သင်က ငွေစုဖို့ စဉ်းစားနေသူဆိုရင် ဂျပန်လူမျိုးတွေ အသုံးပြုတဲ့ Kakeibo ငွေစုနည်းလမ်းကို သုံးဖို့ အကြံပေးလိုပါတယ်။ ဒီနည်းလမ်းအတွက် များများစားစား မလိုအပ်ပါဘူး။ စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းပဲ လိုအပ်ပါတယ်။
အဆင့် ၁
Kakeibo ဆိုတာ အိမ်သူအိမ်သားများရဲ့ ငွေစာရင်း စာအုပ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီနည်းလမ်းကို ၁၉၉၄ ခုနှစ်က ဂျပန်အမျိုးသမီး တစ်ယောက်ဖြစ်တဲ့ Hani Motoko က တီထွင်ခဲ့တာပါ။ Hani Motoko က ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဂျာနယ်လစ်တစ်ယောက် ဖြစ်ပါတယ်။ Kakeibo စာအုပ်ကို ဝယ်လို့ရသလို ပုံမှန် မှတ်စုစာအုပ်နဲ့လည်း အသုံးပြုလို့ ရပါတယ်။
အဆင့် ၂
အဆင့် ၂ မှာ သင့်ရဲ့ ဝင်ငွေရတဲ့ ရင်းမြစ်တွေနဲ့ တစ်လကို ဘယ်လောက်ငွေရလဲ ဆိုတာကို ချရေးပါ။ ပြီးတော့ တစ်လရဲ့ ၄ ပတ်အတွက် ကော်လံ ၄ ခုခွဲလိုက်ပါ။ လအစပိုင်းကနေ စပြီးတော့ သင့်ရဲ့ ဝင်ငွေတွေ မှင်အနီနဲ့ရေးပါ။ အခြား အပိုဝင်ငွေ ရလာတာတွေကို မှင်အစိမ်းနဲ့ရေးပါ။
အဆင့် ၃
အဆင့် ၃ က လစဉ်ငွေစုတဲ့ ဇယားကွက်ပါ။ ဇယားကွက်အသစ် ထပ်ဆွဲပြီး ကော်လံ ၄ ခုဆွဲပါ။ ပြီးရင် တစ်ပတ်ကို ဘယ်လောက်စုကြောင်း အစဉ်လိုက် ရေးသွားပါ။
အဆင့် ၄
ဒီအဆင့်မှာ လစဉ် ကုန်ကျစရိတ်ကို ရေးရမှာပါ။ ကော်လံ ၄ ခုပါတဲ့ ဇယားကွက် ထပ်ဆွဲပြီး တစ်ပတ်ချင်းစီမှာ သင့်ရဲ့ ထွက်ငွေတွေကို အသေးစိတ်ရေးပါ။
အဆင့် ၅
လစဉ် ကုန်ကျစရိတ်တွေနဲ့ စုချင်တဲ့ ငွေပမာဏတွေ ဖယ်ထားပြီးရင် ကျန်တဲ့ငွေကို သုံးလို့ရပါပြီ။ အမျိုးအစား ၄ မျိုး ခွဲလို့ရပါတယ်။ ပထမတစ်မျိုးက အစားအသောက်၊ အဝတ်အစား၊ဂတ်စ် စတဲ့ အသုံးစရိတ်တွေပါ။ ဒုတိယ အမျိုးအစားက ပညာရေးအတွက်နဲ့ ပြပွဲတွေ၊ လက်မှတ်တွေအတွက်ပါ။ တတိယ အမျိုးအစားကတော့ ဖျော်ဖြေရေးပါ။ စားသောက်ဆိုင်မှာ သွားစားတာတွေ၊ ခရီးတိုသွားတာတွေ၊ သူငယ်ချင်းတွေနဲ့ လည်ပတ်တာတွေ ပါဝင်ပါတယ်။ နောက်ဆုံး အမျိုးအစားကတော့ အခြားသုံးငွေပါ။
အဆင့် ၆
အဆင့် ၆ မှာတော့ မလိုအပ်တဲ့ အရာတွေကို သုံးမိတဲ့ငွေတွေ တွက်ကြည့်လို့ရသလို နောက်လအတွက် လျာထားငွေတွေကိုလည်း စီစဉ်ထားလို့ ရပါတယ်။ ဒီနည်းလမ်းက ဝင်ငွေနဲ့ ထွက်ငွေတွေကို ရှင်းရှင်းလင်းလင်း သိသာစေပြီး ငွေကိုလည်း စုမိစေပါတယ်။
သင့်ရဲ့ အသုံးစရိတ်ထဲကနေ ငွေတွေ ပိုတဲ့အခါ စုတွေထဲကို ထည့်လိုက်လို့ရပါတယ်။ အသုံးစရိတ်ထဲကနေ ပိုတဲ့ငွေကို ဝက်စုဘူးထဲမှာ ထည့်စုထားပါ။ ဒီနည်းလမ်းက သင့်ကို ၃၅% အထိ ငွေစုနိုင်ချေ တိုးတက်စေပါတယ်။
မေးခွန်း ၄ ခု
၁။ သင့်မှာငွေ ဘယ်လောက်ရှိလဲ
၂။ ဘယ်လောက် စုချင်လဲ
၃။ ဘယ်လောက် သုံးလဲ
၄။ ငွေစုတဲ့အခါ တိုးတက်အောင် ဘယ်လို တိုးတက်အောင် လုပ်နိုင်မလဲ ဆိုတဲ့ မေးခွန်း ၄ ခုက အရေးပါပါတယ်။ မတတ်နိုင်တဲ့ အရာတွေကို အာရုံစိုက်မယ့်အစား ဘာအရာက အရေးပါလဲ၊ ဘယ်အရာတွေက သင့်ကို ငွေပိုကုန်စေလဲ ဆိုတာကိုသာ အာရုံစိုက်သင့်ပါတယ်။
Bonus
သင့်မှာ Kakeibo စာအုပ်ပြီးရင် နောက်ထပ် မှတ်စုစာအုပ် အသေးလေးတစ်အုပ် လုပ်ထားပြီး သွားလေရာ ယူသွားပါ။ အဲဒီ စာအုပ်ထဲမှာ သင်သုံးသမျှ ငွေတွေအားလုံး အသေးစိတ်ရေးပါ။ အဲဒီအခါ အသုံးမလိုတဲ့ အရာတွေမှာ ငွေကုန်နေတာတွေကို လျှော့ချနိုင်ပါတယ်။
Zombie (lovemedia)
for zawgyi
သင့်ရဲ့ငွေတွေ ပိုစုဖြစ်စေမယ့် ဂျပန်လူမျိုးတွေရဲ့ လွယ်ကူရိုးရှင်းတဲ့ Kakeibo ငွေစုနည်း
အဆင့် ၁
အဆင့် ၂
အဆင့် ၃
အဆင့် ၎
အဆင့် ၅
အဆင့် ၆
မေးခွန်း ၄ ခု
၂။ ဘယ်လောက် စုချင်လဲ
၃။ ဘယ်လောက် သုံးလဲ
Bonus
Zombie (lovemedia)