရာေပးလိုက္တဲ့ အေဆာင္ေတြက ကြၽန္ေတာ္ မေန႔က ေကာက္လာတဲ့ ေက်ာက္ခဲေတြပဲ။ သူတို႔ေတြက အိမ္ေရာက္တာနဲ႔ ေရမိုးခ်ိဳးၿပီး အဝတ္အစားအသစ္ေတြ ဝတ္ၾကမယ္။ ေနာက္ၿပီး ေမ်ာက္ကို စိတ္ကူးထဲမွာ ေပၚမလာေအာင္ လုပ္ၾကၿပီး က်က် နန ဆုေတာင္းၾကေတာ့မယ္။

သူတို႔ကို ေရာင္းလိုက္တဲ့ အေဆာင္ေတြက ကြၽန္ေတာ္လမ္းက ေကာက္လာတဲ့ ေက်ာက္ခဲေတြ ျဖစ္တဲ့အတြက္ သူတို႔ေတာင္းတဲ့ ဆုေတြ ဘယ္ေတာ့မွ ျပည့္မွာ မဟုတ္ဘူး။ အဲဒီလိုျဖစ္ရင္ သူတို႔ ျပန္လာေတာင္းတဲ့အခါ သူတို႔ေပးထားတဲ့ေငြရဲ႕ ၃ ဆ ကို ဆရာက ဘယ္ကေငြနဲ႔ ျပန္ေလ်ာ္ေပးမွာတုန္း" လို႔ ေျပာတဲ့အခါ ဆာဒူးႀကီးက

"ဒီအတြက္ မပူပါနဲ႔ တပည့္ရယ္။ သူတို႔ေတာင္းတဲ့ ဆုေတြ ဘယ္ေတာ့မွ မျပည့္သလို ငါဆီကိုလည္း ဘယ္ေတာ့မွ ျပန္လာၾကမွာ မဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ဆုေတာင္းေတာ့မယ့္ အခ်ိန္မွာ စည္းကမ္းထဲမွာ ပါတဲ့ "ေမ်ာက္ကို စိတ္မကူးမိေစနဲ႔" ဆိုတဲ့ စည္းကမ္း သတ္မွတ္ခ်က္ကို သတိရၾကၿပီး သူတို႔ စိတ္ကူးထဲကို ေမ်ာက္ ေရာက္မလာေအာင္ အတင္း ေမ့ပစ္ၾကလိမ့္မယ္။

အတင္းေမ့ေအာင္ လုပ္ေလေလ၊ ေမ်ာက္က ေရာက္ေလေလ၊ သူတို႔ အတင္းေမ့ေအာင္ ႀကိဳးစားေလ သူတို႔ရဲ႕ စိတ္ထဲမွာ ေမ်ာက္က ေပၚလာေလ ျဖစ္လိမ့္မယ္။ ေမ်ာက္ကို စိတ္အာ႐ုံထဲ ေရာက္မလာေအာင္ လုပ္ေနတာကိုက ေမ်ာက္ကို စိတ္ကူးမိေနတာ ပဲေလ တပည့္ရဲ႕။

အဲဒါ လူေတြမွာ ရွိတဲ့ စိတ္ကူးရဲ႕ အားနည္းခ်က္ ပါပဲ။ အဲဒီေတာ့ ဒီေငြေတြကို ယူၿပီး မင္းသြားလိုရာကို သြားေတာ့၊ မင္းက ငါ့တပည့္ မျဖစ္ထိုက္ဘူး၊ ဘာျဖစ္လို႔လဲ ဆိုေတာ့ ငါက လြတ္ေျမာက္မႈကို ရွာတယ္၊ မင္းကေတာ့ ၿငိတြယ္ျခင္းမွာ ေပ်ာ္တဲ့သူ ျဖစ္လို႔ပဲ။

Crd Origin

phoomyatchal

Post a Comment

0 Comments