နွားကျောင်းသားနှင့် လူရွှင်တော်

တခါတုန်းက သူဌေးကြီးတဦးသည် လူထုဖျော်ဖြေပွဲကြီး တခု ပြုလုပ်ရန် စီစဉ်လေသည်။ ထိုဖျော်ဖြေပွဲမှာ အထူးအဆန်း လုပ်ပြနိုင်သူကို ဆုပေးမည့် အစီအစဉ် တခုလည်း ဖြစ်သည်။ လူအများဟာ ထိုပွဲကို အလွန် စိတ်ဝင်စားကြ လေသည်။ ပြိုင်ပွဲဝင်လိုသူများလည်း အလွန် များပြားလေသည်။

ထိုအထဲတွင် လူရွှင်တော် တဦးလည်း ပါလေသည်။ သူသည် အရင်တည်းကပင် အထူးအဆန်းများ ပြသခြင်း၌ နာမည်ကြီးလေသည်။ သူသည် ထိုပွဲအတွက် ဘယ်နေရာမှာမှ ပြသခြင်း မရှိသေးသည့် အထူးအဆန်းတခု ပြမည်ဟု ပြောလေသည်။ ထိုသတင်းကို ကြားသောအခါ တမြို့လုံး အလွန် စိတ်ဝင်စားသွား လေသည်။

ဖျော်ဖြေပွဲနေ့သို့ ရောက်သောအခါ ထိုလူရွှင်တော်ကို ကြည့်လို၍ လူအများအပြား လာရောက်ကြ လေသည်။ မကြာမီ ပွဲစသောအခါ ပြိုင်ပွဲဝင်များလည်း မိမိတို့ စွမ်းသလောက် အထူးအဆန်းများ လုပ်ပြကြသည်။ သို့သော် လူရွင်တော်လောက် စိတ်မဝင်စားကြပင်။

ထို့နောက်တွင် လူရွှင်တော် စင်ပေါ်သို့ တက်လာလေသည်။ သူ့ထံတွင် အဖော်မပါ၊ ဘာမှလည်း မကိုင်ထားပေ။ သူသည် ရှုတ်တရတ် သူဝတ်ထားသော ကုတ်အကျီထဲသို့ ခေါင်းကို ငုံ့လိုက်ပြီး ဝက်ကလေးတကောင်လို အော်လိုက်လေသည်။

လူရွှင်တော်အော်ပုံမှာ ဝက်နှင့် အလွန်တူလှသဖြင့် သူ့အကျီအောက်ထဲတွင် ဝက်တကောင် ဝှက်ထားတာ ဖြစ်မည်ဟု လူတိုင်းက ထင်ကြသည်။

ထို့နောက် သူသည် ခေါင်းကို ကုတ်အကျီအတွင်းမှ ပြန်ဖော်လိုက်ပြီး သူ့ကို စစ်ဆေးကြည့်ရန် ပြောသဖြင့် စစ်ဆေးကြည့်သော အခါ ဘာမှမတွေ့ကြပေ။ လူများလည်း အံ့သြပြီး လူရွှင်တော်အား ဆုချလေသည်။

လာကြည့်သူ ပရိတ်သတ်ထဲတွင် နွားကျောင်းသားလေး တယောက်လည်း ပါသည်။ သူက "ငါ သူ့ထက်သာအောင် လုပ်ပြနိုင်ပါတယ်" ဟု ပြောသည်။ နောက်နေ့တွင် အဲ့လူရွှင်တော်ကို နိုင်အောင် ပြိုင်မည်ဟု စိန်ခေါ်လိုက် လေသည်။

နောက်နေ့တွင် လာကြည့်သည့် ပရိသတ်များ ပို၍ များပြားလေသည်။ လူရွှင်တော်ကိုသာ အထင်ကြီး၍ လူရွှင်တော်သာ အနိုင်ရမည်ဟု ထင်မြင်ချက်များ ပေးနေကြသည်။

မကြာမီ ပြိုင်ပွဲစကာ ပြိုင်မယ့်သူနှစ်ဦး စင်ပေါ်သို့ တက်လာကြသည်။ လူရွှင်တော်က ပထမဆုံး ဝက်လို အော်ပြလေသည်။ ဝက်သံနှင့် အလွန်တူ၍ ပရိသတ်များ အားပေးကြသည်။ ထို့နောက် နွားကျောင်းသား အလှည့် သို့ရောက်လာသည်။

သူသည်လည်း လူရွှင်တော် ကဲ့သို့ပင် အပေါ်အကျီထဲ ခေါင်းငုံ့ လိုက်သည်။ သို့သော် သူသည် ဝက်အစစ် တကောင်ကို အကျီထဲ ဝှက်လာပြီး ဝက်ကလေး နားရွက်ကို လိမ်ဆွဲလိုက်သည်။ ဝက်ကလေးလည်း နာကျင်၍ အော်လေသည်။

နွားကျောင်းသား ယှဉ်ပြိုင်ပြီးသောအခါ ဝက်အော်သံ နဲ့လည်း မတူဘူး။ လူရွှင်တော်ကသာ ပိုတူအောင် အော်နိုင်သည် ဟု ပြောကြ၍ နွားကျောင်းသား ရှုံးသွားလေသည်။ ထိုအခါ နွားကျောင်းသားသည် ဝှက်ထားသော ဝက်ကို ထုတ်ပြပြီး "ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက် ဘယ်လောက်မှန်လဲဆိုတာ ဒီမှာကြည့်ကြ" ဆိုပြီး ပြောလိုက်လေသည်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ လူတယောက်ကို အထင်ကြီး လေးစားသွားသောအခါ သူဘာလုပ်လုပ် အကောင်းမြင်တတ်သည့် လူသဘာဝကို ထင်ဟပ်စေပြီး၊ တခါတရံ လူများသည် အစစ်ထက် အတုကို ပို၍ အထင်ကြီး ယုံကြည်တတ်ကြောင်း သင်ခန်းစာ ရလေသည်။

crd

Zawgyi

ႏြားေက်ာင္းသားႏွင့္ လူ႐ႊင္ေတာ္

တခါတုန္းက သူေဌးႀကီးတဦးသည္ လူထုေဖ်ာ္ေျဖပြဲႀကီး တခု ျပဳလုပ္ရန္ စီစဥ္ေလသည္။ ထိုေဖ်ာ္ေျဖပြဲမွာ အထူးအဆန္း လုပ္ျပႏိုင္သူကို ဆုေပးမည့္ အစီအစဥ္ တခုလည္း ျဖစ္သည္။ လူအမ်ားဟာ ထိုပြဲကို အလြန္ စိတ္ဝင္စားၾက ေလသည္။ ၿပိဳင္ပြဲဝင္လိုသူမ်ားလည္း အလြန္ မ်ားျပားေလသည္။

ထိုအထဲတြင္ လူ႐ႊင္ေတာ္ တဦးလည္း ပါေလသည္။ သူသည္ အရင္တည္းကပင္ အထူးအဆန္းမ်ား ျပသျခင္း၌ နာမည္ႀကီးေလသည္။ သူသည္ ထိုပြဲအတြက္ ဘယ္ေနရာမွာမွ ျပသျခင္း မရွိေသးသည့္ အထူးအဆန္းတခု ျပမည္ဟု ေျပာေလသည္။ ထိုသတင္းကို ၾကားေသာအခါ တၿမိဳ႕လုံး အလြန္ စိတ္ဝင္စားသြား ေလသည္။

ေဖ်ာ္ေျဖပြဲေန႔သို႔ ေရာက္ေသာအခါ ထိုလူ႐ႊင္ေတာ္ကို ၾကည့္လို၍ လူအမ်ားအျပား လာေရာက္ၾက ေလသည္။ မၾကာမီ ပြဲစေသာအခါ ၿပိဳင္ပြဲဝင္မ်ားလည္း မိမိတို႔ စြမ္းသေလာက္ အထူးအဆန္းမ်ား လုပ္ျပၾကသည္။ သို႔ေသာ္ လူ႐ြင္ေတာ္ေလာက္ စိတ္မဝင္စားၾကပင္။

ထို႔ေနာက္တြင္ လူ႐ႊင္ေတာ္ စင္ေပၚသို႔ တက္လာေလသည္။ သူ႔ထံတြင္ အေဖာ္မပါ၊ ဘာမွလည္း မကိုင္ထားေပ။ သူသည္ ရႈတ္တရတ္ သူဝတ္ထားေသာ ကုတ္အက်ီထဲသို႔ ေခါင္းကို ငုံ႔လိုက္ၿပီး ဝက္ကေလးတေကာင္လို ေအာ္လိုက္ေလသည္။ လူ႐ႊင္ေတာ္ေအာ္ပုံမွာ ဝက္ႏွင့္ အလြန္တူလွသျဖင့္ သူ႔အက်ီေအာက္ထဲတြင္ ဝက္တေကာင္ ဝွက္ထားတာ ျဖစ္မည္ဟု လူတိုင္းက ထင္ၾကသည္။

ထို႔ေနာက္ သူသည္ ေခါင္းကို ကုတ္အက်ီအတြင္းမွ ျပန္ေဖာ္လိုက္ၿပီး သူ႔ကို စစ္ေဆးၾကည့္ရန္ ေျပာသျဖင့္ စစ္ေဆးၾကည့္ေသာ အခါ ဘာမွမေတြ႕ၾကေပ။ လူမ်ားလည္း အံ့ၾသၿပီး လူ႐ႊင္ေတာ္အား ဆုခ်ေလသည္။

လာၾကည့္သူ ပရိတ္သတ္ထဲတြင္ ႏြားေက်ာင္းသားေလး တေယာက္လည္း ပါသည္။ သူက "ငါ သူ႔ထက္သာေအာင္ လုပ္ျပႏိုင္ပါတယ္" ဟု ေျပာသည္။ ေနာက္ေန႔တြင္ အဲ့လူ႐ႊင္ေတာ္ကို ႏိုင္ေအာင္ ၿပိဳင္မည္ဟု စိန္ေခၚလိုက္ ေလသည္။ ေနာက္ေန႔တြင္ လာၾကည့္သည့္ ပရိသတ္မ်ား ပို၍ မ်ားျပားေလသည္။ လူ႐ႊင္ေတာ္ကိုသာ အထင္ႀကီး၍ လူ႐ႊင္ေတာ္သာ အႏိုင္ရမည္ဟု ထင္ျမင္ခ်က္မ်ား ေပးေနၾကသည္။

မၾကာမီ ၿပိဳင္ပြဲစကာ ၿပိဳင္မယ့္သူႏွစ္ဦး စင္ေပၚသို႔ တက္လာၾကသည္။ လူ႐ႊင္ေတာ္က ပထမဆုံး ဝက္လို ေအာ္ျပေလသည္။ ဝက္သံႏွင့္ အလြန္တူ၍ ပရိသတ္မ်ား အားေပးၾကသည္။ ထို႔ေနာက္ ႏြားေက်ာင္းသား အလွည့္ သို႔ေရာက္လာသည္။ သူသည္လည္း လူ႐ႊင္ေတာ္ ကဲ့သို႔ပင္ အေပၚအက်ီထဲ ေခါင္းငုံ႔ လိုက္သည္။ သို႔ေသာ္ သူသည္ ဝက္အစစ္ တေကာင္ကို အက်ီထဲ ဝွက္လာၿပီး ဝက္ကေလး နား႐ြက္ကို လိမ္ဆြဲလိုက္သည္။ ဝက္ကေလးလည္း နာက်င္၍ ေအာ္ေလသည္။

ႏြားေက်ာင္းသား ယွဥ္ၿပိဳင္ၿပီးေသာအခါ ဝက္ေအာ္သံ နဲ႔လည္း မတူဘူး။ လူ႐ႊင္ေတာ္ကသာ ပိုတူေအာင္ ေအာ္ႏိုင္သည္ ဟု ေျပာၾက၍ ႏြားေက်ာင္းသား ရႈံးသြားေလသည္။ ထိုအခါ ႏြားေက်ာင္းသားသည္ ဝွက္ထားေသာ ဝက္ကို ထုတ္ျပၿပီး "ခင္ဗ်ားတို႔ရဲ႕ ဆုံးျဖတ္ခ်က္ဘယ္ေလာက္မွန္လဲဆိုတာ ဒီမွာၾကည့္ၾက" ဆိုၿပီး ေျပာလိုက္ေလသည္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ လူတေယာက္ကို အထင္ႀကီး ေလးစားသြားေသာအခါ သူဘာလုပ္လုပ္ အေကာင္းျမင္တတ္သည့္ လူသဘာဝကို ထင္ဟပ္ေစၿပီး၊ တခါတရံ လူမ်ားသည္ အစစ္ထက္ အတုကို ပို၍ အထင္ႀကီး ယုံၾကည္တတ္ေၾကာင္း သင္ခန္းစာ ရေလသည္။

crd

Post a Comment

0 Comments