တခါတုန်းက အာရပ်ကုန်သည် တဦးမှာ သန်မာလှပတဲ့ မြင်းတကောင် ရှိတယ်။ အဲဒီမြင်းဟာ တနေ့ကို မိုင်ပေါင်းများစွာ ခရီးတွင်အောင် သွားလာနိုင်တာမို့ ပိုင်ရှင်ကုန်သည်က အလွန်မြတ်နိုးတယ်လို့ ဆိုတယ်။ အဲဒီ အဖိုးတန်မြင်းကို ကုလားအုတ်ပိုင်ရှင် ကုန်သည်တဦးက မျက်စိကျ နေတယ်။

တရက်မှာတော့ ကုလားအုတ်ပိုင်ရှင်က မြင်းပိုင်ရှင်ကို ကုလားအုတ်နဲ့မြင်း လဲလှယ်ရအောင် ဆိုပြီး စကားကမ်းလှမ်း ပါတယ်။ မြင်းပိုင်ရှင်က ငြင်းဆန်တယ်။ ကုလားအုတ်ပိုင်ရှင်က သူ့မှာရှိသမျှ စည်းစိမ်နဲ့ လဲမယ်လို့ တောင်းဆိုပြန်တယ်။

မြင်းပိုင်ရှင်က ဒီမြင်းဟာ ကျနော်ဘဝအတွက် အကောင်းဆုံး အဖော်မွန်၊ ကျနော် အသက်ရှင်နေ သရွေ့ ဒီမြင်းကို ဘယ်လို အရာမျိုးတွေနဲ့မှ မလဲနိုင်လို့ ငြင်းဆိုလိုက်တယ်။ ကုလားအုတ်ပိုင်ရှင်ကလည်း မြင်းကို အလွန် နှစ်သက်မိတာကြောင့် မြင်းကို ပိုင်ဆိုင်နိုင်ဖို့ အမျိုးမျိုး အကြံ ထုတ်တော့တာပေါ့။

တနေ့မှာ ကုလားအုတ်ပိုင်ရှင်ဟာ အဝတ်အစား အစုတ်အပြတ်ကို ဝတ်ဆင်ပြီး မြင်းပိုင်ရှင် လာရာ လမ်းတနေရာမှာ ဖျားနာဟန် ဆောင်ပြီး လဲလှောင်းနေ ခဲ့တယ်။ မြင်းပိုင်ရှင်က လဲနေတဲ့ ကုလားအုတ်ပိုင်ရှင်ကို တွေ့တဲ့အခါ မြင်းပေါ်က အလျင်အမြန် ဆင်းပြီး ဖျားနေတဲ့ သူ့ကို မြင်းပေါ် ပွေ့တင်လိုက်တယ်။

ဟန်ဆောင်လဲနေတဲ့ ကုလားအုတ်ပိုင်ရှင်ဟာ မြင်းပေါ်ရောက်တာနဲ့ လူကောင်းပကတိလို ဖြစ်သွားပြီး မြင်းပိုင်ရှင်ကို "ဒီမြင်းကို ပိုင်ဆိုင်ရဖို့ ကျွန်တော် အကြံအမျိုးမျိုး ထုတ်ခဲ့တယ်။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လဲခဲ့တယ်။ ခင်ဗျား လက်မခံခဲ့ဘူး။ အခု ကျွန်တော် မြင်းပေါ် ရောက်နေပြီ။ ဒီမြင်းကို ကျွန်တော် ပိုင်သွားပြီလို့ ပြောလိုက်ပါတယ်။

ထိုအခါ မြင်းပိုင်ရှင်က "ကောင်းပြီလေ။ မြင်းကို ခင်ဗျား ပိုင်သွားပါပြီ။ ဒါပေမယ့် ခင်ဗျား ထွက်မသွားခင် ကျွန်တော် စကားတခွန်း ပြောချင်ပါသေးတယ်။ ဒီစကားကို ခင်ဗျား သေချာမှတ်ထားပါ။

မြင်းကို ကျွန်တော် ပိုင်ပြီပဲလို့ တခွန်းမကဘူး ခင်ဗျား ကြိုက်သလောက် ပြောလို့ရပါတယ်။ တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျား ဘယ်လို ရခဲ့သလဲလို့ မေးလာရင် အဖြစ်မှန်ကို မပြောပါနဲ့။ ဒီစကားကို မှတ်ထားပေးပါ"

အဲဒီလိုပြောတော့ ကုလားအုတ်ပိုင်ရှင်က နားမလည်စွာနဲ့ ပြန်မေးတယ်။ ဘာဖြစ်လို့လဲပေါ့။ မြင်းပိုင်ရှင်က။ "ဒီမြင်းကို ဘယ်လိုရခဲ့လဲ ဆိုတဲ့အကြောင်း အမှန်ကို ခင်ဗျားပြောခဲ့ရင် နောင်တချိန် လမ်းဘေးမှာ နေမကောင်းလို့ လဲနေတဲ့ လူတွေ့ရင် ဘယ်သူက ကယ်ရဲတော့မှာလဲဗျာ။

အဲဒါကြောင့် ခင်ဗျား နေမကောင်းဟန် ဆောင်ပြီး လိမ်လည် ရယူခဲ့ကြောင်း ဘယ်တော့မှ ဘယ်သူကိုမှ မပြောပါနဲ့လို့ ပြောရတာပါ"လို့ ရှင်းပြလိုက်တယ်။

မြင်းပိုင်ရှင်ရဲ့ စကားကို ကြားလိုက်ရတဲ့ ကုန်သည်ဟာ တခဏမျှ ဆွံ့အ သွားတယ်။ အဲဒီနောက် ရှက်ရွံ့ အားနာပြီး မြင်းပေါ်က ချက်ချင်းဆင်းပြီး မြင်းပိုင်ရှင်ကို "ရမ္မက်လောဘနဲ့ လိုချင်တပ်မက်တဲ့ စိတ်က ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင် လုပ်ခဲ့တယ်။ အရှက်တရားနဲ့ နောင်တတွေ ရလိုက်ပါတယ်။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ။ ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ" လို့ တောင်းပန်လိုက်ပါတော့တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။ ရိုးသားမှု ဆိုတာ လောဘရမ္မက်ကြောင့် ဘာကြောင့် ညာကြောင့် အချိန်မရွေး ပုံပျက် သွားနိုင်တယ်။ ပုံပျက်ခဲ့ဘူးပေါင်းလည်း များစွာ ကြုံဖူးကြပါ လိမ့်မယ်။ မကြုံဖူးပါဘူး၊ မလုပ်ဖူးပါဘူး လို့ ပြောပြီး မရိုးမသား မလုပ်မိပါစေနဲ့။

အဲသလို လုပ်မယ့်အစား ကိုယ် မရိုးသားလိုက်တာကို မရိုးသားလိုက်မိမှန်း သိပြီး အမြန်ပြုပြင် ရိုးသားမယ်ဆို ပုံပျက်သွားတဲ့ ရိုးသားမှုဟာ ပြန်လည် တည့်မတ်လာပါလိမ့်မယ်။ တဖက်သားရဲ့ ရိုးသားမှု အပေါ်မှာ အရောင် မဆိုးမိပါစေနဲ့။

crd

Zawgyi

႐ိုးသားမႈကို အေရာင္မဆိုးပါနဲ႔

တခါတုန္းက အာရပ္ကုန္သည္ တဦးမွာ သန္မာလွပတဲ့ ျမင္းတေကာင္ ရွိတယ္။ အဲဒီျမင္းဟာ တေန႔ကို မိုင္ေပါင္းမ်ားစြာ ခရီးတြင္ေအာင္ သြားလာႏိုင္တာမို႔ ပိုင္ရွင္ကုန္သည္က အလြန္ျမတ္ႏိုးတယ္လို႔ ဆိုတယ္။ အဲဒီ အဖိုးတန္ျမင္းကို ကုလားအုတ္ပိုင္ရွင္ ကုန္သည္တဦးက မ်က္စိက် ေနတယ္။

တရက္မွာေတာ့ ကုလားအုတ္ပိုင္ရွင္က ျမင္းပိုင္ရွင္ကို ကုလားအုတ္နဲ႔ျမင္း လဲလွယ္ရေအာင္ ဆိုၿပီး စကားကမ္းလွမ္း ပါတယ္။ ျမင္းပိုင္ရွင္က ျငင္းဆန္တယ္။ ကုလားအုတ္ပိုင္ရွင္က သူ႔မွာရွိသမွ် စည္းစိမ္နဲ႔ လဲမယ္လို႔ ေတာင္းဆိုျပန္တယ္။

ျမင္းပိုင္ရွင္က ဒီျမင္းဟာ က်ေနာ္ဘဝအတြက္ အေကာင္းဆုံး အေဖာ္မြန္၊ က်ေနာ္ အသက္ရွင္ေန သေ႐ြ႕ ဒီျမင္းကို ဘယ္လို အရာမ်ိဳးေတြနဲ႔မွ မလဲႏိုင္လို႔ ျငင္းဆိုလိုက္တယ္။ ကုလားအုတ္ပိုင္ရွင္ကလည္း ျမင္းကို အလြန္ ႏွစ္သက္မိတာေၾကာင့္ ျမင္းကို ပိုင္ဆိုင္ႏိုင္ဖို႔ အမ်ိဳးမ်ိဳး အႀကံ ထုတ္ေတာ့တာေပါ့။

တေန႔မွာ ကုလားအုတ္ပိုင္ရွင္ဟာ အဝတ္အစား အစုတ္အျပတ္ကို ဝတ္ဆင္ၿပီး ျမင္းပိုင္ရွင္ လာရာ လမ္းတေနရာမွာ ဖ်ားနာဟန္ ေဆာင္ၿပီး လဲေလွာင္းေန ခဲ့တယ္။ ျမင္းပိုင္ရွင္က လဲေနတဲ့ ကုလားအုတ္ပိုင္ရွင္ကို ေတြ႕တဲ့အခါ ျမင္းေပၚက အလ်င္အျမန္ ဆင္းၿပီး ဖ်ားေနတဲ့ သူ႔ကို ျမင္းေပၚ ေပြ႕တင္လိုက္တယ္။

ဟန္ေဆာင္လဲေနတဲ့ ကုလားအုတ္ပိုင္ရွင္ဟာ ျမင္းေပၚေရာက္တာနဲ႔ လူေကာင္းပကတိလို ျဖစ္သြားၿပီး ျမင္းပိုင္ရွင္ကို "ဒီျမင္းကို ပိုင္ဆိုင္ရဖို႔ ကြၽန္ေတာ္ အႀကံအမ်ိဳးမ်ိဳး ထုတ္ခဲ့တယ္။ တန္ဖိုးရွိတဲ့ ပစၥည္းေတြနဲ႔ လဲခဲ့တယ္။ ခင္ဗ်ား လက္မခံခဲ့ဘူး။ အခု ကြၽန္ေတာ္ ျမင္းေပၚ ေရာက္ေနၿပီ။ ဒီျမင္းကို ကြၽန္ေတာ္ ပိုင္သြားၿပီလို႔ ေျပာလိုက္ပါတယ္။

ထိုအခါ ျမင္းပိုင္ရွင္က "ေကာင္းၿပီေလ။ ျမင္းကို ခင္ဗ်ား ပိုင္သြားပါၿပီ။ ဒါေပမယ့္ ခင္ဗ်ား ထြက္မသြားခင္ ကြၽန္ေတာ္ စကားတခြန္း ေျပာခ်င္ပါေသးတယ္။ ဒီစကားကို ခင္ဗ်ား ေသခ်ာမွတ္ထားပါ။

ျမင္းကို ကြၽန္ေတာ္ ပိုင္ၿပီပဲလို႔ တခြန္းမကဘူး ခင္ဗ်ား ႀကိဳက္သေလာက္ ေျပာလို႔ရပါတယ္။ တကယ္လို႔ လူေတြက ဒီျမင္းကို ခင္ဗ်ား ဘယ္လို ရခဲ့သလဲလို႔ ေမးလာရင္ အျဖစ္မွန္ကို မေျပာပါနဲ႔။ ဒီစကားကို မွတ္ထားေပးပါ"

အဲဒီလိုေျပာေတာ့ ကုလားအုတ္ပိုင္ရွင္က နားမလည္စြာနဲ႔ ျပန္ေမးတယ္။ ဘာျဖစ္လို႔လဲေပါ့။ ျမင္းပိုင္ရွင္က။ "ဒီျမင္းကို ဘယ္လိုရခဲ့လဲ ဆိုတဲ့အေၾကာင္း အမွန္ကို ခင္ဗ်ားေျပာခဲ့ရင္ ေနာင္တခ်ိန္ လမ္းေဘးမွာ ေနမေကာင္းလို႔ လဲေနတဲ့ လူေတြ႕ရင္ ဘယ္သူက ကယ္ရဲေတာ့မွာလဲဗ်ာ။

အဲဒါေၾကာင့္ ခင္ဗ်ား ေနမေကာင္းဟန္ ေဆာင္ၿပီး လိမ္လည္ ရယူခဲ့ေၾကာင္း ဘယ္ေတာ့မွ ဘယ္သူကိုမွ မေျပာပါနဲ႔လို႔ ေျပာရတာပါ"လို႔ ရွင္းျပလိုက္တယ္။

ျမင္းပိုင္ရွင္ရဲ႕ စကားကို ၾကားလိုက္ရတဲ့ ကုန္သည္ဟာ တခဏမွ် ဆြံ႕အ သြားတယ္။ အဲဒီေနာက္ ရွက္႐ြံ႕ အားနာၿပီး ျမင္းေပၚက ခ်က္ခ်င္းဆင္းၿပီး ျမင္းပိုင္ရွင္ကို "ရမၼက္ေလာဘနဲ႔ လိုခ်င္တပ္မက္တဲ့ စိတ္က ကြၽန္ေတာ့္ရဲ႕ ဂုဏ္သိကၡာနဲ႔ ႐ိုးသားမႈကို ပုံပ်က္ေအာင္ လုပ္ခဲ့တယ္။ အရွက္တရားနဲ႔ ေနာင္တေတြ ရလိုက္ပါတယ္။ ခင္ဗ်ားရဲ႕ ျမင္းကို ျပန္ယူပါ။ ကြၽန္ေတာ့္ကို ခြင့္လႊတ္ပါဗ်ာ" လို႔ ေတာင္းပန္လိုက္ပါေတာ့တယ္။

ပုံျပင္ေလးကေတာ့ ဒါပါပဲ။ ႐ိုးသားမႈ ဆိုတာ ေလာဘရမၼက္ေၾကာင့္ ဘာေၾကာင့္ ညာေၾကာင့္ အခ်ိန္မေ႐ြး ပုံပ်က္ သြားႏိုင္တယ္။ ပုံပ်က္ခဲ့ဘူးေပါင္းလည္း မ်ားစြာ ႀကဳံဖူးၾကပါ လိမ့္မယ္။ မႀကဳံဖူးပါဘူး၊ မလုပ္ဖူးပါဘူး လို႔ ေျပာၿပီး မ႐ိုးမသား မလုပ္မိပါေစနဲ႔။

အဲသလို လုပ္မယ့္အစား ကိုယ္ မ႐ိုးသားလိုက္တာကို မ႐ိုးသားလိုက္မိမွန္း သိၿပီး အျမန္ျပဳျပင္ ႐ိုးသားမယ္ဆို ပုံပ်က္သြားတဲ့ ႐ိုးသားမႈဟာ ျပန္လည္ တည့္မတ္လာပါလိမ့္မယ္။ တဖက္သားရဲ႕ ႐ိုးသားမႈ အေပၚမွာ အေရာင္ မဆိုးမိပါေစနဲ႔။

crd