အကြံဉာဏ်

တခါတုန်းက ဆိုကရေးတီးကို သူ့ကျောင်းက တပည့်တယောက်က မေးတယ်။

” ဆရာကြီး အကြံနဲ့ ဉာဏ်ကို တွဲပြီးတော့ ရေးသားထားတာ တွေ့ရတယ်။ အဲဒီတော့ အကြံနဲ့ ဉာဏ်ဟာ ဆိုလိုရင်း အတူတူပဲ ပေါ့နော် ” လို့ မေးတယ်။

ဆိုကရေးတီးက ဘာမှမပြောဘဲ အနားမှာ ရှိတဲ့ ကျောက်တုံးနှစ်တုံးကို ကောက်လိုက်တယ်။ ပြီးတော့ အဲဒီကျောက်တုံး နှစ်တုံးကို အရှိန်ပြင်းပြင်းနဲ့ ထိရိုက်ပြတယ်။ ကျောက်တုံးက မီးစမီးပွားလေးတွေ ဖြတ်ခနဲ ဖြတ်ခနဲ ထွက်လာတယ်။

ဒါကို ပြပြီးတော့ ဆိုကရေးတီးက

” အကြံဆိုတာ ဒီကျောက်တုံးလိုပဲ မီး မဖြစ်နိုင်ဘူး လို့ ထင်ပေမယ့် ခတ်လိုက်တဲ့အခါ တဖျတ်ဖျတ် ပွင့်လာတဲ့ မီးပွားလေးတွေလိုပဲ အကြံဆိုတာ တချက်တချက် ရလာတဲ့ မီးပွားလေးနဲ့ တူတယ် လင်းတယ်။ အမှောင်ထဲမှာ လက်တယ်။ ဒါပေမယ့် ကြာကြာ မခံဘူး ”

အဲဒီနောက်မှာတော့ ဆိုကရေးတီးက ကောက်ရိုးပုံနားကို သွားတယ်။ ကောက်ရိုးပုံနားမှာ ခုနကလို ကျောက်တုံးတွေ ခတ်တယ်။ အနားက ကောက်ရိုးတွေကို မီးစွဲပြီးတော့ ကောက်ရိုးပုံကြီး တခုလုံးကို မီး ကူးစက်သွားတယ်။

ဒါကို ပြပြီးတော့ ဆိုကရေးတီးက

” ဉာဏ် ဆိုတာ ဒီလိုပဲ။ ပြောရမယ် ဆိုရင် ပိုပြီး မီးတောက်စေမယ့် ကောက်ရိုးတွေလိုပဲ။ အကြံတွေက မီးပွားလေးတွေ ဖြစ်ပြီး အကြာကြီး မခံပေမယ့် ဉာဏ်က အဲဒီ မီးပွားလေးတွေကို ထပ်ပွားစေပြီးတော့ ကြီးထွားစေတယ်။ တကယ်လို့ သစ်ချောင်းတွေဆိုရင် ပိုပြီးတော့ ထိန်းသိမ်းထားနိုင် စေတယ်။

အကြံပဲ ရှိပြီး ဉာဏ် မရှိတဲ့သူ တယောက်ဟာ ခဏတာ ကောင်းစားတယ်။ ဉာဏ်ရှိပြီး အကြံ မရှိတဲ့သူဟာ မီးတောက်ဖို့ အလားအလာ မရှိတဲ့ ကောက်ရိုးပုံကြီးလိုပဲ မထက်မြက်ဘူး။

ဒါကြောင့် လောကမှာ အကြံရှိသူတွေက ဉာဏ်ရှိသူတွေကို သွားရောက် ပူးပေါင်းကြသတဲ့။ ကဲ ငါ့တပည့် အကြံနဲ့ ဉာဏ်ရဲ့ ခြားနားချက်ကို မြင်ပြီလား ” လို့ ရှင်းပြလိုက်ပါတော့တယ်။

အကြံရော ဉာဏ်ပါ ပြည့်ဝကြပါစေ။

crd

Zawgyi

အႀကံဉာဏ္

တခါတုန္းက ဆိုကေရးတီးကို သူ႔ေက်ာင္းက တပည့္တေယာက္က ေမးတယ္။

” ဆရာႀကီး အႀကံနဲ႔ ဉာဏ္ကို တြဲၿပီးေတာ့ ေရးသားထားတာ ေတြ႕ရတယ္။ အဲဒီေတာ့ အႀကံနဲ႔ ဉာဏ္ဟာ ဆိုလိုရင္း အတူတူပဲ ေပါ့ေနာ္ ” လို႔ ေမးတယ္။

ဆိုကေရးတီးက ဘာမွမေျပာဘဲ အနားမွာ ရွိတဲ့ ေက်ာက္တုံးႏွစ္တုံးကို ေကာက္လိုက္တယ္။ ၿပီးေတာ့ အဲဒီေက်ာက္တုံး ႏွစ္တုံးကို အရွိန္ျပင္းျပင္းနဲ႔ ထိ႐ိုက္ျပတယ္။ ေက်ာက္တုံးက မီးစမီးပြားေလးေတြ ျဖတ္ခနဲ ျဖတ္ခနဲ ထြက္လာတယ္။

ဒါကို ျပၿပီးေတာ့ ဆိုကေရးတီးက

” အႀကံဆိုတာ ဒီေက်ာက္တုံးလိုပဲ မီး မျဖစ္ႏိုင္ဘူး လို႔ ထင္ေပမယ့္ ခတ္လိုက္တဲ့အခါ တဖ်တ္ဖ်တ္ ပြင့္လာတဲ့ မီးပြားေလးေတြလိုပဲ အႀကံဆိုတာ တခ်က္တခ်က္ ရလာတဲ့ မီးပြားေလးနဲ႔ တူတယ္ လင္းတယ္။ အေမွာင္ထဲမွာ လက္တယ္။ ဒါေပမယ့္ ၾကာၾကာ မခံဘူး ”

အဲဒီေနာက္မွာေတာ့ ဆိုကေရးတီးက ေကာက္႐ိုးပုံနားကို သြားတယ္။ ေကာက္႐ိုးပုံနားမွာ ခုနကလို ေက်ာက္တုံးေတြ ခတ္တယ္။ အနားက ေကာက္႐ိုးေတြကို မီးစြဲၿပီးေတာ့ ေကာက္႐ိုးပုံႀကီး တခုလုံးကို မီး ကူးစက္သြားတယ္။

ဒါကို ျပၿပီးေတာ့ ဆိုကေရးတီးက

” ဉာဏ္ ဆိုတာ ဒီလိုပဲ။ ေျပာရမယ္ ဆိုရင္ ပိုၿပီး မီးေတာက္ေစမယ့္ ေကာက္႐ိုးေတြလိုပဲ။ အႀကံေတြက မီးပြားေလးေတြ ျဖစ္ၿပီး အၾကာႀကီး မခံေပမယ့္ ဉာဏ္က အဲဒီ မီးပြားေလးေတြကို ထပ္ပြားေစၿပီးေတာ့ ႀကီးထြားေစတယ္။ တကယ္လို႔ သစ္ေခ်ာင္းေတြဆိုရင္ ပိုၿပီးေတာ့ ထိန္းသိမ္းထားႏိုင္ ေစတယ္။

အႀကံပဲ ရွိၿပီး ဉာဏ္ မရွိတဲ့သူ တေယာက္ဟာ ခဏတာ ေကာင္းစားတယ္။ ဉာဏ္ရွိၿပီး အႀကံ မရွိတဲ့သူဟာ မီးေတာက္ဖို႔ အလားအလာ မရွိတဲ့ ေကာက္႐ိုးပုံႀကီးလိုပဲ မထက္ျမက္ဘူး။

ဒါေၾကာင့္ ေလာကမွာ အႀကံရွိသူေတြက ဉာဏ္ရွိသူေတြကို သြားေရာက္ ပူးေပါင္းၾကသတဲ့။ ကဲ ငါ့တပည့္ အႀကံနဲ႔ ဉာဏ္ရဲ႕ ျခားနားခ်က္ကို ျမင္ၿပီလား ” လို႔ ရွင္းျပလိုက္ပါေတာ့တယ္။

အႀကံေရာ ဉာဏ္ပါ ျပည့္ဝၾကပါေစ။

crd

Post a Comment

1 Comments

  1. အချက်အလက်သာမက သတ်ပုံမှာ မှန်တယ်။ ကျေးဇူး။ ကွန်ဂရက်ကျူလေးရှင်း။

    ReplyDelete