အပေါ်ယံပဲ မကြည့်ပါနဲ့

ရထားစီးလာတဲ့ ၂၅ နှစ် အရွယ် ရှိတဲ့ ကောင်လေးက ရထားပြတင်းပေါက် အပြင်ဘက်ကို ကြည့်ပြီး သူ့အဖေကို အော်ပြောလိုက်တယ်။

" အဖေရယ် ကြည့်ပါအုံး ၊ သစ်ပင်တွေက သားတို့ရဲ့ အနောက်ဘက်ကို ရွေ့နေတယ် "

အဖေဖြစ်သူ ကတော့ ပြုံးပြလိုက်တယ်။

ဘေးမှာရှိတဲ့ စုံတွဲဇနီးမောင်နှံ ကတော့ သနားတဲ့ အကြည့်တွေနဲ့ ကောင်လေးကို ကြည့်နေကြချိန် မှာဘဲ ကောင်လေးက ပြောပြန်တယ်။

" အဖေရယ် ဟိုမှာ ကြည့်လိုက်ပါအုံး၊ တိမ်တွေက သားတို့နောက်ကို လိုက်နေတယ် "

အဲ့တာနဲ့ ဟိုလင်မယားက မနေနိုင်လို့ အဖေဖြစ်သူကို ပြောလိုက်တယ် ။

" မင်းရဲ့သားကို ဘာလို့ ဆရာဝန် သွားမပြတာလဲ "

ထိုအခါက အဖေဖြစ်သူက

" ငါတို့သားအဖ အခုမှ ဆေးရုံက ဆင်းလာတာပါ။ ငါ့သားက မွေးကတည်းက မျက်စိ မမြင်ရပါဘူး။

ဒီနေ့မှ သူက ကမ္ဘာကြီးကို ပထမဆုံး မြင်တွေ့ခွင့်ရတာ ဒီနေ့မှ မျက်မမြင်ဘဝ ကနေ ကျွတ်တာပါ " လို့ ပြန်ဖြေ လိုက်တယ်။

ဒါကြောင့် လူတဦးရဲ့ နောက်ကွယ်မှာ သင်မသိသေးတဲ့ ဝမ်းနည်းစရာ ဇာတ်လမ်းလေးတွေ ရှိနေတတ် ပါတယ်။ လူတဦးစီ တိုင်းရဲ့ အဖြစ်မှန်တွေဟာ သင့်ကို အံ့အား သင့်စေ မှာပါ။

ဒါကြောင့် အပေါ်ယံပဲ ကြည့်ပြီး မဝေဖန်ပါနဲ့။

crd

Zawgyi









ထိုအခါက အဖေဖြစ်သူက





crd

Post a Comment

0 Comments