အရှုံးကို လက်မခံပါနဲ့

ဒုတိယကမ္ဘာစစ်၊ ဂျပန်လေတပ်က ပုလဲဆိပ်ကမ်းကို ဗုံးကြဲ တိုက်ခိုက်လိုက်ချိန် မှာပေါ့။ အမေရိကန် ရေတပ် အကြီးအကျယ် ဆုံးရှုံးသွားခဲ့တယ်။ စစ်သင်္ဘော ၇ စင်း မြုပ်သွားတယ်။ ၆ စင်းက သုံးလို့ မရတော့ဘူး။ ရေတပ်မှာ ရှိတဲ့ တိုက်လေယာဉ် ၄၅၀ ပျက်စီးသွားခဲ့တယ်။ သေဆုံးသူ ၃၈၀၀။ အမေရိကန်တပ်သားတွေ စိတ်ဓာတ် အကျကြီး ကျသွားကြတယ်။ ပစိဖိတ်စစ်မျက်နှာရဲ့ ရေတပ်သားတွေဟာ မျှော်လင့်ချက် မဲ့လောက်အောင်ကို စိတ်ဓာတ်တွေ ကျသွားခဲ့ကြတယ်။

သူတို့လောက် အခြေအနေ ဆိုးတာ မရှိလောက်အောင်ကို စိတ်မှာ ထင်ကုန်ကြတယ်။ ဒါကြောင့် အမေရိကန်တပ်သားတွေရဲ့ စိတ်ဓာတ်ကျဆင်းမှုကို ပြန်အဖက်ဆယ်နိုင်ဖို့ အမေရိကန်သမ္မတ ရုစဗဲ့ ဟာ ချက်စတာနီမစ်ကို ပစိဖိတ်ရေတပ်ရဲ့ အုပ်ချုပ်သူအဖြစ် ခန့်လိုက်တယ်။ ချက်စတာနီမစ်ဟာ တပ်သားတွေ စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့ စိတ်ဓာတ် စစ်ဆင်ရေး တခုကို လုပ်ဖို့ စဉ်းစားမိတယ်။

သူဟာ ပုလဲဆိပ်ကမ်း ကျရှုံးစေတဲ့ အားနည်းချက်ကို အရင်လိုက်ရှာတယ်။ အဲ့ဒီ အားနည်းချက်တွေမှ တဆင့် တပ်သားတွေရဲ့ စိတ်ဓာတ်ကိုပြန်နှိုးဆွပေးဖို့ စီစဉ်လိုက်တယ်။ ပထမဆုံး စစ်သားတွေနဲ့ တွေ့ဆုံပွဲ လုပ်ချိန်မှာ သူက မိန့်ခွန်းပြောပါတယ်။ "လက်ရှိအခြေအနေကို အဆိုးဆုံးလို့ ထင်နေကြပါသလား၊ တကယ်တော့ မဆိုးသေးပါဘူး။ ဂျပန်လေတပ်တွေသာ အမှား ၃ ခုကို မကျူးလွန်ခဲ့ဘူး ဆိုရင် ငါတို့ ဒီနေရာမှာ ဒီလို ရပ်ပြီးတောင် စကားပြောနိုင်ကြမယ် မထင်ပါဘူးဗျာ။ အဲ့ဒီအမှား ၃ ခု က ဘာလည်း သိချင်ကြလား"

တပ်သားတွေ စိတ်ထဲ အမှား ၃ ခုကို သိချင်စိတ် ပြင်းပြစွာ ဖြစ်ပေါ်လာတယ်။ "ပထမဆုံး အမှားက ပုလဲဆိပ်ကမ်းကို ဗုံးလာကြဲချိန်ဟာ တနင်္ဂနွေနေ့ ဖြစ်နေတာပါပဲ။ တနင်္ဂနွေနေ့ ဆိုတာ အားလပ်ချိန်ပါ။ အပန်းဖြေချိန်ပါ။ သင်္ဘောပေါ်မှာ စစ်သား အကုန်မရှိကြပါဘူး။ သူတို့တွေအခြား နေရာတွေမှာ အနားယူနေကြတယ်။ တကယ်လို့ ဂျူတီချိန်တွေမှာသာ ဗုံးကြဲ တိုက်ခိုက်လာခဲ့ရင် သေဆုံးစာရင်းက ၃၈၀၀၀ ဖြစ်သွားပါလိမ့်မယ်၊ ဟုတ်လား"

ဟုတ်နေပါတယ်။ ဒီအချက်ကို သူတို့ မတွေးခဲ့ကြဘူး။ ဒါကြောင့် စိတ်ဓာတ် ကျခဲ့ကြတယ်။ ခုတော့ အသေအပျောက် စာရင်းက အများကြီး နည်းသွားခဲ့လို့ ကံကြမ္မာဟာ သူတို့ဘက်မှာ ရှိနေတာကို မြင်သွားကြတယ်။ တပ်သားတွေ စိတ်တက်ကြွလာတာကို မြင်လိုက်ရတဲ့ နီမစ်ကနောက်တချက်ကို ထပ်ပြောတယ်။

"ဒုတိယ အမှားကတော့ အရမ်း ဆိုးတယ်။ ဒီဂျပန်တွေ တကယ်ဆို သင်္ဘောတွေကိုပဲ ဗုံးကြဲခဲ့တာ သူတို့ ကံဆိုးတာပဲဗျာ။ သင်္ဘောကျင်းတွေကို မဖျက်ဆီးခဲ့မိ ကြဘူးလေ။ သင်္ဘောကျင်းတွေသာ ပျက်ဆီးကုန်ရင် ကျန်တဲ့သင်္ဘောတွေ ကမ်းကပ်နိုင်မှာ မဟုတ်သလို၊ ပျက်ဆီးသွားတဲ့သင်္ဘောတွေကိုလည်း ပြန်ပြုပြင်လို့ရမှာ မဟုတ်ဘူး။ ငါတို့ သင်္ဘောတွေကို မိုင်ထောင်ချီသွားပြီး ပြုပြင်နေရလိမ့်မယ်။ ဒါဆိုရင်တော့ ငါတို့ သွားပြီ နာလန်တောင် ထူနိုင်မှာ မဟုတ်ဘူး။ ဟုတ်တယ်မလား"

မှန်တယ်။ တပ်သားတွေ လက်ခုပ် ဝိုင်းတီးကြတယ်။ စိတ်ဓာတ်တွေလည်း တက်ကြွလာကြတယ်။ ဒီဆုံးရှုံးမှုဟာ ဘာမှ မဟုတ်တာကို မြင်လာကြတယ်။ သူတို့ နောက်အမှားတခုကို ပိုသိချင်လာကြတယ်။ "တတိယ အမှားကတော့" အားလုံး စိတ်လှုပ်ရှားနေကြတယ်။ သေချာနားစွင့်နေ ကြတယ်။ နီမစ်က ကျယ်လောင်စွာပဲ ပြောလိုက်တယ်။

"ဂျပန်တွေ သိပ် တုံးတယ်။ သူတို့ဟာ ငါတို့ ပြန်တိုက်ခိုက်နိုင်ဖို့ ကလဲ့စားချေဖို့ အတွက် အားအင်တွေကို အပြည့် ချန်ထားပေးခဲ့တယ်။ အဲ့ဒါက လောင်စာဆီတွေပဲ။ လောင်စာဆီ ကန်တွေဟာ ငါတို့သင်္ဘောကျဉ်းနဲ့ ၅ မိုင်အကွာ တောင်ထိပ်မှာ ရှိနေတယ်။ ဒီကန်တွေကိုပါ ဗုံးကြဲခဲ့ကြရင် ငါတို့မှာ ရှိသမျှ တိုက်လေယဉ်တွေ သင်္ဘောတွေဟာ အလကားပဲကွ"

အကုန် စိတ်ဓာတ်တွေ တဝုန်းဝုန် ကြွတက်လာ ကြတယ်။ "ဂျပန်တွေ ဘာလို့ ဒီအမှားတွေ ကျူးလွန်ခဲ့သလည်း သိကြလား။ အဖြေက ရှင်းတယ်။ ဘုရားသခင်ဟာ ငါတို့ဘက်မှာ အမြဲ ရှိနေခဲ့တယ်။ ငါတို့ကို ကူညီခဲ့တယ်"

လက်ခုပ်သံတွေ ဆူညံစွာ ထွက်ပေါ်လာတယ်။ ကြွေးကြော်သံတွေ ညံထွက်လာတယ်။ အရှုံးထဲကနေ အကောင်းမြင်စိတ်နဲ့ မိမိဘက်မှာ ရှိနိုင်သော ရနိုင်သော အခွင့်အရေးကို မြင်လိုက်ရချိန်မှာ အားအင်တွေ လုံးဝ တက်ကြွသွားကြတယ်။ အဲ့နောက်မှာတော့ အမေရိကန် ရေတပ်ဟာ ဂျပန်တွေ ထိန်ချုပ်ထားသောMarshall နဲ့ Gilbert ကျွန်းတွေကို ရုတ်တရက် ပြန်သိမ်းလိုက်တယ်။

ဂျပန်စစ်သင်္ဘော ၈ စီးကို မြုပ်ပစ်လိုက်တယ်။ တောက်လျှောက် ပစိဖိတ် စစ်မျက်နှာပြင်မှာ ဂျပန်လေယာဉ်တွေ စစ်သဘောတွေကို ရေအောက် မြုပ်ပြလိုက်တယ်။ နောက်ဆုံး လက်နက် မချနိုင်တဲ့ ဂျပန်တွေကို ၁၉၄၅ သြဂုတ် ၆ မှာဟီရိုးရှီးမား သြဂုတ် ၉ မှာ နာဂါဆကီ မြို့ ၂ မြို့ ကို အနုမြူ ဗုံကြဲချပြီး ဒုတိယကမ္ဘာစစ်ကို အနိုင်ယူလိုက်ကြတယ်။

ဒီနေရာမှာ စဉ်းစားကြည့်ရအောင် တကယ်လို့ ပုလဲဆိပ်ကမ်း ရှုံးနိမ့်မှုမှာထဲက အမေရိကန်တွေသာ စိတ်ဓာတ်ကျပြီး အရှုံးကိုသာ လက်ခံခဲ့ကြရင်ယနေ့ ခေတ် super power နိုင်ငံအဖြစ် ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ ဒီလို မျက်မှောက်ခေတ် အောင်မြင်မှု ရရှိစေသော အကြောင်းပြချက်က ရိုးရိုးလေးပါ။ "အရှုံးကို လက်မခံလိုက်ပါနဲ့"

အရှုံးကို လက်မခံသေးသမျှ ကာလပက်လုံး သင့်မှာ အောင်မြင်ဖို့ 90 % ရှိနေပါသေးတယ်။ ဘာလို့ အဆင်မပြေဖြစ်တိုင်း စိတ်ဓာတ်ကျကြမှာလဲ၊ အကောင်းလေးတွေ မြင်ကြည့်ပါ။ ဘယ်လောက်ဆိုးတဲ့ အခြေအနေမှာပဲ ဖြစ်ဖြစ် အကောင်းမြင်တတ်ရင် ကိုယ့်ဘက်မှာ ကံတရား ရှိတာ မြင်လာပါလိမ့်မယ်။

Crd Dr ကျော်စွာလင်း

Zawgyi

အရႈံးကို လက္မခံပါနဲ့

ဒုတိယကမာၻစစ္၊ ဂ်ပန္ေလတပ္က ပုလဲဆိပ္ကမ္းကို ဗုံးႀကဲ တိုက္ခိုက္လိုက္ခ်ိန္ မွာေပါ့။ အေမရိကန္ ေရတပ္ အႀကီးအက်ယ္ ဆုံးရႈံးသြားခဲ့တယ္။ စစ္သေဘၤာ ၇ စင္း ျမဳပ္သြားတယ္။ ၆ စင္းက သုံးလို႔ မရေတာ့ဘူး။ ေရတပ္မွာ ရွိတဲ့ တိုက္ေလယာဥ္ ၄၅၀ ပ်က္စီးသြားခဲ့တယ္။ ေသဆုံးသူ ၃၈၀၀။ အေမရိကန္တပ္သားေတြ စိတ္ဓာတ္ အက်ႀကီး က်သြားၾကတယ္။ ပစိဖိတ္စစ္မ်က္ႏွာရဲ႕ ေရတပ္သားေတြဟာ ေမွ်ာ္လင့္ခ်က္ မဲ့ေလာက္ေအာင္ကို စိတ္ဓာတ္ေတြ က်သြားခဲ့ၾကတယ္။

သူတို႔ေလာက္ အေျခအေန ဆိုးတာ မရွိေလာက္ေအာင္ကို စိတ္မွာ ထင္ကုန္ၾကတယ္။ ဒါေၾကာင့္ အေမရိကန္တပ္သားေတြရဲ႕ စိတ္ဓာတ္က်ဆင္းမႈကို ျပန္အဖက္ဆယ္ႏိုင္ဖို႔ အေမရိကန္သမၼတ ႐ုစဗဲ့ ဟာ ခ်က္စတာနီမစ္ကို ပစိဖိတ္ေရတပ္ရဲ႕ အုပ္ခ်ဳပ္သူအျဖစ္ ခန႔္လိုက္တယ္။ ခ်က္စတာနီမစ္ဟာ တပ္သားေတြ စိတ္ဓာတ္ကို ျမႇင့္တင္ေပးဖို႔ စိတ္ဓာတ္ စစ္ဆင္ေရး တခုကို လုပ္ဖို႔ စဥ္းစားမိတယ္။

သူဟာ ပုလဲဆိပ္ကမ္း က်ရႈံးေစတဲ့ အားနည္းခ်က္ကို အရင္လိုက္ရွာတယ္။ အဲ့ဒီ အားနည္းခ်က္ေတြမွ တဆင့္ တပ္သားေတြရဲ႕ စိတ္ဓာတ္ကိုျပန္ႏႈိးဆြေပးဖို႔ စီစဥ္လိုက္တယ္။ ပထမဆုံး စစ္သားေတြနဲ႔ ေတြ႕ဆုံပြဲ လုပ္ခ်ိန္မွာ သူက မိန႔္ခြန္းေျပာပါတယ္။ "လက္ရွိအေျခအေနကို အဆိုးဆုံးလို႔ ထင္ေနၾကပါသလား၊ တကယ္ေတာ့ မဆိုးေသးပါဘူး။ ဂ်ပန္ေလတပ္ေတြသာ အမွား ၃ ခုကို မက်ဴးလြန္ခဲ့ဘူး ဆိုရင္ ငါတို႔ ဒီေနရာမွာ ဒီလို ရပ္ၿပီးေတာင္ စကားေျပာႏိုင္ၾကမယ္ မထင္ပါဘူးဗ်ာ။ အဲ့ဒီအမွား ၃ ခု က ဘာလည္း သိခ်င္ၾကလား"

တပ္သားေတြ စိတ္ထဲ အမွား ၃ ခုကို သိခ်င္စိတ္ ျပင္းျပစြာ ျဖစ္ေပၚလာတယ္။ "ပထမဆုံး အမွားက ပုလဲဆိပ္ကမ္းကို ဗုံးလာႀကဲခ်ိန္ဟာ တနဂၤေႏြေန႔ ျဖစ္ေနတာပါပဲ။ တနဂၤေႏြေန႔ ဆိုတာ အားလပ္ခ်ိန္ပါ။ အပန္းေျဖခ်ိန္ပါ။ သေဘၤာေပၚမွာ စစ္သား အကုန္မရွိၾကပါဘူး။ သူတို႔ေတြအျခား ေနရာေတြမွာ အနားယူေနၾကတယ္။ တကယ္လို႔ ဂ်ဴတီခ်ိန္ေတြမွာသာ ဗုံးႀကဲ တိုက္ခိုက္လာခဲ့ရင္ ေသဆုံးစာရင္းက ၃၈၀၀၀ ျဖစ္သြားပါလိမ့္မယ္၊ ဟုတ္လား"

ဟုတ္ေနပါတယ္။ ဒီအခ်က္ကို သူတို႔ မေတြးခဲ့ၾကဘူး။ ဒါေၾကာင့္ စိတ္ဓာတ္ က်ခဲ့ၾကတယ္။ ခုေတာ့ အေသအေပ်ာက္ စာရင္းက အမ်ားႀကီး နည္းသြားခဲ့လို႔ ကံၾကမၼာဟာ သူတို႔ဘက္မွာ ရွိေနတာကို ျမင္သြားၾကတယ္။ တပ္သားေတြ စိတ္တက္ႂကြလာတာကို ျမင္လိုက္ရတဲ့ နီမစ္ကေနာက္တခ်က္ကို ထပ္ေျပာတယ္။

"ဒုတိယ အမွားကေတာ့ အရမ္း ဆိုးတယ္။ ဒီဂ်ပန္ေတြ တကယ္ဆို သေဘၤာေတြကိုပဲ ဗုံးႀကဲခဲ့တာ သူတို႔ ကံဆိုးတာပဲဗ်ာ။ သေဘၤာက်င္းေတြကို မဖ်က္ဆီးခဲ့မိ ၾကဘူးေလ။ သေဘၤာက်င္းေတြသာ ပ်က္ဆီးကုန္ရင္ က်န္တဲ့သေဘၤာေတြ ကမ္းကပ္ႏိုင္မွာ မဟုတ္သလို၊ ပ်က္ဆီးသြားတဲ့သေဘၤာေတြကိုလည္း ျပန္ျပဳျပင္လို႔ရမွာ မဟုတ္ဘူး။ ငါတို႔ သေဘၤာေတြကို မိုင္ေထာင္ခ်ီသြားၿပီး ျပဳျပင္ေနရလိမ့္မယ္။ ဒါဆိုရင္ေတာ့ ငါတို႔ သြားၿပီ နာလန္ေတာင္ ထူႏိုင္မွာ မဟုတ္ဘူး။ ဟုတ္တယ္မလား"

မွန္တယ္။ တပ္သားေတြ လက္ခုပ္ ဝိုင္းတီးၾကတယ္။ စိတ္ဓာတ္ေတြလည္း တက္ႂကြလာၾကတယ္။ ဒီဆုံးရႈံးမႈဟာ ဘာမွ မဟုတ္တာကို ျမင္လာၾကတယ္။ သူတို႔ ေနာက္အမွားတခုကို ပိုသိခ်င္လာၾကတယ္။ "တတိယ အမွားကေတာ့" အားလုံး စိတ္လႈပ္ရွားေနၾကတယ္။ ေသခ်ာနားစြင့္ေန ၾကတယ္။ နီမစ္က က်ယ္ေလာင္စြာပဲ ေျပာလိုက္တယ္။

"ဂ်ပန္ေတြ သိပ္ တုံးတယ္။ သူတို႔ဟာ ငါတို႔ ျပန္တိုက္ခိုက္ႏိုင္ဖို႔ ကလဲ့စားေခ်ဖို႔ အတြက္ အားအင္ေတြကို အျပည့္ ခ်န္ထားေပးခဲ့တယ္။ အဲ့ဒါက ေလာင္စာဆီေတြပဲ။ ေလာင္စာဆီ ကန္ေတြဟာ ငါတို႔သေဘၤာက်ဥ္းနဲ႔ ၅ မိုင္အကြာ ေတာင္ထိပ္မွာ ရွိေနတယ္။ ဒီကန္ေတြကိုပါ ဗုံးႀကဲခဲ့ၾကရင္ ငါတို႔မွာ ရွိသမွ် တိုက္ေလယဥ္ေတြ သေဘၤာေတြဟာ အလကားပဲကြ"

အကုန္ စိတ္ဓာတ္ေတြ တဝုန္းဝုန္ ႂကြတက္လာ ၾကတယ္။ "ဂ်ပန္ေတြ ဘာလို႔ ဒီအမွားေတြ က်ဴးလြန္ခဲ့သလည္း သိၾကလား။ အေျဖက ရွင္းတယ္။ ဘုရားသခင္ဟာ ငါတို႔ဘက္မွာ အၿမဲ ရွိေနခဲ့တယ္။ ငါတို႔ကို ကူညီခဲ့တယ္"

လက္ခုပ္သံေတြ ဆူညံစြာ ထြက္ေပၚလာတယ္။ ေႂကြးေၾကာ္သံေတြ ညံထြက္လာတယ္။ အရႈံးထဲကေန အေကာင္းျမင္စိတ္နဲ႔ မိမိဘက္မွာ ရွိႏိုင္ေသာ ရႏိုင္ေသာ အခြင့္အေရးကို ျမင္လိုက္ရခ်ိန္မွာ အားအင္ေတြ လုံးဝ တက္ႂကြသြားၾကတယ္။ အဲ့ေနာက္မွာေတာ့ အေမရိကန္ ေရတပ္ဟာ ဂ်ပန္ေတြ ထိန္ခ်ဳပ္ထားေသာMarshall နဲ႔ Gilbert ကြၽန္းေတြကို ႐ုတ္တရက္ ျပန္သိမ္းလိုက္တယ္။

ဂ်ပန္စစ္သေဘၤာ ၈ စီးကို ျမဳပ္ပစ္လိုက္တယ္။ ေတာက္ေလွ်ာက္ ပစိဖိတ္ စစ္မ်က္ႏွာျပင္မွာ ဂ်ပန္ေလယာဥ္ေတြ စစ္သေဘာေတြကို ေရေအာက္ ျမဳပ္ျပလိုက္တယ္။ ေနာက္ဆုံး လက္နက္ မခ်ႏိုင္တဲ့ ဂ်ပန္ေတြကို ၁၉၄၅ ၾသဂုတ္ ၆ မွာဟီ႐ိုးရွီးမား ၾသဂုတ္ ၉ မွာ နာဂါဆကီ ၿမိဳ႕ ၂ ၿမိဳ႕ ကို အႏုျမဴ ဗုံႀကဲခ်ၿပီး ဒုတိယကမာၻစစ္ကို အႏိုင္ယူလိုက္ၾကတယ္။

ဒီေနရာမွာ စဥ္းစားၾကည့္ရေအာင္ တကယ္လို႔ ပုလဲဆိပ္ကမ္း ရႈံးနိမ့္မႈမွာထဲက အေမရိကန္ေတြသာ စိတ္ဓာတ္က်ၿပီး အရႈံးကိုသာ လက္ခံခဲ့ၾကရင္ယေန႔ ေခတ္ super power ႏိုင္ငံအျဖစ္ ရပ္တည္ႏိုင္မွာ မဟုတ္ပါဘူး။ ဒီလို မ်က္ေမွာက္ေခတ္ ေအာင္ျမင္မႈ ရရွိေစေသာ အေၾကာင္းျပခ်က္က ႐ိုး႐ိုးေလးပါ။ "အရႈံးကို လက္မခံလိုက္ပါနဲ႔"

အရႈံးကို လက္မခံေသးသမွ် ကာလပက္လုံး သင့္မွာ ေအာင္ျမင္ဖို႔ 90 % ရွိေနပါေသးတယ္။ ဘာလို႔ အဆင္မေျပျဖစ္တိုင္း စိတ္ဓာတ္က်ၾကမွာလဲ၊ အေကာင္းေလးေတြ ျမင္ၾကည့္ပါ။ ဘယ္ေလာက္ဆိုးတဲ့ အေျခအေနမွာပဲ ျဖစ္ျဖစ္ အေကာင္းျမင္တတ္ရင္ ကိုယ့္ဘက္မွာ ကံတရား ရွိတာ ျမင္လာပါလိမ့္မယ္။

Crd Dr ေက်ာ္စြာလင္း

Post a Comment

0 Comments