မျောက်ထီး နဲ့ ခြင်္သေ့ထီး

တခါတုန်းက လင်မယားနှစ်ယောက်ဟာ တိရစ္ဆာန်ရုံကို သွားလည်ကြတယ်။ မျောက်လှောင်အိမ်နား ရောက်တော့ မျောက်ထီးနဲ့ မျောက်မ ဆော့ကစားနေတာ မြင်ပြီး မိန်းမဖြစ်သူက "romantic ပဲနော်၊ မျောက်ထီးက အရမ်း ချစ်တတ်တာပဲ"

ယောက်ျားဖြစ်သူက ဘာမှ ပြန်မပြောဘူး။ ပြီးတော့ သူတို့နှစ်ယောက်ဟာ ခြင်္သေ့ လှောင်အိမ်ဖက် သွားကြတယ်။ အထဲမှာ ခြင်္သေ့ အထီး အမ ၂ ကောင် ရှိပေမယ့် ခြင်္သေ့ထီးက ဒေါင့်တနေရာမှာ ခြင်္သေ့မ ရှိမှန်း မသိသလိုကို တကောင်ထဲ အေးအေးဆေးဆေး ထိုင်နေတယ်။

ဒါကိုမြင်တော့ မိန်းမက "စိတ်ပျက်စရာ ကောင်းလိုက်တာ" လို့ ပြောတယ်။ ယောက်ျားက "မင်း ခြင်္သေ့မကို ခဲလေးနဲ့ ပေါက်ကြည့်လိုက် ပါလား" ပြောတော့ မိန်းမဖြစ်သူက ခဲနဲ့ ပေါက်လိုက်တော့ ခြင်္သေ့ထီးက ဒေါသတကြီး ဟိန်းပြီး သူ့ခြင်္သေ့မ ကို ကာကွယ်ဖို့ ရောက်လာတယ်။

"အဲဒီလိုပဲ ခုနက မျောက်မ ကိုလည်း ခဲလေးနဲ့ ပေါက်ကြည့်ပါလား" ဆိုတော့ မိန်းမဖြစ်သူက မျောက်မကို ခဲနဲ့ ပေါက်လိုက်တော့ မျောက်ထီးက သူရော ပေါက်ခံရမှာ စိုးလို့ မျောက်မကို ထားပြီး လွှတ်ရာ ကျွတ်ရာ ပြေးပုန်း ပါလေရော။

အဲဒီအခါမှာ ယောက်ျားက ပြောတယ်။ "တချို့တွေရဲ့ romantic ဆိုတာတွေကို မြင်ပြီး မင်းတို့ အရူး မဖြစ်ကြစမ်း ပါနဲ့။

တော်တော် များများက ရင်ထဲ ဘာမှ မရှိပေမယ့် အရမ်း ချစ်တတ်သလို ထင်နေရတာ။ တချို့သူတွေ ကတော့ ဘာမှ မပြတတ်ပေမယ့် သူတို့ရင်ထဲမှာ အချစ်တွေ အပြည့်နဲ့ပါ။

ဆိုးတာ တခုက လောကမှာ မျောက်ထီးတွေက ပေါနေပြီး ခြင်္သေ့ထီး တွေက ရှားတယ်"

ကိုယ့် အနားမှာ ရှိတဲ့ ယောက်ျားကောင်းတွေကို တန်ဖိုးထားပေးပါ။

Crd

Zawgyi

ေမ်ာက္ထီး နဲ႔ ျခေသၤ့ထီး

တခါတုန္းက လင္မယားႏွစ္ေယာက္ဟာ တိရစာၦန္႐ုံကို သြားလည္ၾကတယ္။ ေမ်ာက္ေလွာင္အိမ္နား ေရာက္ေတာ့ ေမ်ာက္ထီးနဲ႔ ေမ်ာက္မ ေဆာ့ကစားေနတာ ျမင္ၿပီး မိန္းမျဖစ္သူက "romantic ပဲေနာ္၊ ေမ်ာက္ထီးက အရမ္း ခ်စ္တတ္တာပဲ"

ေယာက္်ားျဖစ္သူက ဘာမွ ျပန္မေျပာဘူး။ ၿပီးေတာ့ သူတို႔ႏွစ္ေယာက္ဟာ ျခေသၤ့ ေလွာင္အိမ္ဖက္ သြားၾကတယ္။ အထဲမွာ ျခေသၤ့ အထီး အမ ၂ ေကာင္ ရွိေပမယ့္ ျခေသၤ့ထီးက ေဒါင့္တေနရာမွာ ျခေသၤ့မ ရွိမွန္း မသိသလိုကို တေကာင္ထဲ ေအးေအးေဆးေဆး ထိုင္ေနတယ္။

ဒါကိုျမင္ေတာ့ မိန္းမက "စိတ္ပ်က္စရာ ေကာင္းလိုက္တာ" လို႔ ေျပာတယ္။ ေယာက္်ားက "မင္း ျခေသၤ့မကို ခဲေလးနဲ႔ ေပါက္ၾကည့္လိုက္ ပါလား" ေျပာေတာ့ မိန္းမျဖစ္သူက ခဲနဲ႔ ေပါက္လိုက္ေတာ့ ျခေသၤ့ထီးက ေဒါသတႀကီး ဟိန္းၿပီး သူ႔ျခေသၤ့မ ကို ကာကြယ္ဖို႔ ေရာက္လာတယ္။

"အဲဒီလိုပဲ ခုနက ေမ်ာက္မ ကိုလည္း ခဲေလးနဲ႔ ေပါက္ၾကည့္ပါလား" ဆိုေတာ့ မိန္းမျဖစ္သူက ေမ်ာက္မကို ခဲနဲ႔ ေပါက္လိုက္ေတာ့ ေမ်ာက္ထီးက သူေရာ ေပါက္ခံရမွာ စိုးလို႔ ေမ်ာက္မကို ထားၿပီး လႊတ္ရာ ကြၽတ္ရာ ေျပးပုန္း ပါေလေရာ။

အဲဒီအခါမွာ ေယာက္်ားက ေျပာတယ္။ "တခ်ိဳ႕ေတြရဲ႕ romantic ဆိုတာေတြကို ျမင္ၿပီး မင္းတို႔ အ႐ူး မျဖစ္ၾကစမ္း ပါနဲ႔။ ေတာ္ေတာ္ မ်ားမ်ားက ရင္ထဲ ဘာမွ မရွိေပမယ့္ အရမ္း ခ်စ္တတ္သလို ထင္ေနရတာ။ တခ်ိဳ႕သူေတြ ကေတာ့ ဘာမွ မျပတတ္ေပမယ့္ သူတို႔ရင္ထဲမွာ အခ်စ္ေတြ အျပည့္နဲ႔ပါ။

ဆိုးတာ တခုက ေလာကမွာ ေမ်ာက္ထီးေတြက ေပါေနၿပီး ျခေသၤ့ထီးေတြက ရွားတယ္"

ကိုယ့္ အနားမွာ ရွိတဲ့ ေယာက္်ားေကာင္းေတြကို တန္ဖိုးထားေပးပါ။

Crd

Post a Comment

0 Comments