တခါတုန်းက ဆင်းရဲသားကောင်လေး တယောက်ဟာ တအိမ်တက် တအိမ်ဆင်းပြီး သူကျောင်းတက်ဖို့ အတွက် နွားနို့ကို လိုက်ရောင်းနေ ပါတယ်။ အဲ့ဒီလို လိုက်ရောင်းရင်း တရက်မှာ ဗိုက်က ဆာလာတယ်။

ရောင်းတဲ့ နွားနို့က စက်ရုံထုတ် ဖြစ်တဲ့ အတွက် ဖောက်သောက်ရင် ပိုက်ဆံက ပေးစရာ မရှိ။ လူမိရင်လည်း အလုပ်ရှင်က အလုပ်ဖြုတ် နိုင်တယ်။ အဲဒါကြောင့် အိမ်တအိမ်မှာ ရေတခွက် တောင်းသောက်လိုက် ပါတယ်။

အဲ့ဒီအိမ်ရဲ့ အိမ်ရှင်မက ဆင်းရဲသား ကောင်လေးကို ကြည့်ပြီး ကောင်လေး ဗိုက်ဆာနေမှန်း သိတော့ ကောင်လေးရောင်းတဲ့ နွားနို့ကို ဝယ်ပြီး ခွက်ထဲ ထည့်ကာ ကောင်လေးကို တိုက်လိုက်တယ်။

ကောင်လေးက ဖြည်းဖြည်းချင်း သောက်ပြီး "အန်တီ့အကြွေး ကျွန်တော့်အပေါ်မှာ ဘယ်လောက် ရှိသွားသလဲ ခင်ဗျာ" လို့ မေးတယ်။ အိမ်ရှင်မ ကလည်း "ဘာ အကြွေးမှ မရှိပါဘူး ကလေးရယ်" လို့ ပြန်ဖြေတယ်။

နောက်တခါ ကောင်လေးက ပြောတယ်။ "အမေက မှာထားတယ် ဘယ်သူဆီကမှ ဘယ်တော့မှ အလကား မယူရဘူးတဲ့"

အဲဒါနဲ့ အိမ်ရှင်မက ပြုံးပြီး "အန်တီရဲ့ အမေကလည်း အကြင်နာတရားကြောင့် ဖြစ်လာတဲ့ စေတနာဆီက ပိုက်ဆံ မယူဖို့ သင်ပြထားပါတယ် ကလေး" လို့ ပြန်ဖြေပေးလိုက် ပါတယ်။

ကောင်လေးကလည်း "ဒါဆိုရင်တော့ ကျွန်တော့်ရဲ့ နှလုံးသားကို အရင်းတည်ပြီး ကျေးဇူးတင်ပါတယ် ခင်ဗျာ" လို့ ပြောပြီး အိမ်ရှင်မကို သေချာကြည့်ကာ နှုတ်ဆက်ပြီး သူ့ နွားနို့ကို ဆက်ရောင်းပြီး ပြန်သွားခဲ့ပါတယ်။

အဲဒီလိုနဲ့ နှစ်တွေတော်တော် ကြာသွားပြီး တရက်မှာတော့ အဲဒီ အိမ်ရှင်မဟာ ရုတ်တရက် အပြင်း ဖျားပါတော့တယ်။ ရောဂါကလည်း ရှာမတွေ့ဆိုတော့ မြို့ကြီးကို ပို့ပြီး အထူးကု ဆရာဝန်ကြီးတွေ ဆီမှာ ကုသရတာပေါ့။

အဲဒီမှာ အထူးကုဆရာဝန်ကြီးက အိမ်ရှင်မကို ကြည့်ပြီး ချက်ချင်းပဲ သူတတ်သမျှ အစွမ်းကုန် ကုသပေးပါတယ်။ နောက်ဆုံး အိမ်ရှင်မဟာ ပြန်လည် ကျန်းမာလာတယ်လေ။

အိမ်ရှင်မရဲ့ ယောက်ျားက ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ အတွက် ဆေးဖိုးတွေ အားလုံးအတွက် ပေးစရာ ငွေသိပ်မရှိပါဘူး။ အိမ်ရှင်မက သူ့အိမ်ရောင်းပြီးတော့ ပေးမယ်ဆိုပြီး ဆေးရုံ counter မှာ ကျသင့်ငွေ ဘယ်လောက်လဲ ဆိုတာ သွားမေးကြည့် ပါတယ်။

အဲဒီမှာ counter က စာရွက်လေး တရွက် သူ့ကို ပြန်ပေးလိုက်တယ်။ အဲဒီစာရွက်မှာ ရေးထားတာက "Paid in full with one glass of milk" တဲ့။ အဲဒါကို ဖတ်ပြီး သူမ သဘောပေါက် သွားခဲ့တယ်။ သူ တချိန်က ကူညီခဲ့တဲ့ ကောင်လေးဟာ ဒီအထူးကု ဆရာဝန် ဖြစ်နေတယ် ဆိုတာပါ။

စေတနာ ဆိုတာ အမြဲတမ်း ရောင်ပြန်ဟပ်ပါတယ်။ ကိုယ့်စေတနာသာ မှန်ပါစေ၊ နှစ်တွေ လတွေ ကြာသော်လည်း တချိန်မှာ ရောင်ပြန်ဟပ် မှာပါပဲ။

crd

Zawgyi

ႏို႔တခြက္

တခါတုန္းက ဆင္းရဲသားေကာင္ေလး တေယာက္ဟာ တအိမ္တက္ တအိမ္ဆင္းၿပီး သူေက်ာင္းတက္ဖို႔ အတြက္ ႏြားႏို႔ကို လိုက္ေရာင္းေန ပါတယ္။ အဲ့ဒီလို လိုက္ေရာင္းရင္း တရက္မွာ ဗိုက္က ဆာလာတယ္။

ေရာင္းတဲ့ ႏြားႏို႔က စက္႐ုံထုတ္ ျဖစ္တဲ့ အတြက္ ေဖာက္ေသာက္ရင္ ပိုက္ဆံက ေပးစရာ မရွိ။ လူမိရင္လည္း အလုပ္ရွင္က အလုပ္ျဖဳတ္ ႏိုင္တယ္။ အဲဒါေၾကာင့္ အိမ္တအိမ္မွာ ေရတခြက္ ေတာင္းေသာက္လိုက္ ပါတယ္။

အဲ့ဒီအိမ္ရဲ႕ အိမ္ရွင္မက ဆင္းရဲသား ေကာင္ေလးကို ၾကည့္ၿပီး ေကာင္ေလး ဗိုက္ဆာေနမွန္း သိေတာ့ ေကာင္ေလးေရာင္းတဲ့ ႏြားႏို႔ကို ဝယ္ၿပီး ခြက္ထဲ ထည့္ကာ ေကာင္ေလးကို တိုက္လိုက္တယ္။

ေကာင္ေလးက ျဖည္းျဖည္းခ်င္း ေသာက္ၿပီး "အန္တီ့အေႂကြး ကြၽန္ေတာ့္အေပၚမွာ ဘယ္ေလာက္ ရွိသြားသလဲ ခင္ဗ်ာ" လို႔ ေမးတယ္။ အိမ္ရွင္မ ကလည္း "ဘာ အေႂကြးမွ မရွိပါဘူး ကေလးရယ္" လို႔ ျပန္ေျဖတယ္။

ေနာက္တခါ ေကာင္ေလးက ေျပာတယ္။ "အေမက မွာထားတယ္ ဘယ္သူဆီကမွ ဘယ္ေတာ့မွ အလကား မယူရဘူးတဲ့"

အဲဒါနဲ႔ အိမ္ရွင္မက ၿပဳံးၿပီး "အန္တီရဲ႕ အေမကလည္း အၾကင္နာတရားေၾကာင့္ ျဖစ္လာတဲ့ ေစတနာဆီက ပိုက္ဆံ မယူဖို႔ သင္ျပထားပါတယ္ ကေလး" လို႔ ျပန္ေျဖေပးလိုက္ ပါတယ္။

ေကာင္ေလးကလည္း "ဒါဆိုရင္ေတာ့ ကြၽန္ေတာ့္ရဲ႕ ႏွလုံးသားကို အရင္းတည္ၿပီး ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ" လို႔ ေျပာၿပီး အိမ္ရွင္မကို ေသခ်ာၾကည့္ကာ ႏႈတ္ဆက္ၿပီး သူ႔ ႏြားႏို႔ကို ဆက္ေရာင္းၿပီး ျပန္သြားခဲ့ပါတယ္။

အဲဒီလိုနဲ႔ ႏွစ္ေတြေတာ္ေတာ္ ၾကာသြားၿပီး တရက္မွာေတာ့ အဲဒီ အိမ္ရွင္မဟာ ႐ုတ္တရက္ အျပင္း ဖ်ားပါေတာ့တယ္။ ေရာဂါကလည္း ရွာမေတြ႕ဆိုေတာ့ ၿမိဳ႕ႀကီးကို ပို႔ၿပီး အထူးကု ဆရာဝန္ႀကီးေတြ ဆီမွာ ကုသရတာေပါ့။

အဲဒီမွာ အထူးကုဆရာဝန္ႀကီးက အိမ္ရွင္မကို ၾကည့္ၿပီး ခ်က္ခ်င္းပဲ သူတတ္သမွ် အစြမ္းကုန္ ကုသေပးပါတယ္။ ေနာက္ဆုံး အိမ္ရွင္မဟာ ျပန္လည္ က်န္းမာလာတယ္ေလ။

အိမ္ရွင္မရဲ႕ ေယာက္်ားက ကြယ္လြန္သြားခဲ့ၿပီ ျဖစ္တဲ့ အတြက္ ေဆးဖိုးေတြ အားလုံးအတြက္ ေပးစရာ ေငြသိပ္မရွိပါဘူး။ အိမ္ရွင္မက သူ႔အိမ္ေရာင္းၿပီးေတာ့ ေပးမယ္ဆိုၿပီး ေဆး႐ုံ counter မွာ က်သင့္ေငြ ဘယ္ေလာက္လဲ ဆိုတာ သြားေမးၾကည့္ ပါတယ္။

အဲဒီမွာ counter က စာ႐ြက္ေလး တ႐ြက္ သူ႔ကို ျပန္ေပးလိုက္တယ္။ အဲဒီစာ႐ြက္မွာ ေရးထားတာက "Paid in full with one glass of milk" တဲ့။ အဲဒါကို ဖတ္ၿပီး သူမ သေဘာေပါက္ သြားခဲ့တယ္။ သူ တခ်ိန္က ကူညီခဲ့တဲ့ ေကာင္ေလးဟာ ဒီအထူးကု ဆရာဝန္ ျဖစ္ေနတယ္ ဆိုတာပါ။

ေစတနာ ဆိုတာ အၿမဲတမ္း ေရာင္ျပန္ဟပ္ပါတယ္။ ကိုယ့္ေစတနာသာ မွန္ပါေစ၊ ႏွစ္ေတြ လေတြ ၾကာေသာ္လည္း တခ်ိန္မွာ ေရာင္ျပန္ဟပ္ မွာပါပဲ။

crd