ရက်စက်သူနှင့် ကြင်နာသူ

တခါတုန်းက မြင်းပိုင်ရှင် နှစ်ယောက် ရှိတယ်။ ပထမ မြင်းပိုင်ရှင်ဟာ အပြောအဆို ကြမ်းတမ်း ရက်စက်ပြီး မညှာတာတတ်သူ ဖြစ်တယ်။

ဒုတိယ မြင်းပိုင်ရှင်ကတော့ သူ့ရဲ့မြင်းအပေါ် သနားကြင်နာပြီး ဂရုစိုက်တတ်သူ ဖြစ်ပါတယ်။ တနေ့မှာတော့ သူတို့ရဲ့ တိုင်းပြည်ကို တခြားနိုင်ငံက လာရောက် တိုက်ခိုက်ကြ ပါတယ်။

သူတို့နှစ်ဦးလည်း ဘုရင့်အမိန့်အရ တခြားသော ယောကျ်ားများနဲ့ အတူ စစ်တိုက် ထွက်ကြရ ပါတော့တယ်။ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ မြင်းများကို စီးနင်းလျက် စစ်မြေပြင်ကို ထွက်ခဲ့ကြပါတယ်။

ရန်သူများနဲ့ ရင်ဆိုင် တိုက်ခိုက်တဲ့အခါ ရန်သူ့ဘက်က အားသာသဖြင့် မြင်းပိုင်ရှင်၂ ဦးလုံး အရေးနိမ့်ကာ ထိခိုက်ဒဏ်ရာ ရပြီး မြင်းပိုင်ရှင်၂ ဦးလုံးဟာ မြင်းပေါ်က ပြုတ်ကျခဲ့ကြ ပါတော့တယ်။

အဲဒီ့အခါမှာ ကြင်နာတတ်သူ မြင်းပိုင်ရှင်ရဲ့ မြင်းဟာ သခင်ဖြစ်သူရဲ့ ခါးလည်မှ ခါးပတ်ကို ကိုက်ချီလျက် စခန်းရှိရာဆီ အပြေး နှင်လာခဲ့ပါတော့တယ်။

ရက်စက် ကြမ်းတမ်းသူကလည်း မြင်းပေါ်ကနေ ပြုတ်ကျသွားပြီးနောက် ပြန်ထက မြင်းဆီကို အရောက်သွားခဲ့တယ်။

ရက်စက်ကြမ်းတမ်းသူဟာ မြင်းပေါ်ပြန်တက်ဖို့ ကြိုးစားသော်လည်း မြင်းမှာ သခင်က မိမိကို ရိုက်နှက် ကန်ကြောက်တော့မယ်ဟု အထင်ရောက်ပြီး သခင်ကို အကပ် မခံဘဲ ထွက်ပြေးပါတော့တယ်။

နောက်ဆုံးမှာတော့ ရန်သူလက်ချက်ဖြင့် ရက်စက်သူ မြင်းပိုင်ရှင်မှာ အသက် သေဆုံးသွားရ ပါတော့တယ်။

ဒီပုံပြင်လေးက ရက်စက်သူနဲ့ ကြင်နာသူအပေါ် တုံ့ပြန်ပုံခြင်း မတူဘူး ဆိုတာကို ပြသသွားတာ ဖြစ်ပါတယ်။

အကြင်နာတရား ထားရင် ကိုယ့်ရဲ့ အကြင်နာတရားကို တိရိစ္ဆာန်တောင်မှ နားလည်တယ် ဆိုတဲ့ သဘောပါပဲ။

crd

Zawgyi

ရက္စက္သူႏွင့္ ၾကင္နာသူ

တခါတုန္းက ျမင္းပိုင္ရွင္ ႏွစ္ေယာက္ ရွိတယ္။ ပထမ ျမင္းပိုင္ရွင္ဟာ အေျပာအဆို ၾကမ္းတမ္း ရက္စက္ၿပီး မညႇာတာတတ္သူ ျဖစ္တယ္။ ဒုတိယ ျမင္းပိုင္ရွင္ကေတာ့ သူ႔ရဲ႕ျမင္းအေပၚ သနားၾကင္နာၿပီး ဂ႐ုစိုက္တတ္သူ ျဖစ္ပါတယ္။

တေန႔မွာေတာ့ သူတို႔ရဲ႕ တိုင္းျပည္ကို တျခားႏိုင္ငံက လာေရာက္ တိုက္ခိုက္ၾက ပါတယ္။ သူတို႔ႏွစ္ဦးလည္း ဘုရင့္အမိန႔္အရ တျခားေသာ ေယာက်္ားမ်ားနဲ႔ အတူ စစ္တိုက္ ထြက္ၾကရ ပါေတာ့တယ္။

သူတို႔ႏွစ္ေယာက္ဟာ သူတို႔ရဲ႕ ျမင္းမ်ားကို စီးနင္းလ်က္ စစ္ေျမျပင္ကို ထြက္ခဲ့ၾကပါတယ္။ ရန္သူမ်ားနဲ႔ ရင္ဆိုင္ တိုက္ခိုက္တဲ့အခါ ရန္သူ႔ဘက္က အားသာသျဖင့္ ျမင္းပိုင္ရွင္၂ ဦးလုံး အေရးနိမ့္ကာ ထိခိုက္ဒဏ္ရာ ရၿပီး ျမင္းပိုင္ရွင္၂ ဦးလုံးဟာ ျမင္းေပၚက ျပဳတ္က်ခဲ့ၾက ပါေတာ့တယ္။

အဲဒီ့အခါမွာ ၾကင္နာတတ္သူ ျမင္းပိုင္ရွင္ရဲ႕ ျမင္းဟာ သခင္ျဖစ္သူရဲ႕ ခါးလည္မွ ခါးပတ္ကို ကိုက္ခ်ီလ်က္ စခန္းရွိရာဆီ အေျပး ႏွင္လာခဲ့ပါေတာ့တယ္။ ရက္စက္ ၾကမ္းတမ္းသူကလည္း ျမင္းေပၚကေန ျပဳတ္က်သြားၿပီးေနာက္ ျပန္ထက ျမင္းဆီကို အေရာက္သြားခဲ့တယ္။

ရက္စက္ၾကမ္းတမ္းသူဟာ ျမင္းေပၚျပန္တက္ဖို႔ ႀကိဳးစားေသာ္လည္း ျမင္းမွာ သခင္က မိမိကို ႐ိုက္ႏွက္ ကန္ေၾကာက္ေတာ့မယ္ဟု အထင္ေရာက္ၿပီး သခင္ကို အကပ္ မခံဘဲ ထြက္ေျပးပါေတာ့တယ္။ ေနာက္ဆုံးမွာေတာ့ ရန္သူလက္ခ်က္ျဖင့္ ရက္စက္သူ ျမင္းပိုင္ရွင္မွာ အသက္ ေသဆုံးသြားရ ပါေတာ့တယ္။

ဒီပုံျပင္ေလးက ရက္စက္သူနဲ႔ ၾကင္နာသူအေပၚ တုံ႔ျပန္ပုံျခင္း မတူဘူး ဆိုတာကို ျပသသြားတာ ျဖစ္ပါတယ္။ အၾကင္နာတရား ထားရင္ ကိုယ့္ရဲ႕ အၾကင္နာတရားကို တိရိစာၦန္ေတာင္မွ နားလည္တယ္ ဆိုတဲ့ သေဘာပါပဲ။

crd

Post a Comment

0 Comments