မှန်နှင့် ပြတင်းပေါက်

တခါတုန်းက အိမ်ရှေ့မင်းသား တပါးဟာ နန်းတွင်း ပညာရှိ အမတ်ကြီးရဲ့ အိမ်ကို သွားလည်တယ်။ သူဟာ သူ့ဖခင် ဘုရင်ကြီး ကွယ်လွန်ရင် ထီးနန်း အရိုက်အရာကို ခံယူရမယ့် သူပါ။ ဒါပေမဲ့ သူဟာ မာန်မာန မရှိသလို သူ့မှာ သိစရာ တတ်စရာ ပညာတွေ အများကြီး လိုသေးတယ်လို့ ခံယူထားတယ်။

ပညာရှိအမတ်ကြီးနဲ့ တွေ့တော့ သူ နန်းတက်ပြီး ဘုရင်ဖြစ်လာရင် ဘယ်လို ပြုမူနေထိုင်ရမယ် ဆိုတာကို အကြံပေးဖို့ မင်းသားက ပြောလိုက်တယ်။ ဒီတော့ အမတ်ကြီးက ခုလို ပြောလိုက်တယ်။ "အရှင်မင်းသား၊ ဟိုနားက ပြတင်းပေါက် မှန်ကနေ အပြင်ဖက်ကို လှမ်းမျှော်ကြည့်လိုက်ပါ။ ပြီးရင် ဘာတွေများ မြင်တွေ့သလဲ ဆိုတာ ပြောပြစမ်းပါ"

မင်းသားလည်း ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ အမတ်ကြီးဖက် လှည့်ပြီး ခုလို ပြောလိုက်တယ်။ "လမ်းပေါ်မှာ လူတွေ သွားလာနေ ကြတယ်။ လမ်းဘေးမှာ သူတောင်းစား တယောက်က လမ်းသွားလမ်းလာတွေကို တောင်းရမ်းနေတာ ကိုလည်း တွေ့ရပါတယ် ဘိုးဘိုး"

အမတ်ကြီးက မင်းသားကို အခန်းထောင့်မှာ ထောင်ထားတဲ့ မှန်ချပ်ကြီးဆီ ခေါ်သွားပြီး ခုလို ပြောလိုက်ပြန်တယ်။ "အရှင်မင်းသား၊ အခု မှန်ကို ကြည့်လိုက်ပါ။ ပြီးရင် ဘာမြင်သလဲ ဆိုတာ ပြောပြစမ်းပါအုံး"

"ကျွန်တော့်ရုပ်ပုံကိုပဲ မြင်ပါတယ်"

"အင်း၊ မှန်ထဲမှာ အရှင်မင်းသားရဲ့ ပုံကိုပဲ မြင်ရတယ်။ တခြားသူတွေကို မမြင်ရဘူး။ မှန်တယ်နော်"

"မှန်ပါတယ် ဘိုးဘိုး"

"မှန်နဲ့ ပြတင်းပေါက်တွေဟာ ဖန်သားနဲ့ လုပ်ထားကြတယ်နော်။ ဒါပေမဲ့ သူတို့ အလုပ် လုပ်ပုံတွေ မတူကြဘူး။ ဖန်သားပြင်ကို ဘာမှ မသုတ်ထားတဲ့ ပြတင်းပေါက်ကနေ ကြည့်လိုက်ရင် တခြားသူတွေကို ဖေါက်ထွင်းပြီး မြင်ရတယ်။ မှန်ကျတော့ ပြဒါးသုတ်ထားလို့ ဖေါက်ထွင်း မမြင်ရဘူး။ အရှင်မင်းသားရဲ့ ပုံရိပ်ကိုပဲ မြင်ရတယ်"

"ဆက်ရှင်းပြပေးပါ ဘိုးဘိုး"

"ဆိုလိုတာက မှန်ကို ပြဒါး သုတ်ထားလို့ ဖေါက်ထွင်း မမြင်ရသလို ရာထူး အာဏာ ငွေကြေးတွေက အရှင်မင်းသားကို ဖုံးကာထားလို့ အရှင်မင်းသားဟာ တိုင်းသူပြည်သားတွေရဲ့ အခြေအနေမှန်ကို သိမှာ မဟုတ်ဘူး။ အရှင်မင်းသားဟာ ရာထူး အာဏာ ငွေကြေးတွေနဲ့ ယစ်မူးမာန်တက်နေရင် နန်းတော်အပြင်မှာ ဘာဖြစ်နေတယ် ဆိုတာကို မသိနိုင်ဘူး"

"ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ ဘိုးဘိုး"

"အင်း အရှင်မင်းသားဟာ ရာထူး အာဏာ ငွေကြေးတွေနဲ့ ယစ်မူးခြင်း မရှိမှ ပြတင်းပေါက်မှန်ကို ဖေါက်ပြီး မြင်နိုင်သလို တိုင်းသူပြည်သားတွေရဲ့ အခြေအနေမှန်ကို သိမယ်။ ဒါမှလည်း တိုင်းသူပြည်သားတွေကို ရင်ဝယ်သားလို ပိုက်ပြီး အုပ်ချုပ်နိုင်မယ်။ သူတို့အပေါ် အကြင်နာမေတ္တာ ထားနိုင်မယ်"

"ရှင်းပြပေးတာ ကျေးဇူးကြီးလှပါတယ် ဘိုးဘိုး။ ကျွန်တော် နန်းတက်ရင် ပြတင်းပေါက်က ကြည့်ပြီး အုပ်ချုပ်ပါမယ်။ မှန်ကြည့်ပြီး မအုပ်ချုပ်ပါဘူးလို့ ကတိပေးပါတယ်"

"ကောင်းလေစွ ကောင်းလေစွ၊ အရှင်မင်းသား ဘုန်းကြီးလို့ အသက်ရှည်ပါစေ"

crd ဗန်းမော်သိန်းဖေ

Zawgyi

မွန္ႏွင့္ ျပတင္းေပါက္

တခါတုန္းက အိမ္ေရွ႕မင္းသား တပါးဟာ နန္းတြင္း ပညာရွိ အမတ္ႀကီးရဲ႕ အိမ္ကို သြားလည္တယ္။ သူဟာ သူ႔ဖခင္ ဘုရင္ႀကီး ကြယ္လြန္ရင္ ထီးနန္း အ႐ိုက္အရာကို ခံယူရမယ့္ သူပါ။ ဒါေပမဲ့ သူဟာ မာန္မာန မရွိသလို သူ႔မွာ သိစရာ တတ္စရာ ပညာေတြ အမ်ားႀကီး လိုေသးတယ္လို႔ ခံယူထားတယ္။

ပညာရွိအမတ္ႀကီးနဲ႔ ေတြ႕ေတာ့ သူ နန္းတက္ၿပီး ဘုရင္ျဖစ္လာရင္ ဘယ္လို ျပဳမူေနထိုင္ရမယ္ ဆိုတာကို အႀကံေပးဖို႔ မင္းသားက ေျပာလိုက္တယ္။ ဒီေတာ့ အမတ္ႀကီးက ခုလို ေျပာလိုက္တယ္။ "အရွင္မင္းသား၊ ဟိုနားက ျပတင္းေပါက္ မွန္ကေန အျပင္ဖက္ကို လွမ္းေမွ်ာ္ၾကည့္လိုက္ပါ။ ၿပီးရင္ ဘာေတြမ်ား ျမင္ေတြ႕သလဲ ဆိုတာ ေျပာျပစမ္းပါ"

မင္းသားလည္း ျပတင္းေပါက္ကေန အျပင္ကို လွမ္းၾကည့္လိုက္တယ္။ ၿပီးေတာ့ အမတ္ႀကီးဖက္ လွည့္ၿပီး ခုလို ေျပာလိုက္တယ္။ "လမ္းေပၚမွာ လူေတြ သြားလာေန ၾကတယ္။ လမ္းေဘးမွာ သူေတာင္းစား တေယာက္က လမ္းသြားလမ္းလာေတြကို ေတာင္းရမ္းေနတာ ကိုလည္း ေတြ႕ရပါတယ္ ဘိုးဘိုး"

အမတ္ႀကီးက မင္းသားကို အခန္းေထာင့္မွာ ေထာင္ထားတဲ့ မွန္ခ်ပ္ႀကီးဆီ ေခၚသြားၿပီး ခုလို ေျပာလိုက္ျပန္တယ္။ "အရွင္မင္းသား၊ အခု မွန္ကို ၾကည့္လိုက္ပါ။ ၿပီးရင္ ဘာျမင္သလဲဆိုတာ ေျပာျပစမ္းပါအုံး"

"ကြၽန္ေတာ့္႐ုပ္ပုံကိုပဲ ျမင္ပါတယ္"

"အင္း၊ မွန္ထဲမွာ အရွင္မင္းသားရဲ႕ ပုံကိုပဲ ျမင္ရတယ္။ တျခားသူေတြကို မျမင္ရဘူး။ မွန္တယ္ေနာ္"

"မွန္ပါတယ္ ဘိုးဘိုး"

"မွန္နဲ႔ ျပတင္းေပါက္ေတြဟာ ဖန္သားနဲ႔ လုပ္ထားၾကတယ္ေနာ္။ ဒါေပမဲ့ သူတို႔ အလုပ္ လုပ္ပုံေတြ မတူၾကဘူး။ ဖန္သားျပင္ကို ဘာမွ မသုတ္ထားတဲ့ ျပတင္းေပါက္ကေန ၾကည့္လိုက္ရင္ တျခားသူေတြကို ေဖါက္ထြင္းၿပီး ျမင္ရတယ္။ မွန္က်ေတာ့ ျပဒါးသုတ္ထားလို႔ ေဖါက္ထြင္း မျမင္ရဘူး။ အရွင္မင္းသားရဲ႕ ပုံရိပ္ကိုပဲ ျမင္ရတယ္"

"ဆက္ရွင္းျပေပးပါ ဘိုးဘိုး"

"ဆိုလိုတာက မွန္ကို ျပဒါး သုတ္ထားလို႔ ေဖါက္ထြင္း မျမင္ရသလို ရာထူး အာဏာ ေငြေၾကးေတြက အရွင္မင္းသားကို ဖုံးကာထားလို႔ အရွင္မင္းသားဟာ တိုင္းသူျပည္သားေတြရဲ႕ အေျခအေနမွန္ကို သိမွာ မဟုတ္ဘူး။ အရွင္မင္းသားဟာ ရာထူး အာဏာ ေငြေၾကးေတြနဲ႔ ယစ္မူးမာန္တက္ေနရင္ နန္းေတာ္အျပင္မွာ ဘာျဖစ္ေနတယ္ ဆိုတာကို မသိႏိုင္ဘူး"

"ဒါဆိုရင္ ဘယ္လိုလုပ္ရမလဲ ဘိုးဘိုး"

"အင္း အရွင္မင္းသားဟာ ရာထူး အာဏာ ေငြေၾကးေတြနဲ႔ ယစ္မူးျခင္း မရွိမွ ျပတင္းေပါက္မွန္ကို ေဖါက္ၿပီး ျမင္ႏိုင္သလို တိုင္းသူျပည္သားေတြရဲ႕ အေျခအေနမွန္ကို သိမယ္။ ဒါမွလည္း တိုင္းသူျပည္သားေတြကို ရင္ဝယ္သားလို ပိုက္ၿပီး အုပ္ခ်ဳပ္ႏိုင္မယ္။ သူတို႔အေပၚ အၾကင္နာေမတၱာ ထားႏိုင္မယ္"

"ရွင္းျပေပးတာ ေက်းဇူးႀကီးလွပါတယ္ ဘိုးဘိုး။ ကြၽန္ေတာ္ နန္းတက္ရင္ ျပတင္းေပါက္က ၾကည့္ၿပီး အုပ္ခ်ဳပ္ပါမယ္။ မွန္ၾကည့္ၿပီး မအုပ္ခ်ဳပ္ပါဘူးလို႔ ကတိေပးပါတယ္"

"ေကာင္းေလစြ ေကာင္းေလစြ၊ အရွင္မင္းသား ဘုန္းႀကီးလို႔ အသက္ရွည္ပါေစ"

crd ဗန္းေမာ္သိန္းေဖ

Post a Comment

0 Comments