သနားကြင်နာခြင်း၏ အကျိုး

တနေ့သောအခါ ဘုရင်ကြီးတပါးဟာ မြို့ထဲမှာ တိုင်းခန်း လှည့်လည်နေရင်း လမ်းဘေးမှာ ထိုင်ပြီး တောင်းစားနေတဲ့ သူတောင်းစားတယောက်ကို တွေ့လိုက်တယ်။ ဘုရင်ကြီးဟာ သူတောင်းစားကို မြင်ပြီး သနားတာနဲ့ ရွှေတုံးတွေ ပါတဲ့ အိတ်တလုံးကို စွန့်ကြဲလိုက်တယ်။

သူတောင်းစားလည်း အိတ်ကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ ရွှေတုံးတွေ မြင်လို့ ဝမ်းသာသွားပြီး ဘုရင်ကြီးကို ကျေးဇူးတင်ကြောင်း အထပ်ထပ် အခါခါ ပြောလိုက်တယ်။ ပြီးတာနဲ့ သူ့ အိမ်ကို ဝမ်းသာအားရနဲ့ အိမ်ကိုပဲ ပြန်သွားတယ်။

အိမ်ရောက်တာနဲ့ သူဟာ ရွှေအိတ်ကို သူနေတဲ့ တဲထောင့်မှာ မြေမြုပ်ထား လိုက်တယ်။ ညရောက်တော့ သူဟာ ပင်ပန်းလွန်းတာကြောင့် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။ ဘုရင်ကြီးက သူတောင်းစားကို ရွှေအိတ်ပေးလိုက်တာကို မြင်တဲ့ သူခိုးတယောက်ဟာ သူတောင်းစား အိပ်ပျော်နေတုန်းမှာ သူ့တဲထဲကို ဝင်ပြီး မြေမြုပ်ထားတဲ့ ရွှေအိတ်ကို တူးဖေါ် ခိုးယူသွားတယ်။

မနက်ရောက်တော့ သူတောင်းစားဟာ သူမြေမြုပ်ထားတဲ့ ရွှေအိတ် ပျောက်ဆုံးနေကြောင်း သိလိုက်ရတယ်။ သူ့ကံ ကလည်း ဆိုးလိုက်တာလို့ ပြောပြီး အရင်က နေရာမှာ တောင်းစားတဲ့ အလုပ်ကို ပြန်လုပ် ပြန်တယ်။

ဒီနေ့မှာလည်း တိုင်းခန်း လှည့်လည်လာတဲ့ ဘုရင်ကြီးဟာ သူ မနေ့က ရွှေတွေ ပေးလိုက်တဲ့ သူတောင်းစားဟာ ပြန်တောင်းစားနေတာကို တွေ့လို့ အံ့သြသွားတယ်။ သူတောင်းစားကို ရွှေတွေ ရလျက်သားနဲ့ ဘာကြောင့် တောင်းစားရပြန် တာလဲလို့ မေးတော့ သူတောင်းစားက သူ့ရွှေတွေကို သူခိုး ခိုးသွားလို့ ပြန်တောင်းစားရကြောင်း ပြောပြတယ်။

ဘုရင်ကြီးလည်း သူ့ကို သနားတာကြောင့် စိန်တုံးကြီး တတုံးကို ပေးလိုက်ပြန်တယ်။ သူတောင်းစားလည်း ဝမ်းသာအားရနဲ့ အိမ်ပြန်သွားတယ်။ ဒီတခါတော့ သူဟာ စိန်တုံးကြီးကို မြေမှာ မမြုပ်တော့ဘူး။ သူခိုး သိနိုင်တယ်။ ဒါကြောင့် သူဟာ သူခိုး မရိပ်မိအောင် စိန်တုံးကြီးကို တဲထဲက ရေအိုး အလွတ်လုံးထဲမှာ ထည့်ပြီး ညနေစောင်းမှာ အိပ်ပျော်သွားတယ်။

အဲ့ဒီနောက်မှာတော့ အပြင်သွားနေတဲ့ သူ့မိန်းမ အိမ်ပြန်ရောက်လာလို့ သောက်ရေ အတွက် စိန်တုံးထည့်ထားတဲ့ ရေအိုးလွတ်ကို ခေါင်းမှာ ရွက်ပြီး မြစ်ဆိပ်မှာ ရေသွားခပ်တယ်။ ရေအိုးထဲမှာ စိန်တုံးကြီး ရှိနေမှန်း သူ မသိပါဘူး။ သူတောင်းစားမဟာ မြစ်ဆိပ်ရောက်တော့ ရေအိုးကို စောင်းပြီး ရေဖြည့်လိုက်တယ်။ စိန်တုံးကြီးဟာ ရေအိုးထဲက ထွက်ကျပြီး မြစ်ရေထဲကို ကျသွားတယ်။

နောက်တနေ့ မနက်ကျတော့ သူတောင်းစားဟာ အိပ်ရာက နိုးနိုးချင်းပဲ ရေအိုးကို သွားကြည့်တယ်။ အိုးထဲက ရေတွေကို သွန်ကြည့်လိုက်တော့ စိန်တုံးကြီးကို မတွေ့တော့ဘူး။ သူ့မိန်းမက ရေအိုးနဲ့ ရေသွားခပ်တယ် ပြောလို့ စိန်တုံးကြီးဟာ မြစ်ထဲကို ကျသွားပြီ ဆိုတာကို သူတောင်းစား သိလိုက်ရတယ်။ သူ့ကံကလည်း ဆိုးလိုက်တာလို့ ပြောပြီး အရင်က နေရာမှာပဲ တောင်းစားတဲ့ အလုပ်ကို ပြန်လုပ်တယ်။

ဒီနေ့လည်း တိုင်းခန်း လှည့်လည်လာတဲ့ ဘုရင်ကြီးဟာ သူတနေ့က ရွှေတွေနဲ့ မနေ့က စိန်တုံးကြီးကို ပေးလိုက်တဲ့ သူတောင်းစားကို ပြန်တွေ့ပြန်လို့ အံ့သြသွားတယ်။ သူတောင်းစားကလည်း သူ့အဖြစ်အပျက်ကို ပြန်ပြောပြတယ်။ ဘုရင်ကြီးလည်း သနားစိတ် ပေါ်လာပြန်တယ်။

ဒီတခါတော့ ဘုရင်ကြီးက သူ့စိတ်ထဲမှာ သူတောင်းစားဟာ တန်ဖိုးကြီးတဲ့ အရာတွေနဲ့ မထိုက်တန်ဘူးလို့ ယူဆတာကြောင့် ထမင်းတနပ်စာပဲ တန်တဲ့ ငွေဒင်္ဂါးတပြား ကိုပဲ စွန့်ကြဲ ပေးသနားလိုက်တယ်။ သူတောင်းစားလည်း ဗိုက်ဆာတာနဲ့ ဘုရင်ကြီး ပေးလိုက်တဲ့ ငွေဒင်္ဂါးနဲ့ ထမင်းဝယ်စားဖို့ ထမင်းဆိုင်ကို လမ်းလျှောက်သွားတယ်။

သူတောင်းစားဟာ လမ်းမှာ ငါးရောင်းနေတဲ့ လူတယောက်နဲ့ ဆုံတွေ့လိုက်တယ်။ သူ့မှာ ရောင်းဖို့ ငါးတကောင်ပဲ ကျန်တော့တယ်။ သူတောင်းစားဟာ ပုံးထဲမှာ ရေထဲမှာ ကူးခတ်နေတဲ့ ငါးကို ကြည့်ပြီး သနားလို့ မြစ်ထဲကို ပြန်လွှတ်ပေးဖို့ ရည်ရွယ်ချက်နဲ့ သူ့ငွေဒင်္ဂါးကို ပေးပြီး အဲဒီငါးနဲ့ ပုံးကို ဝယ်လိုက်တယ်။

သူ့တဲကို ပြန်ရောက်တော့ ရေပုံးထဲမှာ ငါးနဲ့ ဘုရင်ကြီး စွန့်ကြဲခဲ့တဲ့ စိန်တုံးကြီးကို တွေ့လိုက်ရတယ်။ မိန်းမ ရေခတ်တုန်းက ကျသွားတဲ့ စိန်တုံးကြီးကို မြိုချထားတဲ့ အဲဒီငါးက ပြန်အန်ထုတ်ပေးလိုက် တာပါ။ သနားကြင်နာခြင်း ဆိုတာ ဘယ်တော့မှ အချည်းနှီး အကျိုးမဲ့ မဖြစ်စေရပါဘူး။

Crd to orginal

Zawgyi

သနားၾကင္နာျခင္း၏ အက်ိဳး

တေန႔ေသာအခါ ဘုရင္ႀကီးတပါးဟာ ၿမိဳ႕ထဲမွာ တိုင္းခန္း လွည့္လည္ေနရင္း လမ္းေဘးမွာ ထိုင္ၿပီး ေတာင္းစားေနတဲ့ သူေတာင္းစားတေယာက္ကို ေတြ႕လိုက္တယ္။ ဘုရင္ႀကီးဟာ သူေတာင္းစားကို ျမင္ၿပီး သနားတာနဲ႔ ေ႐ႊတုံးေတြ ပါတဲ့ အိတ္တလုံးကို စြန႔္ႀကဲလိုက္တယ္။

သူေတာင္းစားလည္း အိတ္ကို ဖြင့္ၾကည့္လိုက္ေတာ့ အထဲမွာ ေ႐ႊတုံးေတြ ျမင္လို႔ ဝမ္းသာသြားၿပီး ဘုရင္ႀကီးကို ေက်းဇူးတင္ေၾကာင္း အထပ္ထပ္ အခါခါ ေျပာလိုက္တယ္။ ၿပီးတာနဲ႔ သူ႔ အိမ္ကို ဝမ္းသာအားရနဲ႔ အိမ္ကိုပဲ ျပန္သြားတယ္။

အိမ္ေရာက္တာနဲ႔ သူဟာ ေ႐ႊအိတ္ကို သူေနတဲ့ တဲေထာင့္မွာ ေျမျမဳပ္ထား လိုက္တယ္။ ညေရာက္ေတာ့ သူဟာ ပင္ပန္းလြန္းတာေၾကာင့္ ႏွစ္ႏွစ္ ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားတယ္။ ဘုရင္ႀကီးက သူေတာင္းစားကို ေ႐ႊအိတ္ေပးလိုက္တာကို ျမင္တဲ့ သူခိုးတေယာက္ဟာ သူေတာင္းစား အိပ္ေပ်ာ္ေနတုန္းမွာ သူ႔တဲထဲကို ဝင္ၿပီး ေျမျမဳပ္ထားတဲ့ ေ႐ႊအိတ္ကို တူးေဖၚ ခိုးယူသြားတယ္။

မနက္ေရာက္ေတာ့ သူေတာင္းစားဟာ သူေျမျမဳပ္ထားတဲ့ ေ႐ႊအိတ္ ေပ်ာက္ဆုံးေနေၾကာင္း သိလိုက္ရတယ္။ သူ႔ကံ ကလည္း ဆိုးလိုက္တာလို႔ ေျပာၿပီး အရင္က ေနရာမွာ ေတာင္းစားတဲ့ အလုပ္ကို ျပန္လုပ္ ျပန္တယ္။

ဒီေန႔မွာလည္း တိုင္းခန္း လွည့္လည္လာတဲ့ ဘုရင္ႀကီးဟာ သူ မေန႔က ေ႐ႊေတြ ေပးလိုက္တဲ့ သူေတာင္းစားဟာ ျပန္ေတာင္းစားေနတာကို ေတြ႕လို႔ အံ့ၾသသြားတယ္။ သူေတာင္းစားကို ေ႐ႊေတြ ရလ်က္သားနဲ႔ ဘာေၾကာင့္ ေတာင္းစားရျပန္ တာလဲလို႔ ေမးေတာ့ သူေတာင္းစားက သူ႔ေ႐ႊေတြကို သူခိုး ခိုးသြားလို႔ ျပန္ေတာင္းစားရေၾကာင္း ေျပာျပတယ္။

ဘုရင္ႀကီးလည္း သူ႔ကို သနားတာေၾကာင့္ စိန္တုံးႀကီး တတုံးကို ေပးလိုက္ျပန္တယ္။ သူေတာင္းစားလည္း ဝမ္းသာအားရနဲ႔ အိမ္ျပန္သြားတယ္။ ဒီတခါေတာ့ သူဟာ စိန္တုံးႀကီးကို ေျမမွာ မျမဳပ္ေတာ့ဘူး။ သူခိုး သိႏိုင္တယ္။ ဒါေၾကာင့္ သူဟာ သူခိုး မရိပ္မိေအာင္ စိန္တုံးႀကီးကို တဲထဲက ေရအိုး အလြတ္လုံးထဲမွာ ထည့္ၿပီး ညေနေစာင္းမွာ အိပ္ေပ်ာ္သြားတယ္။

အဲ့ဒီေနာက္မွာေတာ့ အျပင္သြားေနတဲ့ သူ႔မိန္းမ အိမ္ျပန္ေရာက္လာလို႔ ေသာက္ေရ အတြက္ စိန္တုံးထည့္ထားတဲ့ ေရအိုးလြတ္ကို ေခါင္းမွာ ႐ြက္ၿပီး ျမစ္ဆိပ္မွာ ေရသြားခပ္တယ္။ ေရအိုးထဲမွာ စိန္တုံးႀကီး ရွိေနမွန္း သူ မသိပါဘူး။ သူေတာင္းစားမဟာ ျမစ္ဆိပ္ေရာက္ေတာ့ ေရအိုးကို ေစာင္းၿပီး ေရျဖည့္လိုက္တယ္။ စိန္တုံးႀကီးဟာ ေရအိုးထဲက ထြက္က်ၿပီး ျမစ္ေရထဲကို က်သြားတယ္။

ေနာက္တေန႔ မနက္က်ေတာ့ သူေတာင္းစားဟာ အိပ္ရာက ႏိုးႏိုးခ်င္းပဲ ေရအိုးကို သြားၾကည့္တယ္။ အိုးထဲက ေရေတြကို သြန္ၾကည့္လိုက္ေတာ့ စိန္တုံးႀကီးကို မေတြ႕ေတာ့ဘူး။ သူ႔မိန္းမက ေရအိုးနဲ႔ ေရသြားခပ္တယ္ ေျပာလို႔ စိန္တုံးႀကီးဟာ ျမစ္ထဲကို က်သြားၿပီ ဆိုတာကို သူေတာင္းစား သိလိုက္ရတယ္။ သူ႔ကံကလည္း ဆိုးလိုက္တာလို႔ ေျပာၿပီး အရင္က ေနရာမွာပဲ ေတာင္းစားတဲ့ အလုပ္ကို ျပန္လုပ္တယ္။

ဒီေန႔လည္း တိုင္းခန္း လွည့္လည္လာတဲ့ ဘုရင္ႀကီးဟာ သူတေန႔က ေ႐ႊေတြနဲ႔ မေန႔က စိန္တုံးႀကီးကို ေပးလိုက္တဲ့ သူေတာင္းစားကို ျပန္ေတြ႕ျပန္လို႔ အံ့ၾသသြားတယ္။ သူေတာင္းစားကလည္း သူ႔အျဖစ္အပ်က္ကို ျပန္ေျပာျပတယ္။ ဘုရင္ႀကီးလည္း သနားစိတ္ ေပၚလာျပန္တယ္။

ဒီတခါေတာ့ ဘုရင္ႀကီးက သူ႔စိတ္ထဲမွာ သူေတာင္းစားဟာ တန္ဖိုးႀကီးတဲ့ အရာေတြနဲ႔ မထိုက္တန္ဘူးလို႔ ယူဆတာေၾကာင့္ ထမင္းတနပ္စာပဲ တန္တဲ့ ေငြဒဂၤါးတျပား ကိုပဲ စြန႔္ႀကဲ ေပးသနားလိုက္တယ္။ သူေတာင္းစားလည္း ဗိုက္ဆာတာနဲ႔ ဘုရင္ႀကီး ေပးလိုက္တဲ့ ေငြဒဂၤါးနဲ႔ ထမင္းဝယ္စားဖို႔ ထမင္းဆိုင္ကို လမ္းေလွ်ာက္သြားတယ္။

သူေတာင္းစားဟာ လမ္းမွာ ငါးေရာင္းေနတဲ့ လူတေယာက္နဲ႔ ဆုံေတြ႕လိုက္တယ္။ သူ႔မွာ ေရာင္းဖို႔ ငါးတေကာင္ပဲ က်န္ေတာ့တယ္။ သူေတာင္းစားဟာ ပုံးထဲမွာ ေရထဲမွာ ကူးခတ္ေနတဲ့ ငါးကို ၾကည့္ၿပီး သနားလို႔ ျမစ္ထဲကို ျပန္လႊတ္ေပးဖို႔ ရည္႐ြယ္ခ်က္နဲ႔ သူ႔ေငြဒဂၤါးကို ေပးၿပီး အဲဒီငါးနဲ႔ ပုံးကို ဝယ္လိုက္တယ္။

သူ႔တဲကို ျပန္ေရာက္ေတာ့ ေရပုံးထဲမွာ ငါးနဲ႔ ဘုရင္ႀကီး စြန႔္ႀကဲခဲ့တဲ့ စိန္တုံးႀကီးကို ေတြ႕လိုက္ရတယ္။ မိန္းမ ေရခတ္တုန္းက က်သြားတဲ့ စိန္တုံးႀကီးကို ၿမိဳခ်ထားတဲ့ အဲဒီငါးက ျပန္အန္ထုတ္ေပးလိုက္ တာပါ။ သနားၾကင္နာျခင္း ဆိုတာ ဘယ္ေတာ့မွ အခ်ည္းႏွီး အက်ိဳးမဲ့ မျဖစ္ေစရပါဘူး။

Crd to orginal

Post a Comment

0 Comments