ပျော်ချင်ရင် ပစ္စုပ္ပန်မှာနေပါ

လူတယောက်ဟာ မပျော်မရွှင် ဖြစ်နေရင် သူဟာ အတိတ်က ဖြစ်ခဲ့ပြီးတဲ့ အကြောင်းတွေကို ပြန်ပြောင်း တွေးပြီး သတိရနေလို့ပါ။ လူတယောက်ဟာ စိုရိမ် ပူပန်စိတ် ဖြစ်နေရင် အနာဂတ်မှာ ဖြစ်လာမယ့် ကိစ္စတွေကို ကြိုတွေးပြီး ပူပန်နေလို့ ပါတဲ့။

ဒီတော့ စိုးရိမ် ပူပန်ခြင်း ကင်းပြီး ပျော်ပျော် နေချင်ရင် ပစ္စုပ္ပန်မှာပဲ နေပါ။ ပစ္စုပ္ပန်မှာ ဖြစ်ပျက်နေတာ တွေထဲက ကောင်းတာလေး တွေကို မြင်တွေ့ ခံစားပြီး စိတ်ကြည်နူးစွာ နေပါ။

ပစ္စုပ္ပန်မှာ နေရင် တခုတော့ သတိထားပါ။ ကလေးဘဝတုန်းက ကြားဖူးတဲ့ ပုံပြင်လေးတခု ရှိပါတယ်။

အိန္ဒိယနိုင်ငံ ရွာတရွာက ကောင်မလေး တယောက်ဟာ သူ့အိမ်မှာ မွေးထားတဲ့ နွားတွေ ကနေ ညှစ်လို့ရတဲ့ နွားနို့တွေကို ရွာထဲမှာ လိုက်ရောင်း ပါတယ်။

တရက်မှာ သူဟာ နွားနို့အိုးကို ခေါင်းပေါ် ရွက်ပြီး လိုက်ရောင်းနေတယ်။ သူဟာ လမ်းလျှောက်ရင်းနဲ့ ခုလို တွေးနေတယ်။

"ငါ နွားနို့တွေ အများကြီး ရောင်းရရင် ကြက်ဥတွေ အများကြီး ဝယ်လိုက်မယ်။ ကြက်ဥတွေ ကနေ ကြက်တွေ အများကြီး ပေါက်လာမယ်။

ကြက်တွေကို ရောင်းလိုက်ရင် ပိုက်ဆံ အများကြီး ရမယ်။ ရတဲ့ ပိုက်ဆံနဲ့ ဈေးကြီးတဲ့ ဆာရီကောင်းကောင်း တထည် ဝယ်လိုက်မယ်။

လူတွေက အဖိုးတန်တဲ့ ဆာရီ ဝတ်ထားတဲ့ ငါ့ကို ဘယ်လို ချမ်းသာလာတာလဲ လို့ မေးကြမယ်။ ငါက မပြောနိုင်ဘူးရှင် ဆိုပြီး ဟောသလို ခေါင်းခါ ပြလိုက်မယ်"

အဲ့ဒီ့အချိန်မှာပဲ သူ့ခေါင်းပေါ်က နို့အိုးဟာ ဂွမ်းကနဲ မြေကြီးပေါ် ကျပြီး မှောက်သွားလို့ နို့တွေ အားလုံး ထွက်ကျသွားတယ်။ အဲဒီနေ့ အတွက် သူ ပိုက်ဆံ မရတော့ဘူး။

ပစ္စုပ္ပန်မှာ နေရင်လည်း စိတ်ကူးတွေ ယဉ်မနေပါနဲ့ လို့ သတိပေးချင်ပါတယ်။

ဗန်းမော်သိန်းဖေ

Zawgyi

ေပ်ာ္ခ်င္ရင္ ပစၥဳပၸန္မွာေနပါ

လူတေယာက္ဟာ မေပ်ာ္မ႐ႊင္ ျဖစ္ေနရင္ သူဟာ အတိတ္က ျဖစ္ခဲ့ၿပီးတဲ့ အေၾကာင္းေတြကို ျပန္ေျပာင္း ေတြးၿပီး သတိရေနလို႔ပါ။ လူတေယာက္ဟာ စိုရိမ္ ပူပန္စိတ္ ျဖစ္ေနရင္ အနာဂတ္မွာ ျဖစ္လာမယ့္ ကိစၥေတြကို ႀကိဳေတြးၿပီး ပူပန္ေနလို႔ ပါတဲ့။

ဒီေတာ့ စိုးရိမ္ ပူပန္ျခင္း ကင္းၿပီး ေပ်ာ္ေပ်ာ္ ေနခ်င္ရင္ ပစၥဳပၸန္မွာပဲ ေနပါ။ ပစၥဳပၸန္မွာ ျဖစ္ပ်က္ေနတာ ေတြထဲက ေကာင္းတာေလး ေတြကို ျမင္ေတြ႕ ခံစားၿပီး စိတ္ၾကည္ႏူးစြာ ေနပါ။ ပစၥဳပၸန္မွာ ေနရင္ တခုေတာ့ သတိထားပါ။

ကေလးဘဝတုန္းက ၾကားဖူးတဲ့ ပုံျပင္ေလးတခု ရွိပါတယ္။ အိႏၵိယႏိုင္ငံ ႐ြာတ႐ြာက ေကာင္မေလး တေယာက္ဟာ သူ႔အိမ္မွာ ေမြးထားတဲ့ ႏြားေတြ ကေန ညႇစ္လို႔ရတဲ့ ႏြားႏို႔ေတြကို ႐ြာထဲမွာ လိုက္ေရာင္း ပါတယ္။ တရက္မွာ သူဟာ ႏြားႏို႔အိုးကို ေခါင္းေပၚ ႐ြက္ၿပီး လိုက္ေရာင္းေနတယ္။

သူဟာ လမ္းေလွ်ာက္ရင္းနဲ႔ ခုလို ေတြးေနတယ္။

"ငါ ႏြားႏို႔ေတြ အမ်ားႀကီး ေရာင္းရရင္ ၾကက္ဥေတြ အမ်ားႀကီး ဝယ္လိုက္မယ္။ ၾကက္ဥေတြ ကေန ၾကက္ေတြ အမ်ားႀကီး ေပါက္လာမယ္။ ၾကက္ေတြကို ေရာင္းလိုက္ရင္ ပိုက္ဆံ အမ်ားႀကီး ရမယ္။ ရတဲ့ ပိုက္ဆံနဲ႔ ေဈးႀကီးတဲ့ ဆာရီေကာင္းေကာင္း တထည္ ဝယ္လိုက္မယ္။

လူေတြက အဖိုးတန္တဲ့ ဆာရီ ဝတ္ထားတဲ့ ငါ့ကို ဘယ္လို ခ်မ္းသာလာတာလဲ လို႔ ေမးၾကမယ္။ ငါက မေျပာႏိုင္ဘူးရွင္ ဆိုၿပီး ေဟာသလို ေခါင္းခါ ျပလိုက္မယ္"

အဲ့ဒီ့အခ်ိန္မွာပဲ သူ႔ေခါင္းေပၚက ႏို႔အိုးဟာ ဂြမ္းကနဲ ေျမႀကီးေပၚ က်ၿပီး ေမွာက္သြားလို႔ ႏို႔ေတြ အားလုံး ထြက္က်သြားတယ္။ အဲဒီေန႔ အတြက္ သူ ပိုက္ဆံ မရေတာ့ဘူး။ ပစၥဳပၸန္မွာ ေနရင္လည္း စိတ္ကူးေတြ ယဥ္မေနပါနဲ႔ လို႔ သတိေပးခ်င္ပါတယ္။

ဗန္းေမာ္သိန္းေဖ

Post a Comment

0 Comments