မာန်တက်နေတဲ့ မြင်း

တခါတုန်းက သူဌေးတယောက် ဆီမှာ မြင်းတကောင် ရှိတယ်။ အဲ့ဒီမြင်းဟာ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ လှပမှုကို မာန်တက် ဂုဏ်ယူနေပါတယ်။

တနေ့မှာတော့ မာန်တက်နေတဲ့ မြင်းဟာ ဝန်စည်စလွယ်တွေ ပင်ပန်းဆင်းရဲ ကြီးစွာ သယ်နေရတဲ့ မြည်းတကောင်ကို တွေ့လိုက်ရပါတယ်။

မာန်တက်နေတဲ့ မြင်းဟာ သူ့ရဲ့ လှပတဲ့ ဝန်စည်စလွယ်တွေ အတွက် ဂုဏ်ယူပြီး တဖက်က ညစ်ပေနေတဲ့ မြည်းကို ရှုတ်ချ အပြစ်တင် လိုက်ပါတယ်။

"နှေးကွေး လေးလံပြီး ညစ်ပတ်နေတဲ့ မြည်း၊ ငါ့အရှေ့က ဖယ်" ဆိုပြီး မတူမတန် ပြောဆိုလိုက် ပါတယ်။ အလေးအပင် သယ်ပိုးထားရတဲ့ မြည်းဟာ သည်းခံပြီး ရှေ့ကိုသာ ဆက်လျှောက် သွားလိုက်ပါတယ်။

ဒီလိုနဲ့ အချိန်ကာလ တခုကြာတဲ့ အခါမှာတော့ အရင်က လှပ သန့်ရှင်းပြီး ကျန်းမာသန်စွမ်းတဲ့ မြင်းဟာ သူ မတူမတန် ဆက်ဆံခဲ့တဲ့ မြည်းကို ပြန်လည် တွေ့ဆုံခဲ့ပြန် ပါတယ်။

အဲဒီ့အချိန်မှာတော့ မာန်တက်ခဲ့တဲ့ မြင်းဟာ လယ်သမား တယောက်ထံမှာ အရောင်းစား ခံလိုက်ရတာကြောင့် ရွံ့တွေ ပေလူး ညစ်ပတ်နေပြီး နွားချေးလှည်း တစီးကို ဆွဲလာတဲ့ အချိန် ဖြစ်ပါတယ်။

အဲဒီ့အခါမှာ သူရှုံ့ချခဲ့တဲ့ မြည်းဟာ မြင်းကို ကြည့်ပြီး "အို၊ မာနကြီးတဲ့ မိတ်ဆွေကြီး ဘယ်လိုများ ဖြစ်ရတာလဲ။ ဒီလို အဖြစ်မျိုး ရောက်မယ်လို့ သင့်ကိုယ်သင် မထင်မိခဲ့ဖူး မဟုတ်လား" လို့ ပြောလိုက် ပါတော့တယ်။

ဘဝမှာလည်း အဲဒီ့အတိုင်းပါပဲ။ ကိုယ်က ကောင်းစားနေတဲ့ အချိန်မှာ နိမ့်ကျသူကို မနှိမ်သင့်ပါဘူး။ အမြဲတမ်း ကောင်းစားနေမယ်လို့ ပြောလို့ မရသလို၊ နိမ့်ကျနေသူဟာလည်း အမြဲ နိမ့်ကျနေမယ်လို့ သတ်မှတ်လို့ မရပါဘူး။

လူတိုင်းကို အထင်မသေးပဲ မျှတစွာ ဆက်ဆံတတ်ဖို့နဲ့ ကိုယ့်ရောက်ရှိနေတဲ့ နေရာဟာ အမြဲ မရှိနိုင်ဘူးလို့ နှလုံးသွင်းသင့် ပါကြောင်း ဒီပုံပြင်လေးက သင်ခန်းစာ ပေးထားတာပဲ ဖြစ်ပါတယ်။

crd

Zawgyi

မာန္တက္ေနတဲ့ ျမင္း

တခါတုန္းက သူေဌးတေယာက္ ဆီမွာ ျမင္းတေကာင္ ရွိတယ္။ အဲ့ဒီျမင္းဟာ သူ႔ရဲ႕ ခႏၶာကိုယ္ ႀကံ့ခိုင္မႈနဲ႔ လွပမႈကို မာန္တက္ ဂုဏ္ယူေနပါတယ္။

တေန႔မွာေတာ့ မာန္တက္ေနတဲ့ ျမင္းဟာ ဝန္စည္စလြယ္ေတြ ပင္ပန္းဆင္းရဲ ႀကီးစြာ သယ္ေနရတဲ့ ျမည္းတေကာင္ကို ေတြ႕လိုက္ရပါတယ္။ မာန္တက္ေနတဲ့ ျမင္းဟာ သူ႔ရဲ႕ လွပတဲ့ ဝန္စည္စလြယ္ေတြ အတြက္ ဂုဏ္ယူၿပီး တဖက္က ညစ္ေပေနတဲ့ ျမည္းကို ရႈတ္ခ် အျပစ္တင္ လိုက္ပါတယ္။

"ေႏွးေကြး ေလးလံၿပီး ညစ္ပတ္ေနတဲ့ ျမည္း၊ ငါ့အေရွ႕က ဖယ္" ဆိုၿပီး မတူမတန္ ေျပာဆိုလိုက္ ပါတယ္။ အေလးအပင္ သယ္ပိုးထားရတဲ့ ျမည္းဟာ သည္းခံၿပီး ေရွ႕ကိုသာ ဆက္ေလွ်ာက္ သြားလိုက္ပါတယ္။

ဒီလိုနဲ႔ အခ်ိန္ကာလ တခုၾကာတဲ့ အခါမွာေတာ့ အရင္က လွပ သန႔္ရွင္းၿပီး က်န္းမာသန္စြမ္းတဲ့ ျမင္းဟာ သူ မတူမတန္ ဆက္ဆံခဲ့တဲ့ ျမည္းကို ျပန္လည္ ေတြ႕ဆုံခဲ့ျပန္ ပါတယ္။

အဲဒီ့အခ်ိန္မွာေတာ့ မာန္တက္ခဲ့တဲ့ ျမင္းဟာ လယ္သမား တေယာက္ထံမွာ အေရာင္းစား ခံလိုက္ရတာေၾကာင့္ ႐ြံ႕ေတြ ေပလူး ညစ္ပတ္ေနၿပီး ႏြားေခ်းလွည္း တစီးကို ဆြဲလာတဲ့ အခ်ိန္ ျဖစ္ပါတယ္။

အဲဒီ့အခါမွာ သူရႈံ႕ခ်ခဲ့တဲ့ ျမည္းဟာ ျမင္းကို ၾကည့္ၿပီး "အို၊ မာနႀကီးတဲ့ မိတ္ေဆြႀကီး ဘယ္လိုမ်ား ျဖစ္ရတာလဲ။ ဒီလို အျဖစ္မ်ိဳး ေရာက္မယ္လို႔ သင့္ကိုယ္သင္ မထင္မိခဲ့ဖူး မဟုတ္လား" လို႔ ေျပာလိုက္ ပါေတာ့တယ္။

ဘဝမွာလည္း အဲဒီ့အတိုင္းပါပဲ။ ကိုယ္က ေကာင္းစားေနတဲ့ အခ်ိန္မွာ နိမ့္က်သူကို မႏွိမ္သင့္ပါဘူး။ အၿမဲတမ္း ေကာင္းစားေနမယ္လို႔ ေျပာလို႔ မရသလို၊ နိမ့္က်ေနသူဟာလည္း အၿမဲ နိမ့္က်ေနမယ္လို႔ သတ္မွတ္လို႔ မရပါဘူး။

လူတိုင္းကို အထင္မေသးပဲ မွ်တစြာ ဆက္ဆံတတ္ဖို႔နဲ႔ ကိုယ့္ေရာက္ရွိေနတဲ့ ေနရာဟာ အၿမဲ မရွိႏိုင္ဘူးလို႔ ႏွလုံးသြင္းသင့္ ပါေၾကာင္း ဒီပုံျပင္ေလးက သင္ခန္းစာ ေပးထားတာပဲ ျဖစ္ပါတယ္။

crd

Post a Comment

0 Comments