သိန်းငှက်မကြီး တကောင်ဟာ ဥ ဥဖို့အတွက် တောင်ပေါ်မှာ ပေါက်တဲ့ သစ်ပင်ရှာတယ်။ အဲ့ဒီသစ်ပင်ထဲမှာတောင် အမြင့်ဆုံးသစ်ပင် ပေါ်မှာ အသိုက်ကိုဆောက်တယ် ။ ပထမတော့ အသိုက်ကို ကြီးတဲ့သစ်ကိုင်း သစ်ခက်တွေနဲ့ ဆောက်လုပ်ပါတယ် ။ အဲဒီအထဲမှာ သစ်ရွက်ခြောက်တွေ ထည့်တယ်။

နောက်တော့မှ သူမရဲ့ အမွေးနုတွေကို နှုတ်သီးနဲ့ ဆွဲနှုတ်ပြီး ထည့်တယ် ။ နောက်တော့ အဲ့ဒီအပေါ်မှာ ဥကိုဥလိုက်ပါတယ် ။ ဥကများများ မဥပါ ဘူး။ တလုံး နှစ်လုံးပါပဲ။ အဲဒီဥပေါ်မှာ သိန်းငှက်မကြီး ဝပ်တယ် ။ အချိန်တန်တော့လည်း ဥထဲက သိန်းငှက်ကလေးတွေ ပေါက်လာတယ် ။

သိန်းငှက်မကြီး ငယ်သေးတဲ့ သိန်းငှက် ကလေးတွေအတွက် အစားရှားကျွေးပါတယ် သိန်းငှက်ကလေးတွေ အမွှေးနုတွေထွက်လာ ပြီ ဆိုရင် သိန်းငှက်မကြီးက အသိုက်ထဲမှာ ရှိတဲ့ အမွေးနုတွေကို ဖယ်ရှားပစ်တယ် ။

နောက်မကြာခင်မှာပဲ သိန်းငှက်ကလေးတွေ ရဲ့ အမွေးတွေရှည်လာရင် သိန်းငှက်မကြီး က သစ်ရွက်ခြောက်တွေ ဖယ်ရှားလိုက် တယ်။

သဘောကတော့ ကြမ်းတမ်းတဲ့ သစ်ကိုင်းသစ်ခက်တွေရဲ့ အထိအတွေ့နဲ့ ကြီးပြင်စေချင်လို့ပါ ။ နောက်မကြာခင်မှာပဲ သိန်းငှက်ကလေးတွေ ရဲ့ အတောင်ပံတွေက ရှည်သထက် ရှည်လာတယ်။ ပျံသန်းလို့ ရနိုင်တဲ့ အချိန်ကို ရောက်ပြီလို့ သိန်းငှက်မကြီးက ယူဆတဲ့အချိန်မှာ သိန်းငှက်ကလေးတွေကို အသိုက်ထဲက တွန်းချလိုက်တယ်။

သိန်းငှက်ကလေးတွေက ယက်ကန်ယက်နဲ့ တောင်ပေါ်အသိုက်ထဲက ပြုတ်ကျသွား တယ်။ မပျံ နိုင်သေးလို့ ကျောက်ကြိုကျောက်ကြားထဲကျလို့ မရသေးဘူး ထင်ရင် သိန်းငှက်မက အသိုက်ထဲကို ပြန်ချီလာတယ် သိပ်မကြာခင်မှာပဲ သိန်းငှက်မကြီးက သူရဲ့ သားသမီးတွေကို အသိုက်ထဲက တွန်းချပြန်တယ် ။

ဒီလိုနည်းနဲ့ပဲ အကြိမ်ကြိမ် အခါခါ တွန်းချပါတယ် ။ သိန်းငှက်ကလေးတွေဟာ လေထဲမှာ ဝဲပြီးပျံသန်းနိုင်ပြီ ဆိုတာနဲ့ အစစအရာရာ ကိုယ့်တာဝန် ကိုယ်ယူပေတော့။ သိန်းငှက်မကြီးရဲ့ တာဝန်ပြီးပြီ ။

အမေရိကန်နိုင်ငံသားတွေဟာ သိန်းငှက်ပုံပြင်လိုပဲ သူတို့သားသမီးတွေကို လမ်းလျှောက်တတ်ကာစမှာပဲ အမှိုက်ပုံးမှာ ကိုယ့်အမှိုက်ကို ကိုယ်ပစ်တတ်အောင် သင်ပေးတယ် ။

အရွယ်နဲ့အမျှ တတ်နိုင်တဲ့ တာဝန်ကို ထမ်းဆောင်ဖို့ လေ့ကျင့်ပေးတယ် ။ အသက်( ၁၈ ) နှစ်ပြည့်ရင်တော့ သိန်းငှက်မက အသိုက်ထဲက တွန်းချလိုက် သလိုမျိုး တွန်းချလိုက်တာပဲ ။

ကိုယ့်စရိတ်ကိုယ်ရှာပြီး ကောလိပ် တက္ကသိုလ်တက်ပေတော့ ဘွဲ့မရခင်မှာဘဲ လုပ်ငန်းအတွေ့အကြုံက အမျိုးမျိုးရနေပြီ။ ယောက်ျားရော မိန်းမပါ အရွယ်ရောက်တာ နဲ့ ကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်နေပြီ။

သေနတ်တိုင်းကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပစ်တတ်နေပြီ။ ရေကူးခြင်းအတတ်ပညာကိုလည်း ကောင်းကောင်းကျွမ်းကျင်နေပြီ။ နိုင်ငံပေါင်းမြောက်များစွာကိုလည်း ရောက်ဖူးနေပြီ ။

သားသမီးတွေကို မိဘများအနေနဲ့ ဘဝမှာ အကောင်းဆုံးလက်ဆောင်ဟာ တသက်လုံး သုံးလို့ မကုန်တဲ့ ငွေမဟုတ် ပါဘူး ။ ရင်ခွင်ထဲမှာ အမြဲတမ်း ထည့်ထားဖို့လည်း မဟုတ်ပါဘူး။ ဘွဲ့လက်မှတ်လည်း မဟုတ္ပါဘူး ။ အိမ်ထောင်ဖက် ကောင်းကောင်းကို ရွေးပေးတာလည်း မဟုတ်ပါဘူး ။

မိဘများအနေနဲ့ သားသမီးတွေကို ပေးသင့်တဲ့ အကောင်းဆုံး လက်ဆောင်ကတော့ ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးတဲ့ စိတ်ဓာတ်ပါ ။ ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ်ကို ရနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတခုက တော့ သူတို့ကြောက်နေတဲ့ အလုပ်ကို သူတို့ကို လုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်တယ် ။ မိဘများအနေနဲ့ ထိန်းကြောင်းပေးဖို့ပဲ လိုပါတယ်။ သူတို့ကို အကြိမ်ကြိမ်အခါခါ တွန်းချဖို့ လိုပါတယ်။

Crd Original Uploader

Zawgyi

သားသမီးကို ခ်စ္ရင္ တြန္းခ်ပါ

သိန္းငွက္မႀကီး တေကာင္ဟာ ဥဥဖို႔အတြက္ ေတာင္ေပၚမွာ ေပါက္တဲ့ သစ္ပင္ရွာတယ္။ အဲ့ဒီသစ္ပင္ထဲမွာေတာင္ အျမင့္ဆုံးသစ္ပင္ ေပၚမွာ အသိုက္ကိုေဆာက္တယ္ ။ ပထမေတာ့ အသိုက္ကို ႀကီးတဲ့သစ္ကိုင္း သစ္ခက္ေတြနဲ႔ ေဆာက္လုပ္ပါတယ္ ။ အဲဒီအထဲမွာ သစ္႐ြက္ေျခာက္ေတြ ထည့္တယ္။

ေနာက္ေတာ့မွ သူမရဲ႕ အေမြးႏုေတြကို ႏႈတ္သီးနဲ႔ ဆြဲႏႈတ္ၿပီး ထည့္တယ္ ။ ေနာက္ေတာ့ အဲ့ဒီအေပၚမွာ ဥကိုဥလိုက္ပါတယ္ ။ ဥကမ်ားမ်ား မဥပါ ဘူး။ တလုံး ႏွစ္လုံးပါပဲ။ အဲဒီဥေပၚမွာ သိန္းငွက္မႀကီး ဝပ္တယ္ ။ အခ်ိန္တန္ေတာ့လည္း ဥထဲက သိန္းငွက္ကေလးေတြ ေပါက္လာတယ္ ။

သိန္းငွက္မႀကီး ငယ္ေသးတဲ့ သိန္းငွက္ ကေလးေတြအတြက္ အစားရွားေကြၽးပါတယ္ သိန္းငွက္ကေလးေတြ အေမႊးႏုေတြထြက္လာ ၿပီ ဆိုရင္ သိန္းငွက္မႀကီးက အသိုက္ထဲမွာ ရွိတဲ့ အေမြးႏုေတြကို ဖယ္ရွားပစ္တယ္ ။ ေနာက္မၾကာခင္မွာပဲ သိန္းငွက္ကေလးေတြ ရဲ႕ အေမြးေတြရွည္လာရင္ သိန္းငွက္မႀကီး က သစ္႐ြက္ေျခာက္ေတြ ဖယ္ရွားလိုက္ တယ္။

သေဘာကေတာ့ ၾကမ္းတမ္းတဲ့ သစ္ကိုင္းသစ္ခက္ေတြရဲ႕ အထိအေတြ႕နဲ႔ ႀကီးျပင္ေစခ်င္လို႔ပါ ။ ေနာက္မၾကာခင္မွာပဲ သိန္းငွက္ကေလးေတြ ရဲ႕ အေတာင္ပံေတြက ရွည္သထက္ ရွည္လာတယ္။ ပ်ံသန္းလို႔ ရႏိုင္တဲ့ အခ်ိန္ကို ေရာက္ၿပီလို႔ သိန္းငွက္မႀကီးက ယူဆတဲ့အခ်ိန္မွာ သိန္းငွက္ကေလးေတြကို အသိုက္ထဲက တြန္းခ်လိုက္တယ္။ သိန္းငွက္ကေလးေတြက ယက္ကန္ယက္နဲ႔ ေတာင္ေပၚအသိုက္ထဲက ျပဳတ္က်သြား တယ္။

မပ်ံ ႏိုင္ေသးလို႔ ေက်ာက္ႀကိဳေက်ာက္ၾကားထဲက်လို႔ မရေသးဘူး ထင္ရင္ သိန္းငွက္မက အသိုက္ထဲကို ျပန္ခ်ီလာတယ္ သိပ္မၾကာခင္မွာပဲ သိန္းငွက္မႀကီးက သူရဲ႕ သားသမီးေတြကို အသိုက္ထဲက တြန္းခ်ျပန္တယ္ ။ ဒီလိုနည္းနဲ႔ပဲ အႀကိမ္ႀကိမ္ အခါခါ တြန္းခ်ပါတယ္ ။ သိန္းငွက္ကေလးေတြဟာ ေလထဲမွာ ဝဲၿပီးပ်ံသန္းႏိုင္ၿပီ ဆိုတာနဲ႔ အစစအရာရာ ကိုယ့္တာဝန္ ကိုယ္ယူေပေတာ့။ သိန္းငွက္မႀကီးရဲ႕ တာဝန္ၿပီးၿပီ ။

အေမရိကန္ႏိုင္ငံသားေတြဟာ သိန္းငွက္ပုံျပင္လိုပဲ သူတို႔သားသမီးေတြကို လမ္းေလွ်ာက္တတ္ကာစမွာပဲ အမႈိက္ပုံးမွာ ကိုယ့္အမႈိက္ကို ကိုယ္ပစ္တတ္ေအာင္ သင္ေပးတယ္ ။ အ႐ြယ္နဲ႔အမွ် တတ္ႏိုင္တဲ့ တာဝန္ကို ထမ္းေဆာင္ဖို႔ ေလ့က်င့္ေပးတယ္ ။ အသက္( ၁၈ ) ႏွစ္ျပည့္ရင္ေတာ့ သိန္းငွက္မက အသိုက္ထဲက တြန္းခ်လိုက္ သလိုမ်ိဳး တြန္းခ်လိုက္တာပဲ ။

ကိုယ့္စရိတ္ကိုယ္ရွာၿပီး ေကာလိပ္ တကၠသိုလ္တက္ေပေတာ့ ဘြဲ႕မရခင္မွာဘဲ လုပ္ငန္းအေတြ႕အႀကဳံက အမ်ိဳးမ်ိဳးရေနၿပီ။ ေယာက္်ားေရာ မိန္းမပါ အ႐ြယ္ေရာက္တာ နဲ႔ ကားကိုလည္း ကြၽမ္းကြၽမ္းက်င္က်င္ ေမာင္းတတ္ေနၿပီ။ ေသနတ္တိုင္းကိုလည္း ကြၽမ္းကြၽမ္းက်င္က်င္ ပစ္တတ္ေနၿပီ။ ေရကူးျခင္းအတတ္ပညာကိုလည္း ေကာင္းေကာင္းကြၽမ္းက်င္ေနၿပီ။ ႏိုင္ငံေပါင္းေျမာက္မ်ားစြာကိုလည္း ေရာက္ဖူးေနၿပီ ။

သားသမီးေတြကို မိဘမ်ားအေနနဲ႔ ဘဝမွာ အေကာင္းဆုံးလက္ေဆာင္ဟာ တသက္လုံး သုံးလို႔ မကုန္တဲ့ ေငြမဟုတ္ ပါဘူး ။ ရင္ခြင္ထဲမွာ အၿမဲတမ္း ထည့္ထားဖို႔လည္း မဟုတ္ပါဘူး။ ဘြဲ႕လက္မွတ္လည္း မဟုတၸါဘူး ။ အိမ္ေထာင္ဖက္ ေကာင္းေကာင္းကို ေ႐ြးေပးတာလည္း မဟုတ္ပါဘူး ။

မိဘမ်ားအေနနဲ႔ သားသမီးေတြကို ေပးသင့္တဲ့ အေကာင္းဆုံး လက္ေဆာင္ကေတာ့ ကိုယ့္ကိုယ္ကို ယုံၾကည္အားကိုးတဲ့ စိတ္ဓာတ္ပါ ။ ကိုယ့္ကိုယ္ကို ယုံၾကည္အားကိုးစိတ္ကို ရႏိုင္တဲ့ အေကာင္းဆုံးနည္းလမ္းတခုက ေတာ့ သူတို႔ေၾကာက္ေနတဲ့ အလုပ္ကို သူတို႔ကို လုပ္ခြင့္ေပးလိုက္ျခင္း ျဖစ္တယ္ ။ မိဘမ်ားအေနနဲ႔ ထိန္းေၾကာင္းေပးဖို႔ပဲ လိုပါတယ္။ သူတို႔ကို အႀကိမ္ႀကိမ္အခါခါ တြန္းခ်ဖို႔ လိုပါတယ္။

Crd Original Uploader