အမျိုးသမီးတိုင်း ဘေးကင်းဖို့အတွက် သိထားသင့်တဲ့ အချက် (၁၁) ချက်

သင် လမ်းလျှောက်နေတာကို နှောင့်ယှက်တာပဲဖြစ်ဖြစ်၊ အိမ်ထဲကို သူစိမ်းတစ်ယောက်က ဝင်လာတာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်က အန္တရာယ် ပြုလာပြီဆိုရင် သင့်ကိုယ်သင် ကာကွယ်တတ်ဖို့ လိုပါပြီ။ လူတိုင်းက မကောင်းတဲ့သူ မဟုတ်ဘူး ဆိုပေမယ့် စိတ်ဆိုတာက ခန့်မှန်းလို့ မရနိုင်တာကြောင့် အမြဲတမ်း သတိထားသင့်ပါတယ်။ ဒါကြောင့် သင့်စိတ်ထဲမှာ အန္တရာယ်ရှိနေပြီလို့ ယူဆမိရင် ဘယ်လိုတွေ နေထိုင်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးချင်ပါတယ်။

၁။ သင့်အိမ်က ဒီနားမှာပဲလို့ ဖြေပါ။

သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတိုင်းကိုတော့ လိမ်ပြောခိုင်းတာရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့နေရာတွေမှာ အမှန်အတိုင်းပြောလို့ အဆင်မပြေတာတွေရှိပါတယ်။ ဒါကြောင့် ကိုယ်မသိတဲ့ သူစိမ်းတစ်ယောက်က သင့်ကို ဘယ်နားမှာနေလဲ လာမေးနေရင်တော့ ဒီနားက နေရာတစ်ခုခုလို့ပဲ ဖြေပါ။ ဘယ်တော့မှ အတိအကျ မဖြေပါနဲ့။

၂။ သင့်ဆိုင်ကယ်၊ ကားက အပေါင်ခံထားကြောင်း ပြောပါ။

တစ်စုံတစ်ယောက်က သင့်ရဲ့ ကား၊ ဆိုင်ကယ်နားကို လာပြီးတော့ မင်းအပိုင်လားလို့ မေးရင် အမှန်အတိုင်း မဖြေပါနဲ့။ အမှန်အတိုင်း ဖြေလိုက်ရင် ခဏလေးဆိုပြီး ငှားရမ်းသွားနိုင်ပါတယ်။ အခုအချိန်မှာ လူလိမ်တွေ ပေါများနေတာကြောင့် လာငှားတိုင်း ငှားပေးလိုက်ဖို့ အဆင်မပြေပါဘူး။ သင့်ပစ္စည်းပဲ ဆုံးရှူံးသွားပါလိမ့်မယ်။

၃။ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့နေကြောင်း ပြောပါ။

ကိုယ်မသိတဲ့ လူတစ်ယောက်က သင့်ကိုမေးခွန်းတွေ အများကြီး မေးနေပြီးတော့ တစ်ယောက်တည်း နေတာလားလို့မေးရင် လိမ်ပြောလိုက်တာက အကောင်းဆုံးပါပဲ။ လောလောဆယ်တော့ အိမ်မှာ တစ်ယောက်တည်း ရှိနေပေမယ့် မကြာခင်မှာ မိသားစု ဒါမှမဟုတ် သူငယ်ချင်းတွေက လာနေမှာဖြစ်ကြောင်းကို ပြောပြလိုက်ပါ။ အိမ်မှာတစ်ခုခု ပျက်လို့ လာပြင်တဲ့သူ ဆိုရင်လည်း ကုမ္ပဏီကို ဖုန်းလှမ်းဆက်ပြီးတော့ သူတို့လူ ဟုတ်မဟုတ် အတည်ပြုသင့်ပါတယ်။

၄။ သူငယ်ချင်းတွေကို စောင့်နေကြောင်း ပြောပါ။

သင်ဟာ အများသူငှာ နေရာတစ်ခုမှာ တစ်ယောက်တည်း ထိုင်နေတယ် ဆိုရင် သင့်သူငယ်ချင်းတွေကို စောင့်နေတယ်လို့ ဟန်ဆောင်ပါ။ တစ်စုံတစ်ယောက်က လာမေးရင်လည်း မရောက်သေးလို့ မျှော်နေကြောင်း ပြောပြလိုက်ပါ။

တစ်ယောက်တည်း ခရီးသွားရင်လည်း သင့်သူငယ်ချင်းတွေက ဘတ်စ်ကား၊ ရထား ဒါမှမဟုတ် လေယာဉ်ရဲ့ နောက်တန်း ၊ ရှေ့တန်းမှာ ရှိနေတယ်လို့ ပြောလိုက်ပါ။ တက္ကစီ စီးတဲ့အခါမှာလည်း မလုံခြုံဘူးလို့ ယူဆမိတယ် ဆိုရင် သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုတွေနှင့် တွေ့ဆုံဖို့ လမ်းရောက်နေတာလို့ ပြောပါ။

၅။ သင့်ရဲ့ ID ကတ်ကို အမြဲဖုံးထားပါ။

သင့်ရဲ့ ID ကတ်ပေါ်မှာ အချက်အလက်တွေ အစုံပါနေတာကြောင့် အများသူငှာ သယ်ယူပို့ဆောင်ရေးနေရာတွေမှာ မဝတ်ဖို့ အကြံပေးလိုပါတယ်။ တစ်စုံတစ်ဦးဟာ သင့်အမည်၊ သင့်အလုပ်နေရာတွေကို သင့် ID ကတ် တစ်ခုတည်းကနေ သိသွားနိုင်ပါတယ်။ သိသွားတဲ့လူဟာ ဘယ်လိုလူမျိုး ဖြစ်တယ် ဆိုတာကို ကိုယ်လည်းမသိနိုင်ပါဘူး။ တကယ်လို့ ဝတ်ဖို့ အရေးမကြီးဘူးထင်ရင် အင်္ကျီအောက်မှာ ထားထားသင့်ပါတယ်။

၆။ အချက်ပေးသံ တစ်ခုခု ဆောင်ထားသင့်ပါတယ်။

ဒီလို ဆောင်ထားတာလေးက သင့်ကို အန္တရာယ်ကင်းစေမှာ အမှန်ပါပဲ။ တကယ်လို့ သင်ဟာ အမှောင်ထဲမှာ တစ်ယောက်တည်း လမ်းလျှောက်လာတယ်။ နောက်ကနေ လူတစ်ယောက်က ခိုးကြောင်ခိုးဝှက်နဲ့ လိုက်လာပြီဆိုရင် ဒီတိုင်း ကယ်ကြပါဦးလို့‌ အော်တာထက် အချက်ပေးသံလေး ဖွင့်လိုက်ကတာက ပိုအဆင်ပြေပါတယ်။

အသံတွေက ဆူညံနေတာကြောင့် လူတွေကိုလည်း သတိထားမိစေပြီး လိုက်လာတဲ့လူရဲ့ စိတ်ကိုလည်း ထူပူသွားစေနိုင်ပါတယ်။

၇။ ဓာတ်လှေကား ခလုတ်တွေနားကပဲ အမြဲစီးပါ။

ဒီလိုနေတာက တစ်စုံတစ်ခု ဖြစ်လာရင် တံခါးကနေ အမြန်ထွက်လာနိုင်ပြီးတော့ သင်နဲ့အတူတူ စီးနေတဲ့သူက ယုံရတဲ့ပုံမျိုး မဟုတ်ရင် အလွယ်တကူ ပြောင်းလဲလို့ရပါတယ်။ ဒါကြောင့် ဓာတ်လှေကားစီးရင် ဒီလိုလေးစီးဖို့ အကြံပေးလိုပါတယ်။

၈။ အခန်းတံခါးမှာ အသံထွက်တာမျိုး တပ်ထားပါ။

ဟိုတယ် ဒါမှမဟုတ် အိပ်ဆောင်လို နေရာမျိုးတွေမှာ တစ်ယောက်တည်း သွားနေရရင် ဒီနည်းလမ်းကို သုံးသင့်ပါတယ်။ ကိုယ်မသိတဲ့နေရာ ရောက်နေတာကြောင့် တံခါးကို လုံလုံခြုံခြုံလေး ပိတ်ထားသင့်ပါတယ်။ ပြီးတော့လည်း တံခါးဖွင့်လိုက်တာနဲ့ သင့်ကို အချက်ပေးစေမယ့် အရာမျိုး လုပ်ထားတာ ပိုကောင်းပါတယ်။

ဘာမှချိတ်စရာ မရှိရင်တောင် ခေါင်းလောင်း ဒါမှမဟုတ် သံပြားလိုမျိုး အရာတစ်ခုခုကို ချိတ်ထားသင့်ပါတယ်။ တစ်စုံတစ်ယောက်က ဝင်လာပြီ ဆိုရင်တော့ သင်အသံတွေ ကြားလာပြီးတော့ လုံခြုံရေးခေါ်တာပဲ ဖြစ်ဖြစ်၊ တစ်ခုခုကို ကာကွယ်ဖို့ပဲဖြစ်ဖြစ် ပြင်ဆင်နိုင်ပါတယ်။

၉။ တစ်စုံတစ်ခုကိုမှာရင်‌ အမျိုးသား တစ်ယောက်ယောက်ရဲ့ နာမည်ကို သုံးပါ။

သင့်အိမ်ကို အစားအသောက် မှာတာပဲဖြစ်ဖြစ်၊ ပစ္စည်းတစ်ခု မှာတာပဲဖြစ်ဖြစ် ဘယ်တော့မှ သင့်ရဲ့နာမည်ကို မသုံးပါနဲ့။ သင်မှာတာကို တစ်စုံတစ်ယောက်က ကြားသွားပြီး ဟန်ဆောင်လိမ်လည်ပြီး ရောက်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ခုခုကို မှာမယ်ဆိုရင် သင်က အိမ်မှာတစ်ယောက်တည်း မဟုတ်ကြောင်း တစ်ဖက်က လူထင်အောင် လှည့်စားသင့်ပါတယ်။ ပြီးတော့လည်း ယောကျာ်းနာမည်နဲ့ပဲ မှာတာ ပိုအဆင်ပြေပါတယ်။

၁၀။ သင့်အလုပ် အချိန်ဇယားကို ညာပြောပါ။

တစ်စုံတစ်ယောက်က သင့်ရဲ့ အလုပ်အချိန်ဇယားနဲ့ နေရာတွေကို အတင်း လိုက်မေးနေပြီဆိုရင် အမှန်အတိုင်း မဖြေပါနဲ့။ သင့်အချိန်ဇယားဟာ အမြဲပြောင်းလဲနေကြောင်း ဒါမှမဟုတ် သင်ဟာ မကြာခဏ ရုံးပြောင်းနေရကြောင်း ပြန်ပြောလိုက်ပါ။ ဒါဆိုရင် သင့်ကိုရှာဖို့ ခက်ခဲသွားမှာပါ။

၁၁။ စကားမပြောတတ်ချင်ယောင် ဆောင်ပါ။

လမ်းပေါ်က နှောင့်ယှက်မှုတွေကို တုံ့ပြန်ဖို့ နည်းလမ်းများစွာ ရှိပြီးတော့ တစ်ခါတစ်လေမှာ ဘာမှ မသိမတတ်ချင်ယောင်ဆောင်တာက အဆင်အပြေဆုံးပါပဲ။ ဒါကြောင့် သူတို့ပြောနေတဲ့ စကားကို နားမလည်သလိုမျိုးပဲ ဟန်ဆောင်နေပါ။ တခြား ဘာသာစကားတွေ ပြောပြီးတော့ လှည့်သာထွက်ခဲ့လိုက်ပါ။

Zombie (Lovemedia)

for zawgyi

အမ်ိဳးသမီးတိုင္း ေဘးကင္းဖို႔အတြက္ သိထားသင့္တဲ့ အခ်က္ (၁၁) ခ်က္

သင္လမ္းေလွ်ာက္ေနတာကို ေႏွာင့္ယွက္တာပဲျဖစ္ျဖစ္၊ အိမ္ထဲကို သူစိမ္းတစ္ေယာက္က ဝင္လာတာပဲျဖစ္ျဖစ္ တစ္စုံတစ္ေယာက္က အႏၲရာယ္ ျပဳလာၿပီဆိုရင္ သင့္ကိုယ္သင္ ကာကြယ္တတ္ဖို႔ လိုပါၿပီ။ လူတိုင္းက မေကာင္းတဲ့သူ မဟုတ္ဘူး ဆိုေပမယ့္ စိတ္ဆိုတာက ခန႔္မွန္းလို႔ မရႏိုင္တာေၾကာင့္ အၿမဲတမ္း သတိထားသင့္ပါတယ္။ ဒါေၾကာင့္ သင့္စိတ္ထဲမွာ အႏၲရာယ္ရွိေနၿပီလို႔ ယူဆမိရင္ ဘယ္လိုေတြ ေနထိုင္ရမလဲ ဆိုတာကို love media ကေန ေျပာျပေပးခ်င္ပါတယ္။

၁။ သင့္အိမ္က ဒီနားမွာပဲလို႔ ေျဖပါ။

သင့္ရဲ႕ ကိုယ္ေရးကိုယ္တာ ကိစၥတိုင္းကိုေတာ့ လိမ္ေျပာခိုင္းတာရယ္လို႔ေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ တခ်ိဳ႕ေနရာေတြမွာ အမွန္အတိုင္းေျပာလို႔ အဆင္မေျပတာေတြရွိပါတယ္။ ဒါေၾကာင့္ ကိုယ္မသိတဲ့ သူစိမ္းတစ္ေယာက္က သင့္ကို ဘယ္နားမွာေနလဲ လာေမးေနရင္ေတာ့ ဒီနားက ေနရာတစ္ခုခုလို႔ပဲ ေျဖပါ။ ဘယ္ေတာ့မွ အတိအက် မေျဖပါနဲ႔။

၂။ သင့္ဆိုင္ကယ္၊ ကားက အေပါင္ခံထားေၾကာင္း ေျပာပါ။

တစ္စုံတစ္ေယာက္က သင့္ရဲ႕ ကား၊ ဆိုင္ကယ္နားကို လာၿပီးေတာ့ မင္းအပိုင္လားလို႔ ေမးရင္ အမွန္အတိုင္း မေျဖပါနဲ႔။ အမွန္အတိုင္း ေျဖလိုက္ရင္ ခဏေလးဆိုၿပီး ငွားရမ္းသြားႏိုင္ပါတယ္။ အခုအခ်ိန္မွာ လူလိမ္ေတြ ေပါမ်ားေနတာေၾကာင့္ လာငွားတိုင္း ငွားေပးလိုက္ဖို႔ အဆင္မေျပပါဘူး။ သင့္ပစၥည္းပဲ ဆုံးရႉံးသြားပါလိမ့္မယ္။

၃။ မိသားစုေတြ၊ သူငယ္ခ်င္းေတြနဲ႔ေနေၾကာင္း ေျပာပါ။

ကိုယ္မသိတဲ့ လူတစ္ေယာက္က သင့္ကိုေမးခြန္းေတြ အမ်ားႀကီး ေမးေနၿပီးေတာ့ တစ္ေယာက္တည္း ေနတာလားလို႔ေမးရင္ လိမ္ေျပာလိုက္တာက အေကာင္းဆုံးပါပဲ။ ေလာေလာဆယ္ေတာ့ အိမ္မွာ တစ္ေယာက္တည္း ရွိေနေပမယ့္ မၾကာခင္မွာ မိသားစု ဒါမွမဟုတ္ သူငယ္ခ်င္းေတြက လာေနမွာျဖစ္ေၾကာင္းကို ေျပာျပလိုက္ပါ။ အိမ္မွာတစ္ခုခု ပ်က္လို႔ လာျပင္တဲ့သူ ဆိုရင္လည္း ကုမၸဏီကို ဖုန္းလွမ္းဆက္ၿပီးေတာ့ သူတို႔လူ ဟုတ္မဟုတ္ အတည္ျပဳသင့္ပါတယ္။

၄။ သူငယ္ခ်င္းေတြကို ေစာင့္ေနေၾကာင္း ေျပာပါ။

သင္ဟာ အမ်ားသူငွာ ေနရာတစ္ခုမွာ တစ္ေယာက္တည္း ထိုင္ေနတယ္ ဆိုရင္ သင့္သူငယ္ခ်င္းေတြကို ေစာင့္ေနတယ္လို႔ ဟန္ေဆာင္ပါ။ တစ္စုံတစ္ေယာက္က လာေမးရင္လည္း မေရာက္ေသးလို႔ ေမွ်ာ္ေနေၾကာင္း ေျပာျပလိုက္ပါ။

တစ္ေယာက္တည္း ခရီးသြားရင္လည္း သင့္သူငယ္ခ်င္းေတြက ဘတ္စ္ကား၊ ရထား ဒါမွမဟုတ္ ေလယာဥ္ရဲ႕ ေနာက္တန္း ၊ ေရွ႕တန္းမွာ ရွိေနတယ္လို႔ ေျပာလိုက္ပါ။ တကၠစီ စီးတဲ့အခါမွာလည္း မလုံၿခဳံဘူးလို႔ ယူဆမိတယ္ ဆိုရင္ သူငယ္ခ်င္းေတြ ဒါမွမဟုတ္ မိသားစုေတြႏွင့္ ေတြ႕ဆုံဖို႔ လမ္းေရာက္ေနတာလို႔ ေျပာပါ။

၅။ သင့္ရဲ႕ ID ကတ္ကို အၿမဲဖုံးထားပါ။

သင့္ရဲ႕ ID ကတ္ေပၚမွာ အခ်က္အလက္ေတြ အစုံပါေနတာေၾကာင့္ အမ်ားသူငွာ သယ္ယူပို႔ေဆာင္ေရးေနရာေတြမွာ မဝတ္ဖို႔ အႀကံေပးလိုပါတယ္။ တစ္စုံတစ္ဦးဟာ သင့္အမည္၊ သင့္အလုပ္ေနရာေတြကို သင့္ ID ကတ္ တစ္ခုတည္းကေန သိသြားႏိုင္ပါတယ္။ သိသြားတဲ့လူဟာ ဘယ္လိုလူမ်ိဳး ျဖစ္တယ္ ဆိုတာကို ကိုယ္လည္းမသိႏိုင္ပါဘူး။ တကယ္လို႔ ဝတ္ဖို႔ အေရးမႀကီးဘူးထင္ရင္ အက်ႌေအာက္မွာ ထားထားသင့္ပါတယ္။

၆။ အခ်က္ေပးသံ တစ္ခုခု ေဆာင္ထားသင့္ပါတယ္။

ဒီလို ေဆာင္ထားတာေလးက သင့္ကို အႏၲရာယ္ကင္းေစမွာ အမွန္ပါပဲ။ တကယ္လို႔ သင္ဟာ အေမွာင္ထဲမွာ တစ္ေယာက္တည္း လမ္းေလွ်ာက္လာတယ္။ ေနာက္ကေန လူတစ္ေယာက္က ခိုးေၾကာင္ခိုးဝွက္နဲ႔ လိုက္လာၿပီဆိုရင္ ဒီတိုင္း ကယ္ၾကပါဦးလို႔‌ ေအာ္တာထက္ အခ်က္ေပးသံေလး ဖြင့္လိုက္ကတာက ပိုအဆင္ေျပပါတယ္။

အသံေတြက ဆူညံေနတာေၾကာင့္ လူေတြကိုလည္း သတိထားမိေစၿပီး လိုက္လာတဲ့လူရဲ႕ စိတ္ကိုလည္း ထူပူသြားေစႏိုင္ပါတယ္။

၇။ ဓာတ္ေလွကား ခလုတ္ေတြနားကပဲ အၿမဲစီးပါ။

ဒီလိုေနတာက တစ္စုံတစ္ခု ျဖစ္လာရင္ တံခါးကေန အျမန္ထြက္လာႏိုင္ၿပီးေတာ့ သင္နဲ႔အတူတူ စီးေနတဲ့သူက ယုံရတဲ့ပုံမ်ိဳး မဟုတ္ရင္ အလြယ္တကူ ေျပာင္းလဲလို႔ရပါတယ္။ ဒါေၾကာင့္ ဓာတ္ေလွကားစီးရင္ ဒီလိုေလးစီးဖို႔ အႀကံေပးလိုပါတယ္။

၈။ အခန္းတံခါးမွာ အသံထြက္တာမ်ိဳး တပ္ထားပါ။

ဟိုတယ္ ဒါမွမဟုတ္ အိပ္ေဆာင္လို ေနရာမ်ိဳးေတြမွာ တစ္ေယာက္တည္း သြားေနရရင္ ဒီနည္းလမ္းကို သုံးသင့္ပါတယ္။ ကိုယ္မသိတဲ့ေနရာ ေရာက္ေနတာေၾကာင့္ တံခါးကို လုံလုံၿခဳံၿခဳံေလး ပိတ္ထားသင့္ပါတယ္။ ၿပီးေတာ့လည္း တံခါးဖြင့္လိုက္တာနဲ႔ သင့္ကို အခ်က္ေပးေစမယ့္ အရာမ်ိဳး လုပ္ထားတာ ပိုေကာင္းပါတယ္။

ဘာမွခ်ိတ္စရာ မရွိရင္ေတာင္ ေခါင္းေလာင္း ဒါမွမဟုတ္ သံျပားလိုမ်ိဳး အရာတစ္ခုခုကို ခ်ိတ္ထားသင့္ပါတယ္။ တစ္စုံတစ္ေယာက္က ဝင္လာၿပီ ဆိုရင္ေတာ့ သင္အသံေတြ ၾကားလာၿပီးေတာ့ လုံၿခဳံေရးေခၚတာပဲ ျဖစ္ျဖစ္၊ တစ္ခုခုကို ကာကြယ္ဖို႔ပဲျဖစ္ျဖစ္ ျပင္ဆင္ႏိုင္ပါတယ္။

၉။ တစ္စုံတစ္ခုကိုမွာရင္‌ အမ်ိဳးသား တစ္ေယာက္ေယာက္ရဲ႕ နာမည္ကို သုံးပါ။

သင့္အိမ္ကို အစားအေသာက္ မွာတာပဲျဖစ္ျဖစ္၊ ပစၥည္းတစ္ခု မွာတာပဲျဖစ္ျဖစ္ ဘယ္ေတာ့မွ သင့္ရဲ႕နာမည္ကို မသုံးပါနဲ႔။ သင္မွာတာကို တစ္စုံတစ္ေယာက္က ၾကားသြားၿပီး ဟန္ေဆာင္လိမ္လည္ၿပီး ေရာက္လာႏိုင္ပါတယ္။ ဒါေၾကာင့္ တစ္ခုခုကို မွာမယ္ဆိုရင္ သင္က အိမ္မွာတစ္ေယာက္တည္း မဟုတ္ေၾကာင္း တစ္ဖက္က လူထင္ေအာင္ လွည့္စားသင့္ပါတယ္။ ၿပီးေတာ့လည္း ေယာက်ာ္းနာမည္နဲ႔ပဲ မွာတာ ပိုအဆင္ေျပပါတယ္။

၁၀။ သင့္အလုပ္ အခ်ိန္ဇယားကို ညာေျပာပါ။

တစ္စုံတစ္ေယာက္က သင့္ရဲ႕ အလုပ္အခ်ိန္ဇယားနဲ႔ ေနရာေတြကို အတင္း လိုက္ေမးေနၿပီဆိုရင္ အမွန္အတိုင္း မေျဖပါနဲ႔။ သင့္အခ်ိန္ဇယားဟာ အၿမဲေျပာင္းလဲေနေၾကာင္း ဒါမွမဟုတ္ သင္ဟာ မၾကာခဏ ႐ုံးေျပာင္းေနရေၾကာင္း ျပန္ေျပာလိုက္ပါ။ ဒါဆိုရင္ သင့္ကိုရွာဖို႔ ခက္ခဲသြားမွာပါ။

၁၁။ စကားမေျပာတတ္ခ်င္ေယာင္ ေဆာင္ပါ။

လမ္းေပၚက ေႏွာင့္ယွက္မႈေတြကို တုံ႔ျပန္ဖို႔ နည္းလမ္းမ်ားစြာ ရွိၿပီးေတာ့ တစ္ခါတစ္ေလမွာ ဘာမွ မသိမတတ္ခ်င္ေယာင္ေဆာင္တာက အဆင္အေျပဆုံးပါပဲ။ ဒါေၾကာင့္ သူတို႔ေျပာေနတဲ့ စကားကို နားမလည္သလိုမ်ိဳးပဲ ဟန္ေဆာင္ေနပါ။ တျခား ဘာသာစကားေတြ ေျပာၿပီးေတာ့ လွည့္သာထြက္ခဲ့လိုက္ပါ။

Zombie (Lovemedia)

Post a Comment

0 Comments