ခြင်္သေ့နှင့် တောဝက်

ဟိုးရှေးရှေးတုန်းက တောအုပ်တခု အလယ်က စမ်းရေအိုင် တအိုင်မှာ ခြင်္သေ့တကောင်နဲ့ တောဝက် တကောင် ရေသောက် ဆင်းလာရင်း ဆုံတွေ့ကြပါတယ်။

ခြင်္သေ့က သူဟာ တောဘုရင်မို့ အရင် ရေဆင်း သောက်သင့်တယ်လို့ ပြောပါတယ်။ ‌တောဝက်ကလည်း သူ့ကို ဦးစားပေး သင့်ကြောင်း ပြန်ပြောပါတယ်။

အဲဒီ့ နေရာမှာတင် သူအရင် ဆင်းသောက် သင့်တယ်၊ ငါအရင် ဆင်းသောက် သင့်တယ် နဲ့ ငြင်းခုံရင်း မကြာခင် သတ်ပုတ် ကြတော့မယ့်အခြေအနေ တခု ဖြစ်လာပါတယ်။

ခြင်္သေ့နဲ့ တောဝက်ဟာ အချင်းချင်း ရန်စောင် နေတာနဲ့တင် ဘေးပတ်ဝန်းကျင်ကို သတိမထားမိ ကြပါဘူး။

အဲဒီ့ အချိန်မှာပဲ လင်းတ တကောင်ဟာ ခြင်္သေ့နဲ့ တောဝက်တို့ ရန်ဖြစ် ကိုက်ဖြတ်တဲ့ အခါ ရှုံးနိမ့် သေဆုံးသွားမယ့် အကောင်ကို စားဖို့ရာ အနီးဝန်းကျင်က သစ်ပင်ပေါ် မှာ အဆင်သင့် စောင့်ဆိုင်းနေ ပါတယ်။

နောက်တော့မှ ခြင်္သေ့နဲ့ တောဝက်တို့ဟာ သူတို့အချင်းချင်း သတ်ပုတ်မယ့် အချိန်ကို စောင့်နေတဲ့ လင်းတကို သတိထားမိပြီး သံဝေဂ ရကြပါတော့တယ်။

ဘာမှ မဟုတ်တဲ့ ကိစ္စလေးအတွက်နဲ့ ရန်ဖြစ်ခြင်းဟာ တခြားသော မလိုသူတွေ အတွက် အခွင့်ကောင်း ဖြစ်စေပါတယ်။

အဲဒါကြောင့် တခါတရံမှာ ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေ အတွက်နဲ့ အချိန်ကုန်ခံ ရန်ဖြစ်မနေသင့်ပဲ အချင်းချင်း နားလည်မှု ယူလိုက်တာ အကောင်းဆုံးပါ။

crd

Zawgyi

ျခေသၤ့ႏွင့္ ေတာဝက္

ဟိုးေရွးေရွးတုန္းက ေတာအုပ္တခု အလယ္က စမ္းေရအိုင္ တအိုင္မွာ ျခေသၤ့တေကာင္နဲ႔ ေတာဝက္ တေကာင္ ေရေသာက္ ဆင္းလာရင္း ဆုံေတြ႕ၾကပါတယ္။

ျခေသၤ့က သူဟာ ေတာဘုရင္မို႔ အရင္ ေရဆင္း ေသာက္သင့္တယ္လို႔ ေျပာပါတယ္။ ‌ေတာဝက္ကလည္း သူ႔ကို ဦးစားေပး သင့္ေၾကာင္း ျပန္ေျပာပါတယ္။

အဲဒီ့ ေနရာမွာတင္ သူအရင္ ဆင္းေသာက္ သင့္တယ္၊ ငါအရင္ ဆင္းေသာက္ သင့္တယ္ နဲ႔ ျငင္းခုံရင္း မၾကာခင္ သတ္ပုတ္ ၾကေတာ့မယ့္အေျခအေန တခု ျဖစ္လာပါတယ္။ ျခေသၤ့နဲ႔ ေတာဝက္ဟာ အခ်င္းခ်င္း ရန္ေစာင္ ေနတာနဲ႔တင္ ေဘးပတ္ဝန္းက်င္ကို သတိမထားမိ ၾကပါဘူး။

အဲဒီ့ အခ်ိန္မွာပဲ လင္းတ တေကာင္ဟာ ျခေသၤ့နဲ႔ ေတာဝက္တို႔ ရန္ျဖစ္ ကိုက္ျဖတ္တဲ့ အခါ ရႈံးနိမ့္ ေသဆုံးသြားမယ့္ အေကာင္ကို စားဖို႔ရာ အနီးဝန္းက်င္က သစ္ပင္ေပၚ မွာ အဆင္သင့္ ေစာင့္ဆိုင္းေန ပါတယ္။

ေနာက္ေတာ့မွ ျခေသၤ့နဲ႔ ေတာဝက္တို႔ဟာ သူတို႔အခ်င္းခ်င္း သတ္ပုတ္မယ့္ အခ်ိန္ကို ေစာင့္ေနတဲ့ လင္းတကို သတိထားမိၿပီး သံေဝဂ ရၾကပါေတာ့တယ္။

ဘာမွ မဟုတ္တဲ့ ကိစၥေလးအတြက္နဲ႔ ရန္ျဖစ္ျခင္းဟာ တျခားေသာ မလိုသူေတြ အတြက္ အခြင့္ေကာင္း ျဖစ္ေစပါတယ္။

အဲဒါေၾကာင့္ တခါတရံမွာ ဘာမွမဟုတ္တဲ့ ကိစၥေလးေတြ အတြက္နဲ႔ အခ်ိန္ကုန္ခံ ရန္ျဖစ္မေနသင့္ပဲ အခ်င္းခ်င္း နားလည္မႈ ယူလိုက္တာ အေကာင္းဆုံးပါ။

crd

Post a Comment

0 Comments