လောကကြီးမှာ အပျော်ဆုံးငှက်

တခါတုန်းက ကျီးကန်းတကောင် ရှိတယ်။ သူဟာ သူ့ကိုယ်သူ လောကမှာ ငါဟာ အပျော်ဆုံး ငှက်တကောင်ပဲ ဆိုပြီး ဘဝကို သာယာနေတယ်။ တနေ့မှာတော့ ကျီးကန်းဟာ ဗျိုင်းတကောင်ကို တွေ့တယ်။

သူ့တကိုယ်လုံးက ဖြူဖွေးနေတာပဲ။ ငါကတော့ မည်းနက်နေတယ်။ သူဟာ လောကမှာ အပျော်ဆုံးငှက် ဖြစ်လိမ့်မယ်လို့ တွေးမိတယ်။ ဒီလိုနဲ့ ဗျိုင်းကို သူ သွားပြောတယ်။

"ကိုဗျိုင်းရာ၊ ခင်ဗျားအရောင်က ဖြူဖွေးနေတာဘဲ လှလိုက်တာ။ ဧကန္တ ခင်ဗျားဟာ လောကမှာ အပျော်ဆုံးငှက် မဟုတ်လား"

ဒီတော့ ဗျိုင်းက ပြန်ပြောတယ်။ "ကျွန်တော်လည်း အစက ဒီလိုတွေးမိတာ ကြက်တူရွေးကို မတွေ့ခင် အထိပါ။ ကျွန်တော်က အဖြူရောင်တခုတည်း ရှိတာ သူ့မှာက အရောင်နှစ်မျိုး ရှိတယ် သိပ်လှတယ်ဗျ"

ဒီလိုနဲ့ ကျီးကန်းလည်း ကြက်တူရွေးဆီ သွားတယ်။ "ခင်ဗျားက အရောင်း ၂ မျိုးနဲ့ သိပ်လှတယ်ဗျာ။ ခင်ဗျားက ကမ္ဘာပေါ်မှာ အပျော်ဆုံးငှက်ပဲမဟုတ်လား"

ကြက်တူရွေးက "ဟား၊ ကျွန်တော်က ဘာဟုတ်သေးလဲဗျာ။ ကျွန်တော့်မှာ အရောင် ၂ မျိုးပဲ ရှိတာ။ ဒေါင်းမှာ အရောင်တွေ အများကြီးနဲ့ဗျ။ ခင်ဗျား သူ့ကို သွားမေးပါလား" လို့ ဖြေလိုက်တယ်။

ဒီလိုနဲ့ ကျီးကန်းလည်း ဒေါင်းကို လိုက်ရှာရင်း တိရစ္ဆာန်ရုံ တခုထဲမှာ လူတွေ အများကြီး ဝိုင်းကြည့်နေတဲ့ ဒေါင်းကို တွေ့လိုက်တယ်။

အားပါး လှလိုက်တာ။ သူက သေချာပေါက် အပျော်ဆုံးငှက်ပဲ လို့ တွေးလိုက်တယ်။ ဒီလိုနဲ့ တိရစ္ဆာန်ရုံ ပိတ်ချိန်ထိ စောင့်နေပြီး ညနေ လူရှင်းတော့ ဒေါင်းဆီ သွားပြောတယ်။

"ကိုဒေါင်း ခင်ဗျာ ဒီလောက်လှတာ ခင်ဗျားက လောကမှာ အပျော်ဆုံး ငှက်ပဲဗျာ။ လူတွေက ခင်ဗျားရဲ့ အလှကို ဒီလို တကူးတက လာကြည့်တယ်။ ကျုပ်ကို မြင်ရင်ဖြင့်တော့ မောင်းလွှတ် တော့တာပဲဗျို့။ တခါတလေ ခဲနဲ့တောင် ပေါက်လို့ မနည်း ရှောင်ရတယ်ဗျာ" လို့ ပြောတယ်။

ဒီအချိန်မှာ ဒေါင်းက "အင်းဗျာ၊ ကျွန်တော်က အလှဆုံးငှက် ဆိုတာ မှန်ပါရဲ့။ ဒါပေမယ့် ကျွန်တော်ရဲ့ အလှတရားကြောင့် ကျွန်တော်ဟာ လှောင်အိမ်ထဲ ချုပ်နှောင် ခံထားရတယ်။ဒီမှာမိတ်ဆွေကျီး ကျွန်တော် တိရစ္ဆာန်ရုံ တခုလုံးကို သေချာ စူးစမ်းပြီးပြီ။ လှောင်အိမ်ထဲ ထည့်ခံ မထားရတာ ဆိုလို့ ကျီးကန်ပဲ ရှိတယ်ဗျ။

ကျွန်တော် တခါတလေ တွေးမိတယ်။ လောကမှာ အပျော်ဆုံးငှက်ဟာ ကျီးကန်းပဲ ဖြစ်မယ်လို့ပေါ့။ လွတ်လွတ် လပ်လပ် ပျံသန်းနေတဲ့ ကျီးကန်းတွေ မြင်ရင် ကျွန်တော် အရမ်းအားကျတယ်ဗျာ" လို့ ကျီးကန်းကို ပြန်ပြောလိုက် ပါတော့တယ်။

ကျွန်တော်တို့ဟာ တခါတလေ ကြုံတွေ့နေရတဲ့ ဘဝအခြေအနေနဲ့ ပြသနာတွေပေါ်မှာ မကျေမနပ် ဖြစ်ပြီး သူများဘဝတွေကို အားကျမိတတ် ကြပါတယ်။ တကယ်တော့ ဘယ်လို ဘဝမျိုးဖြစ်ဖြစ် လူတိုင်းမှာ အခက်အခဲတွေ ရှိနေတတ်ပါတယ်။ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။

Crd Jai Sam Sara

Zawgyi

ေလာကႀကီးမွာ အေပ်ာ္ဆုံးငွက္

တခါတုန္းက က်ီးကန္းတေကာင္ ရွိတယ္။ သူဟာ သူ႔ကိုယ္သူ ေလာကမွာ ငါဟာ အေပ်ာ္ဆုံး ငွက္တေကာင္ပဲ ဆိုၿပီး ဘဝကို သာယာေနတယ္။ တေန႔မွာေတာ့ က်ီးကန္းဟာ ဗ်ိဳင္းတေကာင္ကို ေတြ႕တယ္။

သူ႔တကိုယ္လုံးက ျဖဴေဖြးေနတာပဲ။ ငါကေတာ့ မည္းနက္ေနတယ္။ သူဟာ ေလာကမွာ အေပ်ာ္ဆုံးငွက္ ျဖစ္လိမ့္မယ္လို႔ ေတြးမိတယ္။ ဒီလိုနဲ႔ ဗ်ိဳင္းကို သူ သြားေျပာတယ္။

"ကိုဗ်ိဳင္းရာ၊ ခင္ဗ်ားအေရာင္က ျဖဴေဖြးေနတာဘဲ လွလိုက္တာ။ ဧကႏၲ ခင္ဗ်ားဟာ ေလာကမွာ အေပ်ာ္ဆုံးငွက္ မဟုတ္လား"

ဒီေတာ့ ဗ်ိဳင္းက ျပန္ေျပာတယ္။ "ကြၽန္ေတာ္လည္း အစက ဒီလိုေတြးမိတာ ၾကက္တူေ႐ြးကို မေတြ႕ခင္ အထိပါ။ ကြၽန္ေတာ္က အျဖဴေရာင္တခုတည္း ရွိတာ သူ႔မွာက အေရာင္ႏွစ္မ်ိဳး ရွိတယ္ သိပ္လွတယ္ဗ်"

ဒီလိုနဲ႔ က်ီးကန္းလည္း ၾကက္တူေ႐ြးဆီ သြားတယ္။ "ခင္ဗ်ားက အေရာင္း ၂ မ်ိဳးနဲ႔ သိပ္လွတယ္ဗ်ာ။ ခင္ဗ်ားက ကမာၻေပၚမွာ အေပ်ာ္ဆုံးငွက္ပဲမဟုတ္လား"

ၾကက္တူေ႐ြးက "ဟား၊ ကြၽန္ေတာ္က ဘာဟုတ္ေသးလဲဗ်ာ။ ကြၽန္ေတာ့္မွာ အေရာင္ ၂ မ်ိဳးပဲ ရွိတာ။ ေဒါင္းမွာ အေရာင္ေတြ အမ်ားႀကီးနဲ႔ဗ်။ ခင္ဗ်ား သူ႔ကို သြားေမးပါလား" လို႔ ေျဖလိုက္တယ္။

ဒီလိုနဲ႔ က်ီးကန္းလည္း ေဒါင္းကို လိုက္ရွာရင္း တိရစာၦန္႐ုံ တခုထဲမွာ လူေတြ အမ်ားႀကီး ဝိုင္းၾကည့္ေနတဲ့ ေဒါင္းကို ေတြ႕လိုက္တယ္။

အားပါး လွလိုက္တာ။ သူက ေသခ်ာေပါက္ အေပ်ာ္ဆုံးငွက္ပဲ လို႔ ေတြးလိုက္တယ္။ ဒီလိုနဲ႔ တိရစာၦန္႐ုံ ပိတ္ခ်ိန္ထိ ေစာင့္ေနၿပီး ညေန လူရွင္းေတာ့ ေဒါင္းဆီ သြားေျပာတယ္။

"ကိုေဒါင္း ခင္ဗ်ာ ဒီေလာက္လွတာ ခင္ဗ်ားက ေလာကမွာ အေပ်ာ္ဆုံး ငွက္ပဲဗ်ာ။ လူေတြက ခင္ဗ်ားရဲ႕ အလွကို ဒီလို တကူးတက လာၾကည့္တယ္။ က်ဳပ္ကို ျမင္ရင္ျဖင့္ေတာ့ ေမာင္းလႊတ္ ေတာ့တာပဲဗ်ိဳ႕။ တခါတေလ ခဲနဲ႔ေတာင္ ေပါက္လို႔ မနည္း ေရွာင္ရတယ္ဗ်ာ" လို႔ ေျပာတယ္။

ဒီအခ်ိန္မွာ ေဒါင္းက "အင္းဗ်ာ၊ ကြၽန္ေတာ္က အလွဆုံးငွက္ ဆိုတာ မွန္ပါရဲ႕။ ဒါေပမယ့္ ကြၽန္ေတာ္ရဲ႕ အလွတရားေၾကာင့္ ကြၽန္ေတာ္ဟာ ေလွာင္အိမ္ထဲ ခ်ဳပ္ေႏွာင္ ခံထားရတယ္။ဒီမွာမိတ္ေဆြက်ီး ကြၽန္ေတာ္ တိရစာၦန္႐ုံ တခုလုံးကို ေသခ်ာ စူးစမ္းၿပီးၿပီ။ ေလွာင္အိမ္ထဲ ထည့္ခံ မထားရတာ ဆိုလို႔ က်ီးကန္ပဲ ရွိတယ္ဗ်။

ကြၽန္ေတာ္ တခါတေလ ေတြးမိတယ္။ ေလာကမွာ အေပ်ာ္ဆုံးငွက္ဟာ က်ီးကန္းပဲ ျဖစ္မယ္လို႔ေပါ့။ လြတ္လြတ္ လပ္လပ္ ပ်ံသန္းေနတဲ့ က်ီးကန္းေတြ ျမင္ရင္ ကြၽန္ေတာ္ အရမ္းအားက်တယ္ဗ်ာ" လို႔ က်ီးကန္းကို ျပန္ေျပာလိုက္ ပါေတာ့တယ္။

ကြၽန္ေတာ္တို႔ဟာ တခါတေလ ႀကဳံေတြ႕ေနရတဲ့ ဘဝအေျခအေနနဲ႔ ျပသနာေတြေပၚမွာ မေက်မနပ္ ျဖစ္ၿပီး သူမ်ားဘဝေတြကို အားက်မိတတ္ ၾကပါတယ္။ တကယ္ေတာ့ ဘယ္လို ဘဝမ်ိဳးျဖစ္ျဖစ္ လူတိုင္းမွာ အခက္အခဲေတြ ရွိေနတတ္ပါတယ္။ ၿပီးျပည့္စုံတယ္ ဆိုတာ မရွိပါဘူး။

Crd Jai Sam Sara

Post a Comment

0 Comments