ဉာဏ်ကောင်းတဲ့ ကြက်ဖ

တခါတုန်းက ရွာတရွာမှာ ကြက်ဖတကောင် ရှိတယ် ။ ကြက်ဖဟာ မနက်စောစော ထပြီး တွန်သံပေးရတဲ့ သူ့ရဲ့ တာဝန်ကို သူ ကျေပွန်ပါတယ်။

တနေ့မှာတော့ ကြက်ဖက သစ်ပင် ထိပ်ဖျားမှာ နားနေတုန်း မြေခွေးတကောင် အပင်အောက်ကို ရောက်လာပါတယ် ။ မြေခွေးက ကြက်ဖကို မြင်လိုက်တဲ့အခါ ကြက်ဖကို စားဖို့ ကြံပါတော့တယ် ။ အဲဒါကြောင့် မြေခွေးဟာ ချိုသာတဲ့ အသံနဲ့ ကြက်ဖကို စကားပြော ပါတော့တယ်။

" အဆွေကြက်ဖ ၊ မင်းဆီကို ကောင်းကင်ဘုံက သတင်းတခု လာပြောပြတာ၊ ငှက်တွေအားလုံးနဲ့ တိရိစ္ဆာန်တွေဟာ မိတ်ဆွေဖြစ်ပြီး ငြိမ်းချမ်းစွာ အတူ နေထိုင်ကြရမယ်တဲ့ " လို့ မြေခွေးက ပြောလိုက်ပါတယ်။ ထိုအခါ ကြက်ဖကလည်း ပြန်မေးပါတယ်။ " အဲဒါ တကယ်ပဲလား "

" ဟုတ်တာပေါ့ တကယ်ပြောတာပါ ။ အဲဒါမှန်မမှန် သိချင်ရင် မင်းအောက်ကို ဆင်းလာခဲ့ပါလား " လို့ မြေခွေးက ထပ်ပြော ပြန်တယ်။

အဲဒီမှာ ကြက်ဖက ဉာဏ်ရှိစွာနဲ့ " ကောင်းပြီလေ ၊ အဲဒါဆို ခဏတော့ စောင့်နိုင်တယ် မလား။ တခြား သူငယ်ချင်းတွေလည်း ထပ်လာကြလိမ့်မယ် " လို့ ပြန်ဖြေလိုက် ပါတယ်။

အဲဒီအခါ မြေခွေးဟာ အံ့အားသင့် သွားပါတယ်။ " ဟုတ်လား ၊ ဘယ်သူတွေ လာကြအုံးမှာတုန်း "

" အမဲလိုက်ခွေးတွေ လာနေတာ ငါမြင်နေရတာ။ သူတို့ကို ခဏလောက် စောင့်လိုက်ပါအုံး " လို့ ကြက်ဖက ပြန်ဖြေလိုက် ပါတယ်။

အမဲလိုက်ခွေး လို့လည်း ကြားရော မြေခွေးက လန့်သွား ပါတော့တယ်။ ပြီးတော့ ကြက်ဖ ရှိတဲ့ အပင်အောက်ကနေ ထွက်ပြေး သွားပါတော့တယ်။ ကြက်ဖက အော်မေးလိုက် ပါသေးတယ်။

" ဟ ဘာလို့ ထွက်ပြေးသွားတာတုန်း ၊ အမဲလိုက်ခွေးတွေနဲ့ သူငယ်ချင်း မဖြစ်ချင်ဘူးလား " လို့ မေးလိုက်တဲ့အခါ မြေခွေးက " အဲဒါကို မေ့လိုက်တော့ " လို့ ဖြေပြီး ထိုနေရာကနေ အလျင်အမြန် ပြေးထွက်သွား ပါတော့တယ်။

ဉာဏ်ကောင်းတဲ့ ကြက်ဖကတော့ မြေခွေးစားမယ့် ဘေးကနေ လွတ်မြောက် သွားပါတော့တယ်။

ဒီပုံပြင်လေးက ဉာဏ်ရှိတဲ့ အတွက် အသက်ဘေးက လွတ်မြောက်သွားတဲ့ ကြက်ဖကို နမူနာ ပြထားပြီး ဉာဏ်ပညာ ရှိခြင်းက မရိုးသား၊ ကောက်ကျစ်စဉ်းလဲ သူတွေကိုတောင် ကျော်လွှားနိုင်ကြောင်း သင်ခန်းစာ ပေးထားပါတယ်။

လူတယောက်မှာလည်း ဉာဏ်ပညာရှိခြင်းက ဘဝတခုလုံးကို မကောင်းတဲ့သူတွေ၊ ကိုယ့်ကို ဖျက်ဆီးမယ့် သူတွေရဲ့ ဘေးကနေ ကယ်ဆယ်ပေးနိုင်ကြောင်း ။ ဉာဏ်ပညာရှိခြင်းက ဘဝတခုလုံးမှာ အရေးကြီးပါတယ် ။

crd

Zawgyi

ဉာဏ္ေကာင္းတဲ့ ၾကက္ဖ

တခါတုန္းက ႐ြာတ႐ြာမွာ ၾကက္ဖတေကာင္ ရွိတယ္ ။ ၾကက္ဖဟာ မနက္ေစာေစာ ထၿပီး တြန္သံေပးရတဲ့ သူ႔ရဲ႕ တာဝန္ကို သူ ေက်ပြန္ပါတယ္။

တေန႔မွာေတာ့ ၾကက္ဖက သစ္ပင္ ထိပ္ဖ်ားမွာ နားေနတုန္း ေျမေခြးတေကာင္ အပင္ေအာက္ကို ေရာက္လာပါတယ္ ။ ေျမေခြးက ၾကက္ဖကို ျမင္လိုက္တဲ့အခါ ၾကက္ဖကို စားဖို႔ ႀကံပါေတာ့တယ္ ။ အဲဒါေၾကာင့္ ေျမေခြးဟာ ခ်ိဳသာတဲ့ အသံနဲ႔ ၾကက္ဖကို စကားေျပာ ပါေတာ့တယ္။

" အေဆြၾကက္ဖ ၊ မင္းဆီကို ေကာင္းကင္ဘုံက သတင္းတခု လာေျပာျပတာ၊ ငွက္ေတြအားလုံးနဲ႔ တိရိစာၦန္ေတြဟာ မိတ္ေဆြျဖစ္ၿပီး ၿငိမ္းခ်မ္းစြာ အတူ ေနထိုင္ၾကရမယ္တဲ့ " လို႔ ေျမေခြးက ေျပာလိုက္ပါတယ္။ ထိုအခါ ၾကက္ဖကလည္း ျပန္ေမးပါတယ္။ " အဲဒါ တကယ္ပဲလား "

" ဟုတ္တာေပါ့ တကယ္ေျပာတာပါ ။ အဲဒါမွန္မမွန္ သိခ်င္ရင္ မင္းေအာက္ကို ဆင္းလာခဲ့ပါလား " လို႔ ေျမေခြးက ထပ္ေျပာ ျပန္တယ္။

အဲဒီမွာ ၾကက္ဖက ဉာဏ္ရွိစြာနဲ႔ " ေကာင္းၿပီေလ ၊ အဲဒါဆို ခဏေတာ့ ေစာင့္ႏိုင္တယ္ မလား။ တျခား သူငယ္ခ်င္းေတြလည္း ထပ္လာၾကလိမ့္မယ္ " လို႔ ျပန္ေျဖလိုက္ ပါတယ္။

အဲဒီအခါ ေျမေခြးဟာ အံ့အားသင့္ သြားပါတယ္။ " ဟုတ္လား ၊ ဘယ္သူေတြ လာၾကအုံးမွာတုန္း "

" အမဲလိုက္ေခြးေတြ လာေနတာ ငါျမင္ေနရတာ။ သူတို႔ကို ခဏေလာက္ ေစာင့္လိုက္ပါအုံး " လို႔ ၾကက္ဖက ျပန္ေျဖလိုက္ ပါတယ္။

အမဲလိုက္ေခြး လို႔လည္း ၾကားေရာ ေျမေခြးက လန႔္သြား ပါေတာ့တယ္။ ၿပီးေတာ့ ၾကက္ဖ ရွိတဲ့ အပင္ေအာက္ကေန ထြက္ေျပး သြားပါေတာ့တယ္။ ၾကက္ဖက ေအာ္ေမးလိုက္ ပါေသးတယ္။

" ဟ ဘာလို႔ ထြက္ေျပးသြားတာတုန္း ၊ အမဲလိုက္ေခြးေတြနဲ႔ သူငယ္ခ်င္း မျဖစ္ခ်င္ဘူးလား " လို႔ ေမးလိုက္တဲ့အခါ ေျမေခြးက " အဲဒါကို ေမ့လိုက္ေတာ့ " လို႔ ေျဖၿပီး ထိုေနရာကေန အလ်င္အျမန္ ေျပးထြက္သြား ပါေတာ့တယ္။

ဉာဏ္ေကာင္းတဲ့ ၾကက္ဖကေတာ့ ေျမေခြးစားမယ့္ ေဘးကေန လြတ္ေျမာက္ သြားပါေတာ့တယ္။

ဒီပုံျပင္ေလးက ဉာဏ္ရွိတဲ့ အတြက္ အသက္ေဘးက လြတ္ေျမာက္သြားတဲ့ ၾကက္ဖကို နမူနာ ျပထားၿပီး ဉာဏ္ပညာ ရွိျခင္းက မ႐ိုးသား၊ ေကာက္က်စ္စဥ္းလဲ သူေတြကိုေတာင္ ေက်ာ္လႊားႏိုင္ေၾကာင္း သင္ခန္းစာ ေပးထားပါတယ္။

လူတေယာက္မွာလည္း ဉာဏ္ပညာရွိျခင္းက ဘဝတခုလုံးကို မေကာင္းတဲ့သူေတြ၊ ကိုယ့္ကို ဖ်က္ဆီးမယ့္ သူေတြရဲ႕ ေဘးကေန ကယ္ဆယ္ေပးႏိုင္ေၾကာင္း ။ ဉာဏ္ပညာရွိျခင္းက ဘဝတခုလုံးမွာ အေရးႀကီးပါတယ္ ။

crd

Post a Comment

0 Comments