ခုရက်ပိုင်းမှာ လူအများရဲ့ အသည်းနှလုံးကို ဖမ်းစားသွားတဲ့ ဓါတ်ပုံလေးကတော့ ဝက်ဝံရုပ်လေးကို ကိုင်ထားတဲ့ သားပိုက်ကောင်ရဲ့ ပုံလေးပါ။

သားပိုင်ကောင်လေးက မိဘမဲ့ သားပိုက်ကောင်လေးပါ။ သူ့ကို ပြုစုပေးတဲ့ အမေက ဝက်ဝံရုပ်လေး လက်ဆောင်ပေးပါတယ်။ အဲဒီ ဝက်ဝံရုပ်လေးကို သွားလေရာ ယူသွားတတ်ပါတယ်။

သူ့ရဲ့ပုံလေးကို New South Wales က တောရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေးခြံထဲမှာ ရိုက်ကူးထားတာပါ။ မိဘမဲ့ တိရစ္ဆာန်လေးတွေကို ဝက်ဝံရုပ်လေးတွေပေးလိုက်ရင် သူတို့ အရမ်းသဘောကျကြောင်း စောင့်ရှောက်ပေးတဲ့ အမျိုးသမီးက ပြောပါတယ်။

Tim Beshara နဲ့ သူ့အမေ Gillian က သားပိုက်ကောင်လေးကို ငယ်ငယ်ကတည်းက စောင့်ရှောက်ခဲ့တာပါ။

" သူက သူ့အမေရဲ့ ဗိုက်ကပ်အိတ်ထဲကနေ ထွက်ကျလာတာလည်း ဖြစ်နိုင်သလို သူ့အမေ သေသွားတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော့်အမေရဲ့ စောင့်ရှောက်ရေးခြံကို ရောက်လာတော့ သူက ၂ လသားအရွယ်ပဲ ရှိပါသေးတယ်" လို့ Tim က ပြောပါတယ်။

သားပိုက်ကောင်လေးက ငယ်ငယ်ကတည်းက မိဘ မရှိတော့တာကြောင့် အရုပ်လေးကို သူ့ရဲ့အဖော်လို့ ယူဆပြီး သွားလေရာ ယူသွားပါတယ်။ စောင့်ရှောက်ရေးခြံကို ရောက်လာမှ သူ့ရဲ့ စိတ်အခြေအနေက သက်သာလာတာပါ။

အခုဆိုရင် သားပေါက်ကောင်လေးက စောင့်ရှောက်ရေးခြံထဲက တောထဲမှာ ခုန်ဆွခုန်ဆွသွားပြီး အစားစားချိန်တန်ရင် ပြန်လာတတ်နေပါပြီ။

Zombie (lovemedia)

for zawgyi

မိဘမဲ့ျဖစ္သြားၿပီးေနာက္ ဝက္ဝံ႐ုပ္ေလးကို အၿမဲသြားေလရာ ေခၚသြားတဲ့ သားပိုက္ေကာင္ေလး

ခုရက္ပိုင္းမွာ လူအမ်ားရဲ႕ အသည္းႏွလုံးကို ဖမ္းစားသြားတဲ့ ဓါတ္ပုံေလးကေတာ့ ဝက္ဝံ႐ုပ္ေလးကို ကိုင္ထားတဲ့ သားပိုက္ေကာင္ရဲ႕ ပုံေလးပါ။

သားပိုင္ေကာင္ေလးက မိဘမဲ့ သားပိုက္ေကာင္ေလးပါ။ သူ႔ကို ျပဳစုေပးတဲ့ အေမက ဝက္ဝံ႐ုပ္ေလး လက္ေဆာင္ေပးပါတယ္။ အဲဒီ ဝက္ဝံ႐ုပ္ေလးကို သြားေလရာ ယူသြားတတ္ပါတယ္။

သူ႔ရဲ႕ပုံေလးကို New South Wales က ေတာ႐ိုင္းတိရစာၦန္ ေစာင့္ေရွာက္ေရးၿခံထဲမွာ ႐ိုက္ကူးထားတာပါ။ မိဘမဲ့ တိရစာၦန္ေလးေတြကို ဝက္ဝံ႐ုပ္ေလးေတြေပးလိုက္ရင္ သူတို႔ အရမ္းသေဘာက်ေၾကာင္း ေစာင့္ေရွာက္ေပးတဲ့ အမ်ိဳးသမီးက ေျပာပါတယ္။

Tim Beshara နဲ႔ သူ႔အေမ Gillian က သားပိုက္ေကာင္ေလးကို ငယ္ငယ္ကတည္းက ေစာင့္ေရွာက္ခဲ့တာပါ။

" သူက သူ႔အေမရဲ႕ ဗိုက္ကပ္အိတ္ထဲကေန ထြက္က်လာတာလည္း ျဖစ္ႏိုင္သလို သူ႔အေမေသသြားတာလည္း ျဖစ္ႏိုင္ပါတယ္။ ကြၽန္ေတာ့္အေမရဲ႕ ေစာင့္ေရွာက္ေရးၿခံကို ေရာက္လာေတာ့ သူက ၂ လသားအ႐ြယ္ပဲ ရွိပါေသးတယ္" လို႔ Tim က ေျပာပါတယ္။

သားပိုက္ေကာင္ေလးက ငယ္ငယ္ကတည္းက မိဘ မရွိေတာ့တာေၾကာင့္ အ႐ုပ္ေလးကို သူ႔ရဲ႕အေဖာ္လို႔ ယူဆၿပီး သြားေလရာ ယူသြားပါတယ္။ ေစာင့္ေရွာက္ေရးၿခံကို ေရာက္လာမွ သူ႔ရဲ႕ စိတ္အေျခအေနက သက္သာလာတာပါ။

အခုဆိုရင္ သားေပါက္ေကာင္ေလးက ေစာင့္ေရွာက္ေရးၿခံထဲက ေတာထဲမွာ ခုန္ဆြခုန္ဆြသြားၿပီး အစားစားခ်ိန္တန္ရင္ ျပန္လာတတ္ေနပါၿပီ။

Zombie (lovemedia)