ဘဝဟာ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ဘဝမှာ အမြဲတမ်း အားပေးနေမယ့်သူရှိရင် အရာရာက အောင်မြင်နိုင်ပါတယ်။ အောင်မြင်မှုတစ်ခု ရဖို့အတွက် သူတို့တွေရဲ့ ချစ်ခြင်းတွေ၊ မေတ္တာတွေ လိုအပ်ပါတယ်။

ဥပမာ Barack Obama ဟာ သူ့ရဲ့နိုင်ငံရေး အောင်မြင်တာဟာ သူ့ဇနီးကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ချစ်ခြင်းမေတ္တာကို ဘာနဲ့မှ ဖော်ပြလို့ မရနိုင်ပါဘူး။ ဒါကြောင့် ဘယ်လို အချက်တွေက ယောကျာ်းတစ်ယောက်ကို အောင်မြင်စေခဲ့တာလဲ ဆိုတာကို ကြည့်လိုက်ရအောင်။

အမြဲတမ်း အားပေးနေတယ်

ဘဝကို တိုးတက်အောင်မြင်အောင် လုပ်တဲ့နေရာမှာ လက်တွဲဖော်ရဲ့ အားပေးမှုက အဓိကကျပါတယ်။ နောက်ဆုံးအနေနဲ့ Carnegie Mellon University က ထုတ်ဝေတဲ့ လေ့လာမှုတစ်ခုက ဒါကို သိပ္ပံနည်းကျ အဆင့်အထိ သတ်မှတ်ထားပါတယ်။

ဖေးမကူညီတတ်တဲ့ ခင်ပွန်း၊ ဇနီးတွေရှိနေခြင်းဟာ ဘဝမှာ အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

စုံတွဲ ၁၆၃ တွဲဟာ လွယ်ကူပြီးရိုးရှင်းတဲ့ ပဟေဠိတစ်ခုကို အဖြေရှာပြီး ဆုပေးတဲ့ စမ်းသပ်မှုတစ်ခုမှာ ပါဝင်ခဲ့ကြပါတယ်။ ပြိုင်ပွဲစတာနဲ့ သုတေသီတွေက စုံတွဲတွေအချင်းချင်း တိုင်ပင်ဆွေးနွေးတာတွေကို မှတ်တမ်းရယူ ခဲ့ကြပါတယ်။ စုံတွဲတွေ အနေနဲ့ ဆုရဖို့အတွက် အချင်းချင်း အားပေးကြတဲ့သူတွေလည်း ရှိသလို

တစ်ဝက်လောက်နဲ့ လက်လျှော့ဖို့အတွက် ပြောခဲ့ကြတဲ့ စုံတွဲတွေလည်း ရှိပါတယ်။ တချို့တွေကျတော့လည်း အချင်းချင်း မယုံကြည်တာတွေ၊ အထင်သေးတာတွေပါ ဖြစ်နေကြပါသေးတယ်။

ဒီလို အခြေအနေတွေကို (၆) လလောက် လေ့လာခဲ့ပြီးတဲ့ အခါမှာတော့ သုတေသီတွေက အဖြေတစ်ခုကို ရှာတွေ့ခဲ့ကြပါတယ်။ ဘာလဲဆိုတော့ အရာရာကိုတိုင်ပင်ပြီး အမြဲတမ်း အားပေးအားမြှောက် လုပ်နေတဲ့ စုံတွဲတွေက သူများတွေထက် အချစ်ရေးမှာ ပိုမိုသာယာပြီးတော့ အောင်မြင်ဖို့လည်း လွယ်ကူတယ် ဆိုတာပါပဲ။

လက်တွေ့ကျကျဖြစ်ဖို့လည်း အရေးကြီးပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ လေ့လာခဲ့ကြတာ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ စိန့်လူးဝစ်မှာ ရှိတဲ့ ဝါရှင်တန်တက္ကသိုလ်က သုတေသီတွေဟာ " လူတစ်ဦး၏အောင်မြင်မှုသည် ၎င်းတို့ကိုယ်တိုင် အပေါ်တွင်သာ မူတည်သည်သာ မဟုတ်၊ သူတို့ရဲ့ အိမ်ထောင်ဖက်ဟာလည်း ကြီးမားတဲ့ အခန်းကဏ္ဍကနေပါဝင်ကြောင်း" သက်သေပြဖို့ သုတေသန ပြုလုပ်ခဲ့ပါတယ်။

သူတို့တွေဟာ “လက်တွဲဖော်ရဲ့ ဩတ္တပ္ပစိတ်” လို့ခေါ်ပြီး အိမ်ထောင်ဖက်တွေရဲ့ အောင်မြင်မှုမှာ အဓိကပါဝင်တယ် ဆိုတာကို ပြသခဲ့ကြပါတယ်။

အောင်မြင်ကျော်ကြား နေတဲ့သူတွေကို ကြည့်ရင်သိနိုင်ပါတယ်။

ထင်ရှားကျော်ကြားသူတွေနှင့် ကြီးမြတ်တဲ့ ခေါင်းဆောင်တွေကြားမှာ သူတို့ရဲ့အိမ်ထောင်ဖက်တွေဟာ ၎င်းတို့ရဲ့အောင်မြင်မှုရဲ့ အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်းကို လူသိရှင်ကြား ဝန်ခံခဲ့ကြတဲ့ ဥပမာများစွာ ရှိပါတယ်။ ဥပမာပြောရရင် 2017 Harvard မှာပြောခဲ့တဲ့ မိန့်ခွန်းမှာ Mark Zuckerberg က သူ့ဇနီး Priscilla ဟာ သူ့ကို လူမှုရေးလုပ်ငန်းတွေမှာ စေတနာ့ဝန်ထမ်းလုပ်ဖို့ လှုံ့ဆော်ခဲ့ပြီး သူမဟာ သူ့ဘဝမှာ အရေးကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီလိုအောင်မြင်မှုကို ထောက်ပံ့ပေးတဲ့နေရာမှာ အမျိုးသမီးတွေသာ မကပါဘူး။ အမျိုးသားတွေကပါ အထောက်အကူ ပေးခဲ့ကြတာတွေလည်း ရှိပါတယ်။ Beyoncé ဟာ သူမရဲ့ခင်ပွန်းကို “အဆင့်များစွာတွင် ပံ့ပိုးကူညီသူ” နှင့် “သူမအား မှန်ကန်သော အခြေခံအုတ်မြစ်ကို ပေးဆောင်သူ”လို့ပြောထားပါတယ်။ ဂရမ်မီ ဆုပေးပွဲတစ်ခုမှာ သူမက " အိမ်ပြန်ရင် သူက ကျွန်မအတွက် အမျိုးသမီးတစ်ယောက် လိုပါပဲ" လို့တောင် ဆိုထားပါသေးတယ်။

သင်တို့ရော လက်တွဲဖော်ကောင်းကို ရှာတွေ့ပြီလား။ ရှာတွေ့ခဲ့ရင်တော့ သင်ဟာ အရမ်းကို ကံကောင်းတဲ့သူပါပဲ။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ သင့်နားမှာအမြဲတမ်း ရှိနေပေးတဲ့သူကို လက်မလွှတ် သင့်ပါဘူး။

Zombie (lovemedia)

for zawgyi

အမ်ိဳးသားတစ္ေယာက္ရဲ႕ ေအာင္ျမင္မႈက အမ်ိဳးသမီးေတြရဲ႕ အားေပးကူညီမႈအေပၚ မူတည္ေန

ဘဝဟာ ခ်မ္းသာသည္ျဖစ္ေစ၊ ဆင္းရဲသည္ျဖစ္ေစ ဘဝမွာ အၿမဲတမ္း အားေပးေနမယ့္သူရွိရင္ အရာရာက ေအာင္ျမင္ႏိုင္ပါတယ္။ ေအာင္ျမင္မႈတစ္ခုရဖို႔အတြက္ သူတို႔ေတြရဲ႕ ခ်စ္ျခင္းေတြ၊ ေမတၱာေတြ လိုအပ္ပါတယ္။

ဥပမာ Barack Obama ဟာ သူ႔ရဲ႕ႏိုင္ငံေရး ေအာင္ျမင္တာဟာ သူ႔ဇနီးေၾကာင့္ ျဖစ္တယ္လို႔ ေျပာပါတယ္။ ခ်စ္ျခင္းေမတၱာကို ဘာနဲ႔မွ ေဖာ္ျပလို႔မရႏိုင္ပါဘူး။ ဒါေၾကာင့္ ဘယ္လို အခ်က္ေတြက ေယာက်ာ္းတစ္ေယာက္ကို ေအာင္ျမင္ေစခဲ့တာလဲ ဆိုတာကို ၾကည့္လိုက္ရေအာင္။

အၿမဲတမ္း အားေပးေနတယ္

ဘဝကို တိုးတက္ေအာင္ျမင္ေအာင္ လုပ္တဲ့ေနရာမွာ လက္တြဲေဖာ္ရဲ႕ အားေပးမႈက အဓိကက်ပါတယ္။ ေနာက္ဆုံးအေနနဲ႔ Carnegie Mellon University က ထုတ္ေဝတဲ့ ေလ့လာမႈတစ္ခုက ဒါကို သိပၸံနည္းက် အဆင့္အထိ သတ္မွတ္ထားပါတယ္။

ေဖးမကူညီတတ္တဲ့ ခင္ပြန္း၊ ဇနီးေတြရွိေနျခင္းဟာ ဘဝမွာ ေအာင္ျမင္ဖို႔ အခြင့္အလမ္း ပိုမ်ားပါတယ္။

စုံတြဲ ၁၆၃ တြဲဟာ လြယ္ကူၿပီး႐ိုးရွင္းတဲ့ ပေဟဠိတစ္ခုကို အေျဖရွာၿပီး ဆုေပးတဲ့ စမ္းသပ္မႈတစ္ခုမွာ ပါဝင္ခဲ့ၾကပါတယ္။ ၿပိဳင္ပြဲစတာနဲ႔ သုေတသီေတြက စုံတြဲေတြအခ်င္းခ်င္း တိုင္ပင္ေဆြးေႏြးတာေတြကို မွတ္တမ္းရယူ ခဲ့ၾကပါတယ္။ စုံတြဲေတြ အေနနဲ႔ ဆုရဖို႔အတြက္ အခ်င္းခ်င္း အားေပးၾကတဲ့သူေတြလည္း ရွိသလို

တစ္ဝက္ေလာက္နဲ႔ လက္ေလွ်ာ့ဖို႔အတြက္ ေျပာခဲ့ၾကတဲ့ စုံတြဲေတြလည္း ရွိပါတယ္။ တခ်ိဳ႕ေတြက်ေတာ့လည္း အခ်င္းခ်င္း မယုံၾကည္တာေတြ၊ အထင္ေသးတာေတြပါ ျဖစ္ေနၾကပါေသးတယ္။

ဒီလို အေျခအေနေတြကို (၆) လေလာက္ ေလ့လာခဲ့ၿပီးတဲ့ အခါမွာေတာ့ သုေတသီေတြက အေျဖတစ္ခုကို ရွာေတြ႕ခဲ့ၾကပါတယ္။ ဘာလဲဆိုေတာ့ အရာရာကိုတိုင္ပင္ၿပီး အၿမဲတမ္း အားေပးအားေျမႇာက္ လုပ္ေနတဲ့ စုံတြဲေတြက သူမ်ားေတြထက္ အခ်စ္ေရးမွာ ပိုမိုသာယာၿပီးေတာ့ ေအာင္ျမင္ဖို႔လည္း လြယ္ကူတယ္ ဆိုတာပါပဲ။

လက္ေတြ႕က်က်ျဖစ္ဖို႔လည္း အေရးႀကီးပါတယ္။

ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီးေတာ့ ေလ့လာခဲ့ၾကတာ တစ္ခုတည္းေတာ့ မဟုတ္ပါဘူး။ စိန႔္လူးဝစ္မွာ ရွိတဲ့ ဝါရွင္တန္တကၠသိုလ္က သုေတသီေတြဟာ " လူတစ္ဦး၏ေအာင္ျမင္မႈသည္ ၎တို႔ကိုယ္တိုင္ အေပၚတြင္သာ မူတည္သည္သာ မဟုတ္၊ သူတို႔ရဲ႕ အိမ္ေထာင္ဖက္ဟာလည္း ႀကီးမားတဲ့ အခန္းက႑ကေနပါဝင္ေၾကာင္း" သက္ေသျပဖို႔ သုေတသန ျပဳလုပ္ခဲ့ပါတယ္။

သူတို႔ေတြဟာ “လက္တြဲေဖာ္ရဲ႕ ဩတၱပၸစိတ္” လို႔ေခၚၿပီး အိမ္ေထာင္ဖက္ေတြရဲ႕ ေအာင္ျမင္မႈမွာ အဓိကပါဝင္တယ္ ဆိုတာကို ျပသခဲ့ၾကပါတယ္။

ေအာင္ျမင္ေက်ာ္ၾကား ေနတဲ့သူေတြကို ၾကည့္ရင္သိႏိုင္ပါတယ္။

ထင္ရွားေက်ာ္ၾကားသူေတြႏွင့္ ႀကီးျမတ္တဲ့ ေခါင္းေဆာင္ေတြၾကားမွာ သူတို႔ရဲ႕အိမ္ေထာင္ဖက္ေတြဟာ ၎တို႔ရဲ႕ေအာင္ျမင္မႈရဲ႕ အဓိကအခန္းက႑မွ ပါဝင္ေၾကာင္းကို လူသိရွင္ၾကား ဝန္ခံခဲ့ၾကတဲ့ ဥပမာမ်ားစြာ ရွိပါတယ္။ ဥပမာေျပာရရင္ 2017 Harvard မွာေျပာခဲ့တဲ့ မိန႔္ခြန္းမွာ Mark Zuckerberg က သူ႔ဇနီး Priscilla ဟာ သူ႔ကို လူမႈေရးလုပ္ငန္းေတြမွာ ေစတနာ့ဝန္ထမ္းလုပ္ဖို႔ လႈံ႕ေဆာ္ခဲ့ၿပီး သူမဟာ သူ႔ဘဝမွာ အေရးႀကီးဆုံး ပုဂၢိဳလ္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒီလိုေအာင္ျမင္မႈကို ေထာက္ပံ့ေပးတဲ့ေနရာမွာ အမ်ိဳးသမီးေတြသာ မကပါဘူး။ အမ်ိဳးသားေတြကပါ အေထာက္အကူ ေပးခဲ့ၾကတာေတြလည္း ရွိပါတယ္။ Beyoncé ဟာ သူမရဲ႕ခင္ပြန္းကို “အဆင့္မ်ားစြာတြင္ ပံ့ပိုးကူညီသူ” ႏွင့္ “သူမအား မွန္ကန္ေသာ အေျခခံအုတ္ျမစ္ကို ေပးေဆာင္သူ”လို႔ေျပာထားပါတယ္။ ဂရမ္မီ ဆုေပးပြဲတစ္ခုမွာ သူမက " အိမ္ျပန္ရင္ သူက ကြၽန္မအတြက္ အမ်ိဳးသမီးတစ္ေယာက္ လိုပါပဲ" လို႔ေတာင္ ဆိုထားပါေသးတယ္။

သင္တို႔ေရာ လက္တြဲေဖာ္ေကာင္းကို ရွာေတြ႕ၿပီလား။ ရွာေတြ႕ခဲ့ရင္ေတာ့ သင္ဟာ အရမ္းကို ကံေကာင္းတဲ့သူပါပဲ။ ဘယ္လိုပဲ ျဖစ္ေနပါေစ၊ သင့္နားမွာအၿမဲတမ္း ရွိေနေပးတဲ့သူကို လက္မလႊတ္ သင့္ပါဘူး။

Zombie (lovemedia)