စွန့်ပစ်ပစ္စည်းတွေကို ပြန်သုံးပြီး အိမ်ခြေရာမဲ့တွေအတွက် အိမ်သေးလေးတွေ ဆောက်ပေးခဲ့တဲ့အမျိုးသား

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Oakland က အနုပညာရှင် တစ်ယောက်က အမှိုက်ပုံထဲကို ခေါင်းစိုက်ပြီး စွန့်ပစ်ပစ္စည်းတွေကို ရှာဖွေနေပါတယ်။ စွန့်ပစ်ပစ္စည်းတွေကို ရှာနေရတဲ့ ရည်ရွယ်ချက်ကတော့ အိမ်ခြေရာမဲ့တွေအတွက် အိမ်လေးတွေ ဆောက်ပေးဖို့ ပြန်သုံးလို့ရတဲ့ ပစ္စည်းတွေ ရှာဖွေနေတာပါ။

သူ့နာမည်ကတော့ Gregory Kloehn လို့ ခေါ်ပါတယ်။ သူက ပန်းပုဆရာတစ်ယောက် ဖြစ်ပြီး သူ့ရဲ့လုပ်ဆောင်မှုဟာ သူ့အတွက် အရမ်းကို ဂုဏ်ယူစရာတစ်ရပ် ဖြစ်ခဲ့ပါတယ်။ သူ မျှော်မှန်းထားတာထက်လည်း ရလဒ်က ကြီးကျယ်ခမ်းနား ခဲ့ပါတယ်။


Kloehn က သူ့ရဲ့ project အတွက် ပြန်သုံးလို့ရမယ့် အမှိုက်တွေကို ခွဲထားလိုက်ပါတယ်။ သူ့ရဲ့အနုပညာက အိမ်မရှိတဲ့ အိမ်ခြေရာမဲ့တွေအတွက် မျှော်လင့်ချက်တွေ၊ ပျော်ရွှင်မှုတွေ ယူဆောင်လာပေးပါတယ်။


အိမ်သေးသေးလေးတွေ ဆောက်ဖို့ စတင်စိတ်ကူးရခဲ့တာကတော့ အိမ်ခြေရာမဲ့ တစ်ယောက်က သူ့ဆိုင်ကို မိုးကာစလေး လာတောင်းရာကနေ စတင်စိတ်ကူး ရခဲ့တာပါ။


Kloehn ဆောက်ပေးမယ့် အိမ်သေးသေးလေးတွေက ရွှေ့ပြောင်းလို့ ရအောင် သေးပါတယ်။ အိမ်တစ်လုံးရဲ့ အရွယ်အစားက ဆိုဖာတစ်လုံးရဲ့ အရွယ်လောက်ပဲ ရှိပါတယ်။


အိမ်လေးတွေတိုင်းမှာ ရွှေ့ပြောင်းသွားလို့ ရအောင် ဘီးလေးတွေ ပါဝင်ပါတယ်။ ရာသီဥတုဒဏ်လည်း ခံနိုင်ပြီး မိုးစက်တွေ လျှောဆင်းသွားအောင်လို့ ခေါင်မိုးကိုလည်း အချွန်လေးတွေ ဆောက်လုပ်ပေး ထားပါတယ်။


အိမ်လေးတွေကို စွန့်ပစ်ထားတဲ့ အကာပြားတွေကို သုံးပြီး အဓိက ဆောက်လုပ်ထားတာပါ။ အိမ်ရဲ့ပြူတင်းပေါက်အတွက် အဝတ်လျှော်စက်တံခါးကို သုံးထားပြီး အိမ်တံခါးအတွက် ရေခဲသေတ္တာတံခါးကို သုံးထားပါတယ်။


အိမ်လေးတွေမှာ ဘီးပါတာကြောင့် အိမ်ပိုင်ရှင်တွေက အိမ်ကို ကြိုက်တဲ့နေရာကို ရွှေ့ပြောင်းသွားလို့ ရပါတယ်။ အိမ်လေးတွေက ကြံ့ခိုင်ပြီး နေရတာလည်း သက်တောင့်သက်သာ ဖြစ်စေပါတယ်။ အိမ်ခြေရာမဲ့တွေရဲ့ လူနေမှုပုံစံကိုလည်း အပြောင်းအလဲ ဖြစ်သွားစေပါတယ်။


Kloehn နဲ့ခင်တဲ့ အိမ်ခြေရာမဲ့ အမျိုးသမီးတစ်ယောက်က သူ့ရဲ့အိမ်လေးမှာ နေထိုင်နေပါပြီ။ ၅ နှစ်လုံး သူနေခဲ့သမျှ နေရာတွေအားလုံးမှာ ဒီအိမ်လေးက သူမအတွက် အကောင်းဆုံးလို့ ပြောပါတယ်။


Kloehn က ဒီအိမ်လေးတွေနဲ့ ပတ်သက်ပြီး အိမ်ခြေရာမဲ့ ဗိသုကာဆိုတဲ့ စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အစတုန်းကတော့ သူက ဒီအိမ်လေးတွေကို ရောင်းမယ်လို့ စဉ်းစားခဲ့တာပါ။ နောက်ပိုင်းမှာတော့ အိမ်ခြေရာမဲ့တွေ အဆင်ပြေအောင် အခမဲ့ လုပ်ပေးခဲ့ပါတယ်။ အိမ်လေးတွေက သေးပေမယ့် နေရတာ အဆင်ပြေတယ်လို့ ဆိုပါတယ်။


Kloehn က အိမ်သေးသေးလေးတွေ ဆောက်တဲ့ နည်းပညာကို မျှဝေပေးဖို့ စဉ်းစားနေပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အခြား အိမ်ခြေရာမဲ့တွေကို ထပ်ပြီးထပ်ပြီး ကူညီပေးနိုင်အောင်၊ အိမ်ခြေရာမဲ့တွေ နည်းပါးလာအောင်လို့ပါ။


Kloehn အိမ်ခြေရာမဲ့တွေကို ဆက်ပြီး ကူညီနိုင်အောင် လူတွေက သူ့ page ကို အလှူငွေတွေ လာလှူကြပါတယ်။ မျှော်လင့်ချက်တွေ ကင်းမဲ့နေတဲ့ လူသားတွေရဲ့ နှလုံးသားထဲကို Kloehn က ဂရုဏာတရားတွေ၊ မေတ္တာတရားတွေ ထည့်ပေးခဲ့တာပါ။

Zombie (lovemedia)

for zawgyi

စြန႔္ပစ္ပစၥည္းေတြကို ျပန္သုံးၿပီး အိမ္ေျခရာမဲ့ေတြအတြက္ အိမ္ေသးေလးေတြ ေဆာက္ေပးခဲ့တဲ့အမ်ိဳးသား

အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ Oakland က အႏုပညာရွင္ တစ္ေယာက္က အမႈိက္ပုံထဲကို ေခါင္းစိုက္ၿပီး စြန႔္ပစ္ပစၥည္းေတြကို ရွာေဖြေနပါတယ္။ စြန႔္ပစ္ပစၥည္းေတြကို ရွာေနရတဲ့ရည္႐ြယ္ခ်က္ကေတာ့ အိမ္ေျခရာမဲ့ေတြအတြက္ အိမ္ေလးေတြ ေဆာက္ေပးဖို႔ ျပန္သုံးလို႔ရတဲ့ ပစၥည္းေတြ ရွာေဖြေနတာပါ။

သူ႔နာမည္ကေတာ့ Gregory Kloehn လို႔ ေခၚပါတယ္။ သူက ပန္းပုဆရာတစ္ေယာက္ ျဖစ္ၿပီး သူ႔ရဲ႕လုပ္ေဆာင္မႈဟာ သူ႔အတြက္ အရမ္းကို ဂုဏ္ယူစရာတစ္ရပ္ ျဖစ္ခဲ့ပါတယ္။ သူ ေမွ်ာ္မွန္းထားတာထက္လည္း ရလဒ္က ႀကီးက်ယ္ခမ္းနား ခဲ့ပါတယ္။

Kloehn က သူ႔ရဲ႕ project အတြက္ ျပန္သုံးလို႔ရမယ့္ အမႈိက္ေတြကို ခြဲထားလိုက္ပါတယ္။ သူ႔ရဲ႕အႏုပညာက အိမ္မရွိတဲ့ အိမ္ေျခရာမဲ့ေတြအတြက္ ေမွ်ာ္လင့္ခ်က္ေတြ၊ ေပ်ာ္႐ႊင္မႈေတြ ယူေဆာင္လာေပးပါတယ္။

အိမ္ေသးေသးေလးေတြ ေဆာက္ဖို႔ စတင္စိတ္ကူးရခဲ့တာကေတာ့ အိမ္ေျခရာမဲ့ တစ္ေယာက္က သူ႔ဆိုင္ကို မိုးကာစေလး လာေတာင္းရာကေန စတင္စိတ္ကူး ရခဲ့တာပါ။

Kloehn ေဆာက္ေပးမယ့္ အိမ္ေသးေသးေလးေတြက ေ႐ႊ႕ေျပာင္းလို႔ ရေအာင္ ေသးပါတယ္။ အိမ္တစ္လုံးရဲ႕ အ႐ြယ္အစားက ဆိုဖာတစ္လုံးရဲ႕ အ႐ြယ္ေလာက္ပဲ ရွိပါတယ္။

အိမ္ေလးေတြတိုင္းမွာ ေ႐ႊ႕ေျပာင္းသြားလို႔ ရေအာင္ ဘီးေလးေတြ ပါဝင္ပါတယ္။ ရာသီဥတုဒဏ္လည္း ခံႏိုင္ၿပီး မိုးစက္ေတြ ေလွ်ာဆင္းသြားေအာင္လို႔ ေခါင္မိုးကိုလည္း အခြၽန္ေလးေတြ ေဆာက္လုပ္ေပး ထားပါတယ္။ အိမ္ေလးေတြကို စြန႔္ပစ္ထားတဲ့ အကာျပားေတြကို သုံးၿပီး အဓိက ေဆာက္လုပ္ထားတာပါ။ အိမ္ရဲ႕ျပဴတင္းေပါက္အတြက္ အဝတ္ေလွ်ာ္စက္တံခါးကို သုံးထားၿပီး အိမ္တံခါးအတြက္ ေရခဲေသတၱာတံခါးကို သုံးထားပါတယ္။

အိမ္ေလးေတြမွာ ဘီးပါတာေၾကာင့္ အိမ္ပိုင္ရွင္ေတြက အိမ္ကို ႀကိဳက္တဲ့ေနရာကို ေ႐ႊ႕ေျပာင္းသြားလို႔ ရပါတယ္။ အိမ္ေလးေတြက ႀကံ့ခိုင္ၿပီး ေနရတာလည္း သက္ေတာင့္သက္သာ ျဖစ္ေစပါတယ္။ အိမ္ေျခရာမဲ့ေတြရဲ႕ လူေနမႈပုံစံကိုလည္း အေျပာင္းအလဲ ျဖစ္သြားေစပါတယ္။

Kloehn နဲ႔ခင္တဲ့ အိမ္ေျခရာမဲ့ အမ်ိဳးသမီးတစ္ေယာက္က သူ႔ရဲ႕အိမ္ေလးမွာ ေနထိုင္ေနပါၿပီ။ ၅ ႏွစ္လုံး သူေနခဲ့သမွ် ေနရာေတြအားလုံးမွာ ဒီအိမ္ေလးက သူမအတြက္ အေကာင္းဆုံးလို႔ ေျပာပါတယ္။

Kloehn က ဒီအိမ္ေလးေတြနဲ႔ ပတ္သက္ၿပီး အိမ္ေျခရာမဲ့ ဗိသုကာဆိုတဲ့ စာအုပ္တစ္အုပ္ကို ထုတ္ေဝခဲ့ပါတယ္။ အစတုန္းကေတာ့ သူက ဒီအိမ္ေလးေတြကို ေရာင္းမယ္လို႔ စဥ္းစားခဲ့တာပါ။ ေနာက္ပိုင္းမွာေတာ့ အိမ္ေျခရာမဲ့ေတြ အဆင္ေျပေအာင္ အခမဲ့ လုပ္ေပးခဲ့ပါတယ္။ အိမ္ေလးေတြက ေသးေပမယ့္ ေနရတာ အဆင္ေျပတယ္လို႔ ဆိုပါတယ္။

Kloehn က အိမ္ေသးေသးေလးေတြ ေဆာက္တဲ့ နည္းပညာကို မွ်ေဝေပးဖို႔ စဥ္းစားေနပါတယ္။ ဘာ့ေၾကာင့္လဲ ဆိုေတာ့ အျခား အိမ္ေျခရာမဲ့ေတြကို ထပ္ၿပီးထပ္ၿပီး ကူညီေပးႏိုင္ေအာင္၊ အိမ္ေျခရာမဲ့ေတြ နည္းပါးလာေအာင္လို႔ပါ။

Kloehn အိမ္ေျခရာမဲ့ေတြကို ဆက္ၿပီး ကူညီႏိုင္ေအာင္ လူေတြက သူ႔ page ကို အလႉေငြေတြ လာလႉၾကပါတယ္။ ေမွ်ာ္လင့္ခ်က္ေတြ ကင္းမဲ့ေနတဲ့ လူသားေတြရဲ႕ ႏွလုံးသားထဲကို Kloehn က ဂ႐ုဏာတရားေတြ၊ ေမတၱာတရားေတြ ထည့္ေပးခဲ့တာပါ။

Zombie (lovemedia)

Post a Comment

0 Comments