မျောက် နှင့် ဆရာတော်ကြီး

ဟိုးရှေးရှေးတုန်းက တိုင်းပြည်တပြည်မှာ ဆရာတော်ကြီးတပါး ရှိတယ်။ ဆရာတော်ကြီးရဲ့ ကျောင်းမှာ အရမ်းလိမ္မာတဲ့ မျောက်ကလေး တကောင်လည်း ရှိတယ်။ မျောက်ကလေးဟာ ဆရာတော်ကြီးကို ဆွမ်းကပ်တာက အစ ဝေယျာဝစ္စတွေ လုပ်ပေးနိုင်တယ်လို့ နာမည်ကြီးတယ်။

တနေ့တော့ ဘုရင်ကြီးဟာ နာမည်ကြီးတဲ့ မျောက်လိမ္မာလေး သတင်းကြားလို့ တွေ့လိုဇောနဲ့ ဆရာတော်ကျောင်းမှာ ဆွမ်းကပ်ဖို့ စီစဉ်တယ်။ ဘုရင်ကြီးဟာ ကျောင်းဝင်းထဲ ဝင်လိုက်တာနဲ့ အရမ်းလှပတဲ့ ကျောင်းရှေ့က ပန်းခြံကြီးကို တွေ့လိုက်ရတယ်။

ဘုရင်ကြီးဟာ ဆရာတော်ကြီးကို ကန်တော့ပြီး ဆွမ်းကပ်ဖို့ ပြင်ဆင်တယ်။ အဲဒီမှာ မျောက်ကလေးက ဆရာတော်ကို ဆွမ်း ရိုရိုသေသေလေး ကပ်နေတယ်။ မျောက်ကလေး ဆွမ်းကပ်နေတာကို ကြည့်ရင်း ဘုရင်မင်းကြီးက အရမ်းကို ပီတိ ဖြစ်နေတယ်တဲ့ ။

အဲဒီအချိန်မှာ မျောက်ကလေးဟာ ရေခွက်ကပ်ရင်း ရေခွက် မှောက်ကျသွားတယ်။ ဒီတော့ ဆရာတော်ကြီးက မျောက်ရဲ့ ဦးခေါင်းကို "ဒေါက်" ခနဲ ခေါက်လိုက်တယ်။ ဒါကို လှမ်းမြင်လိုက်တဲ့ ဘုရင်ကြီးက ထောင်းကနဲ ဒေါသ ထွက်သွားပြီး..

"အရှင်ဘုရား ဒီလောက် လိမ္မာတဲ့ မျောက်ကို ရေခွက်လေး မှောက်ရုံနဲ့ ဒီလိုကြီး မလုပ်သင့်ပါဘူး။ သင်္ကန်းကြီး ဝတ်ထားပြီး ဒီလောက်လေးမှ ခန္တီတရားလေးတောင် မထားနိုင်ဘူးလား" လို့ စိတ်ဆိုးစွာနဲ့ ပြောလိုက်တယ်။

ဆရာတော်ကတော့ "တိရိစ္ဆာန်ဆိုတာ ဆုံးမရတယ် မဟုတ်ရင် မလိမ္မာဘူး" လို့ ဘုရင်ကြီးကို ပြန်မိန့်တယ်။ ဒါပေမယ့် ဘုရင်ကြီးက လက်မခံဘူး။ ဘယ်လိုဘဲ ဖြောင်းဖြ ဆုံးမပေမယ့် လက်မခံဘူး။ ဒါနဲ့ ဘုန်းကြီးက ရှင်းပြလို့ မရတဲ့ အဆုံး..

"ကဲ ဒကာတော်မင်းကြီး ဘယ်လိုမှ ရှင်းပြလို့ မရရင်လည်း ဒီလိုလုပ်ပါ၊ ဒကာတော်မင်းကြီး ပြောသလို "ခန္တီ" တရားနဲ့ နေပါ့မယ်။ နောက်တနှစ် တိတိ ပြည့်ရင် ဒီကျောင်းကို နောက်တခေါက် ပြန်ကြွခဲ့ပါ" လို့ မိန့်တယ်။ ဘုရင်ကြီးလည်း စိတ်တွေဆိုးပြီး ဦးတောင် မချတော့ဘဲ ကျောင်းပေါ်က ဆင်းသွားတော့တယ်။

နောက်တနှစ်လောက် ကြာတော့ ဘုရင်ကြီးဟာ အဲဒီအကြောင်းကို ပြန်သတိရလာတယ်။ ဒါနဲ့ မှူးမတ်တွေကို ခေါ်ပြီး ဘုန်းကြီးကျောင်းကိုသွားတယ်။ ကျောင်းရှေ့ ဥယျာဉ်လည်း ရောက်ရော ဥယျာဉ်တခုလုံး ရစရာ မရှိအောင် ပျက်စီးနေပြီး ပန်းပင်တွေ ဟာလည်း နှုတ်ပြီး ကိုက်ဖြတ် ထားတဲ့အတွက် ပြန့်ကျဲနေတယ်။

ကျောင်းကို လှမ်းကြည့်လိုက်တော့ ကျောင်းခေါင်မိုးတွေ ဖွာလန် လွင့်ကျဲ နေတယ်။ ကျောင်းပြူတင်းပေါက်တွေ ကလည်း ပြုတ်တာက ပြုတ်၊ တွဲလောင်း ဖြစ်တာက ဖြစ်။ ဘုရင်ကြီးက စိတ်ပူသွားတာနဲ့ ကျောင်းပေါ် အမြန်တက်ပြီး ဘုန်းကြီးကို လိုက်ရှာတယ်။ တကျောင်းလုံး ရစရာ မရှိအောင် ပျက်စီး ရှုပ်ပွနေတယ်။

ကျောင်းဒေါင့်က အမှိုက်ပုံကြား တနေရာမှာတော့ ဘုန်ကြီးဟာ ငုတ်တုတ်လေး ထိုင်နေတယ်။ မျောက်ကတော့ ဘုန်ကြီးဂုတ်ကို ခွစီးပြီး ဘုန်းကြီးခေါင်းကို ခေါက် ကစားနေလေရဲ့။

ပုံပြင်လေးကတော့ ဒါပါပဲ။ ပြောလိုတာက လူ့စိတ် ဆိုတာ မျောက်နဲ့ တူတယ်။ ဆုံးမမှု မရှိဘူး ဆိုရင်၊ ဆုံးမမှုတည်း ဟူသော အသိတရား သတိတရား မရှိဘူး ဆိုရင် မိမိတို့ရဲ့ စိတ်ဟာ လူစင်စစ်က မျောက်လို ဖြစ်နေတတ်ပါလား ဆိုတာ သတိရပါ။

crd

Zawgyi

ေမ်ာက္ ႏွင့္ ဆရာေတာ္ႀကီး

ဟိုးေရွးေရွးတုန္းက တိုင္းျပည္တျပည္မွာ ဆရာေတာ္ႀကီးတပါး ရွိတယ္။ ဆရာေတာ္ႀကီးရဲ႕ ေက်ာင္းမွာ အရမ္းလိမၼာတဲ့ ေမ်ာက္ကေလး တေကာင္လည္း ရွိတယ္။ ေမ်ာက္ကေလးဟာ ဆရာေတာ္ႀကီးကို ဆြမ္းကပ္တာက အစ ေဝယ်ာဝစၥေတြ လုပ္ေပးႏိုင္တယ္လို႔ နာမည္ႀကီးတယ္။

တေန႔ေတာ့ ဘုရင္ႀကီးဟာ နာမည္ႀကီးတဲ့ ေမ်ာက္လိမၼာေလး သတင္းၾကားလို႔ ေတြ႕လိုေဇာနဲ႔ ဆရာေတာ္ေက်ာင္းမွာ ဆြမ္းကပ္ဖို႔ စီစဥ္တယ္။ ဘုရင္ႀကီးဟာ ေက်ာင္းဝင္းထဲ ဝင္လိုက္တာနဲ႔ အရမ္းလွပတဲ့ ေက်ာင္းေရွ႕က ပန္းၿခံႀကီးကို ေတြ႕လိုက္ရတယ္။

ဘုရင္ႀကီးဟာ ဆရာေတာ္ႀကီးကို ကန္ေတာ့ၿပီး ဆြမ္းကပ္ဖို႔ ျပင္ဆင္တယ္။ အဲဒီမွာ ေမ်ာက္ကေလးက ဆရာေတာ္ကို ဆြမ္း ႐ို႐ိုေသေသေလး ကပ္ေနတယ္။ ေမ်ာက္ကေလး ဆြမ္းကပ္ေနတာကို ၾကည့္ရင္း ဘုရင္မင္းႀကီးက အရမ္းကို ပီတိ ျဖစ္ေနတယ္တဲ့ ။

အဲဒီအခ်ိန္မွာ ေမ်ာက္ကေလးဟာ ေရခြက္ကပ္ရင္း ေရခြက္ ေမွာက္က်သြားတယ္။ ဒီေတာ့ ဆရာေတာ္ႀကီးက ေမ်ာက္ရဲ႕ ဦးေခါင္းကို "ေဒါက္" ခနဲ ေခါက္လိုက္တယ္။ ဒါကို လွမ္းျမင္လိုက္တဲ့ ဘုရင္ႀကီးက ေထာင္းကနဲ ေဒါသ ထြက္သြားၿပီး

"အရွင္ဘုရား ဒီေလာက္ လိမၼာတဲ့ ေမ်ာက္ကို ေရခြက္ေလး ေမွာက္႐ုံနဲ႔ ဒီလိုႀကီး မလုပ္သင့္ပါဘူး။ သကၤန္းႀကီး ဝတ္ထားၿပီး ဒီေလာက္ေလးမွ ခႏၲီတရားေလးေတာင္ မထားႏိုင္ဘူးလား" လို႔ စိတ္ဆိုးစြာနဲ႔ ေျပာလိုက္တယ္။

ဆရာေတာ္ကေတာ့ "တိရိစာၦန္ဆိုတာ ဆုံးမရတယ္ မဟုတ္ရင္ မလိမၼာဘူး" လို႔ ဘုရင္ႀကီးကို ျပန္မိန႔္တယ္။ ဒါေပမယ့္ ဘုရင္ႀကီးက လက္မခံဘူး။ ဘယ္လိုဘဲ ေျဖာင္းျဖ ဆုံးမေပမယ့္ လက္မခံဘူး။ ဒါနဲ႔ ဘုန္းႀကီးက ရွင္းျပလို႔ မရတဲ့ အဆုံး

"ကဲ ဒကာေတာ္မင္းႀကီး ဘယ္လိုမွ ရွင္းျပလို႔ မရရင္လည္း ဒီလိုလုပ္ပါ၊ ဒကာေတာ္မင္းႀကီး ေျပာသလို "ခႏၲီ" တရားနဲ႔ ေနပါ့မယ္။ ေနာက္တႏွစ္ တိတိ ျပည့္ရင္ ဒီေက်ာင္းကို ေနာက္တေခါက္ ျပန္ႂကြခဲ့ပါ" လို႔ မိန႔္တယ္။ ဘုရင္ႀကီးလည္း စိတ္ေတြဆိုးၿပီး ဦးေတာင္ မခ်ေတာ့ဘဲ ေက်ာင္းေပၚက ဆင္းသြားေတာ့တယ္။

ေနာက္တႏွစ္ေလာက္ ၾကာေတာ့ ဘုရင္ႀကီးဟာ အဲဒီအေၾကာင္းကို ျပန္သတိရလာတယ္။ ဒါနဲ႔ မႉးမတ္ေတြကို ေခၚၿပီး ဘုန္းႀကီးေက်ာင္းကိုသြားတယ္။ ေက်ာင္းေရွ႕ ဥယ်ာဥ္လည္း ေရာက္ေရာ ဥယ်ာဥ္တခုလုံး ရစရာ မရွိေအာင္ ပ်က္စီးေနၿပီး ပန္းပင္ေတြ ဟာလည္း ႏႈတ္ၿပီး ကိုက္ျဖတ္ ထားတဲ့အတြက္ ျပန႔္က်ဲေနတယ္။

ေက်ာင္းကို လွမ္းၾကည့္လိုက္ေတာ့ ေက်ာင္းေခါင္မိုးေတြ ဖြာလန္ လြင့္က်ဲ ေနတယ္။ ေက်ာင္းျပဴတင္းေပါက္ေတြ ကလည္း ျပဳတ္တာက ျပဳတ္၊ တြဲေလာင္း ျဖစ္တာက ျဖစ္။ ဘုရင္ႀကီးက စိတ္ပူသြားတာနဲ႔ ေက်ာင္းေပၚ အျမန္တက္ၿပီး ဘုန္းႀကီးကို လိုက္ရွာတယ္။ တေက်ာင္းလုံး ရစရာ မရွိေအာင္ ပ်က္စီး ရႈပ္ပြေနတယ္။

ေက်ာင္းေဒါင့္က အမႈိက္ပုံၾကား တေနရာမွာေတာ့ ဘုန္ႀကီးဟာ ငုတ္တုတ္ေလး ထိုင္ေနတယ္။ ေမ်ာက္ကေတာ့ ဘုန္ႀကီးဂုတ္ကို ခြစီးၿပီး ဘုန္းႀကီးေခါင္းကို ေခါက္ ကစားေနေလရဲ႕။

ပုံျပင္ေလးကေတာ့ ဒါပါပဲ။ ေျပာလိုတာက လူ႔စိတ္ ဆိုတာ ေမ်ာက္နဲ႔ တူတယ္။ ဆုံးမမႈ မရွိဘူး ဆိုရင္၊ ဆုံးမမႈတည္း ဟူေသာ အသိတရား သတိတရား မရွိဘူး ဆိုရင္ မိမိတို႔ရဲ႕ စိတ္ဟာ လူစင္စစ္က ေမ်ာက္လို ျဖစ္ေနတတ္ပါလား ဆိုတာ သတိရပါ။

crd

Post a Comment

0 Comments