အိမ်ရိုက်သံ

တခါတုန်းက အင်မတန်မှကို စိတ်တို၊ စိတ် ဆတ်တဲ့ကောင်လေး တယောက်ရှိ သတဲ့။ တနေ့ကျတော့ သူ့အဖေကကောင်လေး ကို အိမ်ရိုက်သံတထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်းတခါ စိတ်တိုတိုင်း သံတချောင်းကို နောက်ဖေး က ဝင်းထရံတိုင်မှာ သွားရိုက် ချေကွာတဲ့။ အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေး လိုက်တယ်တဲ့။

ပထမနေ့မှာပဲ ကောင်လေးဟာ ဝင်းထရံတိုင် မှာ သံပေါင်း ၃၇ ချောင်း ရိုက်သွင်း ဖြစ် သွားတယ်။ အဲဒီလိုနဲ့ သူစိတ်တိုတိုင်း သံလေးတွေကို ဝင်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူ့စိတ် သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တနေ့ထက် တနေ့ ကျဲလာခဲ့တယ်။

ဒီလိုနဲ့ ကောင်လေးဟာ ဝင်းထရံမှာ သံပြေး ရိုက်တာထက် စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကို ထိန်းရတာ ပိုလွယ်မှန်း သဘောက်ပေါက်လာ တော့တယ် အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေ နိုင်တဲ့နေ့ကို ရောက်လာရော။

ကောင်လေး က ပြေးပြီး သူ့အဖေကို သတင်း သွားပို့တယ်။ အဖေရေ… သားတော့ စိတ်ကို ထိန်းနိုင်သွား ပြီဗျ။ အဲ့ဒီလိုကျတော့ သူအဖေက တမျိုးခိုင်း ပြန်ရော။ မင်းကိုယ်မင်း ဒေါသမဖြစ်အောင် တနေကုန် ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို ပြန်နုတ်ဦးကွာ။ တနေ့ထိန်းနိုင်ရင် ညအိပ်ခါနီး တချောင်းနှုန်းနဲ့ နှုတ်နော်လို့ မှာလိုက်သတဲ့။

ရက်တွေကြာလာတော့ ကောင်လေး က သူ့အဖေကို ပြောနိုင်သွားတယ်။ အဖေရေ သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီးသွားပြီ။ တချောင်းမှ မကျန်တော့ဘူး။ သည်အခါ အဖေလုပ်တဲ့သူကသားရဲ့လက် ကို ဆွဲပြီး သားရိုက်ခဲ့တဲ့ ဝင်းထရံဆီကို ခေါ်သွားတယ် " တော်တယ်… ငါ့သား " လို့လည်း ဆိုပါတယ်။

ဒါပေမယ့် သား သေချာကြည့်စမ်း။ ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ် ကျန်ခဲ့ တယ်နော်။ ဒီဝင်းထရံတိုင်တွေက အရင်တုန်းက လို ချောချောမွေ့မွေ့ မဟုတ်တော့ဘူးဆိုတာ သားမြင်တယ် မဟုတ်လား။

အေး သားက စိတ်တိုတိုနဲ့ ပါးစပ်က ပြောချ လိုက်တဲ့အခါ တဖက်သားဆိုတဲ့ ဝင်းထရံ တိုင်မှာ အခုလို အမာရွတ်တွေ ထင်ကျန်ရစ်ခဲ့ တတ်တယ် သားရယ်။

အဲဒီလိုပဲ လူတယောက်ကို သားက ဓါးနဲ့ထိုး လိုက်တယ် ပြီးရင် ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်ပန်တယ် ဆိုပါစို့။ သားဘယ်နှစ်ခါဘဲ ရှိခိုးတောင်းပန်ပါစေ ဒဏ်ရာနဲ့ အမာရွတ်တွေကတော့ မလွဲမသွေ ကျန်ခဲ့မှာပဲ ငါ့သားရယ်…. တဲ့ ။

တကယ်တော့ မိတ်ဆွေ သူငယ်ချင်းတွေ ဆိုတာ အဖိုးတန်တဲ့ ရတနာတွေပါပဲ။ သူတို့ဟာ ငါတို့တွေကို ပျော်ရွှင် ရယ်မောစေတယ် အားပေးကူညီတယ် ဒုက္ခ၊ သုခ တွေကို လည်း မျှဝေခံစား ကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက် နားထောင်ပေးတယ်။ ဒါကြောင့် တခုခုဆို စိတ်လိုက်မာန်ပါ မလုပ်နဲ့။

သူတို့ကို သံနှုတ်ရာကျန်ခဲ့တဲ့ ဝင်းထရံတွေ အဖြစ် မရောက်ပါစေနဲ့။ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက် ဂရုစိုက်ကြောင်း သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ် ဂရုစိုက်လာ အောင် လုပ်ပေးသင့် ကြောင်းပြောကြားပေးပါ။

ဒါကြောင့် ကိုယ်တိုင်က သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့ သူတွေဆီကို လက်ဆင့်ကမ်းပါ။

crd

for zawgyi

အိမ္႐ိုက္သံ

တခါတုန္းက အင္မတန္မွကို စိတ္တို၊ စိတ္ ဆတ္တဲ့ေကာင္ေလး တေယာက္ရွိ သတဲ့။ တေန႔က်ေတာ့ သူ႔အေဖကေကာင္ေလး ကို အိမ္႐ိုက္သံတထုပ္ ေပးလိုက္ၿပီး ေျပာပါေတာ့တယ္။ မင္းတခါ စိတ္တိုတိုင္း သံတေခ်ာင္းကို ေနာက္ေဖး က ဝင္းထရံတိုင္မွာ သြား႐ိုက္ ေခ်ကြာတဲ့။ အေဖက အဲဒီလိုေျပာၿပီး သံထုပ္ကိုေပး လိုက္တယ္တဲ့။

ပထမေန႔မွာပဲ ေကာင္ေလးဟာ ဝင္းထရံတိုင္ မွာ သံေပါင္း ၃၇ ေခ်ာင္း ႐ိုက္သြင္း ျဖစ္ သြားတယ္။ အဲဒီလိုနဲ႔ သူစိတ္တိုတိုင္း သံေလးေတြကို ဝင္းထရံမွာ ႐ိုက္ရင္း႐ိုက္ရင္း ေကာင္ေလးဟာ သူ႔စိတ္ သူ ထိန္းႏိုင္လာသတဲ့။ သံ႐ိုက္ခ်က္ေတြဟာလည္း တေန႔ထက္ တေန႔ က်ဲလာခဲ့တယ္။

ဒီလိုနဲ႔ ေကာင္ေလးဟာ ဝင္းထရံမွာ သံေျပး ႐ိုက္တာထက္ စာရင္ ေဒါသျဖစ္ေနတဲ့ စိတ္ကို ထိန္းရတာ ပိုလြယ္မွန္း သေဘာက္ေပါက္လာ ေတာ့တယ္ အဆုံးမွာ ေကာင္ေလးဟာ စိတ္မတိုပဲေန ႏိုင္တဲ့ေန႔ကို ေရာက္လာေရာ။

ေကာင္ေလး က ေျပးၿပီး သူ႔အေဖကို သတင္း သြားပို႔တယ္။ အေဖေရ… သားေတာ့ စိတ္ကို ထိန္းႏိုင္သြား ၿပီဗ်။ အဲ့ဒီလိုက်ေတာ့ သူအေဖက တမ်ိဳးခိုင္း ျပန္ေရာ။ မင္းကိုယ္မင္း ေဒါသမျဖစ္ေအာင္ တေနကုန္ ထိန္းႏိုင္ၿပီဆိုတာနဲ႔ အဲ့ဒီသံေတြကို ျပန္ႏုတ္ဦးကြာ။ တေန႔ထိန္းႏိုင္ရင္ ညအိပ္ခါနီး တေခ်ာင္းႏႈန္းနဲ႔ ႏႈတ္ေနာ္လို႔ မွာလိုက္သတဲ့။

ရက္ေတြၾကာလာေတာ့ ေကာင္ေလး က သူ႔အေဖကို ေျပာႏိုင္သြားတယ္။ အေဖေရ သား႐ိုက္ခဲ့တဲ့ သံေတြအားလုံးကို ႏႈတ္ၿပီးသြားၿပီ။ တေခ်ာင္းမွ မက်န္ေတာ့ဘူး။ သည္အခါ အေဖလုပ္တဲ့သူကသားရဲ႕လက္ ကို ဆြဲၿပီး သား႐ိုက္ခဲ့တဲ့ ဝင္းထရံဆီကို ေခၚသြားတယ္ " ေတာ္တယ္… ငါ့သား " လို႔လည္း ဆိုပါတယ္။

ဒါေပမယ့္ သား ေသခ်ာၾကည့္စမ္း။ ဝင္းထရံတိုင္မွာ အေပါက္ေတြျဖစ္ က်န္ခဲ့ တယ္ေနာ္။ ဒီဝင္းထရံတိုင္ေတြက အရင္တုန္းက လို ေခ်ာေခ်ာေမြ႕ေမြ႕ မဟုတ္ေတာ့ဘူးဆိုတာ သားျမင္တယ္ မဟုတ္လား။ ေအး သားက စိတ္တိုတိုနဲ႔ ပါးစပ္က ေျပာခ် လိုက္တဲ့အခါ တဖက္သားဆိုတဲ့ ဝင္းထရံ တိုင္မွာ အခုလို အမာ႐ြတ္ေတြ ထင္က်န္ရစ္ခဲ့ တတ္တယ္ သားရယ္။

အဲဒီလိုပဲ လူတေယာက္ကို သားက ဓါးနဲ႔ထိုး လိုက္တယ္ ၿပီးရင္ ဓါးျပန္ႏႈတ္ၿပီး ရွိခိုးေတာင္ပန္တယ္ ဆိုပါစို႔။ သားဘယ္ႏွစ္ခါဘဲ ရွိခိုးေတာင္းပန္ပါေစ ဒဏ္ရာနဲ႔ အမာ႐ြတ္ေတြကေတာ့ မလြဲမေသြ က်န္ခဲ့မွာပဲ ငါ့သားရယ္…. တဲ့ ။

တကယ္ေတာ့ မိတ္ေဆြ သူငယ္ခ်င္းေတြ ဆိုတာ အဖိုးတန္တဲ့ ရတနာေတြပါပဲ။ သူတို႔ဟာ ငါတို႔ေတြကို ေပ်ာ္႐ႊင္ ရယ္ေမာေစတယ္ အားေပးကူညီတယ္ ဒုကၡ၊ သုခ ေတြကို လည္း မွ်ေဝခံစား ၾကတယ္။ ရင္ဖြင့္သမွ်ကို ဂ႐ုစိုက္ နားေထာင္ေပးတယ္။ ဒါေၾကာင့္ တခုခုဆို စိတ္လိုက္မာန္ပါ မလုပ္နဲ႔။

သူတို႔ကို သံႏႈတ္ရာက်န္ခဲ့တဲ့ ဝင္းထရံေတြ အျဖစ္ မေရာက္ပါေစနဲ႔။ ကိုယ့္မိတ္ေဆြ သူငယ္ခ်င္းေတြကို ကိုယ္က ဘယ္ေလာက္ဂ႐ုစိုက္ေၾကာင္း သူတို႔ကိုလည္း သူတို႔ရဲ႕ မိတ္ေဆြေတြအေပၚ ဂ႐ုစိုက္လာ ေအာင္ လုပ္ေပးသင့္ ေၾကာင္းေျပာၾကားေပးပါ။ ဒါေၾကာင့္ ကိုယ္တိုင္က သူငယ္ခ်င္းေကာင္း မိတ္ေဆြေကာင္းအျဖစ္ သတ္မွတ္ထားတဲ့ သူေတြဆီကို လက္ဆင့္ကမ္းပါ။

crd

Post a Comment

0 Comments