သင့်ချစ်သူနဲ့ ဝိတ်ချမယ်ဆိုရင် ဒီအချက် (၈) ချက်ကို မမေ့ပါနဲ့

အသက်ကြီးလာတဲ့အခါ ကိုယ်အလေးချိန် တက်လာတာကို ဘယ်တော့မှ လျစ်လျူမရှုသင့်ပါဘူး။ အသက်ကြီးလာတာနှင့်အမျှ ဇီဝဖြစ်ပျက်မှုနှုန်း ကျဆင်းလာပြီး နာတာရှည်ရောဂါတွေကို ခံစားရလာပါတယ်။ ကျန်းမာတဲ့ ကိုယ်ခန္ဓာရရှိဖို့ ပထမဆုံးခြေလှမ်းဟာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်းပါပဲ။

ဝိတ်ချတဲ့နေရာမှာ ချစ်ခင်ရသူတွေ၊ မိဘတွေ၊ ညီအစ်ကိုတွေ၊ ဝမ်းကွဲတွေ၊ ညီအစ်မတွေ အချင်းချင်း လုပ်လို့ရပါတယ်။ ဒါပေမယ့် သင်ချစ်ရတဲ့ သင့်ချစ်သူနဲ့ တူတူလုပ်မယ် ဆိုရင်ရော ပျော်စရာ ကောင်းမှာပါ။ သေချာတာကတော့ အချစ်တွေ၊ နားလည်မှုတွေ ပိုတိုးလာမှာပါပဲ။

၁။ Diets လုပ်ဖို့ အတူတူတိုင်ပင်ပါ။

သင့်တော်တဲ့ အစားအစာကို မရွေးပဲ ကိုယ်ကြိုက်တာတွေချည်းရွေးနေရင်တော့ ဘာမှထူးလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ဖြစ်စေတဲ့ စူပါအစားအစာတွေအကြောင်း လေ့လာပါ။ ပြီးတော့ ကိုယ်ချစ်ရတဲ့သူနဲ့ အစားအသောက်အကြောင်း ဆွေးနွေးပါ။ နှစ်ယောက်လုံး လိုက်နာနိုင်တဲ့ အစားအသောက်ကို အတူတူ စားသောက်ပါ။ ကာဗိုဟိုက်ဒရိတ်နှင့် ကယ်လိုရီနည်းတဲ့ အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အစားအသောက်တွေကိုတော့ စားပေးပါ။

၂။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို အတူတူ ဈေးဝယ်ထွက်ပါ။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသောက်ပေးတာက သင့်ကို အားရှိစေတဲ့အပြင် ဝိတ်တက်တာတွေကနေ ကာကွယ်ပေးပါလိမ့်မယ်။ အလှအပတွေနဲ့ ကြော်ထားတဲ့ မုန့်တွေအစား အစိမ်းရောင် အသီးအနှံတွေကို အစားထိုး ကြည့်လိုက်ပါ။ ဖျော်ရည်တွေအစား detox water ကိုပဲ သောက်သုံးပါ။

၃။ အတူတူ ချက်ပြုတ်ပါ။

တကယ်လို့ သင်ဟာ သင့်ချစ်သူနဲ့ ကိုယ်အလေးချိန်ချဖို့ စဉ်းစားထားရင်တော့ ဟင်းတွေ ချက်စားတာက အကောင်းဆုံးပါပဲ။ အလွန်လည်း ပျော်စရာကောင်းပါတယ်။ သင်တို့ ဆက်ဆံရေးအတွက် အစားအသောက်က ဘယ်လောက်အရေးပါလဲ ဆိုတာကို သိလာပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ ချစ်သူကို ထမင်းဟင်း ချက်ကျွေးပါ ဒါမှမဟုတ် သင်ယူပါ။ ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ဟင်းချက်ဖို့ အချိန်တစ်ခုလောက် ညှစ်ထုတ်လိုက်ပါ။

၄။ ပန်းကန် သေးသေးလေးတွေနဲ့ စားပါ။

ပန်းကန် သေးသေးလေးတွေနဲ့ စားတာဟာ ဝိတ်ချဖို့အတွက် အရမ်းကို အထောက်အကူ ဖြစ်စေပါတယ်။ ကလေးတွေဆော့တဲ့ ပန်းကန် သေးသေးလေးတွေတော့ မဟုတ်ဘူးပေါ့နော်။ စိတ်ထဲမှာ အစားအသောက်တွေကို ပန်းကန် အကြီးကြီးနဲ့စားရင် နည်းတယ် ထင်ပြီးတော့ ထပ်စားကြပါတယ်။

တကယ်လို့ ပန်းကန်သေးသေးလေးနဲ့သာ စားရင်တော့ သင့်ကို အများကြီး စားဝင်စေနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါဟာ စိတ်လှည့်စားမှု တစ်ခုပါပဲ။ ဒါကြောင့် တစ်ခုခုစားမယ် ဆိုရင် ပန်းကန်အသေးလေးနဲ့ ပြောင်းပြီး စားကြည့်ပါ။

၅။ လေ့ကျင့်ခန်း တူတူလုပ်ပါ။

တစ်ယောက်တည်း လေ့ကျင့်ခန်း လုပ်ရတာ ပျင်းစရာကောင်းပြီး တစ်ခါတစ်ရံမှာ တကယ်ကို စိတ်ဓာတ်ကျစေပါတယ်။ ဒါပေမယ့် သင်ချစ်ရသူနဲ့ တူတူလုပ်မယ်ဆိုရင်တော့ ချွေးထွက်အောင် ထိန်းထားပေးမယ့် စွမ်းအင်တစ်ခု ထွက်လာပြီး (၇) ကီလိုလောက် လောင်ကျွမ်းသွားနိုင်ပါတယ်။ စုံတွဲတွေအတွက် အထူးပြုလုပ်ထားတဲ့ လေ့ကျင့်ခန်း လုပ်ရိုးလုပ်စဉ်တွေ ရှိပါတယ်၊ အဲဒါတွေကို ရွေးချယ်ပြီး တူတူလုပ်မယ် ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် နှောင်ကြိုးတွေကို ပိုခိုင်မြဲ စေမှာပါ။ ဥပမာ တောင်တက်ခြင်း၊ ကျောက်တောင်တက်ခြင်း၊ ရေကူးခြင်း

၆။ အချိန်မှန် အိပ်ယာတူတူထကြပါ။

ခန္ဓာကိုယ်ဟာ ဒီနေ့မှာ ကောင်းကောင်း အနားယူထားရင် နောက်နေ့ မနက်ခင်းမှာ ကောင်းကောင်းမွန်မွန် နိုးထလာနိုင်ပါလိမ့်မယ်။ အိပ်ရေးအပျက်ခံပြီး ဝိတ်လျှော့တာထက် အိပ်ရေးဝဝအိပ်ပြီး ဝိတ်လျှော့တာက သင့်ကို ပိုထိရောက်စေပါတယ်။ တစ်ညလုံးမအိပ်ပဲ နေနေတာက ဗိုက်ဆာလာပြီး မနက် (၃) နာရီလောက်ကြီးတောင် ထမင်းတွေ ထစားနေပါလိမ့်မယ်။

ကောင်းစွာ အိပ်စက်ခြင်းက သင့်ခန္ဓာကိုယ်နှင့်စိတ်ကို အေးချမ်းစေပါတယ်။ ဗိုက်ဆာလို့ နိုးလာမှာ မဟုတ်သလို အစာစားချင်စိတ်ကိုလည်း ထိန်းထားနိုင်ပါလိမ့်မယ်။ လေ့လာမှုတွေအရ အမျိုးသားရော အမျိုးသမီးရော တစ်နေ့ကို အနည်းဆုံး (၇) နာရီကနေ (၉) နာရီအထိ ငြိမ်းချမ်းစွာ အိပ်စက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ သင်နှင့် သင့်ချစ်ရတဲ့သူဟာ ဇီးကွက်မျိုးနွယ်ဝင် ဖြစ်နေရင်တော့ သင်တို့ရဲ့ အိပ်ယာဝင်ချိန်တွေကို ပြောင်းလဲဖို့ စဉ်းစားသင့်ပါတယ်။

၇။ တစ်ပတ်မှာ ဒါမှမဟုတ် တစ်လမှာ ဘယ်လောက်ထိ ဝိတ်ကျရမယ် ဆိုတာကို သတ်မှတ်ထားပါ။

သင်နဲ့သင့်ချစ်သူဟာ တူတူ ဝိတ်ချနေတယ်ဆိုရင်တော့ အချိန်ဘယ်လောက် ကြာတဲ့အခါမှာ ဘယ်လောက် ဝိတ်ကျသွားတယ် ဆိုတာကို မှတ်သားထားသင့်ပါတယ်။ ပြီးတော့ အပတ်စဉ် ပန်းတိုင်တွေကို ချရေးပြီး သတ်မှတ်ပန်းတိုင် (၁၀) ခုကို အချိန်မီရောက်ဖို့ အချင်းချင်း တွန်းအားပေးသင့်ပါတယ်။ ပြီးတော့ သင်တို့နှစ်ယောက်ဘယ်လိုတွေ ဖြတ်သန်းခဲ့ရလဲ ဆိုတာကို မှတ်မိစေဖို့အတွက် စာအုပ်လေးတစ်အုပ်မှာ ရေးမှတ်ထားသင့်ပါတယ်။

၈။ တစ်ယောက်နဲ့ တစ်ယောက် လက်ဆောင်တွေပေးပါ။

ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်ကို ရရှိဖို့ လေ့ကျင့်ခန်းတွေ လုပ်နေတဲ့အချိန်မှာ ပျော်အောင်နေပါ။ လစဉ် သို့မဟုတ် အပတ်စဉ် ရည်မှန်းချက်တွေ ပြည့်မီတဲ့အခါမှာ သင့်ချစ်ရတဲ့သူကို ပျော်ရွှင်စရာဆုတွေ၊ လက်ဆောင်တွေပေးပါ။ လက်ဆောင်ပေးတဲ့ အခါမှာ အစားအစာ မဟုတ်တဲ့ ဆုလက်ဆောင်တွေကိုသာ ပေးပါ။ ဒါမှမဟုတ် ရှိုးပွဲတွေ၊ ရုပ်ရှင်တွေကို တူတူသွားကြည့်ကြပါ။

Zombie (lovemedia)

for zawgyi

သင့္ခ်စ္သူနဲ႔ ဝိတ္ခ်မယ္ဆိုရင္ ဒီအခ်က္ (၈) ခ်က္ကို မေမ့ပါနဲ႔

အသက္ႀကီးလာတဲ့အခါ ကိုယ္အေလးခ်ိန္ တက္လာတာကို ဘယ္ေတာ့မွ လ်စ္လ်ဴမရႈသင့္ပါဘူး။ အသက္ႀကီးလာတာႏွင့္အမွ် ဇီဝျဖစ္ပ်က္မႈႏႈန္း က်ဆင္းလာၿပီး နာတာရွည္ေရာဂါေတြကို ခံစားရလာပါတယ္။ က်န္းမာတဲ့ ကိုယ္ခႏၶာရရွိဖို႔ ပထမဆုံးေျခလွမ္းဟာ ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းျခင္းပါပဲ။

ဝိတ္ခ်တဲ့ေနရာမွာ ခ်စ္ခင္ရသူေတြ၊ မိဘေတြ၊ ညီအစ္ကိုေတြ၊ ဝမ္းကြဲေတြ၊ ညီအစ္မေတြ အခ်င္းခ်င္း လုပ္လို႔ရပါတယ္။ ဒါေပမယ့္ သင္ခ်စ္ရတဲ့ သင့္ခ်စ္သူနဲ႔ တူတူလုပ္မယ္ ဆိုရင္ေရာ ေပ်ာ္စရာ ေကာင္းမွာပါ။ ေသခ်ာတာကေတာ့ အခ်စ္ေတြ၊ နားလည္မႈေတြ ပိုတိုးလာမွာပါပဲ။

၁။ Diets လုပ္ဖို႔ အတူတူတိုင္ပင္ပါ။

သင့္ေတာ္တဲ့ အစားအစာကို မေ႐ြးပဲ ကိုယ္ႀကိဳက္တာေတြခ်ည္းေ႐ြးေနရင္ေတာ့ ဘာမွထူးလာမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ရာမွာ အေထာက္အကူ ျဖစ္ေစတဲ့ စူပါအစားအစာေတြအေၾကာင္း ေလ့လာပါ။ ၿပီးေတာ့ ကိုယ္ခ်စ္ရတဲ့သူနဲ႔ အစားအေသာက္အေၾကာင္း ေဆြးေႏြးပါ။ ႏွစ္ေယာက္လုံး လိုက္နာႏိုင္တဲ့ အစားအေသာက္ကို အတူတူ စားေသာက္ပါ။ ကာဗိုဟိုက္ဒရိတ္ႏွင့္ ကယ္လိုရီနည္းတဲ့ အစားအစာေတြကို ေ႐ြးခ်ယ္သင့္ပါတယ္။ ခႏၶာကိုယ္အတြက္ မရွိမျဖစ္ လိုအပ္တဲ့ အစားအေသာက္ေတြကိုေတာ့ စားေပးပါ။

၂။ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအေသာက္ေတြကို အတူတူ ေဈးဝယ္ထြက္ပါ။

က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာေတြကို စားေသာက္ေပးတာက သင့္ကို အားရွိေစတဲ့အျပင္ ဝိတ္တက္တာေတြကေန ကာကြယ္ေပးပါလိမ့္မယ္။ အလွအပေတြနဲ႔ ေၾကာ္ထားတဲ့ မုန႔္ေတြအစား အစိမ္းေရာင္ အသီးအႏွံေတြကို အစားထိုး ၾကည့္လိုက္ပါ။ ေဖ်ာ္ရည္ေတြအစား detox water ကိုပဲ ေသာက္သုံးပါ။

၃။ အတူတူ ခ်က္ျပဳတ္ပါ။

တကယ္လို႔ သင္ဟာ သင့္ခ်စ္သူနဲ႔ ကိုယ္အေလးခ်ိန္ခ်ဖို႔ စဥ္းစားထားရင္ေတာ့ ဟင္းေတြ ခ်က္စားတာက အေကာင္းဆုံးပါပဲ။ အလြန္လည္း ေပ်ာ္စရာေကာင္းပါတယ္။ သင္တို႔ ဆက္ဆံေရးအတြက္ အစားအေသာက္က ဘယ္ေလာက္အေရးပါလဲ ဆိုတာကို သိလာပါလိမ့္မယ္။ ဒါေၾကာင့္ သင့္ရဲ႕ ခ်စ္သူကို ထမင္းဟင္း ခ်က္ေကြၽးပါ ဒါမွမဟုတ္ သင္ယူပါ။ ဘယ္ေလာက္ပဲ အလုပ္ရႈပ္ေနပါေစ ဟင္းခ်က္ဖို႔ အခ်ိန္တစ္ခုေလာက္ ညႇစ္ထုတ္လိုက္ပါ။

၄။ ပန္းကန္ ေသးေသးေလးေတြနဲ႔ စားပါ။

ပန္းကန္ ေသးေသးေလးေတြနဲ႔ စားတာဟာ ဝိတ္ခ်ဖို႔အတြက္ အရမ္းကို အေထာက္အကူ ျဖစ္ေစပါတယ္။ ကေလးေတြေဆာ့တဲ့ ပန္းကန္ ေသးေသးေလးေတြေတာ့ မဟုတ္ဘူးေပါ့ေနာ္။ စိတ္ထဲမွာ အစားအေသာက္ေတြကို ပန္းကန္ အႀကီးႀကီးနဲ႔စားရင္ နည္းတယ္ ထင္ၿပီးေတာ့ ထပ္စားၾကပါတယ္။

တကယ္လို႔ ပန္းကန္ေသးေသးေလးနဲ႔သာ စားရင္ေတာ့ သင့္ကို အမ်ားႀကီး စားဝင္ေစႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ဒါဟာ စိတ္လွည့္စားမႈ တစ္ခုပါပဲ။ ဒါေၾကာင့္ တစ္ခုခုစားမယ္ ဆိုရင္ ပန္းကန္အေသးေလးနဲ႔ ေျပာင္းၿပီး စားၾကည့္ပါ။

၅။ ေလ့က်င့္ခန္း တူတူလုပ္ပါ။

တစ္ေယာက္တည္း ေလ့က်င့္ခန္း လုပ္ရတာ ပ်င္းစရာေကာင္းၿပီး တစ္ခါတစ္ရံမွာ တကယ္ကို စိတ္ဓာတ္က်ေစပါတယ္။ ဒါေပမယ့္ သင္ခ်စ္ရသူနဲ႔ တူတူလုပ္မယ္ဆိုရင္ေတာ့ ေခြၽးထြက္ေအာင္ ထိန္းထားေပးမယ့္ စြမ္းအင္တစ္ခု ထြက္လာၿပီး (၇) ကီလိုေလာက္ ေလာင္ကြၽမ္းသြားႏိုင္ပါတယ္။ စုံတြဲေတြအတြက္ အထူးျပဳလုပ္ထားတဲ့ ေလ့က်င့္ခန္း လုပ္႐ိုးလုပ္စဥ္ေတြ ရွိပါတယ္၊ အဲဒါေတြကို ေ႐ြးခ်ယ္ၿပီး တူတူလုပ္မယ္ ဆိုရင္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ေႏွာင္ႀကိဳးေတြကို ပိုခိုင္ၿမဲ ေစမွာပါ။ ဥပမာ ေတာင္တက္ျခင္း၊ ေက်ာက္ေတာင္တက္ျခင္း၊ ေရကူးျခင္း

၆။ အခ်ိန္မွန္ အိပ္ယာတူတူထၾကပါ။

ခႏၶာကိုယ္ဟာ ဒီေန႔မွာ ေကာင္းေကာင္း အနားယူထားရင္ ေနာက္ေန႔ မနက္ခင္းမွာ ေကာင္းေကာင္းမြန္မြန္ ႏိုးထလာႏိုင္ပါလိမ့္မယ္။ အိပ္ေရးအပ်က္ခံၿပီး ဝိတ္ေလွ်ာ့တာထက္ အိပ္ေရးဝဝအိပ္ၿပီး ဝိတ္ေလွ်ာ့တာက သင့္ကို ပိုထိေရာက္ေစပါတယ္။ တစ္ညလုံးမအိပ္ပဲ ေနေနတာက ဗိုက္ဆာလာၿပီး မနက္ (၃) နာရီေလာက္ႀကီးေတာင္ ထမင္းေတြ ထစားေနပါလိမ့္မယ္။

ေကာင္းစြာ အိပ္စက္ျခင္းက သင့္ခႏၶာကိုယ္ႏွင့္စိတ္ကို ေအးခ်မ္းေစပါတယ္။ ဗိုက္ဆာလို႔ ႏိုးလာမွာ မဟုတ္သလို အစာစားခ်င္စိတ္ကိုလည္း ထိန္းထားႏိုင္ပါလိမ့္မယ္။ ေလ့လာမႈေတြအရ အမ်ိဳးသားေရာ အမ်ိဳးသမီးေရာ တစ္ေန႔ကို အနည္းဆုံး (၇) နာရီကေန (၉) နာရီအထိ ၿငိမ္းခ်မ္းစြာ အိပ္စက္ဖို႔ လိုအပ္တယ္လို႔ ဆိုပါတယ္။ သင္ႏွင့္ သင့္ခ်စ္ရတဲ့သူဟာ ဇီးကြက္မ်ိဳးႏြယ္ဝင္ ျဖစ္ေနရင္ေတာ့ သင္တို႔ရဲ႕ အိပ္ယာဝင္ခ်ိန္ေတြကို ေျပာင္းလဲဖို႔ စဥ္းစားသင့္ပါတယ္။

၇။ တစ္ပတ္မွာ ဒါမွမဟုတ္ တစ္လမွာ ဘယ္ေလာက္ထိ ဝိတ္က်ရမယ္ ဆိုတာကို သတ္မွတ္ထားပါ။

သင္နဲ႔သင့္ခ်စ္သူဟာ တူတူ ဝိတ္ခ်ေနတယ္ဆိုရင္ေတာ့ အခ်ိန္ဘယ္ေလာက္ ၾကာတဲ့အခါမွာ ဘယ္ေလာက္ ဝိတ္က်သြားတယ္ ဆိုတာကို မွတ္သားထားသင့္ပါတယ္။ ၿပီးေတာ့ အပတ္စဥ္ ပန္းတိုင္ေတြကို ခ်ေရးၿပီး သတ္မွတ္ပန္းတိုင္ (၁၀) ခုကို အခ်ိန္မီေရာက္ဖို႔ အခ်င္းခ်င္း တြန္းအားေပးသင့္ပါတယ္။ ၿပီးေတာ့ သင္တို႔ႏွစ္ေယာက္ဘယ္လိုေတြ ျဖတ္သန္းခဲ့ရလဲ ဆိုတာကို မွတ္မိေစဖို႔အတြက္ စာအုပ္ေလးတစ္အုပ္မွာ ေရးမွတ္ထားသင့္ပါတယ္။

၈။ တစ္ေယာက္နဲ႔ တစ္ေယာက္ လက္ေဆာင္ေတြေပးပါ။

က်န္းမာသန္စြမ္းေသာ ခႏၶာကိုယ္ကို ရရွိဖို႔ ေလ့က်င့္ခန္းေတြ လုပ္ေနတဲ့အခ်ိန္မွာ ေပ်ာ္ေအာင္ေနပါ။ လစဥ္ သို႔မဟုတ္ အပတ္စဥ္ ရည္မွန္းခ်က္ေတြ ျပည့္မီတဲ့အခါမွာ သင့္ခ်စ္ရတဲ့သူကို ေပ်ာ္႐ႊင္စရာဆုေတြ၊ လက္ေဆာင္ေတြေပးပါ။ လက္ေဆာင္ေပးတဲ့ အခါမွာ အစားအစာ မဟုတ္တဲ့ ဆုလက္ေဆာင္ေတြကိုသာ ေပးပါ။ ဒါမွမဟုတ္ ရႈိးပြဲေတြ၊ ႐ုပ္ရွင္ေတြကို တူတူသြားၾကည့္ၾကပါ။

Zombie (lovemedia)

Post a Comment

0 Comments