နောင်တရသွားတဲ့ မျောက်

လူတယောက်သည် မျောက်တကောင်ကို ဆွဲပြီး စားသောက်ဆိုင်ထဲ ဝင်လာသည် ။ ထိုသူသည် အရက်တလုံး မှာသည်။ စားစရာ ကြက်ကြော်နှင့် မြေပဲကြော် မှာသည်။ အရက်ကို ဇိမ်ခံပြီး သောက်နေသည်။

ထိုသူ အရက်သောက်နေစဉ် မျောက်က အငြိမ်မနေပါ။ နေရာအနှံ့ လျှောက်သွားသည်။ တွေ့ရာကို ကောက်စားသည်။ ဆိုင်ရှင်က အရက်သောက်နေသည့် မျောက်ရှင်ထံ လာသည်။

"ဒီမှာခင်ဗျာ ခင်ဗျား မျောက်က တွေ့ကရာ ကောက်စားနေတယ်"

"အဲဒီတော့"

"တင်းနစ်ဘောလုံး ကိုတောင် ကောက်စားလိုက် တယ်ဗျာ"

"ကိစ္စမရှိပါဘူး၊ သူ့စားသမျှ ကျွန်တော်ရှင်းမယ်။ စားသောက်ပြီးရင် အားလုံး ထည့်ပေါင်းလိုက်"

ထိုသူက စားသောက်ပြီးလျှင် "ရှင်းမယ်ဟေ့" ဟု ပြောလိုက်ရာ ဆိုင်ရှင်က ပြေစာ လာပြသည်။

"မျောက်စားထားတာတွေ ပါသလား"

"ထည့်တွက်ထားတယ်"

ထိုသူက ငွေရှင်းပြီး အေးအေးဆေးဆေး ထွက်သွားသည်။ နောက် သုံးရက်ခန့် အကြာတွင် ထိုလူနှင့်မျောက် ပြန်ရောက်လာသည်။ ထုံးစံအတိုင်း အရက်နှင့် အမြည်းတွေကို မှာသည်။ မျောက်ကို လွှတ်ပေးလိုက်သည်။

မျောက်က ဆိုင်ကို ပတ်ကြည့်သည်။ ယခုတခေါက် မျောက်က တွေ့ရာကို ကောက်ဆွဲမစား။ ဟိုကြည့် ဒီကြည့် လုပ်နေသည်။ ဆိုင်ရှင်က အရက်သောက်နေသူထံ လာပြီး

"ဆရာကြီးမျောက်က ဒီတခေါက်တော့ တွေ့ရာကို ဆွဲမစားတော့ ပါလားဗျ၊ သူစားမယ် လုပ်ရင် ကိုင်ကြည့်တယ်၊ ပြီးရင် ပြန်ချထားတယ်။ ဆရာကြီး တော်တော်လေး ပညာပေးထားပုံ ရတယ်"

"ကျွန်တော် ဘာမှ မလုပ်ဘူးဗျ။ ဒါပေမဲ့ ပြီးခဲ့တဲ့ တခေါက်က ဒီကောင် တော်တော်လေး နောင်တ ရသွားတယ်"

"ဟုတ်လား ဘာများပါလိမ့်"

"သူ့ပါးစပ်နဲ့ မဆန့်မပြဲ အလုံးကြီးကို ကောက်သွင်းလိုက် တာလေ"

"ဪ၊ တင်းနစ်ဘောလုံးကို မျိုလိုက်တာလား"

"ဟုတ်ပ၊ ပါးစပ်နဲ့ မဆန့်တာကို အတင်း ဖြဲထည့်ထားတော့ အဲဒီကောင် ဖင်ကနေ ပြန်ထွက်ဖို့ မချိမဆန့်ကို ခံလိုက်ရတာ။ နှစ်ရက်လောက် စအိုဆို့ပြီး သေမလို ဖြစ်နေတာ မနည်း ဆွဲထုတ်ပေးထား ရတာ။ ဒါကြောင့် ခုဆို သူစားမယ် ဝါးမယ်ဆိုရင် သူ့ပါးစပ်ထက် သူ့စအိုနဲ့ တန်တဲ့ဟာလောက်ကိုပဲ ချိန်ဆနေတာ။ ဒါကြောင့် ဒီကောင်တွေ့ရာ ကောက်မစားရဲတော့ဘူး"

မှန်သည် မျောက်က သူ့သခင်ဝိုင်းကို ရောက်လာသည်။ သခင် လှမ်းပေးသည့် မြေပဲစေ့ကို ယူလိုက်သည်။ မြေပဲစေ့ကို ကြည့်လိုက် ဖင်ကိုစမ်းလိုက် လုပ်သည်။ အတော်လေး ဆဝါးပြီးမှ ပါးစပ်ထဲ ကောက်ထည့်သည်။ မျောက် နောင်တရသွားသည်။

တင်ညွန့်

Zawgyi

ေနာင္တရသြားတဲ့ ေမ်ာက္

လူတေယာက္သည္ ေမ်ာက္တေကာင္ကို ဆြဲၿပီး စားေသာက္ဆိုင္ထဲ ဝင္လာသည္ ။ ထိုသူသည္ အရက္တလုံး မွာသည္။ စားစရာ ၾကက္ေၾကာ္ႏွင့္ ေျမပဲေၾကာ္ မွာသည္။ အရက္ကို ဇိမ္ခံၿပီး ေသာက္ေနသည္။

ထိုသူ အရက္ေသာက္ေနစဥ္ ေမ်ာက္က အၿငိမ္မေနပါ။ ေနရာအႏွံ႔ ေလွ်ာက္သြားသည္။ ေတြ႕ရာကို ေကာက္စားသည္။ ဆိုင္ရွင္က အရက္ေသာက္ေနသည့္ ေမ်ာက္ရွင္ထံ လာသည္။

"ဒီမွာခင္ဗ်ာ ခင္ဗ်ား ေမ်ာက္က ေတြ႕ရာေကာက္စားေနတယ္"

"အဲဒီေတာ့"

"တင္းနစ္ေဘာလုံး ကိုေတာင္ ေကာက္စားလိုက္ တယ္ဗ်ာ"

"ကိစၥမရွိပါဘူး၊ သူ႔စားသမွ် ကြၽန္ေတာ္ရွင္းမယ္။ စားေသာက္ၿပီးရင္ အားလုံး ထည့္ေပါင္းလိုက္"

ထိုသူက စားေသာက္ၿပီးလွ်င္ "ရွင္းမယ္ေဟ့" ဟု ေျပာလိုက္ရာ ဆိုင္ရွင္က ေျပစာ လာျပသည္။

"ေမ်ာက္စားထားတာေတြ ပါသလား"

"ထည့္တြက္ထားတယ္"

ထိုသူက ေငြရွင္းၿပီး ေအးေအးေဆးေဆး ထြက္သြားသည္။ ေနာက္ သုံးရက္ခန႔္ အၾကာတြင္ ထိုလူႏွင့္ေမ်ာက္ ျပန္ေရာက္လာသည္။ ထုံးစံအတိုင္း အရက္ႏွင့္ အျမည္းေတြကို မွာသည္။ ေမ်ာက္ကို လႊတ္ေပးလိုက္သည္။

ေမ်ာက္က ဆိုင္ကို ပတ္ၾကည့္သည္။ ယခုတေခါက္ ေမ်ာက္က ေတြ႕ရာကို ေကာက္ဆြဲမစား။ ဟိုၾကည့္ ဒီၾကည့္ လုပ္ေနသည္။ ဆိုင္ရွင္က အရက္ေသာက္ေနသူထံ လာၿပီး

"ဆရာႀကီးေမ်ာက္က ဒီတေခါက္ေတာ့ ေတြ႕ရာကို ဆြဲမစားေတာ့ ပါလားဗ်၊ သူစားမယ္ လုပ္ရင္ ကိုင္ၾကည့္တယ္၊ ၿပီးရင္ ျပန္ခ်ထားတယ္။ ဆရာႀကီး ေတာ္ေတာ္ေလး ပညာေပးထားပုံ ရတယ္"

"ကြၽန္ေတာ္ ဘာမွ မလုပ္ဘူးဗ်။ ဒါေပမဲ့ ၿပီးခဲ့တဲ့ တေခါက္က ဒီေကာင္ ေတာ္ေတာ္ေလး ေနာင္တ ရသြားတယ္"

"ဟုတ္လား ဘာမ်ားပါလိမ့္"

"သူ႔ပါးစပ္နဲ႔ မဆန႔္မၿပဲ အလုံးႀကီးကို ေကာက္သြင္းလိုက္ တာေလ"

"ဪ၊ တင္းနစ္ေဘာလုံးကို မ်ိဳလိုက္တာလား"

"ဟုတ္ပ၊ ပါးစပ္နဲ႔ မဆန႔္တာကို အတင္း ၿဖဲထည့္ထားေတာ့ အဲဒီေကာင္ ဖင္ကေန ျပန္ထြက္ဖို႔ မခ်ိမဆန႔္ကို ခံလိုက္ရတာ။ ႏွစ္ရက္ေလာက္ စအိုဆို႔ၿပီး ေသမလို ျဖစ္ေနတာ မနည္း ဆြဲထုတ္ေပးထား ရတာ။ ဒါေၾကာင့္ ခုဆို သူစားမယ္ ဝါးမယ္ဆိုရင္ သူ႔ပါးစပ္ထက္ သူ႔စအိုနဲ႔ တန္တဲ့ဟာေလာက္ကိုပဲ ခ်ိန္ဆေနတာ။ ဒါေၾကာင့္ ဒီေကာင္ေတြ႕ရာ ေကာက္မစားရဲေတာ့ဘူး"

မွန္သည္ ေမ်ာက္က သူ႔သခင္ဝိုင္းကို ေရာက္လာသည္။ သခင္ လွမ္းေပးသည့္ ေျမပဲေစ့ကို ယူလိုက္သည္။ ေျမပဲေစ့ကို ၾကည့္လိုက္ ဖင္ကိုစမ္းလိုက္ လုပ္သည္။ အေတာ္ေလး ဆဝါးၿပီးမွ ပါးစပ္ထဲ ေကာက္ထည့္သည္။ ေမ်ာက္ ေနာင္တရသြားသည္။

တင္ၫြန႔္

Post a Comment

0 Comments