လူလည်ကျတဲ့ မြည်း

တခါတုန်းက ကုန်သည်တယောက်ဟာ ဆားအပြည့် ထည့်ထားတဲ့ အိတ်၂ လုံးကို မြည်းရဲ့ ကျောပေါ် တင်ပေးလိုက်ပြီး မြည်းနဲ့ အတူ ဈေးမှာ ဆားရောင်းဖို့ ထွက်လာခဲ့ ပါတယ်။ လမ်းတဝက်မှာ မြစ်ကို ဖြတ်ကျော်ရ ပါတယ်။

မြည်းဟာ ရေထဲဆင်း လမ်းလျှောက်ရ ပါတယ်။ ရေလယ်လောက် အ‌ရောက်မှာ မြည်းဟာ မတော်တဆ ခြေခေါက် လဲပါတော့တယ်။ အဲဒီအခါ မြည်းရဲ့ကျောပေါ်က ဆားတွေ ရေစိုကုန် ပါတော့တယ်။

ဟိုဘက်ကမ်း ရောက်မှာ မြည်းဟာ သူ့ရဲ့ကျောပေါ်က ဆားတွေက အရည်ပျော်ကုန် တဲ့အတွက် အိမ်က ထွက်ကာစကထက် ပိုပြီး ပေါ့ပါးသွား ပါတယ်။

အဲဒါနဲ့ ကုန်သည်ဟာလည်း ဆားတွေ အရည်ပျော်ကုန်တဲ့ အတွက် မြည်းကို ဆွဲရင်း အိမ်ကို ပြန်လှည့်ပြီး တခါ မြည်းရဲ့ကျောပေါ်ကို ဆားထုပ်တွေ ပြန်တင်၊ ဈေးထဲကို တခါ ပြန်သွားဖို့ လုပ်ပြန်ပါတယ်။

ရေလယ် ဖြတ်ရတဲ့အခါ ပထမအခေါက် တုန်းကလိုပဲ ရေထဲကို မြည်းဟာ ချော်ကျပြန် ပါတယ်။ ကုန်သည်ဟာလည်း မြည်းကို ပြန်ခေါ်ကာ အိမ်ပြန်ရပြန် ပါတယ်။

မြည်းဟာ ရေထဲ ချော်ကျလိုက်ရင် ကျောပေါ်က အထုပ်က ပေါ့သွားတာကို သဘောပေါက်သွားပြီး အိမ်ပြန်လိုက် ဆားထုပ် တင်လိုက်၊ ရေလည်မှာ ချော်ကျလိုက်နဲ့ လုပ်ပြန်ပါတယ်။

မြည်းရဲ့ တမင်လုပ်ပုံကို သိသွားတဲ့အခါ ကုန်သည်ဟာ သူ့ရဲ့မြည်းကို ပညာပေးဖို့ တွေးလိုက်ပါတယ်။ အဲဒီလိုနဲ့ ၄ ခေါက် မြောက် အိမ်ပြန်ချိန်မှာတော့ မြည်းရဲ့ကျောပေါ်ကို ဆားတွေ မတင်တော့ဘဲ ဝါဂွမ်းတွေ အပြည့်ထည့်ကာ မြည်းရဲ့ကျောပေါ် တင်ပေးလိုက် ပါတော့တယ်။

ပထမ အခေါက်တွေလိုပဲ ထင်နေတဲ့ မြည်းဟာ ရေလယ်ခေါင် အရောက်မှာ ချော်ကျသလို ဟန်ဆောင်လိုက် ပြန်ပါတယ်။ အဲဒီအခါ မှာတော့ မြည်းရဲ့ ကျောပေါ်က အထုပ်ဟာ အရင်အခေါက်တွေလို မပေါ့တော့ဘဲ ဝါဂွမ်းတွေ‌ ရေစိုကုန်တာ ဖြစ်တဲ့အတွက် ပိုပြီး လေးလံ သွားပါတော့တယ်။

ပေါ့ပါးမယ် ထင်ပြီး ရေထဲ ချော်ကျဟန်ဆောင်တဲ့ မြည်းဟာ ခုတခါမှာတော့ ကုန်သည်ရဲ့ ပညာပေးခြင်းကို ခံရပြီး လေးလံတဲ့ ဂွမ်းတွေကို သယ်ကာ အိမ်ပြန်လာရ ပါတော့တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ဘဝမှာလည်း သူ့တပါးအပေါ် ယုတ်မာ ကောက်ကျစ်၊ လူလည်ကျ ခြင်းဟာ အမြဲတမ်း အသာစီး ရနေမှာ မဟုတ်ပါဘူး လို့ ပြောချင်တာ ဖြစ်ပါတယ် ။ တခါမဟုတ် တခါတော့ ပြန်ပြီး ကိုယ့်အလှည့် ပြန်ရောက်လာမှာပါ။

ငါတော့ လည်လှချည်ရဲ့ လို့ထင်ပြီး တပါးသူ အပေါ် လူလည်ကျသူ အများစုဟာ နောက်ဆုံးမှာ ကိုယ့်အလှည့် ပြန်ရောက်မယ် ဆိုတာ မမေ့စေချင် ပါဘူး။

Zawgyi

လူလည္က်တဲ့ ျမည္း

တခါတုန္းက ကုန္သည္တေယာက္ဟာ ဆားအျပည့္ ထည့္ထားတဲ့ အိတ္၂ လုံးကို ျမည္းရဲ႕ ေက်ာေပၚ တင္ေပးလိုက္ၿပီး ျမည္းနဲ႔ အတူ ေဈးမွာ ဆားေရာင္းဖို႔ ထြက္လာခဲ့ ပါတယ္။ လမ္းတဝက္မွာ ျမစ္ကို ျဖတ္ေက်ာ္ရ ပါတယ္။

ျမည္းဟာ ေရထဲဆင္း လမ္းေလွ်ာက္ရ ပါတယ္။ ေရလယ္ေလာက္ အ‌ေရာက္မွာ ျမည္းဟာ မေတာ္တဆ ေျခေခါက္ လဲပါေတာ့တယ္။ အဲဒီအခါ ျမည္းရဲ႕ေက်ာေပၚက ဆားေတြ ေရစိုကုန္ ပါေတာ့တယ္။

ဟိုဘက္ကမ္း ေရာက္မွာ ျမည္းဟာ သူ႔ရဲ႕ေက်ာေပၚက ဆားေတြက အရည္ေပ်ာ္ကုန္ တဲ့အတြက္ အိမ္က ထြက္ကာစကထက္ ပိုၿပီး ေပါ့ပါးသြား ပါတယ္။

အဲဒါနဲ႔ ကုန္သည္ဟာလည္း ဆားေတြ အရည္ေပ်ာ္ကုန္တဲ့ အတြက္ ျမည္းကို ဆြဲရင္း အိမ္ကို ျပန္လွည့္ၿပီး တခါ ျမည္းရဲ႕ေက်ာေပၚကို ဆားထုပ္ေတြ ျပန္တင္၊ ေဈးထဲကို တခါ ျပန္သြားဖို႔ လုပ္ျပန္ပါတယ္။

ေရလယ္ ျဖတ္ရတဲ့အခါ ပထမအေခါက္ တုန္းကလိုပဲ ေရထဲကို ျမည္းဟာ ေခ်ာ္က်ျပန္ ပါတယ္။ ကုန္သည္ဟာလည္း ျမည္းကို ျပန္ေခၚကာ အိမ္ျပန္ရျပန္ ပါတယ္။

ျမည္းဟာ ေရထဲ ေခ်ာ္က်လိုက္ရင္ ေက်ာေပၚက အထုပ္က ေပါ့သြားတာကို သေဘာေပါက္သြားၿပီး အိမ္ျပန္လိုက္ ဆားထုပ္ တင္လိုက္၊ ေရလည္မွာ ေခ်ာ္က်လိုက္နဲ႔ လုပ္ျပန္ပါတယ္။

ျမည္းရဲ႕ တမင္လုပ္ပုံကို သိသြားတဲ့အခါ ကုန္သည္ဟာ သူ႔ရဲ႕ျမည္းကို ပညာေပးဖို႔ ေတြးလိုက္ပါတယ္။ အဲဒီလိုနဲ႔ ၄ ေခါက္ ေျမာက္ အိမ္ျပန္ခ်ိန္မွာေတာ့ ျမည္းရဲ႕ေက်ာေပၚကို ဆားေတြ မတင္ေတာ့ဘဲ ဝါဂြမ္းေတြ အျပည့္ထည့္ကာ ျမည္းရဲ႕ေက်ာေပၚ တင္ေပးလိုက္ ပါေတာ့တယ္။

ပထမ အေခါက္ေတြလိုပဲ ထင္ေနတဲ့ ျမည္းဟာ ေရလယ္ေခါင္ အေရာက္မွာ ေခ်ာ္က်သလို ဟန္ေဆာင္လိုက္ ျပန္ပါတယ္။ အဲဒီအခါ မွာေတာ့ ျမည္းရဲ႕ ေက်ာေပၚက အထုပ္ဟာ အရင္အေခါက္ေတြလို မေပါ့ေတာ့ဘဲ ဝါဂြမ္းေတြ‌ ေရစိုကုန္တာ ျဖစ္တဲ့အတြက္ ပိုၿပီး ေလးလံ သြားပါေတာ့တယ္။

ေပါ့ပါးမယ္ ထင္ၿပီး ေရထဲ ေခ်ာ္က်ဟန္ေဆာင္တဲ့ ျမည္းဟာ ခုတခါမွာေတာ့ ကုန္သည္ရဲ႕ ပညာေပးျခင္းကို ခံရၿပီး ေလးလံတဲ့ ဂြမ္းေတြကို သယ္ကာ အိမ္ျပန္လာရ ပါေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ ဘဝမွာလည္း သူ႔တပါးအေပၚ ယုတ္မာ ေကာက္က်စ္၊ လူလည္က် ျခင္းဟာ အၿမဲတမ္း အသာစီး ရေနမွာ မဟုတ္ပါဘူး လို႔ ေျပာခ်င္တာ ျဖစ္ပါတယ္ ။ တခါမဟုတ္ တခါေတာ့ ျပန္ၿပီး ကိုယ့္အလွည့္ ျပန္ေရာက္လာမွာပါ။

ငါေတာ့ လည္လွခ်ည္ရဲ႕ လို႔ထင္ၿပီး တပါးသူ အေပၚ လူလည္က်သူ အမ်ားစုဟာ ေနာက္ဆုံးမွာ ကိုယ့္အလွည့္ ျပန္ေရာက္မယ္ ဆိုတာ မေမ့ေစခ်င္ ပါဘူး။

Post a Comment

0 Comments