နောင်တကင်းတဲ့ အပျော်

တခါတုန်းက ဘုရင့်သားတော်တပါးဟာ ပညာရှိအမတ်ကြီး တယောက်နဲ့ ရံရွေတော်တွေ ကိုယ်ရံတော်တွေ ခြံရံပြီးတော့ တနိုင်ငံလုံးအနှံ့ တိုင်းခန်း လှည့်လည်နေတယ်။ အဲဒီလို လှည့်လည်နေရင်း မင်းသားနဲ့ အဖွဲ့ဟာ စမ်းချောင်းငယ်လေး တခုရဲ့ ကမ်းစပ်ကို ရောက်လာကြတယ်။

အဲဒီအချိန်မှာ မင်းသားလည်း ကမ်းစပ်မှာ ပုံထားတဲ့ အပေါ်ဝတ်အင်္ကျီ တထည်နဲ့ ပုဆိုးအစုတ် နှစ်ထည် ကို တွေ့သွားလေတယ်။ အဲဒီတော့ မင်းသားလည်း ဟောင်းနွမ်း စုတ်ပြတ်နေတဲ့ အဝတ်ပုံကို ကြည့်ပြီး "အမတ်ကြီး ကြည့်ပါဦး၊ ဒီအဝတ်ပုံဟာ ဆင်းရဲသား တယောက်ရဲ့ အဝတ်ပုံ ဖြစ်ရမယ်။ ဒီနားမှာ အဝတ်တွေကို ထားသွားတာကို ကြည့်ခြင်းအားဖြင့် သူရေချိုးနေပုံရတယ်" လို့ ပြောလိုက်တယ်။

အမတ်ကြီးက ပြုံးပြီး နားထောင်ရင်းနဲ့ "အဲဒီတော့ အရှင်မင်းသားက ဘာလုပ်ချင်ပါသလဲ" လို့ ပြန်လျှောက်တင်တော့ မင်းသားလည်း "အမတ်ကြီး၊ ရေချိုးနေတဲ့ ဆင်းရဲသားရဲ့ အဝတ်တွေကို ဝှက်ထားပြီး တနေရာကနေ ချောင်းကြည့်ရရင် မကောင်းဘူးလား။ သူတက်လာလို့ အဝတ်တွေ ပျောက်သွားတာကို သိရင် သူ့ပုံက တော်တော် ရယ်စရာကောင်းမယ့် ပုံပဲ" ဆိုပြီးတော့ အမတ်ကြီးကို ပြောလိုက်တယ်။ အမြဲလိုလို ပျော်ပျော်နေတတ်ပြီး စ တတ် နောက်တတ်တဲ့ မင်းသားရဲ့ စိတ်ကိုသိတဲ့ အမတ်ကြီးကလည်း

"အရှင်မင်းသား လူတဦးတယောက်ရဲ့ ဝမ်းနည်း ပူဆွေးမှုကို ကြည့်၍ ပျော်ခြင်း မည်သည် သူတော်ကောင်းတို့၏ အပြုအမူ မဟုတ်။ ထိုကဲ့သို့သော အပျော်မျိုး သည်လည်း အပျော်အစစ် မဖြစ်နိုင်။ တဒင်္ဂအားဖြင့် ကြည့်သော် ဟုတ်သလိုလို ရှိသော်လည်း သူတပါး၏ ဝမ်းနည်း ကြေကွဲမှုဖြင့် ရင်းထားရသည့် အတွက်ကြောင့် ရလဒ်သည်လည်း မလွဲမသွေ ထပ်တူ ထပ်မျှပြန်ခံပေမည်။

မေတ္တာတရား ပြည့်ဝသောသူသည် သူတပါး ဆင်းရဲဒုက္ခ ရောက်ကြောင်း သူတပါး ပျက်စီးရာ ပျက်စီးကြောင်း အလုပ်တို့အား မည်သည့်အကြောင်းနှင့်မျှ ကြံစည်ခြင်း ပြောဆို မပြုတတ်ကြပေ။ မေတ္တာတရား ခေါင်းပါးသည့် သူသာလျှင် သူတပါး ဒုက္ခရောက်ကြောင်း၊ သူတပါး ပျက်စီးရာ ပျက်စီးကြောင်း အလုပ်တို့အား အမြဲတစေ ကြံစည် ပြောဆို လုပ်ကိုင်တတ်ကြသည်။

အရှင့်သား အနေဖြင့် အလွန်ပင် ပျော်ရွှင်နေသည် ဆိုပါက ထိုကဲ့သို့ လုပ်ဆောင်ပါလော့" ဟု လျှောက်ထားပြီးတော့ မင်းသားကို ရွှေပြား နှစ်ပြား ထုတ်ပေးလိုက်တယ်။ အဲဒါနဲ့ မင်းသားလည်း နားမလည်နိုင်တဲ့ အကြည့်နဲ့ အမတ်ကြီးကို စိုက်ကြည့်နေ ပါတော့တယ်။

အဲဒါနဲ့ အမတ်ကြီးက "အရှင့်သား ဒီရွှေနှစ်ပြားအား အဲဒီ ဆင်းရဲသားရဲ့ အဝတ်ပုံထဲက အင်္ကျီ အိတ်ကပ်နှစ်ခုမှာ တဖက်တပြားစီ ထည့်လိုက်ပါ" လို့ လျှောက်တင်လိုက်တယ်။ အဲဒါနဲ့မင်းသားလည်း အမတ်ကြီးပြောတဲ့ အတိုင်း သွားထည့်လိုက်ပြီး သစ်ပင် အကွယ်ကနေ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို ချောင်းကြည့်နေလိုက်ကြတယ်။

အဲဒီလိုနဲ့ ၂ မိနစ်လောက် ကြာတော့ ရေချိုးနေတဲ့ ဆင်းရဲသား ပြန်တက်လာပြီး ပုဆိုးကို ရေလဲလုပ် ဝတ်ကာ အင်္ကျီကို ကောက်ဝတ်လိုက်တယ်။ အဲဒီအချိန်မှာပဲ ဆင်းရဲသားလည်း အင်္ကျီအိတ်ထဲမှာ တခုခုရှိသလို ခံစားမိလိုက်တာနဲ့ အင်္ကျီအိတ်တွေထဲကို လက်နဲ့နှိုက်ပြီး ကြည့်လိုက်တဲ့ အချိန်မှာတော့ ရွှေပြားနှစ်ပြား ဖြစ်နေတာပေါ့။

အဲဒါနဲ့ ဆင်းရဲသားလည်း တော်တော်ကို ပျော်မြူးသွားတယ်။ ရွှေတွေကို တွေ့ပြီးတော့ အပျော်ကြီး ပျော်နေတဲ့ ဆင်းရဲသားလည်း ကိုယ့်ကိုယ်ကို မယုံနိုင်လောက်အောင် ဖြစ်နေတဲ့အတွက် ရွှေပြားကို ထပ်ခါထပ်ခါ ပွတ်ကြည့် ကိုက်ကြည့်နေမိတော့တယ်။ ရွှေပြား အစစ်တွေမှန်း သိသွားတော့မှပဲ ဆင်းရဲသားလည်း မြေကြီးပေါ် ဒူးထောက်ကာ ကောင်းကင်ကိုမော့ လက်အုပ်ချီပြီးတော့..

"အို၊ အကျွန်ုပ်အား ဖေးမကူညီကြသော နတ်ဒေဝါ အပေါင်းနှင့် မည်သူမည်ဝါ မသိရသော သူအပေါင်းတို့ သင်တို့သည် အကျွန်ုပ်တဦးတည်းကို စောင့်ရှောက်ခဲ့သည့် မဟုတ်။ အကျွန်ုပ်အိမ်တွင် နာမကျန်း ဖြစ်နေသော အမေအိုကြီးနှင့် စားစရာ မရှိ၍ အားအင် ပြတ်လပ်နေသော ညီမလေးအားလည်း အသင်တို့ စောင့်ရှောက်ခဲ့လေပြီ။

အကျွန်ုပ်အား ကူညီခဲ့သော သင်တို့သည်လည်း အကျွန်ုပ်ဝမ်းသာရသလို ဝမ်းသာမှု ရကြပါစေ။ အကျွန်ုပ် ပျော်ရွှင်ရသလို ပျော်ရွှင် ကြပါစေ။ အကျွန်ုပ် ဆင်းရဲဒုက္ခမှ လွတ်သလို သင်တို့လည်း လွတ်ကင်းကြပါစေ။ သင်တို့အား အထူးပဲ ကျေးဇူးတင်မိပါ၏" ဟု ဆိုကာ ရိုသေစွာ ဦးသုံးကြိမ်ပြီးတော့ ပျော်ရွှင်စွာ ပြန်သွားလေတယ်။

ဒီအဖြစ်အပျက် တခုလုံးကို သစ်ပင်အကွယ်မှ ကြည့်နေသော ဘုရင့်သားလည်း ဝမ်းသာပီတိတွေဖြစ် မျက်ရည်တွေ ကျပြီးတော့ "အမတ်ကြီး သင်ဟာ ကျွန်တော့်ကို ဒီကနေ့မှာ ဘယ်တော့မှ မမေ့နိုင်သော အကောင်းဆုံး ပျော်ရွှင်စရာ သင်ခန်းစာတခု ကို သင်ပေးလိုက်ပြီ" ဆိုပြီး ပြောပြီးတော့ ခုနက တခြားလူ ထိခိုက်နစ်နာမှာကို မစဉ်းစားဘဲနဲ့ ပြုမူပြောဆို ကြံစည်မိတာတွေ ကိုလည်း နောင်တရသွားတယ်။

မင်းသား နောင်တရသွားတာကို သိတဲ့ အမတ်ကြီးကလည်း "မှန်ပါတယ် အရှင်သား၊ လူတွေကို ဒုက္ခပေးပြီးမှ ပျော်ရတဲ့ အပျော်ထက် သုခပေးပြီး ပျော်ရတဲ့ အပျော်ကမှ နောင်တကင်းစွာနဲ့ ပျော်ရတဲ့ တကယ့် အပျော်ပါ။ အရှင့်သားလည်း တခဏတာသော ဘဝကလေးမှာ နောက်တ ကင်းတဲ့ ဒီလိုအပျော်မျိုး အမြဲပျော်နိုင်အောင် ကြိုးစားပါ" လို့ လျှောက်တင်လိုက် ပါတော့တယ်။

Crd

Zawgyi

ေနာင္တကင္းတဲ့ အေပ်ာ္

တခါတုန္းက ဘုရင့္သားေတာ္တပါးဟာ ပညာရွိအမတ္ႀကီး တေယာက္နဲ႔ ရံေ႐ြေတာ္ေတြ ကိုယ္ရံေတာ္ေတြ ၿခံရံၿပီးေတာ့ တႏိုင္ငံလုံးအႏွံ႔ တိုင္းခန္း လွည့္လည္ေနတယ္။ အဲဒီလို လွည့္လည္ေနရင္း မင္းသားနဲ႔ အဖြဲ႕ဟာ စမ္းေခ်ာင္းငယ္ေလး တခုရဲ႕ ကမ္းစပ္ကို ေရာက္လာၾကတယ္။

အဲဒီအခ်ိန္မွာ မင္းသားလည္း ကမ္းစပ္မွာ ပုံထားတဲ့ အေပၚဝတ္အက်ႌ တထည္နဲ႔ ပုဆိုးအစုတ္ ႏွစ္ထည္ ကို ေတြ႕သြားေလတယ္။ အဲဒီေတာ့ မင္းသားလည္း ေဟာင္းႏြမ္း စုတ္ျပတ္ေနတဲ့ အဝတ္ပုံကို ၾကည့္ၿပီး "အမတ္ႀကီး ၾကည့္ပါဦး၊ ဒီအဝတ္ပုံဟာ ဆင္းရဲသား တေယာက္ရဲ႕ အဝတ္ပုံ ျဖစ္ရမယ္။ ဒီနားမွာ အဝတ္ေတြကို ထားသြားတာကို ၾကည့္ျခင္းအားျဖင့္ သူေရခ်ိဳးေနပုံရတယ္" လို႔ ေျပာလိုက္တယ္။

အမတ္ႀကီးက ၿပဳံးၿပီး နားေထာင္ရင္းနဲ႔ "အဲဒီေတာ့ အရွင္မင္းသားက ဘာလုပ္ခ်င္ပါသလဲ" လို႔ ျပန္ေလွ်ာက္တင္ေတာ့ မင္းသားလည္း "အမတ္ႀကီး၊ ေရခ်ိဳးေနတဲ့ ဆင္းရဲသားရဲ႕ အဝတ္ေတြကို ဝွက္ထားၿပီး တေနရာကေန ေခ်ာင္းၾကည့္ရရင္ မေကာင္းဘူးလား။ သူတက္လာလို႔ အဝတ္ေတြ ေပ်ာက္သြားတာကို သိရင္ သူ႔ပုံက ေတာ္ေတာ္ ရယ္စရာေကာင္းမယ့္ ပုံပဲ" ဆိုၿပီးေတာ့ အမတ္ႀကီးကို ေျပာလိုက္တယ္။ အၿမဲလိုလို ေပ်ာ္ေပ်ာ္ေနတတ္ၿပီး စ တတ္ ေနာက္တတ္တဲ့ မင္းသားရဲ႕ စိတ္ကိုသိတဲ့ အမတ္ႀကီးကလည္း

"အရွင္မင္းသား လူတဦးတေယာက္ရဲ႕ ဝမ္းနည္း ပူေဆြးမႈကို ၾကည့္၍ ေပ်ာ္ျခင္း မည္သည္ သူေတာ္ေကာင္းတို႔၏ အျပဳအမူ မဟုတ္။ ထိုကဲ့သို႔ေသာ အေပ်ာ္မ်ိဳး သည္လည္း အေပ်ာ္အစစ္ မျဖစ္ႏိုင္။ တဒဂၤအားျဖင့္ ၾကည့္ေသာ္ ဟုတ္သလိုလို ရွိေသာ္လည္း သူတပါး၏ ဝမ္းနည္း ေၾကကြဲမႈျဖင့္ ရင္းထားရသည့္ အတြက္ေၾကာင့္ ရလဒ္သည္လည္း မလြဲမေသြ ထပ္တူ ထပ္မွ်ျပန္ခံေပမည္။

ေမတၱာတရား ျပည့္ဝေသာသူသည္ သူတပါး ဆင္းရဲဒုကၡ ေရာက္ေၾကာင္း သူတပါး ပ်က္စီးရာ ပ်က္စီးေၾကာင္း အလုပ္တို႔အား မည္သည့္အေၾကာင္းႏွင့္မွ် ႀကံစည္ျခင္း ေျပာဆို မျပဳတတ္ၾကေပ။ ေမတၱာတရား ေခါင္းပါးသည့္ သူသာလွ်င္ သူတပါး ဒုကၡေရာက္ေၾကာင္း၊ သူတပါး ပ်က္စီးရာ ပ်က္စီးေၾကာင္း အလုပ္တို႔အား အၿမဲတေစ ႀကံစည္ ေျပာဆို လုပ္ကိုင္တတ္ၾကသည္။

အရွင့္သား အေနျဖင့္ အလြန္ပင္ ေပ်ာ္႐ႊင္ေနသည္ ဆိုပါက ထိုကဲ့သို႔ လုပ္ေဆာင္ပါေလာ့" ဟု ေလွ်ာက္ထားၿပီးေတာ့ မင္းသားကို ေ႐ႊျပား ႏွစ္ျပား ထုတ္ေပးလိုက္တယ္။ အဲဒါနဲ႔ မင္းသားလည္း နားမလည္ႏိုင္တဲ့ အၾကည့္နဲ႔ အမတ္ႀကီးကို စိုက္ၾကည့္ေန ပါေတာ့တယ္။

အဲဒါနဲ႔ အမတ္ႀကီးက "အရွင့္သား ဒီေ႐ႊႏွစ္ျပားအား အဲဒီ ဆင္းရဲသားရဲ႕ အဝတ္ပုံထဲက အက်ႌ အိတ္ကပ္ႏွစ္ခုမွာ တဖက္တျပားစီ ထည့္လိုက္ပါ" လို႔ ေလွ်ာက္တင္လိုက္တယ္။ အဲဒါနဲ႔မင္းသားလည္း အမတ္ႀကီးေျပာတဲ့ အတိုင္း သြားထည့္လိုက္ၿပီး သစ္ပင္ အကြယ္ကေန ဘာေတြဆက္ျဖစ္မလဲ ဆိုတာကို ေခ်ာင္းၾကည့္ေနလိုက္ၾကတယ္။

အဲဒီလိုနဲ႔ ၂ မိနစ္ေလာက္ ၾကာေတာ့ ေရခ်ိဳးေနတဲ့ ဆင္းရဲသား ျပန္တက္လာၿပီး ပုဆိုးကို ေရလဲလုပ္ ဝတ္ကာ အက်ႌကို ေကာက္ဝတ္လိုက္တယ္။ အဲဒီအခ်ိန္မွာပဲ ဆင္းရဲသားလည္း အက်ႌအိတ္ထဲမွာ တခုခုရွိသလို ခံစားမိလိုက္တာနဲ႔ အက်ႌအိတ္ေတြထဲကို လက္နဲ႔ႏႈိက္ၿပီး ၾကည့္လိုက္တဲ့ အခ်ိန္မွာေတာ့ ေ႐ႊျပားႏွစ္ျပား ျဖစ္ေနတာေပါ့။

အဲဒါနဲ႔ ဆင္းရဲသားလည္း ေတာ္ေတာ္ကို ေပ်ာ္ျမဴးသြားတယ္။ ေ႐ႊေတြကို ေတြ႕ၿပီးေတာ့ အေပ်ာ္ႀကီး ေပ်ာ္ေနတဲ့ ဆင္းရဲသားလည္း ကိုယ့္ကိုယ္ကို မယုံႏိုင္ေလာက္ေအာင္ ျဖစ္ေနတဲ့အတြက္ ေ႐ႊျပားကို ထပ္ခါထပ္ခါ ပြတ္ၾကည့္ ကိုက္ၾကည့္ေနမိေတာ့တယ္။ ေ႐ႊျပား အစစ္ေတြမွန္း သိသြားေတာ့မွပဲ ဆင္းရဲသားလည္း ေျမႀကီးေပၚ ဒူးေထာက္ကာ ေကာင္းကင္ကိုေမာ့ လက္အုပ္ခ်ီၿပီးေတာ့

"အို၊ အကြၽႏ္ုပ္အား ေဖးမကူညီၾကေသာ နတ္ေဒဝါ အေပါင္းႏွင့္ မည္သူမည္ဝါ မသိရေသာ သူအေပါင္းတို႔ သင္တို႔သည္ အကြၽႏ္ုပ္တဦးတည္းကို ေစာင့္ေရွာက္ခဲ့သည့္ မဟုတ္။ အကြၽႏ္ုပ္အိမ္တြင္ နာမက်န္း ျဖစ္ေနေသာ အေမအိုႀကီးႏွင့္ စားစရာ မရွိ၍ အားအင္ ျပတ္လပ္ေနေသာ ညီမေလးအားလည္း အသင္တို႔ ေစာင့္ေရွာက္ခဲ့ေလၿပီ။

အကြၽႏ္ုပ္အား ကူညီခဲ့ေသာ သင္တို႔သည္လည္း အကြၽႏ္ုပ္ဝမ္းသာရသလို ဝမ္းသာမႈ ရၾကပါေစ။ အကြၽႏ္ုပ္ ေပ်ာ္႐ႊင္ရသလို ေပ်ာ္႐ႊင္ ၾကပါေစ။ အကြၽႏ္ုပ္ ဆင္းရဲဒုကၡမွ လြတ္သလို သင္တို႔လည္း လြတ္ကင္းၾကပါေစ။ သင္တို႔အား အထူးပဲ ေက်းဇူးတင္မိပါ၏" ဟု ဆိုကာ ႐ိုေသစြာ ဦးသုံးႀကိမ္ၿပီးေတာ့ ေပ်ာ္႐ႊင္စြာ ျပန္သြားေလတယ္။

ဒီအျဖစ္အပ်က္ တခုလုံးကို သစ္ပင္အကြယ္မွ ၾကည့္ေနေသာ ဘုရင့္သားလည္း ဝမ္းသာပီတိေတြျဖစ္ မ်က္ရည္ေတြ က်ၿပီးေတာ့ "အမတ္ႀကီး သင္ဟာ ကြၽန္ေတာ့္ကို ဒီကေန႔မွာ ဘယ္ေတာ့မွ မေမ့ႏိုင္ေသာ အေကာင္းဆုံး ေပ်ာ္႐ႊင္စရာ သင္ခန္းစာတခု ကို သင္ေပးလိုက္ၿပီ" ဆိုၿပီး ေျပာၿပီးေတာ့ ခုနက တျခားလူ ထိခိုက္နစ္နာမွာကို မစဥ္းစားဘဲနဲ႔ ျပဳမူေျပာဆို ႀကံစည္မိတာေတြ ကိုလည္း ေနာင္တရသြားတယ္။

မင္းသား ေနာင္တရသြားတာကို သိတဲ့ အမတ္ႀကီးကလည္း "မွန္ပါတယ္ အရွင္သား၊ လူေတြကို ဒုကၡေပးၿပီးမွ ေပ်ာ္ရတဲ့ အေပ်ာ္ထက္ သုခေပးၿပီး ေပ်ာ္ရတဲ့ အေပ်ာ္ကမွ ေနာင္တကင္းစြာနဲ႔ ေပ်ာ္ရတဲ့ တကယ့္ အေပ်ာ္ပါ။ အရွင့္သားလည္း တခဏတာေသာ ဘဝကေလးမွာ ေနာက္တ ကင္းတဲ့ ဒီလိုအေပ်ာ္မ်ိဳး အၿမဲေပ်ာ္ႏိုင္ေအာင္ ႀကိဳးစားပါ" လို႔ ေလွ်ာက္တင္လိုက္ ပါေတာ့တယ္။

Crd

Post a Comment

0 Comments