တခါတုန်းက စားကျက်မြက်ခင်းထဲမှာ မြင်းတကောင်နှင့် ငန်းတကောင် ဆုံမိကြသည်။ ငန်းက မြင်း၏ အမူအရာကို သဘောမကျ။ မထီလေးစား အားမနာသည့် ပုံစံဟု မြင်သည်။ ထို့ကြောင့် ဘဲငန်းတို့ ထုံးစံ စူးစူး ဝါးဝါး အသံဖြင့် ဆိုသည်။

"ဟေ့ မြင်း၊ ဒီမှာ ငါက မင်းထက် ပိုပြီး ပြည့်စုံတဲ့ကောင် ပါကွ။ မင်းခန္ဓာကိုယ်ကြီးနဲ့ မင်းလုပ်နိုင်တာ တမျိုးပဲရှိတယ်။ ငါက ဟောဒီ မြေကြီးပေါ်မှာ မင်းတို့လို လမ်းလျှောက်ဆိုလည်း လျှောက်နိုင်တယ်။ ပြီးတော့ ငါ့မှာ ဟောဒီ တောင်ပံနှစ်ဖက် ပါတော့ လေထဲ ပျံချင်သပ ဆိုလည်း ပျံနိုင်တယ်။

ရေအိုင်ချောင်းမြောင်း တွေ့ရင်လည်း အသာဆင်း ရေအေးလေး စိမ်ပြီး ကူးခတ် ဆော့ကစားနိုင်တယ်။ ငါ့မှာ ကောင်းကင်က ငှက်၊ ရေထဲက ငါး၊ ကုန်းပေါ်က ဆင် မြင်း ကျွဲ နွား သတ္တဝါ သုံးမျိုးလုံးရဲ့ စွမ်းအားတွေ ရှိတယ်ကွ သိလား" ဟု ဆိုလေသည်။

ဒီစကားကြားတော့ မြင်းက ရယ်သည်။ "ဟုတ်ပါ့ဗျာ ခင်ဗျားမှာ ကုန်း ရေ လေ သတ္တဝါ သုံးမျိုးရဲ့ စွမ်းအားတွေ စုနေတာကိုး။ ဒါပေမယ့် ဘယ်စွမ်းအားမှ ပြည့်ပြည့်ဝဝ မရှိ၊ မစို့မပို့ကြီး ဖြစ်နေတာ ဆိုးတယ်ဗျာ။

ခင်ဗျား ပျံတယ် ဆိုတာ မနိုင်မနင်း လေးလေး လံလံကြီး၊ မြေပေါ်က ခဏတဖြုတ် လွတ်တယ်ဆိုရုံ ဟိုနားဒီနားလောက် ရောက်တာ။ အဲဒါနဲ့တင် ကိုယ့်ကိုယ်ကို စင်ရော်တို့ လင်းယုန်တို့လို ငှက်စာရင်းသွင်းလို့ ဖြစ်မလား။

ရေမှာဆိုလည်း ငြိမ်သက်တဲ့ ကန်ရေပြင်လို ဟာမျိုးမှာ အပေါ်ယံလေး ရှပ်ပြီး ရွေ့ရွေ့လေး သွားနိုင်တာ။ ငါးလို ဖျံလို ကျင်လည်တာ မဟုတ်ဘူး။ လှိုင်းတွေ လေတွေနဲ့ဆို ခင်ဗျားထွက်ပြေးမှာ မဟုတ်လား။

မြေကြီးပေါ် လမ်းလျှောက်တော့ရော လူတွေ ပြောပြောနေကြတဲ့ ဘဲသွား သွားတယ် ဆိုတာ ခင်ဗျားတခါမှ မကြားမိဘူးလား။ ခင်ဗျားလမ်းသွားပုံ အချိုးမကျတာကို ပြောတာ။ ခြေထောက် ပြားပြားကြီး မြောက်လိုက် ချလိုက်နဲ့ တလှမ်း လှမ်းလို့လည်း ဘယ်လောက်မှ မရောက်ဘူး။

ကျုပ်က ခင်ဗျားပြောသလို တမျိုးတည်း စွမ်းတာ မှန်ပါတယ်။ ဒါပေမယ့် တမျိုးဆို ဆိုသလောက် ပြတ်ပြတ်သားသား စွမ်းတယ်။ ကျုပ်က မြေကြီးပေါ်မှာ အရှိန်အဟုန်နဲ့ ပြေးလွှားဖို့ မွေးဖွားလာတဲ့ သတ္တဝါ။ ကျုပ်ရွရွလေး ခုန်ပေါက် ပြလိုက်ရုံနဲ့ ကျုပ်ကိုယ်ထဲမှာ ခွန်အားတွေ ဘယ်လောက် ကြီးကြီးမားမား ကိန်းအောင်းနေတယ် ဆိုတာ သိနိုင်တယ်။

ကျုပ်က တမျိုးတည်းသမား။ အဲဒီ တမျိုးမှာတော့ ထူးထူး ချွန်ချွန် ပေါက်ပေါက် မြောက်မြောက် ထိပ်ဆုံးရောက်တဲ့သူ။ ခင်ဗျားလို ဟိုစပ်စပ် ဒီစပ်စပ် တက်သလို နပ်သလိုနဲ့ ဘယ်နေရာမှ အသုံးမကျ အရာမဝင်တဲ့ ဘဲငန်းမျိုး မဟုတ်ဘူး" ဟု မြင်းက ပြန်လည် ပြောဆိုလိုက်ပါတော့တယ်။

သင်ဟာ ဘဲငန်းတကောင်လို မရေမရာ ဟိုမှာသည်မှာ ဝင်ပါရုံ ဘဝမျိုးကို မလိုလားရင် မြင်းတကောင်လို တခုခုမှာ ထူးထူးချွန်ချွန် ဖြစ်အောင် ကြိုးစားဖို့တော့ လိုပါလိမ့်မယ်။ ဘယ်နယ်ပယ်မှာ ထူးခွန်အောင် လုပ်မလဲ စဉ်းစဉ်းစားစား ရွေးချယ်ဖို့ လိုပါမယ်။

အခိုက်အတန့် စိတ်ဝင်စားမှုထက် ရေရှည်အတွက်ကို စဉ်းစားရပါမယ်။ ကိုယ့် တဘဝစာလုံး မြုပ်နှံရမယ့် အလုပ်မှာလည်း ပျော်ဖို့ လိုပါတယ်။

ကိုယ့်မှာ နဂိုမူလကတည်းက သူများထက်ပိုပြီး အစွမ်းအစ ပါလာတယ်လို့ ယူဆ ယုံကြည်ထားတဲ့ အရာမျိုးကို ရွေးချယ်ဖြစ်ဖို့ လိုပါတယ်။ ရွေးချယ်ပြီးပြီ ဆိုရင်တော့ အဲဒီအရာ၊ အဲဒီပညာရပ်၊ အဲဒီလုပ်ငန်းကဏ္ဍ နယ်ပယ်ထဲမှာ တဘဝလုံး ပုံအပ်ပြီး ထူးထူးချွန်ချွန် ဖြစ်အောင် ကြိုးစား လုပ်ကိုင်ဖို့ လိုပါတယ်။

phoomyatchal

Zawgyi

ငန္းႏွင့္ ျမင္း

တခါတုန္းက စားက်က္ျမက္ခင္းထဲမွာ ျမင္းတေကာင္ႏွင့္ ငန္းတေကာင္ ဆုံမိၾကသည္။ ငန္းက ျမင္း၏ အမူအရာကို သေဘာမက်။ မထီေလးစား အားမနာသည့္ ပုံစံဟု ျမင္သည္။ ထို႔ေၾကာင့္ ဘဲငန္းတို႔ ထုံးစံ စူးစူး ဝါးဝါး အသံျဖင့္ ဆိုသည္။

"ေဟ့ ျမင္း၊ ဒီမွာ ငါက မင္းထက္ ပိုၿပီး ျပည့္စုံတဲ့ေကာင္ ပါကြ။ မင္းခႏၶာကိုယ္ႀကီးနဲ႔ မင္းလုပ္ႏိုင္တာ တမ်ိဳးပဲရွိတယ္။ ငါက ေဟာဒီ ေျမႀကီးေပၚမွာ မင္းတို႔လို လမ္းေလွ်ာက္ဆိုလည္း ေလွ်ာက္ႏိုင္တယ္။ ၿပီးေတာ့ ငါ့မွာ ေဟာဒီ ေတာင္ပံႏွစ္ဖက္ ပါေတာ့ ေလထဲ ပ်ံခ်င္သပ ဆိုလည္းပ်ံႏိုင္တယ္။

ေရအိုင္ေခ်ာင္းေျမာင္း ေတြ႕ရင္လည္း အသာဆင္း ေရေအးေလး စိမ္ၿပီး ကူးခတ္ ေဆာ့ကစားႏိုင္တယ္။ ငါ့မွာ ေကာင္းကင္က ငွက္၊ ေရထဲက ငါး၊ ကုန္းေပၚက ဆင္ ျမင္း ကြၽဲ ႏြား သတၱဝါ သုံးမ်ိဳးလုံးရဲ႕ စြမ္းအားေတြ ရွိတယ္ကြ သိလား" ဟု ဆိုေလသည္။

ဒီစကားၾကားေတာ့ ျမင္းက ရယ္သည္။ "ဟုတ္ပါ့ဗ်ာ ခင္ဗ်ားမွာ ကုန္း ေရ ေလ သတၱဝါ သုံးမ်ိဳးရဲ႕ စြမ္းအားေတြ စုေနတာကိုး။ ဒါေပမယ့္ ဘယ္စြမ္းအားမွ ျပည့္ျပည့္ဝဝ မရွိ၊ မစို႔မပို႔ႀကီး ျဖစ္ေနတာ ဆိုးတယ္ဗ်ာ။

ခင္ဗ်ား ပ်ံတယ္ ဆိုတာ မႏိုင္မနင္း ေလးေလး လံလံႀကီး၊ ေျမေပၚက ခဏတျဖဳတ္ လြတ္တယ္ဆို႐ုံ ဟိုနားဒီနားေလာက္ ေရာက္တာ။ အဲဒါနဲ႔တင္ ကိုယ့္ကိုယ္ကို စင္ေရာ္တို႔ လင္းယုန္တို႔လို ငွက္စာရင္းသြင္းလို႔ ျဖစ္မလား။

ေရမွာဆိုလည္း ၿငိမ္သက္တဲ့ ကန္ေရျပင္လို ဟာမ်ိဳးမွာ အေပၚယံေလး ရွပ္ၿပီး ေ႐ြ႕ေ႐ြ႕ေလး သြားႏိုင္တာ။ ငါးလို ဖ်ံလို က်င္လည္တာ မဟုတ္ဘူး။ လႈိင္းေတြ ေလေတြနဲ႔ဆို ခင္ဗ်ားထြက္ေျပးမွာ မဟုတ္လား။

ေျမႀကီးေပၚ လမ္းေလွ်ာက္ေတာ့ေရာ လူေတြ ေျပာေျပာေနၾကတဲ့ ဘဲသြား သြားတယ္ ဆိုတာ ခင္ဗ်ားတခါမွ မၾကားမိဘူးလား။ ခင္ဗ်ားလမ္းသြားပုံ အခ်ိဳးမက်တာကို ေျပာတာ။ ေျခေထာက္ ျပားျပားႀကီး ေျမာက္လိုက္ ခ်လိုက္နဲ႔ တလွမ္း လွမ္းလို႔လည္း ဘယ္ေလာက္မွ မေရာက္ဘူး။

က်ဳပ္က ခင္ဗ်ားေျပာသလို တမ်ိဳးတည္း စြမ္းတာ မွန္ပါတယ္။ ဒါေပမယ့္ တမ်ိဳးဆို ဆိုသေလာက္ ျပတ္ျပတ္သားသား စြမ္းတယ္။ က်ဳပ္က ေျမႀကီးေပၚမွာ အရွိန္အဟုန္နဲ႔ ေျပးလႊားဖို႔ ေမြးဖြားလာတဲ့ သတၱဝါ။ က်ဳပ္႐ြ႐ြေလး ခုန္ေပါက္ ျပလိုက္႐ုံနဲ႔ က်ဳပ္ကိုယ္ထဲမွာ ခြန္အားေတြ ဘယ္ေလာက္ ႀကီးႀကီးမားမား ကိန္းေအာင္းေနတယ္ ဆိုတာ သိႏိုင္တယ္။

က်ဳပ္က တမ်ိဳးတည္းသမား။ အဲဒီ တမ်ိဳးမွာေတာ့ ထူးထူး ခြၽန္ခြၽန္ ေပါက္ေပါက္ ေျမာက္ေျမာက္ ထိပ္ဆုံးေရာက္တဲ့သူ။ ခင္ဗ်ားလို ဟိုစပ္စပ္ ဒီစပ္စပ္ တက္သလို နပ္သလိုနဲ႔ ဘယ္ေနရာမွ အသုံးမက် အရာမဝင္တဲ့ ဘဲငန္းမ်ိဳး မဟုတ္ဘူး" ဟု ျမင္းက ျပန္လည္ ေျပာဆိုလိုက္ပါေတာ့တယ္။

သင္ဟာ ဘဲငန္းတေကာင္လို မေရမရာ ဟိုမွာသည္မွာ ဝင္ပါ႐ုံ ဘဝမ်ိဳးကို မလိုလားရင္ ျမင္းတေကာင္လို တခုခုမွာ ထူးထူးခြၽန္ခြၽန္ ျဖစ္ေအာင္ ႀကိဳးစားဖို႔ေတာ့ လိုပါလိမ့္မယ္။ ဘယ္နယ္ပယ္မွာ ထူးခြန္ေအာင္ လုပ္မလဲ စဥ္းစဥ္းစားစား ေ႐ြးခ်ယ္ဖို႔ လိုပါမယ္။

အခိုက္အတန႔္ စိတ္ဝင္စားမႈထက္ ေရရွည္အတြက္ကို စဥ္းစားရပါမယ္။ ကိုယ့္ တဘဝစာလုံး ျမဳပ္ႏွံရမယ့္ အလုပ္မွာလည္း ေပ်ာ္ဖို႔ လိုပါတယ္။

ကိုယ့္မွာ နဂိုမူလကတည္းက သူမ်ားထက္ပိုၿပီး အစြမ္းအစ ပါလာတယ္လို႔ ယူဆ ယုံၾကည္ထားတဲ့ အရာမ်ိဳးကို ေ႐ြးခ်ယ္ျဖစ္ဖို႔ လိုပါတယ္။ ေ႐ြးခ်ယ္ၿပီးၿပီ ဆိုရင္ေတာ့ အဲဒီအရာ၊ အဲဒီပညာရပ္၊ အဲဒီလုပ္ငန္းက႑ နယ္ပယ္ထဲမွာ တဘဝလုံး ပုံအပ္ၿပီး ထူးထူးခြၽန္ခြၽန္ ျဖစ္ေအာင္ ႀကိဳးစားလုပ္ကိုင္ဖို႔ လိုပါတယ္။

phoomyatchal