ဓါးပြဿနာ

တခါတုန်းက တိုင်းပြည်တပြည်ကို အုပ်ချူပ်တဲ့ ဘုရင်ကြီးဆီမှာ အလွန်တန်ဖိုး ရှိတဲ့ ဓါးကောင်းတလက် ရှိသတဲ့။ ဘုရင်ကြီးဟာ ဘယ်လို ပွဲတွေကိုပဲ တက်တက် အဲ့ဒီဓါးလေးကို သူ့ရဲ့ အစောင့်အရှောက် အနေနဲ့ ခေါ်သွားလေ့ ရှိတဲ့အတွက်ကြောင့် ဓါးလေးဟာ ဂုဏ်တွေ ကြားမှာ တဖြည်းဖြည်းနဲ့ သာယာ လာခဲ့တာပေါ့။

တနေ့တော့ အိမ်နီးချင်းနိုင်ငံနဲ့ စစ်ဖြစ်တော့မယ့် အခြေအနေ တခုကို ရောက်လာခဲ့တယ်။ ဖြစ်ဖို့အတွက်လည်း အပြန်အလှန် စစ်ကြေငြာပြီး သွားပါပြီ။ ဒီတော့ ဓါးလေးဟာ တွေးတယ်။ ဒါဟာ အခွင့်ကောင်းပဲပေါ့။ သူ့အနေနဲ့ တကယ့် စစ်ပွဲတွေကြားမှာ သူ့ရဲ့ အရည်အချင်းကို ထုတ်ပြရတော့မှာ ဖြစ်လို့ အရမ်း ပျော်မိသတဲ့။ ဒီလို အခွင့်အရေးရတုန်း သူ့အစွမ်းကို ပြမှသာ အရပ်လေးမျက်နှာမှာ သူ့နာမည်ဟာ ကျော်ကြားလာမှာ မဟုတ်လား။

ဒီလိုနဲ့ ရှေ့တန်းထွက်တဲ့ နေ့ကို ရောက်လာတော့ ဓါးလေးဟာ လမ်းတလျှောက်မှာ သူ့ကိုယ်သူ ပွဲတိုင်းနွှဲလို့ တိုက်တိုင်းနိုင်ခဲ့တဲ့ ဓါးတလက် အဖြစ် စိတ်ကူးယဉ်လာတဲ့ အထိပါပဲ။ ဒါပေမယ့် ရှေ့တန်း စစ်မြေပြင်ကို ဓါးလေး တကယ် ရောက်သွားတဲ့ အချိန်မှာတော့ စစ်ပွဲဟာ စတင် နေခဲ့ပြီးပြီ။ အရာရာဟာ ဓါးလေး စိတ်ကူးယဉ် ထားခဲ့သလို မလှပနေပါဘူး။

သူ့အနေနဲ့ တောက်ပတဲ့ နေရောင် အောက်မှာ ပြောင်လက်နေတဲ့ ရွှေတံဆိပ်တွေ ရှိနေမယ် ထင်ခဲ့မိတယ်။ အနိုင်ရထားတဲ့ ဓါးတွေရဲ့ ရယ်မောသံတွေကို ကြားနေမယ် ထင်ခဲ့သလို တပျော်တပါး အောင်ပွဲခံနေကြတဲ့ ကခုန်ပွဲတွေလည်း ရှိနေမယ် ထင်ခဲ့မိ ပါသတဲ့။

ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ ဓါးတွေဟာ အကုန် ကျိုးပဲ့လို့ မြေမှာ ပြန့်ကျဲနေတယ်။ ဟို ဒီ တွေ့နေရတဲ့ ဓါးအိမ်တိုင်းက အိမ်ပိုင်ရှင် ဓါး ပြန်အလာကို စိတ်ပူရင်း မျှော်နေကြတဲ့ မိသားစုသဖွယ် ဟို တကွက် ဒီတကွက် တွေ့နေရပါတယ်။ တနေရာမှာတော့ မကျိုးမပဲ့ သေးတဲ့ ဓါးတွေ ဟိုတစု ဒီတစု ထပ်တွေ့တယ်။

ဒါပေမယ့်လည်း သူတို့တွေလည်း လူသားရဲ့ အရသာကို မြည်းစမ်းဖူးတဲ့ တိရိစ္ဆာန်ပမာ ရိုင်းစိုင်း ဆဲဆိုပြီး သွေးဆာ နေကြတာကို ဓါးလေး မြင်ခဲ့ရတယ်။ မြက်ခင်းစိမ်းတွေ မရှိသလို နေလည်း မထွက်ဘူး။ သွေးပုပ်ယောင် ထနေတဲ့ မြေပေါ်မှာ အရာရာဟာ ပုံပျက်ဆင်းပျက်နဲ့ ဘယ်နေရာမဆို မီးညွန့်တလူလူ လွင့်လို့ သေမင်း အောင်လံ ထူထားသယောင် မြင်ရတဲ့အခါ ဓါးလေးဟာ စစ်ကို မုန်းသွားပါတော့တယ်။

စစ်ဆိုတဲ့ အသံကို မကြားချင်တဲ့ အထိပဲ။ ခုချက်ချင်း နန်းတော် ပြန်ပြေးချင် လှပြီပေါ့။ ဒါပေမယ့်လည်း ဒီတညလွန်လို့ မနက် အာရုဏ်တက်တာနဲ့ ဘုရင်ကြီးဟာ စစ်ပွဲမှာ ကိုယ်တိုင် ကြီးကြပ်မယ် ဆိုတဲ့အခါ ဓါးလေးဟာ ဘယ်လိုလုပ်ရမလဲ ကြံစည်တယ်။ မရပ်မနား စဉ်းစားနေမိတဲ့ အတွက်ကြောင့် သိပ်မကြာခင်မှာ ဓါးလေးဟာ ပူလာတယ်။

ညဉ့်အတော် နက်တော့ ဓါးလေးဟာ အရောင်တွေ တောက်လာတဲ့ အထိကို ပူနေပြီ။ သန်းခေါင်ချိန်မှာ အပူအရမ်း များလာတဲ့ ဓါးဟာ တုန်ခါလို့ အသံကျယ်ကြီးတခု ဓါးအိမ်ထဲကနေ ထွက်လာပါတယ်။ ဒီလို စူးရှတဲ့ အသံကြောင့် ကျန်ဓါးတွေဟာ သတိပြုမိပြီး သူ့အနားကို ရောက်လာခဲ့တယ်။ ဒီတော့ ဓါးလေးဟာ ပြောပြတာပေါ့။ စစ် မဖြစ်စေချင်ဘူး။ စစ်ပွဲကို မကြိုက်ဘူးလို့။

"မကြိုက်ပေမယ့်လည်း တို့ ဘာများ တတ်နိုင်မှာလဲကွာ" လို့ ဝါရင့် ဓါးအိုတလက်က ဝင်ပြောပြပါတယ်။ ဒီအချိန်ကလေးမှာ ဓါးကလေးဟာ အကြံတခုရသွားတယ်။ "ကျုပ်တို့ လုပ်နိုင်တာ ရှိပါတယ်။ ခုနက ကျုပ်လုပ်သလို အသံထွက်လာအောင် ခင်ဗျားတို့ အားလုံးလည်း နည်းမျိုးစုံနဲ့ ဝိုင်းလုပ်ကြပါ"

ဒီတော့ ကျန်ဓါးတွေလည်း ဘုမသိ ဘမသိနဲ့ အသံထွက်အောင် ရမ်းခါ ရတော့တာပေါ့။ ဒီမှာ တချောင်းထဲဆို မသိသာတဲ့ အသံဟာ ဓါးအစုအဝေးလိုက် လှုပ်ရမ်းနေမှုကြောင့် ကျယ်လောင်တဲ့ အသံတခု ဖြစ်လာတယ်။ ဘယ်လောက်တောင် ကျယ်လာသလဲ ဆိုရင် တဖက်က ရန်သူ့တပ်မှာ ရှိတဲ့ ဓါးတွေ ကြားကုန်တဲ့ အထိပဲ ဆိုတော့ စစ်မဖြစ်ရေးကို လိုလားတဲ့ တဖက်က ရန်သူ့ဓါးတွေဟာလည်း သဘောတူလို့ တညီတညွတ်ထဲ လာရောက် ပူးပေါင်းကြတယ်။

အဲ့သလိုနဲ့ မနက် အာရုဏ်တက်ချိန်အထိ နှစ်ဖက်စလုံးက ဓါးတိုင်းဟာ အသံတွေ ဆူညံစေတဲ့ အခါ စစ်သားတွေဟာ အိပ်ရေးမဝကြဘူး။ ဘုရင် ၂ ပါးလည်း အိပ်ရေးပျက်ခဲ့ကြတဲ့ အလျောက် အဲ့ဒီ တနေ့လုံးကို အိပ်ကြဖို့ ဆုံးဖြတ်ရင်း နောက်တရက်မှ စစ်ဖြစ်ဖို့ ရွှေ့ဆိုင်း လိုက်ပါတယ်။ ဒါပေမယ့်လည်း ဓါးတွေဟာ အလျှော့မပေးဘူး။ တက်ညီလက်ညီနဲ့ နေ့မွန်းမတည့်ခင် အချိန်မှာ ထပ်လှုပ်ခါလို့ တစုတဝေးထဲ ဆူညံကြပြန်တယ်။

အဲ့ဒီလိုမျိုး ခနလောက် ပေးအိပ်လိုက် အိပ်မရအောင် လုပ်လိုက် ပြန် ငြိမ်သွားလိုက်နဲ့ ၇ ရက်လောက် ဆက်တိုက် လုပ်လာတဲ့အခါ ဘုရင် ၂ ပါးဟာ အချင်းချင်း တွေ့ဆုံပြီးတော့ ဓါးပြဿနာကို အဖြေထုတ်ရတဲ့အထိ ဖြစ်လာခဲ့တယ်။ ညလည်း အိပ်မရ၊ နေ့လည်း အိပ်မရ ဖြစ်ပုံတွေ သူတို့ အပြန်အလှန် ပြောကြတယ်။ တဖက်က အတွေ့အကြုံနဲ့ တဖက်က အတွေ့အကြုံတွေ ဖလှယ်ကြတယ်။

ဒီလို တူညီတဲ့ ခံယူချက် တခုမှာ ဘုရင် ၂ ပါးလုံး အပူတွေ ဖွင့်ချလိုက်ရလို့ ဝမ်းမြောက်ဝမ်းသာ ရယ်မောခဲ့မိတယ်။ တဖက်က စစ်သားနဲ့ ကိုယ့်စစ်သား ကြားမှာ စာနာနားလည်မှုတွေ ပေါ်လာခဲ့တယ်။ နောက်ဆုံးမှာ ဓါးတွေတိတ်အောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အစပျိုး ဆွေးနွေးမှုကနေ စစ်ကျေအေး လိုက်ကြပါစို့ ဆိုတဲ့ အဖြေကို လိုလိုလားလား ထုတ်မိတဲ့ အထိ သူတို့ချင်း ပြေလည်သွားကြပါတယ်။ အဲ့ဒီနေ့က စလို့ ဘုရင် နှစ်ပါးစလုံးဟာ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်လာကြပါသတဲ့။

crd

Zawgyi

ဓါးျပႆနာ

တခါတုန္းက တိုင္းျပည္တျပည္ကို အုပ္ခ်ဴပ္တဲ့ ဘုရင္ႀကီးဆီမွာ အလြန္တန္ဖိုး ရွိတဲ့ ဓါးေကာင္းတလက္ ရွိသတဲ့။ ဘုရင္ႀကီးဟာ ဘယ္လို ပြဲေတြကိုပဲ တက္တက္ အဲ့ဒီဓါးေလးကို သူ႔ရဲ႕ အေစာင့္အေရွာက္ အေနနဲ႔ ေခၚသြားေလ့ ရွိတဲ့အတြက္ေၾကာင့္ ဓါးေလးဟာ ဂုဏ္ေတြ ၾကားမွာ တျဖည္းျဖည္းနဲ႔ သာယာ လာခဲ့တာေပါ့။

တေန႔ေတာ့ အိမ္နီးခ်င္းႏိုင္ငံနဲ႔ စစ္ျဖစ္ေတာ့မယ့္ အေျခအေန တခုကို ေရာက္လာခဲ့တယ္။ ျဖစ္ဖို႔အတြက္လည္း အျပန္အလွန္ စစ္ေၾကျငာၿပီး သြားပါၿပီ။ ဒီေတာ့ ဓါးေလးဟာ ေတြးတယ္။ ဒါဟာ အခြင့္ေကာင္းပဲေပါ့။ သူ႔အေနနဲ႔ တကယ့္ စစ္ပြဲေတြၾကားမွာ သူ႔ရဲ႕ အရည္အခ်င္းကို ထုတ္ျပရေတာ့မွာ ျဖစ္လို႔ အရမ္း ေပ်ာ္မိသတဲ့။ ဒီလို အခြင့္အေရးရတုန္း သူ႔အစြမ္းကို ျပမွသာ အရပ္ေလးမ်က္ႏွာမွာ သူ႔နာမည္ဟာ ေက်ာ္ၾကားလာမွာ မဟုတ္လား။

ဒီလိုနဲ႔ ေရွ႕တန္းထြက္တဲ့ ေန႔ကို ေရာက္လာေတာ့ ဓါးေလးဟာ လမ္းတေလွ်ာက္မွာ သူ႔ကိုယ္သူ ပြဲတိုင္းႏႊဲလို႔ တိုက္တိုင္းႏိုင္ခဲ့တဲ့ ဓါးတလက္ အျဖစ္ စိတ္ကူးယဥ္လာတဲ့ အထိပါပဲ။ ဒါေပမယ့္ ေရွ႕တန္း စစ္ေျမျပင္ကို ဓါးေလး တကယ္ ေရာက္သြားတဲ့ အခ်ိန္မွာေတာ့ စစ္ပြဲဟာ စတင္ ေနခဲ့ၿပီးၿပီ။ အရာရာဟာ ဓါးေလး စိတ္ကူးယဥ္ ထားခဲ့သလို မလွပေနပါဘူး။

သူ႔အေနနဲ႔ ေတာက္ပတဲ့ ေနေရာင္ ေအာက္မွာ ေျပာင္လက္ေနတဲ့ ေ႐ႊတံဆိပ္ေတြ ရွိေနမယ္ ထင္ခဲ့မိတယ္။ အႏိုင္ရထားတဲ့ ဓါးေတြရဲ႕ ရယ္ေမာသံေတြကို ၾကားေနမယ္ ထင္ခဲ့သလို တေပ်ာ္တပါး ေအာင္ပြဲခံေနၾကတဲ့ ကခုန္ပြဲေတြလည္း ရွိေနမယ္ ထင္ခဲ့မိ ပါသတဲ့။

ဒါေပမယ့္ တကယ့္ လက္ေတြ႕မွာေတာ့ ဓါးေတြဟာ အကုန္ က်ိဳးပဲ့လို႔ ေျမမွာ ျပန႔္က်ဲေနတယ္။ ဟို ဒီ ေတြ႕ေနရတဲ့ ဓါးအိမ္တိုင္းက အိမ္ပိုင္ရွင္ ဓါး ျပန္အလာကို စိတ္ပူရင္း ေမွ်ာ္ေနၾကတဲ့ မိသားစုသဖြယ္ ဟို တကြက္ ဒီတကြက္ ေတြ႕ေနရပါတယ္။ တေနရာမွာေတာ့ မက်ိဳးမပဲ့ ေသးတဲ့ ဓါးေတြ ဟိုတစု ဒီတစု ထပ္ေတြ႕တယ္။

ဒါေပမယ့္လည္း သူတို႔ေတြလည္း လူသားရဲ႕ အရသာကို ျမည္းစမ္းဖူးတဲ့ တိရိစာၦန္ပမာ ႐ိုင္းစိုင္း ဆဲဆိုၿပီး ေသြးဆာ ေနၾကတာကို ဓါးေလး ျမင္ခဲ့ရတယ္။ ျမက္ခင္းစိမ္းေတြ မရွိသလို ေနလည္း မထြက္ဘူး။ ေသြးပုပ္ေယာင္ ထေနတဲ့ ေျမေပၚမွာ အရာရာဟာ ပုံပ်က္ဆင္းပ်က္နဲ႔ ဘယ္ေနရာမဆို မီးၫြန႔္တလူလူ လြင့္လို႔ ေသမင္း ေအာင္လံ ထူထားသေယာင္ ျမင္ရတဲ့အခါ ဓါးေလးဟာ စစ္ကို မုန္းသြားပါေတာ့တယ္။

စစ္ဆိုတဲ့ အသံကို မၾကားခ်င္တဲ့ အထိပဲ။ ခုခ်က္ခ်င္း နန္းေတာ္ ျပန္ေျပးခ်င္ လွၿပီေပါ့။ ဒါေပမယ့္လည္း ဒီတညလြန္လို႔ မနက္ အာ႐ုဏ္တက္တာနဲ႔ ဘုရင္ႀကီးဟာ စစ္ပြဲမွာ ကိုယ္တိုင္ ႀကီးၾကပ္မယ္ ဆိုတဲ့အခါ ဓါးေလးဟာ ဘယ္လိုလုပ္ရမလဲ ႀကံစည္တယ္။ မရပ္မနား စဥ္းစားေနမိတဲ့ အတြက္ေၾကာင့္ သိပ္မၾကာခင္မွာ ဓါးေလးဟာ ပူလာတယ္။

ညဥ့္အေတာ္ နက္ေတာ့ ဓါးေလးဟာ အေရာင္ေတြ ေတာက္လာတဲ့ အထိကို ပူေနၿပီ။ သန္းေခါင္ခ်ိန္မွာ အပူအရမ္း မ်ားလာတဲ့ ဓါးဟာ တုန္ခါလို႔ အသံက်ယ္ႀကီးတခု ဓါးအိမ္ထဲကေန ထြက္လာပါတယ္။ ဒီလို စူးရွတဲ့ အသံေၾကာင့္ က်န္ဓါးေတြဟာ သတိျပဳမိၿပီး သူ႔အနားကို ေရာက္လာခဲ့တယ္။ ဒီေတာ့ ဓါးေလးဟာ ေျပာျပတာေပါ့။ စစ္ မျဖစ္ေစခ်င္ဘူး။ စစ္ပြဲကို မႀကိဳက္ဘူးလို႔။

"မႀကိဳက္ေပမယ့္လည္း တို႔ ဘာမ်ား တတ္ႏိုင္မွာလဲကြာ" လို႔ ဝါရင့္ ဓါးအိုတလက္က ဝင္ေျပာျပပါတယ္။ ဒီအခ်ိန္ကေလးမွာ ဓါးကေလးဟာ အႀကံတခုရသြားတယ္။ "က်ဳပ္တို႔ လုပ္ႏိုင္တာ ရွိပါတယ္။ ခုနက က်ဳပ္လုပ္သလို အသံထြက္လာေအာင္ ခင္ဗ်ားတို႔ အားလုံးလည္း နည္းမ်ိဳးစုံနဲ႔ ဝိုင္းလုပ္ၾကပါ"

ဒီေတာ့ က်န္ဓါးေတြလည္း ဘုမသိ ဘမသိနဲ႔ အသံထြက္ေအာင္ ရမ္းခါ ရေတာ့တာေပါ့။ ဒီမွာ တေခ်ာင္းထဲဆို မသိသာတဲ့ အသံဟာ ဓါးအစုအေဝးလိုက္ လႈပ္ရမ္းေနမႈေၾကာင့္ က်ယ္ေလာင္တဲ့ အသံတခု ျဖစ္လာတယ္။ ဘယ္ေလာက္ေတာင္ က်ယ္လာသလဲ ဆိုရင္ တဖက္က ရန္သူ႔တပ္မွာ ရွိတဲ့ ဓါးေတြ ၾကားကုန္တဲ့ အထိပဲ ဆိုေတာ့ စစ္မျဖစ္ေရးကို လိုလားတဲ့ တဖက္က ရန္သူ႔ဓါးေတြဟာလည္း သေဘာတူလို႔ တညီတၫြတ္ထဲ လာေရာက္ ပူးေပါင္းၾကတယ္။

အဲ့သလိုနဲ႔ မနက္ အာ႐ုဏ္တက္ခ်ိန္အထိ ႏွစ္ဖက္စလုံးက ဓါးတိုင္းဟာ အသံေတြ ဆူညံေစတဲ့ အခါ စစ္သားေတြဟာ အိပ္ေရးမဝၾကဘူး။ ဘုရင္ ၂ ပါးလည္း အိပ္ေရးပ်က္ခဲ့ၾကတဲ့ အေလ်ာက္ အဲ့ဒီ တေန႔လုံးကို အိပ္ၾကဖို႔ ဆုံးျဖတ္ရင္း ေနာက္တရက္မွ စစ္ျဖစ္ဖို႔ ေ႐ႊ႕ဆိုင္း လိုက္ပါတယ္။ ဒါေပမယ့္လည္း ဓါးေတြဟာ အေလွ်ာ့မေပးဘူး။ တက္ညီလက္ညီနဲ႔ ေန႔မြန္းမတည့္ခင္ အခ်ိန္မွာ ထပ္လႈပ္ခါလို႔ တစုတေဝးထဲ ဆူညံၾကျပန္တယ္။

အဲ့ဒီလိုမ်ိဳး ခနေလာက္ ေပးအိပ္လိုက္ အိပ္မရေအာင္ လုပ္လိုက္ ျပန္ ၿငိမ္သြားလိုက္နဲ႔ ၇ ရက္ေလာက္ ဆက္တိုက္ လုပ္လာတဲ့အခါ ဘုရင္ ၂ ပါးဟာ အခ်င္းခ်င္း ေတြ႕ဆုံၿပီးေတာ့ ဓါးျပႆနာကို အေျဖထုတ္ရတဲ့အထိ ျဖစ္လာခဲ့တယ္။ ညလည္း အိပ္မရ၊ ေန႔လည္း အိပ္မရ ျဖစ္ပုံေတြ သူတို႔ အျပန္အလွန္ ေျပာၾကတယ္။ တဖက္က အေတြ႕အႀကဳံနဲ႔ တဖက္က အေတြ႕အႀကဳံေတြ ဖလွယ္ၾကတယ္။

ဒီလို တူညီတဲ့ ခံယူခ်က္ တခုမွာ ဘုရင္ ၂ ပါးလုံး အပူေတြ ဖြင့္ခ်လိုက္ရလို႔ ဝမ္းေျမာက္ဝမ္းသာ ရယ္ေမာခဲ့မိတယ္။ တဖက္က စစ္သားနဲ႔ ကိုယ့္စစ္သား ၾကားမွာ စာနာနားလည္မႈေတြ ေပၚလာခဲ့တယ္။ ေနာက္ဆုံးမွာ ဓါးေတြတိတ္ေအာင္ ဘယ္လိုလုပ္မလဲ ဆိုတဲ့ အစပ်ိဳး ေဆြးေႏြးမႈကေန စစ္ေက်ေအး လိုက္ၾကပါစို႔ ဆိုတဲ့ အေျဖကို လိုလိုလားလား ထုတ္မိတဲ့ အထိ သူတို႔ခ်င္း ေျပလည္သြားၾကပါတယ္။ အဲ့ဒီေန႔က စလို႔ ဘုရင္ ႏွစ္ပါးစလုံးဟာ အခင္ဆုံး သူငယ္ခ်င္းေတြ ျဖစ္လာၾကပါသတဲ့။

crd

Post a Comment

0 Comments