တူထုသံရဲ့ ရာဇဝင်

တခါတုန်းက မနက်ခင်း ရောက်တိုင်း တူထုသံ ကြားရတဲ့ ရွာလေးတရွာ ရှိခဲ့ပါတယ်။ တူထုသံ၊ စို့ ရိုက်သံဟာ မနက်ကနေ ညနေဝင်မိုးချုပ်တဲ့ အထိ ကြားရပါသတဲ့။ နှစ်ပေါင်းများစွာ ကြာလာတော့ ရွာလေးဟာ တူထုသံ နဲ့ နား ရင်ပါးခဲ့ပြီး ထိုတူထုသံကလည်း ရွာလေးရဲ့ သင်္ကတ တခုလို ဖြစ်လာခဲ့ပါတယ်။

တနေ့မှာတော့ ကမ္ဘာလှည့်ခရီးသွား တဦးဟာ ထိုရွာလေးကို မထင်မှတ်ဘဲ ရောက်သွားခဲ့ပါတယ်။ ဧည့်သည် တဦးအတွက်တော့ မနက်ကနေ ညအထိ ကြားရတဲ့ တူထုသံဟာ ထူးဆန်းမှု တရပ်ပေါ့။ ဒါနဲ့ ခရီးဧည့်သည်ဟာ ထိုကိစ္စကို စူးစမ်းဖို့ အသံလာရာ အရပ်ဆီကို ဦးတည်ထွက် ခဲ့ပါတယ်။

တူထုသံဟာ ရွာလေးရဲ့ခပ်လှမ်းလှမ်း ကျောက်တောင် ခြေရင်းကနေ ထွက်ပေါ်လာတဲ့ အသံဖြစ်ပါတယ်။ ခရီးသွား ဧည့်သည်ဟာ တောင်ခြေရင်းကို ရောက်သွားတော့ မုတ်ဆိတ်ဆံပင်တွေ ဖြူဖွေးပြီး ကျောက်မှုန့်တွေ ပေနေတဲ့လူကြီး တဦးကို တွေ့ရတာပေါ့။ ဧည့်သည်ဟာ ထိုလူကြီးကို သူသိချင်နေတဲ့ အရာကို မေးပါတယ်။

"ခင်များ ဘာလို့ ကျောက်တောင်ကြီးကို ထွင်းဖောက်နေရတာ ပါလဲ" လို့ ခရီးသွားက မေးလိုက်တယ်။ လူကြီးက "ငါ့မှာ ပြင်းပြတဲ့ ဆန္ဒတခု ရှိတယ်၊ အဲဒီဆန္ဒကို ငါ့လက် ငါ့အားကိုးနဲ့ ထုရိုက် ပုံဖော်နေတာပါ။ အဲဒီဆန္ဒက ဘာလဲ ဆိုရင် ဒီကျောက်တောင်ကြီးကို ဖောက်ပြီး တရွာလုံးက လူတွေ သွားလာနိုင်တဲ့ လမ်း ဖြစ်ဖို့ပဲ" လို့ ပြန်ဖြေပါတယ်။

လူကြီးရဲ့ အဖြေကို ကြားတော့ ခရီးဧည့်သည်ဟာ အံ့ဩသွားပါတယ်။ ပြီးတော့ "မဖြစ်နိုင်ပါဘူးဗျာ၊ ခင်များအချိန်တွေ အလကား မဖြုန်းစမ်းပါနဲ့" လို့ ပြန်ပြောလိုက်တယ်။ လူကြီးက "တခြားသူတွေလည်း မင့်လိုပဲ ငါ့ကို နားချကြပါတယ်" လို့ ပြန်ပြောပြီး လူကြီးဟာ သူ့အလုပ်သူ ဆက်လုပ်နေ ပါတော့တယ်။ ခရီးသွား ဧည့်သည်လည်း ရွာလေးဆီ ပြန်လှည့်လာခဲ့ ပါတယ်။

နောင်နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာတော့ လူပေါင်းများစွာဟာ ကျောက်လိုင်ခေါင်း ဥမင်ကို ဖြတ်ပြီး သွားလာနိုင်ခဲ့ ကြပါတယ်။ ဆက်သွယ်သွားလာရေး ကောင်းမွန်သွားလို့ ရွာလေးလည်း တိုးတက်စည်ပင် လာခဲ့ပါတယ်။ ရွာလေးမှာတော့ ထိုလူကြီးရဲ့ ရာဇဝင်လေး တခုဟာ အခုလို မှတ်မှတ် ထင်ထင် ကျန်ရှိနေခဲ့ပါတယ်။

ထိုလူကြီးမှာ အလွန်ချစ်ရတဲ့ သားလေး တယောက် ရှိခဲ့တယ်။ တရက်မှာတော့ သူ့သားလေးမှာ ရောဂါဆိုးဆိုး ဝါးဝါး ဖြစ်တယ်။ တရွာလုံးက ဆေးတွေနဲ့ ကုသလည်း ပျောက် ကင်းသွားခြင်း မရှိဘူး။ ဆေးရုံဆေးခန်း သွားဖို့ ဆိုတာလည်း မြို့နဲ့လည်း အဝေးကြီး ပြီးတော့ ကျောက်တောင်ကြီးကို ကွေ့ပါတ် သွားရလို့ ရက်ပေါင်းများစွာ ကြာပါတယ်။

လူကြီးဟာ တမနက်မှာ ကျန်းမာရေး မကောင်းတဲ့ သူ့သားလေးကို ပိုးပြီး ကျောက်တောင်ကို ကျော်ဖြတ်ကာ ဆေးရုံပို့ဖို့ ရွာလေးက ထွက်သွားတယ်။ ဒါပေမဲ့ ကံမကောင်းခဲ့ပါဘူး။ ကျောက်တောင်ခြေရင်း ရောက်တယ်ဆိုရင်ပဲ ဘုရားသခင်က သူ့သားကို ပြန်ခေါ်သွားပါတယ်။ လူကြီးဟာ သူချစ်လှစွာသော သားလေးကို ကျောက်တောင် ခြေရင်း တနေရာမှာပဲ မြုပ်နှံပေးခဲ့တယ်။

ထိုအချိန်က စပြီး ဘုရားသခင်က သူ့ကို တောင်ကြီးကို လမ်းဖောက်ဖို့ တူနဲ့ စို့ကို ကိုင်စေခဲ့တယ်။ သူ့ကို သိမှီလိုက်တဲ့ ရွာသားအချို့ကတော့ တူထုသံကို ယနေ့အချိန်ထိ နားထဲ ကြားနေရဆဲပါ တဲ့။

ဘဝမှာလည်း မိမိတို့စိတ်ဆန္ဒက ပြင်းပြင်းပြပြ ဖြစ်ချင်လာပြီဆို ထိုအရာဟာ ဖြစ်ဖို့များပါတယ်။ ထိုဆန္ဒဆီ ရောက်ဖို့ ကြိုးစားတဲ့ အခါတိုင်း မဖြစ်နိုင်ပါဘူး လို့ အကြံပြုသူ တွေကိုလည်း တွေ့လာနိုင်ပါတယ်။

သို့သော် မိမိရဲ့ တူထုသံတွေကို မရပ်လိုက်ပါနဲ့။ မိမိမှာ ပြင်းပြတဲ့ ဆန္ဒရယ်၊ အချိန်မှန်မှန် လုပ်ဆောင်မှုရယ်၊ ဆန္ဒနဲ့ ကိုက်ညီမည့် အရည်အချင်းရယ်သာ ရှိရင် အောင်မြင်ပြီးမြောက်ဖို့ မခက်ပါဘူး။

ပြင်းပြတဲ့ ဆန္ဒနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ အောင်မြင်သည်သာ ဖြစ်သည်။

လင်းဝေ၊ ကောလင်း

Zawgyi

တူထုသံရဲ႕ ရာဇဝင္

တခါတုန္းက မနက္ခင္း ေရာက္တိုင္း တူထုသံ ၾကားရတဲ့ ႐ြာေလးတ႐ြာ ရွိခဲ့ပါတယ္။ တူထုသံ၊ စို႔ ႐ိုက္သံဟာ မနက္ကေန ညေနဝင္မိုးခ်ဳပ္တဲ့ အထိ ၾကားရပါသတဲ့။ ႏွစ္ေပါင္းမ်ားစြာ ၾကာလာေတာ့ ႐ြာေလးဟာ တူထုသံ နဲ႔ နား ရင္ပါးခဲ့ၿပီး ထိုတူထုသံကလည္း ႐ြာေလးရဲ႕ သကၤတ တခုလို ျဖစ္လာခဲ့ပါတယ္။

တေန႔မွာေတာ့ ကမာၻလွည့္ခရီးသြား တဦးဟာ ထို႐ြာေလးကို မထင္မွတ္ဘဲ ေရာက္သြားခဲ့ပါတယ္။ ဧည့္သည္ တဦးအတြက္ေတာ့ မနက္ကေန ညအထိ ၾကားရတဲ့ တူထုသံဟာ ထူးဆန္းမႈ တရပ္ေပါ့။ ဒါနဲ႔ ခရီးဧည့္သည္ဟာ ထိုကိစၥကို စူးစမ္းဖို႔ အသံလာရာ အရပ္ဆီကို ဦးတည္ထြက္ ခဲ့ပါတယ္။

တူထုသံဟာ ႐ြာေလးရဲ႕ခပ္လွမ္းလွမ္း ေက်ာက္ေတာင္ ေျခရင္းကေန ထြက္ေပၚလာတဲ့ အသံျဖစ္ပါတယ္။ ခရီးသြား ဧည့္သည္ဟာ ေတာင္ေျခရင္းကို ေရာက္သြားေတာ့ မုတ္ဆိတ္ဆံပင္ေတြ ျဖဴေဖြးၿပီး ေက်ာက္မႈန႔္ေတြ ေပေနတဲ့လူႀကီး တဦးကို ေတြ႕ရတာေပါ့။ ဧည့္သည္ဟာ ထိုလူႀကီးကို သူသိခ်င္ေနတဲ့ အရာကို ေမးပါတယ္။

"ခင္မ်ား ဘာလို႔ ေက်ာက္ေတာင္ႀကီးကို ထြင္းေဖာက္ေနရတာ ပါလဲ" လို႔ ခရီးသြားက ေမးလိုက္တယ္။ လူႀကီးက "ငါ့မွာ ျပင္းျပတဲ့ ဆႏၵတခု ရွိတယ္၊ အဲဒီဆႏၵကို ငါ့လက္ ငါ့အားကိုးနဲ႔ ထု႐ိုက္ ပုံေဖာ္ေနတာပါ။ အဲဒီဆႏၵက ဘာလဲ ဆိုရင္ ဒီေက်ာက္ေတာင္ႀကီးကို ေဖာက္ၿပီး တ႐ြာလုံးက လူေတြ သြားလာႏိုင္တဲ့ လမ္း ျဖစ္ဖို႔ပဲ" လို႔ ျပန္ေျဖပါတယ္။

လူႀကီးရဲ႕ အေျဖကို ၾကားေတာ့ ခရီးဧည့္သည္ဟာ အံ့ဩသြားပါတယ္။ ၿပီးေတာ့ "မျဖစ္ႏိုင္ပါဘူးဗ်ာ၊ ခင္မ်ားအခ်ိန္ေတြ အလကား မျဖဳန္းစမ္းပါနဲ႔" လို႔ ျပန္ေျပာလိုက္တယ္။ လူႀကီးက "တျခားသူေတြလည္း မင့္လိုပဲ ငါ့ကို နားခ်ၾကပါတယ္" လို႔ ျပန္ေျပာၿပီး လူႀကီးဟာ သူ႔အလုပ္သူ ဆက္လုပ္ေန ပါေတာ့တယ္။ ခရီးသြား ဧည့္သည္လည္း ႐ြာေလးဆီ ျပန္လွည့္လာခဲ့ ပါတယ္။

ေနာင္ႏွစ္ေပါင္းမ်ားစြာ ၾကာတဲ့အခါမွာေတာ့ လူေပါင္းမ်ားစြာဟာ ေက်ာက္လိုင္ေခါင္း ဥမင္ကို ျဖတ္ၿပီး သြားလာႏိုင္ခဲ့ ၾကပါတယ္။ ဆက္သြယ္သြားလာေရး ေကာင္းမြန္သြားလို႔ ႐ြာေလးလည္း တိုးတက္စည္ပင္ လာခဲ့ပါတယ္။ ႐ြာေလးမွာေတာ့ ထိုလူႀကီးရဲ႕ ရာဇဝင္ေလး တခုဟာ အခုလို မွတ္မွတ္ ထင္ထင္ က်န္ရွိေနခဲ့ပါတယ္။

ထိုလူႀကီးမွာ အလြန္ခ်စ္ရတဲ့ သားေလး တေယာက္ ရွိခဲ့တယ္။ တရက္မွာေတာ့ သူ႔သားေလးမွာ ေရာဂါဆိုးဆိုး ဝါးဝါး ျဖစ္တယ္။ တ႐ြာလုံးက ေဆးေတြနဲ႔ ကုသလည္း ေပ်ာက္ ကင္းသြားျခင္း မရွိဘူး။ ေဆး႐ုံေဆးခန္း သြားဖို႔ ဆိုတာလည္း ၿမိဳ႕နဲ႔လည္း အေဝးႀကီး ၿပီးေတာ့ ေက်ာက္ေတာင္ႀကီးကို ေကြ႕ပါတ္ သြားရလို႔ ရက္ေပါင္းမ်ားစြာ ၾကာပါတယ္။

လူႀကီးဟာ တမနက္မွာ က်န္းမာေရး မေကာင္းတဲ့ သူ႔သားေလးကို ပိုးၿပီး ေက်ာက္ေတာင္ကို ေက်ာ္ျဖတ္ကာ ေဆး႐ုံပို႔ဖို႔ ႐ြာေလးက ထြက္သြားတယ္။ ဒါေပမဲ့ ကံမေကာင္းခဲ့ပါဘူး။ ေက်ာက္ေတာင္ေျခရင္း ေရာက္တယ္ဆိုရင္ပဲ ဘုရားသခင္က သူ႔သားကို ျပန္ေခၚသြားပါတယ္။ လူႀကီးဟာ သူခ်စ္လွစြာေသာ သားေလးကို ေက်ာက္ေတာင္ ေျခရင္း တေနရာမွာပဲ ျမဳပ္ႏွံေပးခဲ့တယ္။

ထိုအခ်ိန္က စၿပီး ဘုရားသခင္က သူ႔ကို ေတာင္ႀကီးကို လမ္းေဖာက္ဖို႔ တူနဲ႔ စို႔ကို ကိုင္ေစခဲ့တယ္။ သူ႔ကို သိမွီလိုက္တဲ့ ႐ြာသားအခ်ိဳ႕ကေတာ့ တူထုသံကို ယေန႔အခ်ိန္ထိ နားထဲ ၾကားေနရဆဲပါ တဲ့။

ဘဝမွာလည္း မိမိတို႔စိတ္ဆႏၵက ျပင္းျပင္းျပျပ ျဖစ္ခ်င္လာၿပီဆို ထိုအရာဟာ ျဖစ္ဖို႔မ်ားပါတယ္။ ထိုဆႏၵဆီ ေရာက္ဖို႔ ႀကိဳးစားတဲ့ အခါတိုင္း မျဖစ္ႏိုင္ပါဘူး လို႔ အႀကံျပဳသူ ေတြကိုလည္း ေတြ႕လာႏိုင္ပါတယ္။ သို႔ေသာ္ မိမိရဲ႕ တူထုသံေတြကို မရပ္လိုက္ပါနဲ႔။ မိမိမွာ ျပင္းျပတဲ့ ဆႏၵရယ္၊ အခ်ိန္မွန္မွန္ လုပ္ေဆာင္မႈရယ္၊ ဆႏၵနဲ႔ ကိုက္ညီမည့္ အရည္အခ်င္းရယ္သာ ရွိရင္ ေအာင္ျမင္ၿပီးေျမာက္ဖို႔ မခက္ပါဘူး။

ျပင္းျပတဲ့ ဆႏၵနဲ႔ ျပဳလုပ္တဲ့ အလုပ္မွန္သမွ် ေအာင္ျမင္သည္သာ ျဖစ္သည္။

လင္းေဝ၊ ေကာလင္း

Post a Comment

0 Comments